Latest News http://www.uecmyanmar.org/ Wed, 26 Jul 2017 08:16:25 GMT FeedCreator 1.8.0-dev (info@mypapit.net) သတင်းများ http://www.uecmyanmar.org/
UEC Logo
နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ
UEC Logo
၄-၈-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း
logo1
ကျားမတန်းတူညီမျှမှုနှင့်နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်
logo
၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁)၊ (၂) နှင့် (၃) တို့အား အမိန့်များချမှတ်ခြင်း
UEC Logo
တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း
UEC Logo
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
logo
ဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၁/ ၂၀၁၇) ဖွင့်ပွဲကျင်းပ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာများမှာကြား
logo
The Carter Center မှ Mr. Greg Kehailia အား လက်ခံတွေ့ဆုံ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးနှင့် ဒေသခံနိုင်ငံရေးပါတီများမှ သင်တန်းသားများတွေ့ဆုံ
UEC Logo
ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းခြင်းမရှိသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းတို့အား အရည်အချင်းပျက်ယွင်းသူများဖြစ်ကြောင်း သတ်မှတ်ကြေညာခြင်း
UEC Logo
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦး အစားထိုးပြောင်းလဲခြင်း
logo
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ဆွေးနွေးပွဲကျင်းပ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ
logo
International IDEA အဖွဲ့အား လက်ခံတွေ့ဆုံ
UEC Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများ ရှင်းလင်း
logo
၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှု (၆) မှုအား ရွေးကောက်ပွဲခုံအဖွဲ့ (၁) နှင့် (၂) ဖြင့် စတင်ကြားနာစစ်ဆေးခြင်း
UEC Logo
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်း
logo1
နိုင်ငံ့သားကောင်း လက်စွဲစာအုပ် လွှဲပြောင်းပေးအပ်ပွဲကျင်းပ
logo
IFES အဖွဲ့နှင့် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်း (၂) ဖွဲ့အား လက်ခံတွေ့ဆုံ
logo1
The Carter Center မှ Mr.Stefan Krause အား လက်ခံတွေ့ဆုံ
logo
The International Republican Institute ( IRI ) အဖွဲ့အား လက်ခံတွေ့ဆုံ
UEC Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်
UEC Logo
တပ်မတော်သား တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်း
UEC Logo
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်း
UEC Logo
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်း
logo
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
logo
Gender Concern International အဖွဲ့နှင့် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်း (၃) ဖွဲ့အား လက်ခံတွေ့ဆုံ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် Media တွေ့ဆုံပွဲ ကျင်းပ
logo1
အရပ်ဘက်လူမှုအဖွဲ့အစည်းများအား လက်ခံတွေ့ဆုံ
UEC Logo
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်မျှတ၍ အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲ အဖြစ် ကျင်းပနိုင်ခဲ့မှုအပေါ် ANFREL မှ ဂုဏ်ပြုဆုချီးမြှင့်
UEC Logo
ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံများ စီမံခန့်ခွဲမှု  ၉၅ ရာခိုင်နှုန်း ကောင်းမွန်ခဲ့
logo
EU Election Expert Team အဖွဲ့အား လက်ခံတွေ့ဆုံ
logo
ANFREL အဖွဲ့အား လက်ခံတွေ့ဆုံ
UEC Logo
ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန် အသိပေးနှိုးဆော်စာ
UEC Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၇/ ၂၀၁၇)
UEC Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၆/ ၂၀၁၇)
UEC Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၅/ ၂၀၁၇)
UEC Logo
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အလိုက် အနိုင်ရရှိခဲ့သည့်ကိုယ်စားလှယ်များ စာရင်း (၂-၄-၂၀၁၇) (၁၆: ၃၀) နာရီ
UEC Logo
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အလိုက် အနိုင်ရရှိခဲ့သည့်ကိုယ်စားလှယ်များ စာရင်း (၂-၄-၂၀၁၇) (၁၂: ၀၀) နာရီ
UEC Logo
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်အလိုက် အနိုင်ရရှိခဲ့သည့်ကိုယ်စားလှယ်များ စာရင်း (၂-၄-၂၀၁၇) (၀၉: ၀၀) နာရီ
logo
Australian Election Commission (AEC)   ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
UEC Logo
၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ (၂၄) ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများသို့ ပေးပို့ထားသည့် အကြောင်းကြားစာ
logo
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း PACE အဖွဲ့အားလက်ခံတွေ့ဆုံ
logo
သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
UEC Logo
မဲဆန္ဒရှင်သက်သေခံလက်မှတ်များ ထုတ်ယူရန် မေတ္တာရပ်ခံချက်
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း Danish Institute For Parties and Democracy (DIPD) အဖွဲ့မှ Senior Adviser Ms. Hanne Lund Madsen  အားလက်ခံတွေ့ဆုံ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း The Carter Center အဖွဲ့မှ Field Office Director Mr. Stefan Krause အားလက်ခံတွေ့ဆုံ
logo
မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
logo1
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း ANFRELအဖွဲ့အားလက်ခံတွေ့ဆုံ
logo
မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ
logo1
မဲပေးစို့ Mobile Application ရှင်းလင်းအသိပေးပွဲကျင်းပ
UEC Logo
မဲပေးစို့ mVoter 2017 Mobile App ရယူနည်း အဆင့်ဆင့်
UEC Logo
ရွေးကောက်ပွဲ ကုန်ကျစရိတ် ဆိုင်ရာ အသိပေးနှိုးဆော်စာ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း Asia Foundation အဖွဲ့အားလက်ခံတွေ့ဆုံ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ
UEC Logo
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲစာရင်းကြေညာမှုအား မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုမှုအခြေအနေ (၁.၂.၂၀၁၇ မှ ၁၄.၂.၂၀၁၇ ထိ)
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့  ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ကယားပြည်နယ်မှ မဲဆန္ဒရှင်များ လာရောက်လေ့လာ
UEC Logo
မဲစာရင်း စစ်ဆေးရန် နှိုးဆော်တိုက်တွန်းသော ပိုစတာများ၊ လက်ကမ်းစာစောင်များအား CSOs အဖွဲ့များမှ ဖြန့်ဝေထားရှိမှု အခြေအနေ
UEC Logo
မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်
UEC Logo
ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်ချက်များ
UEC Logo
၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မဲရုံတည်နေရာနှင့် မဲဆန္ဒရှင် အရေအတွက် စာရင်း
UEC Logo
ကြားဖြတ်ရွေးကောက်ပွဲရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်/ခရိုင်/မြို့နယ်များသို့ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
UEC Logo
မဲဆန္ဒရှင်ပြည်သူများသို့ မေတ္တာရပ်ခံချက်
UEC Logo
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် (   ၄   / ၂၀၁၇ )
logo
အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲလက်မှတ်များ ထုတ်ပေးခြင်း
UEC Logo
နိုင်ငံပြင်ပရောက် ကြိုတင်ဆန္ဒမဲ ပေးလိုသည့် မဲဆန္ဒရှင်များ၏ ပုံစံ(၁၅) ရောက်ရှိမှုစာရင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသူစာရင်း၊ မကိုက်ညီသူစာရင်း ကြေညာခြင်း
UEC Logo
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် (   ၃   / ၂၀၁၇ )
UEC Logo
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်အမှတ် (   ၂   / ၂၀၁၇ )
logo1
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ဒုတိယအကြိမ် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်
logo
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှုသင်တန်း ဖွင့်လှစ်
UEC Logo
နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များသို့ ကြိုတင် ဆန္ဒမဲ လက်မှတ်များ ပေးပို့မှု ဆောင်ရွက်ခြင်းအား အသိပေးခြင်း
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း DFID အဖွဲ့အား လက်ခံတွေ့ဆုံ
logo1
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
logo
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်
logo
ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာသင်တန်းဖွင့်လှစ်
logo1
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း နိုင်ငံခြားသား ဧည့်သည်တော်အား လက်ခံတွေ့ဆုံ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးနှင့် Association of World Election Bodies (A-WEB) မှ Mr.Moon Namui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ
logo1
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းမြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Hong Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းမြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI)မှ ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
logo2
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Mr. Mark Maloney ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံဆွေးနွေး
UEC-Logo
၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ ကြေညာချက်အမှတ် ( ၁ / ၂၀၁၇)
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ တွေ့ဆုံဆွေးနွေး
UEC-Logo
၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းမှု အခြေအနေ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွေ့ဆုံ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း NIMD နှင့် DEMO Finland မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Bram Steenhuisen အား လက်ခံတွေ့ဆုံ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း မန္တလေးတိုင်းဒေသကြီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ
UEC-Logo
၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ အသိပေးကြေညာခြင်း
UEC-Logo
လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရာ၌ သက်ဆိုင်ရာ နိုင်ငံရေးပါတီ ဗဟိုဌာနချုပ်၏ ထောက်ခံချက် ပူးတွဲတင်ပြရန်ကိစ္စ
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၃၁ /၂၀၁၆)
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၃၀ /၂၀၁၆)
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၂၉ /၂၀၁၆)
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၂၈ /၂၀၁၆)
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၂၇ /၂၀၁၆)
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၂၆/၂၀၁၆)
UEC-Logo
အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်
UEC-Logo
ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း
UEC-Logo
Issuance of Procedures for International Election Observers in Observing the Hluttaw Elections
UEC-Logo
လွှတ်တော် ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရာတွင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ထုတ်ပြန်ခြင်း
UEC-Logo
လွှတ်တော် ရွေးကောက်ပွဲများ စောင့်ကြည့် လေ့လာရာတွင် ပြည်တွင်း စောင့်ကြည့် လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ထုတ်ပြန်ခြင်း
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ပြောင်းရွှေ့တာဝန်ထမ်းဆောင်တော့မည့် IDEA မှ တာဝန်ခံအရာရှိဖြစ်သူ Mr. Jorge Valladares နှင့် တာဝန်ခံအရာရှိအသစ် Mr. Mark McDowell တို့အား လက်ခံတွေ့ဆုံ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆဋ္ဌမအကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ
UEC-Logo
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ကောက်ယူခြင်းဆိုင်ရာ  အသိပေးကြေညာခြင်း
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ကြေညာချက်အမှတ် ( ၂၄ / ၂၀၁၆)
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ကြေညာချက်အမှတ် ( ၂၃ / ၂၀၁၆)
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများအကြား တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
UEC-Logo
ကြားဖြတ်ရွေးကောက်ပွဲလျာထားလုပ်ငန်းစဉ် အချိန်စာရင်း
logo1
ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာများအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၁) ဖွဲ့နှင့် တွေ့ဆုံညှိနှိုင်း
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၁၉/၂၀၁၆ )
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ အသိပေး ကြေညာချက်
UEC-Logo
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၁၈ / ၂၀၁၆ )
UEC-Logoပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၁၇ / ၂၀၁၆)
UEC-Logoပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၁၆ / ၂၀၁၆)
UEC-Logoပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၁၅/ ၂၀၁၆)
UEC-Logoရွေးကောက်ပွဲဆိုင်ရာပွင့်လင်းအချက်အလက် Websites များလွှင့်တင်ပြီးစီးကြောင်းအသိပေးကြေညာခြင်း
UEC-Logoနိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ အတွက် ထိုက်သင့်သည့် လစဉ် ချီးမြှင့်ငွေ သတ်မှတ်ခြင်း
UEC-Logoရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ရန် လျှောက်ထားမည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (အများ ယုံကြည် လေးစားခြင်းခံရသော ပုဂ္ဂိုလ်) များ၏ အရည်အချင်း သတ်မှတ်ချက်များနှင့် လျှောက်လွှာပုံစံ
UEC-Logoရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရေးဆိုင်ရာ ကြေညာချက်
UEC-Logoတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၅(ခ) အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆုံးဖြတ်ချက်ကို ကြေညာခြင်း 
UEC-Logo
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ
UEC-Logo
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ
UEC-Logo
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ
UEC-Logo
တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်း
]]>
webdev@myanmars.net (Super User) Wed, 26 Jul 2017 06:35:59 GMT http://www.uecmyanmar.org/
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/967-13-6-2016-s-d {edocs}photo/news_photos/13-6-2016/state-and-division.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Mon, 13 Jun 2016 07:20:46 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/967-13-6-2016-s-d
အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/968-13-6-2016-amyotha {edocs}photo/news_photos/13-6-2016/amyotha.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Mon, 13 Jun 2016 07:22:06 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/968-13-6-2016-amyotha
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/969-13-6-2016-pyithu {edocs}photo/news_photos/13-6-2016/pyithu.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Mon, 13 Jun 2016 07:23:21 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/969-13-6-2016-pyithu
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၅(ခ) ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/978-12-7-2016announce {edocs}photo/news_photos/12-7-2016/SD.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Tue, 12 Jul 2016 10:42:00 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/978-12-7-2016announce
နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/990-28-7-2016salary {edocs}photo/news_photos/28-7-2016/salary.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Thu, 28 Jul 2016 05:13:41 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/990-28-7-2016salary
ရွေးကောက်ပွဲဆိုင်ရာပွင့်လင်းအချက်အလက် Websites ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1005-opendata-websites နေပြည်တော် သြဂုတ် ၁၆
ရွေးကောက်ပွဲနှင့် ပါတ်သက်သော အချက်အလက်များကို အများပြည်သူမှ သိရှိနိုင်စေရန် မဲဆန္ဒရှင်စာရင်း၊ ရလဒ်များ နှင့် အငြင်းပွားမှုများနှင့် ပါတ်သက်သော အချက်အလက်များကို အများပြည်သူ နားလည်လွယ်သော ပုံဇယားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သက်ဆိုင်ရာကဏ္ဍအလိုက် ပွင့်လင်း အချက်အလက်ဒေတာ အောက်ဖော်ပြပါအင်တာနက်စာမျက်နှာအသစ်များကို လွှင့်တင်ခဲ့ပြီးဖြစ်ပါသည် -
၁။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းဆောင်ရွက်နေသည့်အခြေအနေပြဝက်ဆိုဒ် - http://complaints.uecmyanmar.org
ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေကာလ နှင့် ရွေးကောက်ပွဲကာလတွင် ဖြစ်ပေါ်ခဲ့သော အငြင်းပွားမှုများအား ခုံရုံးဖွဲ့စစ်ဆေးမှုများနှင့် ပါတ်သက်သော အချက်အလက်များကိုလည်း ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါသည်။ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ အင်တာနက်စာမျက်နှာရှိ ခုံရုံးဖွဲ့စစ်ဆေးမှုအချက်အလက်များမှာလက်ရှိ သြဂုတ်လ၁၆ရက်နေ့ အထိရရှိထားသော အချက်အလက်များဖြစ်ပြီးပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နောက်ဆုံးရ အချက်အလက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။
၂။ မဲဆန္ဒရှင်အချက်အလက်ဆိုင်ရာဝက်ဆိုဒ် - http://voterlist.uecmyanmar.org
မဲဆန္ဒရှင်စာရင်းအချက်လက် အင်တာနက်စာမျက်နှာတွင် မဲဆန္ဒရှင်စာရင်းတွင်ပါဝင်သော လူဦးရေ နှင့် ၂၀၁၄ သန်းခေါင်စာရင်း မှအချက်အလက်များ နှိုင်းယှဉ်ပြသခြင်း တို့အပြင် တိုင်း၊ခရိုင်၊ ပြည်နယ်/တိုင်း များတွင် အသက်အရွယ်၊ ကျား/မ အလိုက် မဲဆန္ဒရှင်အချက်များအား နှိုင်းယှဉ်ပြသခြင်း တို့ပါဝင်ပါသည်။
၃။ ရွေးကောက်ပွဲရလဒ်ဆိုင်ရာဝက်ဆိုဒ် - http://results.uecmyanmar.org
ရွေးကောက်ပွဲရလဒ်များ အင်တာနက်စာမျက်နှာတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်း များ၏မဲရလဒ်များကို ပုံပြဇယားများနှင့် ပြသထားပါသည်။
အဆိုပါဝက်ဆိုဒ်များတည်ဆောက်မှုပြီးစီး၍ လွှင့်တင်ပြီးဖြစ်ပါသဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
]]>
myathtunoo46@gmail.com (Election) Wed, 17 Aug 2016 08:47:08 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1005-opendata-websites
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၁၅/ ၂၀၁၆) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1013-30-8-2016announce {edocs}photo/news_photos/30-8-2016/Declar.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Wed, 31 Aug 2016 04:56:20 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1013-30-8-2016announce
ပြည််ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၁၆ / ၂၀၁၆ ) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1014-31-8-2016announce {edocs}photo/news_photos/31-8-2016/announce16.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Thu, 01 Sep 2016 03:26:41 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1014-31-8-2016announce
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက် အမှတ် ( ၁၇ / ၂၀၁၆) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1015-1-9-2016announce17 {edocs}photo/news_photos/1-9-2016/announce17.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Fri, 02 Sep 2016 02:55:10 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1015-1-9-2016announce17
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၁၈ / ၂၀၁၆ ) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1044-6-10-2016announce {edocs}photo/news_photos/6-10-2016/Announce182016.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Fri, 07 Oct 2016 03:28:22 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1044-6-10-2016announce
မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်နိုင်ရန် ကော်မရှင်အဖွဲ့ခွဲများမှ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1046-10-10-2016meeting body
နေပြည်တော် အောက်တိုဘာ ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ် မည့် နေ့ရက်နှင့် လစ်လပ်မဲဆန္ဒနယ်များကိုအောက်တိုဘာလ ၁၁ ရက်ကထုတ်ပြန်ခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းများကိုလည်း ကွင်းဆင်းကောက်ယူတော့မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ် (၉) နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၃)နေရာနှင့် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် (၆)နေရာရှိကြောင်းသိရသည်။
လာမည့် ဧပြီလတွင် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအပါအဝင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်နှင့် မြို့ နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် ရွေးကောက်ပွဲအရာရှိများသည် ပြီးခဲ့သည့် အောက်တို ဘာ ၁ဝရက်က တွေ့ဆုံကာညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲခုံရုံးကိစ္စများ အမြန်ပြီး ပြတ်ရေး ဆောင်ရွက်နေရသဖြင့် ယခုမှသာတွေ့ဆုံနိုင်ခြင်းဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် အမိန့်နှင့် ညွှန်ကြားချက်များကို တရားမျှတစွာဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့်လည်း ရွေးကောက်ပွဲဆိုင်ရာ အချက် အလက်များကို မှန်ကန်စွာတင်ပြရန်လိုအပ်ကြောင်းနှင့် သို့မှသာကော်မရှင် အနေဖြင့် မှန်ကန်သည့် ဆုံးဖြတ်ချက်များချမှတ်နိုင်မည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်သို့ မှာကြားခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Thu, 13 Oct 2016 03:45:56 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1046-10-10-2016meeting
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၁၉ / ၂၀၁၆ ) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1048-13-10-2016party {edocs}photo/news_photos/13-10-2016/party.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Thu, 13 Oct 2016 03:38:41 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1048-13-10-2016party
ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာများအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၁) ဖွဲ့နှင့် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1052-18-10-2016cso body1
နေပြည်တော် အောက်တိုဘာ ၁၈
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရာတွင် ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး၊ ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံညှိနှိုင်းခြင်းကို ယနေ. နံနက် (၁၀) နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်း၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၁) ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
]]>
myathtunoo46@gmail.com (Election) Tue, 18 Oct 2016 10:02:33 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1052-18-10-2016cso
ကြားဖြတ်ရွေးကောက်ပွဲလျာထားလုပ်ငန်းစဉ် အချိန်စာရင်း http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1054-19-10-2016schedule {edocs}photo/news_photos/19-10-2016/Schedule.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Wed, 19 Oct 2016 03:08:36 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1054-19-10-2016schedule
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1056-24-10-2016party body
နေပြည်တော် အောက်တိုဘာ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း နှင့် အဖွဲ့ဝင်များ၊ အတွင်း ရေးမှူး ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၇၀) ပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ကော်မရှင် အနေဖြင့် စတင်တာဝန်ယူကတည်းက ရွေးကောက်ပွဲကန့်ကွက်လွှာနှင့် အယူခံအမှုများ အမြန် ပြီးပြတ်ရေး နေ့စဉ်ဆောင်ရွက်နေရ၍ တွေ့ဆုံရန် နောက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလိုတွေ့ဆုံ ရာတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ကာလနှင့် တိုက်ဆိုင်နေ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်းပြီး ညှိနှိုင်းဆွေးနွေးလိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ် (၁၈) နေရာ ရှိသော်လည်း ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ကွယ်လွန်သွား၍ ၎င်းမဲဆန္ဒနယ်တွင်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးသွားမှာ ဖြစ်ကြောင်း၊ လစ်လပ်မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်ရေး ကြိုတင်ပြင်ဆင် နိုင်ရန် အမည်စာရင်းတင်သွင်းခြင်းနှင့်စပ်လျဉ်းသည့် အချိန်ဇယား calendar ကိုလည်း (၁၉.၁၀.၂၀၁၆) နေ့ထုတ် သတင်းစာများတွင် ဆောလျင်စွာ ထုတ်ပြန်ပေးပြီး ဖြစ်ကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက်လည်း လစ်လပ်မဲဆန္ဒနယ်များတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် Door to Door စိစစ်ကောက်ယူ ဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် မဲစာရင်းပြည့်စုံ မှန်ကန်ရေးအတွက် မိမိတို့၏ မဲဆန္ဒရှင်များမှ ပူးပေါင်းဆောင်ရွက်ရေးကို တိုက်တွန်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယခု ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အဆိုပါကော်မတီများနှင့် စပ်လျဉ်း၍ ဆွေးနွေး အကြံပြုပေးစေလိုကြောင်း၊ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီကို ပြည်ထဲရေးဝန်ကြီးဌာနက ဗဟိုမှ မြို့နယ်အထိ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကိုလည်း ဗဟိုမှမြို့နယ်အထိ အဆင့်ဆင့် ဖွဲ့စည်းခဲ့ရာတွင် သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း၊ ယခု အဆိုပါ ကော်မတီများ ဖွဲ့စည်းမည်ဆိုပါက ပါတီများမှကိုယ်စားလှယ်များကို ထည့်သွင်းဖွဲ့စည်းမှာဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မဲဆွယ်စည်းရုံးရေးကာလ တွင် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအနေဖြင့် နိုင်ငံရေးပါတီများပူးပေါင်းပါဝင် ရေးဆွဲခဲ့သည့် နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများအတွက် ကျင့်ဝတ်များအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို စောင့်ကြည့်ရန်အတွက် ကျင့်ဝတ်လေ့လာစောင့်ကြည့်ရေး ကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်တွင်း/ ပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို ခွင့်ပြုသွားမှာဖြစ်ပြီး လွတ်လပ်တရား မျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ပြည်သူ့ဆန္ဒနှင့်အညီဖြစ်သည့် ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးသွားမှာ ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်အောင် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံရေးပါတီများ လိုက်နာရမည့် ကျင့်ဝတ်များနှင့်အညီ ယှဉ်ပြိုင်နိုင်ရေး စီမံဆောင်ရွက်သွားကြရန်နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့်လည်း ပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားပါသည်။
ဆက်လက်၍ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးကြပါသည်။
အဆိုပါအကြံပြုဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မဲစာရင်းပြုစုကြေညာခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရုံကိစ္စရပ်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ဆောင်ရွက်မှု အားနည်းချက်များ စသည့်ကိစ္စရပ်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ပြီး ကော်မရှင်အနေဖြင့် တည်ဆဲဥပဒေ နည်းဥပဒေများနှင့်အညီ ဆောင်ရွက် နေရကြောင်း၊ အတွေ့အကြုံအရ အောက်ခြေကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံဝန်ထမ်းများအနေဖြင့် ညွှန်ကြားချက်များအပေါ် နားလည်မှုလွဲမှားပြီး အားနည်းချက်များရှိခဲ့ကြောင်း၊ အောက်ခြေ အထိ ညွှန်ကြားချက်များ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးခြင်းလုပ်ငန်းစဉ်ကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Tue, 25 Oct 2016 03:18:47 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1056-24-10-2016party
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများအကြား ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1058-26-10-2016 body
နေပြည်တော်  အောက်တိုဘာ  ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများအကြား တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း နှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဦးတင်ထွန်းနှင့်တာဝန်ရှိသူများ၊ ဝန်ကြီးဌာန (၇) ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် (၁၈)နေရာကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကွယ်လွန်သွား၍ ၎င်းမဲဆန္ဒနယ်တွင် လည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးသွားမှာဖြစ်သဖြင့် မဲဆန္ဒနယ် (၁၉) နေရာဖြစ်မှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် အချိန်ဇယားကိုလည်း ထုတ်ပြန်ပေးပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ဆက်စပ်ပါဝင်နေသော ဝန်ကြီးဌာနများအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုလက်ခံခဲ့ သော်လည်း လုပ်ငန်းစဉ်များတွင် အားသာချက် အားနည်းချက်များရှိခဲ့ကြောင်း၊ မဲစာရင်း အနေဖြင့့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပချိန်တွင် ပြဿနာကြီးကြီးမားမား မရှိခဲ့သော်လည်း ရွေးကောက်ပွဲနေ့မတိုင်ခင်အထိ မဲစာရင်းမှားယွင်းသည်ဟု ဂယက်ရိုက်ခဲ့ကြောင်း၊ မဲစာရင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းပိုင်းအားနည်းမှုများကို ပြန်လည်သုံးသပ်ပြီး ပြည့်စုံမှန်ကန်သည့် မဲစာရင်း ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအတွက်မဲစာရင်းကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ မဲစာရင်းအား အခြေခံဆောင်ရွက်ရန် ဥပဒေတွင် ပြဌာန်း ထား၍ အဆိုပါမဲစာရင်းကိုအခြေခံပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် အနေဖြင့် Door to Door စိစစ်ကောက်ယူသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာခြင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ် ရက်သတ်မှတ်ချက်များကို ထုတ်ပြန် ထားပြီးဖြစ်ကြောင်း၊ သတ်မှတ်ရက်များအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် လိုအပ်ချက်များအပေါ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသည့်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၅ ရွေးကောက်ပွဲ၏ အားနည်းချက်များကိုသုံးသပ်ပြီး အဆင်ပြေချောမွေ့စေရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မဲရုံများအနေဖြင့် ၂၀၁၅ ခုနှစ်က အသုံးပြုခဲ့သည့် မဲရုံများအတိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မဲရုံအများစုအား စာသင်ကျောင်းများကိုသာ အသုံးပြုထား၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် လစ်လပ်မဲဆန္ဒနယ်များရှိ ယခင်မဲရုံပြုလုပ်ခဲ့သည့်စာသင်ကျောင်းများတွင် မဲရုံများပြုလုပ်နိုင်ရေး ဆောင်ရွက် ပေးစေလိုကြောင်း၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းအများစုကိုလည်း ပညာရေးဝန်ကြီးဌာနမှ ဆရာ/ ဆရာမများကိုသာ ခန့်ထားဆောင်ရွက်မှာဖြစ်၍ ကြိုတင်လျာထားဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အဆိုပါကော်မတီနှစ်ရပ်နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်တွင်း/ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို စောင့်ကြည့်လေ့လာခွင့်ပြုသွားမှာဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှပြီး ပြည်သူ့ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာမှုရှိသည့်ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးသွားမှာဖြစ်ပြီး ဝန်ကြီးဌာနများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကိုလည်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ရာ၌ ကြုံတွေ့ခဲ့ရသည့် အားသာချက် အားနည်းချက်များအား ရှင်းလင်းတင်ပြကာ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသည့်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရာတွင် အဆင်ပြေ ချောမွေ့စွာမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့်အစီအမံများအား အသေးစိတ် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ဝန်ကြီးဌာနများမှတာဝန်ရှိသူများက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့်အားနည်းချက်များအား အကြံပြု ဆွေးနွေးတင်ပြ၍ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာကဏ္ဍများ အလိုက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Thu, 27 Oct 2016 03:36:09 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1058-26-10-2016
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၂၃ / ၂၀၁၆) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1060-28-10-2016announce23 {edocs}photo/news_photos/28-10-2016/announce23.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Fri, 28 Oct 2016 02:56:53 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1060-28-10-2016announce23
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၂၄ / ၂၀၁၆) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1061-28-10-2016announce24 {edocs}photo/news_photos/28-10-2016/announce24.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Fri, 28 Oct 2016 03:06:27 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1061-28-10-2016announce24
ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား ကောက်ယူခြင်းဆိုင်ရာ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1062-28-10-2016dtod {edocs}photo/news_photos/28-10-2016/28.10.2016DoortoDoor.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Fri, 28 Oct 2016 09:07:05 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1062-28-10-2016dtod
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆဋ္ဌမအကြိမ်မြောက် မဟာဘုံကထိန် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1063-31-10-2016kahtain body
နေပြည်တော် အောက်တိုဘာ ၃၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆဋ္ဌမအကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာကို ယနေ့နံနက် ၁၀ နာရီတွင် ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက နေပြည်တော်-ပျဉ်းမနားမြို့၊ မဟာ ဝိသုတာရာမ စျေးကုန်းကျောင်းတိုက်၊ ဦးစီးပဓာန မဟာနာယက နိုင်ငံတော် သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များကို ရွတ်ပွား သရဇ္စျာယ်တော်မူခဲ့သည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းကြပြီးနောက် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
]]>
myathtunoo46@gmail.com (Election) Mon, 31 Oct 2016 07:54:38 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1063-31-10-2016kahtain
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1065-1-11-2016idea body
body1
body2
နေပြည်တော် နိုဝင်ဘာ ၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ IDEA ရုံးချုပ်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တော့မည့် IDEA မှ တာဝန်ခံအရာရှိဖြစ်သူ Mr. Jorge Valladares နှင့် တာဝန်ခံအရာရှိအသစ် Mr. Mark McDowell တို့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် IDEA တို့ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ IDEA မှ Head of Country Office ဖြစ်သူ Mr. Jorge Valladares သည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ IDEA ရုံးချုပ်သို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင်တော့မည်ဖြစ်၍ တာဝန်ခံအရာရှိအသစ် Mr. Mark McDowell က Mr. Jorge Valladares ထံမှ တာဝန်လွှဲပြောင်းရယူလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။
]]>
myathtunoo46@gmail.com (Election) Tue, 01 Nov 2016 08:45:42 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1065-1-11-2016idea
ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လာမည့် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1066-2-11-2016ovserver နေပြည်တော် နိုဝင်ဘာ ၂
လာမည့် ၂၀၁၇ ခုနှစ် ဧပြီလတွင် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စောင့်ကြည့်လေ့လာလိုသည့် ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာခွင့်ကို ယနေ့မှ စတင်ကာ ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ၁၀၀၀၀ ကျော်နှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ ၁၀၀၀ ကျော်ရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရှိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် လစ်လပ်မဲဆန္ဒနယ်များကို ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်တွင် လည်းကောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် လျာထားလုပ်ငန်းစဉ် အချိန်စာရင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
ထို့ပြင် လွှတ်တော်ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရာတွင် ပြည်တွင်း စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂၀၁၆) ဖြင့်လည်းကောင်း၊ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အမိန့်ကြော်ငြာစာအမှတ်၊ (၂/၂၀၁၆) ဖြင့် လည်းကောင်း ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ official website ဖြစ်သည့် http://uecmyanmar.org/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် Download ရယူနိုင်သည်။
]]>
myathtunoo46@gmail.com (Election) Wed, 02 Nov 2016 07:44:35 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1066-2-11-2016ovserver
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၂၉ / ၂၀၁၆) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1069-21-11-2016announce29 {edocs}photo/news_photos/21-11-2016/PyithuRepresentative.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Fri, 18 Nov 2016 09:40:26 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1069-21-11-2016announce29
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၃၀ / ၂၀၁၆) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1070-21-11-2016announce30 {edocs}photo/news_photos/21-11-2016/SDRepresentative.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Fri, 18 Nov 2016 09:48:03 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1070-21-11-2016announce30
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် ( ၃၁ / ၂၀၁၆ ) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1072-18-11-2016waparty {edocs}photo/news_photos/18-11-2016/waparty.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Mon, 21 Nov 2016 04:18:14 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1072-18-11-2016waparty
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း မန္တလေးတိုင်းဒေသကြီးရှိ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1077-16-12-2016chairman body
မန္တလေး ဒီဇင်ဘာ ၁၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းသည် ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများအား ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အခက်အခဲမရှိ အောင်မြင်စွာဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ ရှိပါက ဖြည့်ဆည်းပေးနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပသည်။
အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက ၂၀၁၅ ရွေးကောက်ပွဲ သည် ပြည်သူလူထုကရော နိုင်ငံတကာကပါလက်ခံသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ခဲ့သော်လည်း အနည်းနှင့်အများဆိုသလို အားနည်းချက်များ၊ အခက်အခဲများ ကြုံတွေ့မှုရှိခဲ့မှာဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ်မရှိသည့်အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ပေးရန်မရှိသော်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံများကို ပြန်လည် သုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲများကို အများပြည်သူယုံကြည်လက်ခံသော ရွေးကောက်ပွဲအဖြစ် ကျင်းပပေးနိုင်ရန် အဖွဲ့ခွဲအဆင့်ဆင့်အနေနှင့် ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ အခက်အခဲများနှင့်ပတ်သက်ပြီး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဆင့်ကဲဆင့်ကဲတင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း တင်ပြချက်ကိုသာ စောင့်ဆိုင်းမနေဘဲ လက်အောက်ကိုလည်း အမြဲကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တီထွင်မှုရှိရန်နှင့် လေလွင့်မှုမရှိစေရန်လိုအပ်ကြောင်း ပြောကြားသည်။
လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထားဆောင်ရွက်ရန်၊ တာဝန်ယူဖို့၊ တာဝန်ခံဖို့၊ ကြိုးစားဖို့၊ ရိုးသားဖို့လိုအပ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ထမ်းအချို့ကို ကြားဖြတ်ရွေးကောက်ပွဲရှိသည့်နေရာများသို့ စေလွှတ်ပြီး အတွေ့အကြုံ ရရှိအောင်ဆောင်ရွက်ထားပါကြောင်း မိမိတိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲမရှိသော်လည်း ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဆင့်ကဲဆင့်ကဲဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများက ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ လတ်တလော ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲ များကို တင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းနှင့် ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းတို့က ပြည်လည်ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်း လိုက်သည်။
]]>
myathtunoo46@gmail.com (Election) Mon, 19 Dec 2016 05:22:43 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1077-16-12-2016chairman
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း NIMD နှင့် DEMO Finland မှ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1080-22-12-2016nimd body
body1
body2
နေပြည်တော် ဒီဇင်ဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Netherlands Institute for Multiparty Democracy (NIMD) နှင့် DEMO Finland မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Bram Steenhuisen အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်ခန်း မဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် လာမည့် ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် NIMD တို့ ပူးပေါင်းကာ ဆောင်ရွက်သွားမည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ယခုနှစ်အတွင်း NIMD မှ ဆောင်ရွက်လျက်ရှိသော ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ NIMD ၏ ၂၀၁၇-၂၀၂၀ ခုနှစ် ကာလအတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်း အစီအစဉ် များနှင့် ၂၀၁၇ ခုနှစ်တွင် ဦးစားပေး ဆောင်ရွက်သွားမည့် ပါတီစုံပါဝင်သော တွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်နိုင်ရေးအတွက် လျာထားဆောင်ရွက်ချက်များကို ဆွေးနွေးကြသည်။
]]>
myathtunoo46@gmail.com (Election) Wed, 21 Dec 2016 07:40:51 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1080-22-12-2016nimd
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1081-26-12-2016yangon body
ရန်ကုန်-ဒီဇင်ဘာ ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (ရန်ကုန်) (NRPC) ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပပြီးစီးခဲ့သော်လည်း အားနည်းချက်များ၊ အခက်အခဲများကြုံတွေ့ခဲ့ကြရမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်(၄)နယ်နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁)နယ် လစ်လပ်လျှက်ရှိသဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်အားဖြင့်(၁၁)မြို့နယ်ဖြစ်ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သောမြို့နယ်များအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသေးစိတ်ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ တွင်မပါဝင်သောမြို့နယ်များအနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲပါဝင်သော မြို့နယ်များအား ဝိုင်း၀န်းကူညီပေးလျှက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲများကို အများပြည်သူယုံကြည်လက်ခံသော ရွေးကောက်ပွဲအဖြစ် ကျင်းပပေး နိုင်ရန် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုအခက်အခဲများနှင့်ပတ်သက်ပြီး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဆင့်ကဲဆင့်ကဲတင်ပြချက် များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း တင်ပြချက်ကိုသာ စောင့်ဆိုင်းမနေဘဲ မိမိ လက်အောက်ကိုလည်း မျက်ခြေမပြတ် ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တီထွင်ကြံဆပြီး စေတနာထားဆောင်ရွက်ရန်လိုကြောင်းနှင့် လေလွင့် ဆုံးရှုံးမှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပါသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက် အခဲများကို တင်ပြကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အတွင်းရေးမှူးတို့ က ပြန်လည်ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ပါသည်။
တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။
]]>
myathtunoo46@gmail.com (Election) Tue, 27 Dec 2016 02:49:04 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1081-26-12-2016yangon
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1084-3-1-2017party body
နေပြည်တော် ဇန်နဝါရီ ၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဦးတင်ထွန်းနှင့် တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့များမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၂၃ ပါတီမှ တာဝန်ရှိသူများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း များ တက်ရောက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နိုင်ငံရေးပါတီ ၂၄ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၈ ဦးနှင့် တစ်သီးပုဂ္ဂလ ၇ ဦး စုစုပေါင်း ၉၅ ဦးသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံကြမည်ဖြစ်ပြီး အဆိုပါကိုယ်စားလှယ် လောင်းအမည်စာရင်းကို ဇန်နဝါရီလ ၂ ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲစာရင်းကို Door to Door စနစ်ဖြင့် ပြုစုဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာမဲဆန္ဒနယ်မြေများတွင် ကပ်ထားကြေညာသွားမည်ဖြစ်ပါကြောင်း၊ မဲစာရင်းကို အိမ်ထောင်စုအလိုက် ကြည့်ရှုနိုင်စေရန် ဆောင်ရွက်ထားပါကြောင်း၊ ထိုသို့ကပ်ထား ကြေညာသည့်အခါတွင်လည်း မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကြည့်ရန်၊ အမည်မပါဝင်က တောင်းဆို ရန်၊ အမှားပါရှိပါက ပြင်ဆင်ရန်၊ မပါသင့်သူများပါဝင်နေပါက ပယ်ဖျက်ရန်အတွက် သတ်မှတ်ပုံစံများ ဖြင့် တောင်းဆိုကြရမည်ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ရရှိ ရန် နိုင်ငံရေးပါတီများ အနေဖြင့် မိမိတို့၏ မဲဆန္ဒရှင်များကို အသိပညာပေး ပူးပေါင်းဆောင်ရွက် စေလိုပါကြောင်း။
နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ဇန်နဝါရီ ၃၀ ရက်မှ မတ် ၃၀ ရက်အထိ မဲဆွယ်စည်းရုံးခြင်းကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မဲဆွယ်စည်းရုံးခြင်း ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရန် ကျင့်ဝတ်နှင့်အညီ လေးစားလိုက်နာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲကာလ အတွင်း တည်ငြိမ်အေးချမ်းရေးသည် အဓိကကျသည်နှင့်အညီ မိမိတို့ပါတီကို ထောက်ခံအားပေး ကြသည့် ပြည်သူများကို ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဆော်ဩဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ဗဟို ကော်မတီနှင့် ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းခဲ့ပြီး ယခုကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့်လည်း ပူးပေါင်းပါဝင်လိုက်နာရေး ဆောင်ရွက် ပေးစေလိုကြောင်း။
မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်များ အနေဖြင့် မဲရုံအတွင်း မဲဆွယ်စည်းရုံးသည့် ပုံစံမဖြစ်စေရေးသည် အရေးကြီးပါကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း တရားမဲ့ပြုကျင့်မှုများ မဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်စေလို ပါကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကာလနောက်ပိုင်း ကန့်ကွက်လွှာအမှုများ မရှိစေလိုပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီးသည့်ကာလတွင် ရွေးကောက်ပွဲကုန်ကျစရိတ်များကို ကော်မရှင်သို့ တင်ပြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ရွေးကောက်ပွဲကုန်ကျစရိတ်များကို သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ မှတ်တမ်းပြုစုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆွယ်စည်းရုံးရေး ကာလနှင့် ရွေးကောက်ပွဲကာလတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် နိုင်ငံရေးပါတီများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့်တို့က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် တာဝန်ယူဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးဦးတင်ထွန်းက ကြိုတင်မဲများ နှင့် စပ်လျဉ်း၍လည်းကောင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား သင်တန်းပေးမည့် အစီအစဉ်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ ပညာပေးဆောင်ရွက်မည့် အစီ အစဉ်များနှင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စီစဉ်ဆောင်ရွက်ထားမှုများအား ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများကလည်း အကြံပြုဆွေးနွေးကြသည်။
ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းမျာအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရန်ကျင့်ဝတ် - Code of Conduct for Political Parties and Candidates (CoC) ကို လိုက်နာဆောင်ရွက်ရေး၊ Voter Slip ကို နိုင်ငံရေးပါတီများမှ ဖြန့်ဝေခြင်းမပြုဘဲ ရွေးကောက်ပွဲကော်မရှင်ကသာ ဆောင်ရွက်ရေး၊ စေ့စပ်ညှိနှိုင်း ရေးကော်မတီကို ဖွဲ့စည်းပြီး ညှိနှိုင်းဖြေရှင်းချက်များအပေါ် ပူးပေါင်းလိုက်နာရေးတို့ကို ဆွေးနွေးခဲ့ပြီး သဘောတူညီခဲ့ကြပါသည်။
ထို့နောက် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
]]>
myathtunoo46@gmail.com (Election) Thu, 05 Jan 2017 03:12:00 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1084-3-1-2017party
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ကြေညာချက်အမှတ် ( ၁ / ၂၀၁၇) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1086-11-1-2017announce1 {edocs}photo/news_photos/11-1-2017/announce12017.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Wed, 11 Jan 2017 06:48:58 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1086-11-1-2017announce1
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1087-12-1-2017us body2
နေပြည်တော် ဇန်နဝါရီ ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းသည် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ဒုတိယအတွင်းဝန် Mr. Mark Maloney ဦးဆောင် သော အဖွဲ့တို့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်း၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် လာမည့်ဧပြီလ၌ ကျင်းပပြုလုပ်မည့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ဆွေးနွေးကြသည်။
]]>
myathtunoo46@gmail.com (Election) Fri, 13 Jan 2017 02:58:37 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1087-12-1-2017us
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1088-12-1-2017mili body
နေပြည်တော် ဇန်နဝါရီ ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI) မှ ဦးနေလင်းစိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြ သော ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက် ကြသည်။
MILI အဖွဲ့နှင့်တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ် ဧပြီလ၌ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် MILI အဖွဲ့မှ ဦးဆောင်ပြုလုပ်မည့် မသန်စွမ်းမဲဆန္ဒရှင်များ၏ ပူးပေါင်းပါဝင်မှုတိုးမြှင့်ရေးဆိုင်ရာလုပ်ငန်းများ၊  မသန်စွမ်းမဲဆန္ဒရှင်များ၏ ပူးပေါင်း ပါဝင်မှုတိုးမြှင့်ရေးအတွက် စီမံကိန်းဦးတည်ဧရိယာများအဖြစ် သတ်မှတ်ဆောင်ရွက် သွားမည့် အခြေအနေများ၊ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ ပိုမိုပါဝင်လာနိုင်စေရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ပါဝင်သော ဖိုရမ်တစ်ခုကျင်းပနိုင်ရေး၊ မသန်စွမ်းမဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးခြင်း
နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။
]]>
myathtunoo46@gmail.com (Election) Fri, 13 Jan 2017 04:01:52 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1088-12-1-2017mili
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းမြန်မာနိုင်ငံဆိုင်ရာ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1089-12-1-2017china body1
နေပြည်တော် ဇန်နဝါရီ ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Mr.Hong Liang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြ သော ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက် ကြသည်။
တရုတ်နိုင်ငံသံအမတ်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ် ဧပြီလ၌ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် တရုတ်နိုင်ငံမှ လေ့လာစောင့်ကြည့်မည့်အဖွဲ့များ ဖိတ်ခေါ်မည့်ကိစ္စ၊ နိုင်ငံရေးပါတီဆိုင်ရာကိစ္စများ၊ ရွေ:ကောက်ပွဲအကူအညီပေးရေးဆိုင်ရာများ၊ ကော်မရှင်အနေဖြင့် လွတ်လပ်မျှတ၍ အများယုံကြည်လက်ခံသည့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှုများကို ဆွေးနွေးကြသည်။
]]>
myathtunoo46@gmail.com (Election) Fri, 13 Jan 2017 04:00:08 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1089-12-1-2017china
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးနှင့် Association of World Election Bodies (A-WEB) မှ Mr. ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1094-17-1-2017aweb body
နေပြည်တော် ဇန်နဝါရီ ၁၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းသည် Association of World Election Bodies (A-WEB) မှ Mr.Moon Namui ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်း၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် အာရှအလယ်ပိုင်းနိုင်ငံများတွင် A-WEB ၏ နည်းပညာအကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် A-WEB မှ နည်းပညာ ဆိုင်ရာအကူအညီများပေးအပ်နိုင်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။
]]>
myathtunoo46@gmail.com (Election) Tue, 17 Jan 2017 03:01:51 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1094-17-1-2017aweb
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း Asia Foundation မှ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1096-18-1-2017-asia-foundation body1
နေပြည်တော် ဇန်နဝါရီ ၁၈
ထိုသို့တွေ့ဆုံစဉ် Asia Foundation မှ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေ သည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို Asia Foundation မှ ဆောင်ရွက်လျက်ရှိ သော Mobile Application ဖြင့် ဖြန့်ဝေသွားရေးနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြ သည်။
]]>
myathtunoo46@gmail.com (Election) Wed, 18 Jan 2017 10:24:25 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1096-18-1-2017-asia-foundation
ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1097-19-1-2017campaign body
ရန်ကုန် ဇန်နဝါရီ ၁၉
မဲဆွယ်စည်းရုံးရေးသည် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများ၏ အရေးကြီးသည့် အစိတ် အပိုင်းဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ ပါတီများကြား၊ ကိုယ်စားလှယ်လောင်းများကြား တည်ရှိလာမည့် သို့မဟုတ် တည်ရှိနေသည့်ယှဉ်ပြိုင်မှုများကို စနစ်တကျ ထိန်းသိမ်းပေးနိုင်ပြီး ကောင်းမွန်သည့် ထိန်းညှိမှုများကို ဖန်တီးပေးနိုင်သည့် စနစ်တစ်ခု ဖြစ်ပါကြောင်း၊ ထိုသို့ယှဉ်ပြိုင်မှုများ ဖြစ်ပေါ်လာသည့်အချိန်မှာ မဲဆွယ်စည်းရုံးရေးကာလ ဖြစ်ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ MiCasa ဟိုတယ်၌ ကျင်းပပြုလုပ်သော ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအကြို လွှတ်တော်ကိုယ်စားလှယ်လောင်း များအတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာသင်တန်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
ထို့ပြင် ကော်မရှင်အတွင်းရေးမှူးက မဲဆွယ်စည်းရုံးရေးသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများ၏ အရေးကြီးသည့်အစိတ်အပိုင်းဖြစ်သည့်အတွက် ယနေ့ဖွင့်လှစ်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာ သင်တန်းပို့ချဆွေးနွေးခြင်းသည် အရေးကြီးသည့် သင်တန်းတစ်ခုဖြစ်ပါကြောင်း။
ဒီမိုကရေစီစနစ်သည် ငြိမ်းချမ်းစွာ မတူကွဲပြားနိုင်ရေးကို ရှေးရှုပြီး နိုင်ငံရေးပါတီများကြား ယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်တစ်ခုနှင့်ပတ်သက်ပြီး သဘောတူညီမှုတစ်ခုရယူခြင်းဖြစ်သည်ဟု နိုင်ငံရေး သိပ္ပံပညာရှင်များက လက်ခံထားပါကြောင်း၊ ဒီမိုကရေစီနည်းကျယှဉ်ပြိုင်မှုတွင် စည်းမျဉ်း စည်းကမ်း များတည်ရှိရန် လိုအပ်ပါကြောင်း၊ သို့မှသာ ယှဉ်ပြိုင်သူများအကြား မလျော်ကန်သော နည်းလမ်းများ ဖြင့် အခွင့်အရေးရယူခြင်း၊ လှည့်ဖျားခြင်းနှင့် ကျင့်ဝတ်ဖောက်ဖျက်ခြင်းများကို ကာကွယ်တားဆီးနိုင် မည်ဖြစ်ပါကြောင်း။
ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ယှဉ်ပြိုင်မှုရှိစေရန် ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီတွင်သာမက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင်လည်း တာဝန်ရှိပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ ပါဝင်သော ယနေ့ဖွင့်လှစ်သည့် သင်တန်းမျိုးကို ကျင်းပရခြင်းဖြစ်ပါကြောင်း။
ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်လောင်းများအတွက် ဥပဒေအရ ပေးထားသည့် အခွင့်အရေးများရှိပါကြောင်း၊ ထို့အတူ မဲဆွယ်စည်းရုံးခြင်းနှင့်ပတ်သက်သည့် အခွင့် အရေးများကိုလည်း ပြဋ္ဌာန်းထားပါကြောင်း၊ အခွင့်အရေးများနှင့်အတူ တာဝန်ဝတ္တရား များလည်း ပါရှိလာပါကြောင်း၊ မဲဆွယ်စည်းရုံးသည့်ကာလအတွင်း ကိုယ်စားလှယ်လောင်းများအနေဖြင့် မိမိတို့ နိုင်ငံ၏ ဒီမိုကရေစီစနစ်ကို အခြားနိုင်ငံများက အတုယူလေးစားဖွယ်ဖြစ်အောင် ဆောင်ရွက်ရန် အခွင့် အရေးရရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ကျင့်ဝတ်နှင့်မညီသည့် မဲဆွယ်စည်းရုံးခြင်းများနှင့် မဲဆွယ်စည်းရုံး စရိတ် အသုံးပြုခြင်းများကို ရှောင်ရှားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအကြို လွှတ်တော်ကိုယ်စားလှယ်လောင်းများ အတွက် မဲဆွယ်စည်းရုံးရေးဆိုင်ရာသင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ DANISH INSTITUTE FOR PARTIES AND DEMOCRACY (DIPD) နှင့် INSTITUTE FOR DEMOCRACY AND ELECTORAL ASSISTANCE (IDEA) တို့မှ ပူးပေါင်း ဆောင်ရွက် ခြင်းဖြစ်ပြီး သင်တန်းတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ (၂၄) ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ စုစုပေါင်း (၇၀)ဦး တက်ရောက်ကြသည်။
အဆိုပါသင်တန်းတွင် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်ညိုညိုနှင့် IDEA မှ ဦးပြည့်စုံတို့က ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အချိန်ဇယားများ၊ လုပ်ငန်းများနှင့် လုပ်ငန်းများဆောင်ရွက် နေသည့် နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မဲဆွယ်စည်းရုံးရေးနှင့် သက်ဆိုင်သည့် ဥပဒေ များ၊ လုပ်ထုံးလုပ်နည်းများ၊ ဆောင်ရွက်ဖွယ်ရာများနှင့်စပ်လျဉ်း၍လည်းကောင်း၊ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ထို့ပြင် မဲဆွယ်စည်းရုံးရေးနှင့်စပ်လျဉ်း၍ ထွက်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများအား ဖော်ထုတ် ခြင်း၊ ကျင့်ဝတ်နှင့်ညီသော မဲဆွယ်စည်းရုံးမှုဆောင်ရွက်ခြင်းနှင့် ရွေးကောက်ပွဲများအပြီး ရွေးကောက်ပွဲ အငြင်းပွားမှုဖြေရှင်းခြင်း၊ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းခြင်းနှင့် ရွေးကောက်ပွဲအတွေ့ အကြုံများမှသင်ယူခြင်း စသည့်ခေါင်းစဉ်များဖြင့်လည်း အုပ်စုဖွဲ့ဆွေးနွေးကြသည်။
]]>
myathtunoo46@gmail.com (Election) Fri, 20 Jan 2017 03:10:29 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1097-19-1-2017campaign
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1098-23-1-2017idea body
နေပြည်တော် ဇန်နဝါရီ ၂၃
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဒီမိုကရေစီ စနစ်ဖော်ဆောင်ရာတွင် ရွေးကောက်ပွဲများသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေ ပါကြောင်း၊ ထို့အတွက်ကြောင့် ကမ္ဘာတစ်ဝန်းလုံးတွင်ရှိသည့် ရွေးကောက်ပွဲကော်မရှင်များသည် အခြားအဖွဲ့အစည်းများနှင့်မတူညီဘဲ ထူးခြားသည့် တာဝန်များနှင့် ဝတ္တရားများရှိကြပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး အများယုံကြည်လက်ခံသော ရွေးကောက်ပွဲဖြစ်စေရန် ကြိုးစားဆောင်ရွက်ခဲ့ပါကြောင်း၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်တမ်းနုနယ်သေးသော်လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို သမိုင်းမှတ်တိုင်တစ်ခုအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါကြောင်း၊ ထိုသို့အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းမှာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုများနှင့် အခြားကဏ္ဍစုံမှ အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့်လည်း ဖြစ်ပါကြောင်း။
ယခု ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပ သွားမည် ဖြစ်ပြီး အဆိုပါကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မြန်မာ နိုင်ငံသား ၂ သန်းကျော် က လွှတ်တော်ကိုယ်စားလှယ်လောင်း ၉၅ ဦးအနက် ၁၉ ဦး ကို ဆန္ဒပြုရွေးချယ်ကြရမည် ဖြစ်ပါကြောင်း။
အထွေထွေရွေးကောက်ပွဲနှင့်နှိုင်းယှဉ်လျှင် ကြားဖြတ်ရွေးကောက်ပွဲများကို မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်စားမှုနည်းပါးလေ့ရှိပါကြောင်း၊ သို့သော်လည်း မည်သည့် ရွေးကောက်ပွဲမဆို မြန်မာနိုင်ငံ၏အနာဂတ်အတွက် အရေးကြီးသည့်ရွေးကောက်ပွဲများဖြစ်သည့်အတွက် မကြာမီ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ပွင့်လင်းမြင်သာရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် အများယုံကြည်လက်ခံမှု စသည့် ရွေးကောက်ပွဲဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ကျင်းပသွားမှာ ဖြစ်ပါကြောင်း။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲထက် ပိုမိုကောင်းမွန်ပြည့်စုံသည့် ရွေးကောက်ပွဲဖြစ်စေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ မိမိတို့ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ များကို တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုပြည့်စုံကောင်းမွန်စေရန် ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ပိုမိုပြည့်စုံကောင်းမွန်သော ရွေးကောက်ပွဲများဖြစ်စေရန် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ၏ကျွမ်းကျင်နားလည်သော လုပ်ဆောင်ချက်တွေဟာ အခြေခံတစ်ခုဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်ဒေသများမှ ကော်မရှင်အဖွဲ့ခွဲများသည် ကြားဖြတ် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကဦးဆောင်သည့်ကဏ္ဍက ပါဝင်ခဲ့ ပါကြောင်း။
မိမိအနေဖြင့်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ရသည်ကို ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ထို့အတူ တာဝန်များစွာ ရှိသည်ဟု လည်း ခံယူထားပါကြောင်း၊ တာဝန်များထဲမှ တစ်ခုမှာ ကော်မရှင်အဖွဲ့ခွဲ့အဆင့်ဆင့်၏ ကျွမ်းကျင်မှုများ ပိုမိုမြင့်တက်စေရန်နှင့် မှန်ကန်သည့် သတင်းအချက်အလက်များ အမြဲရရှိနေ စေရန်လည်း ပါဝင်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရာမှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်စေရန် ရည်ရွယ်၍ ယခုသင်တန်း ကို ကျင်းပရခြင်းဖြစ်ပါကြောင်း။
ယခုသင်တန်းသည် ဆရာဖြစ်သင်တန်းဖြစ်ပြီး ဆင့်ပွားသင်တန်းများကို ဖေဖော်ဝါရီလ ဒုတိယအပတ်မှစတင်ကာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဒေသများတွင်ရှိသည့် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲများကို ဆက်လက် သင်တန်းပို့ချ ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခု သင်တန်းတက်ရောက်ကြသူများသည် ဆင့်ပွားသင်တန်းနည်းပြများအဖြစ် သင်တန်းမှသိရှိခဲ့ ရသည့် အချက်အလက်များ၊ ဗဟုသုတများနှင့် နည်းပညာများကို ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲ့များကို ပြန်လည်မျှဝေရမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းမှတစ်ဆင့် ဆင့်ပွားသင်တန်း များအတွက် လိုအပ်သည့် အချက်အလက်များကိုလည်း ပံ့ပိုးပေးသွားမှာ ဖြစ်ပါကြောင်း။
ယခုသင်တန်းစီမံချက်ကို ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်စုစုပေါင်း ၁၅၀ဝ ကျော် အထိ ပြန်နှံ့ ရောက်ရှိစေရန် ရည်ရွယ်ထားပါကြောင်း၊ ယခုသင်တန်းကျင်းပနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးကြသည့် International IDEA အဖွဲ့ဌာနေကိုယ်စားလှယ် Mr. Mark McDowell နှင့် အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်း။
နိဂုံးချုပ်အားဖြင့် သင်တန်းသားများအနေဖြင့် သင်တန်းချိန်များတွင် အထူး အာရုံစိုက် လေ့လာကြရန်၊ သင်တန်းများနှင့်ဆိုင်သည့် ယခင်အတွေ့အကြုံများကို သင်တန်းသား အချင်းချင်း မျှဝေသွားကြရန်နှင့် သင်တန်းတွင် လေ့လာခဲ့ရသည်များကို မိမိ၏လက်တွေ့ လုပ်ငန်းများတွင် ထည့်သွင်းအသုံးချကြရန် အားပေးတိုက်တွန်းလိုပါကြောင်း၊ ယခုသင်တန်း တွင် လေ့လာသင်ယူရသမျှ ဗဟုသုတများနှင့် မျှဝေသမျှ အတွေ့အကြုံများသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အောင်မြင်မှုအပေါ် အကျိုးရှိမည်ဖြစ်သည့်အတွက် ကြိုးစားဆောင်ရွက်ကြစေ လိုပါကြောင်း ပြောကြားသည်။
ထို့အတူ ဖွင့်ပွဲအခမ်းအနားတွင် International IDEA မှ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Mark McDowell ကလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက သင်တန်းတွင် ပို့ချသွားမည့် သင်ရိုးညွှန်းတမ်းကို လည်းကောင်း ရှင်းလင်းပြောကြားသည်။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းကို သင်ရိုး ၇ ခုဖြင့် အုပ်စုနှစ်စုခွဲ၍ ၂ ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ယနေ့ဖွင့်လှစ်သည့် ပထအကြိမ်သင်တန်းသို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ကိုယ်စားပြုသင်တန်းသား ၄၆ ဦးတက်ရောက် ကြောင်းနှင့် ဒုတိယအကြိမ်ဖွင့်လှစ်မည့်သင်တန်းသို့ ကိုယ်စားပြုသင်တန်းသား ၄၀ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။
အဆိုပါကိုယ်စားပြုသင်တန်းသားများသည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဒေသ များမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များအထိ ဆင့်ပွားသင်တန်းများ ပို့ချသွားမည်ဖြစ်သည်။
]]>
myathtunoo46@gmail.com (Election) Tue, 24 Jan 2017 06:43:03 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1098-23-1-2017idea
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1099-23-1-2017swiszerland body1
နေပြည်တော် ဇန်နဝါရီ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး H.E. Mr. Paul R. Seger ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံသံရုံး၏ ဦးဆောင်မှုဖြင့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရန်ကျင့်ဝတ်(Code of Conduct for Political Parties and Candidates-CoC) နှင့်စပ်လျဉ်း၍ ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။
]]>
myathtunoo46@gmail.com (Election) Tue, 24 Jan 2017 06:44:10 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1099-23-1-2017swiszerland
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း DFID အဖွဲ့အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1102-24-1-2017dfid body
နေပြည်တော် ဇန်နဝါရီ ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Department for International Development (DFID) ၏ ရွေးကောက်ပွဲဆိုင်ရာ ကူညီဆောင်ရွက်ပေးမှုများ နှင့်လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်လေ့လာသုံးသပ်မည့် Ms. Alice Burt ဦးဆောင် သောအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ DFID မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် DFID တို့ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
]]>
myathtunoo46@gmail.com (Election) Tue, 24 Jan 2017 10:10:50 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1102-24-1-2017dfid
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1103-25-1-2017polling body
နေပြည်တော် ဇန်နဝါရီ ၂၅
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းစဉ် ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှုသင်တန်းကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ဖွင့်လှစ်သည်။
ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့် အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အသုံးပြုရန် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းလက်စွဲစာအုပ်ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ မဲရုံမှူး၊ ဒုတိယမဲရုံမှူးလက်စွဲစာအုပ်ကို ပြန်လည်ပြင်ဆင်သုံးသပ်၍ ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ အတွက် အသုံးပြုသွားမည်ဖြစ်ပြီး ယခုဖွင့်လှစ်သည့် သင်တန်းတွင်လည်း အဆိုပါစာအုပ်ကို အခြေခံ၍ ပို့ချသွားမည်ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲတစ်ခုအောင်မြင်စေရန် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်း များဟူ၍ အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ အဆိုပါအပိုင်းနှစ်ပိုင်း ဟန်ချက်ညီမှ ရွေးကောက်ပွဲ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ကော်မရှင်ခွဲအဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းများ အတွက် သင်တန်းဖွင့်လှစ်ပြီးဖြစ်ပြီး ယနေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် သင်တန်းထပ်မံဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။
လွတ်လပ်ပြီး အများယုံကြည်သည့် ရွေးကောက်ပွဲများကို ကျင်းပပေးရာတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ အားထုတ်ကြိုးပမ်းမှုအပြင် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများနှင့်မဲရုံအဖွဲ့၀င်များ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် မှန်ကန်စွာဆောင်ရွက်မှုသည်လည်း အဓိကကျသည့် အခန်းကဏ္ဍမှ ပါ၀င်နေပါကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံမှူး လက်စွဲအတိုင်း တိကျစွာဆောင်ရွက်မှု မရှိခဲ့သဖြင့် အားနည်းချက်များ ရှိခဲ့ပါကြောင်း။
သင်တန်းမှ သိရှိခဲ့ရသည်များကို လာမည့်မတ်လအတွင်း ပြုလုပ်မည့် ဆင့်ပွားသင်တန်း များတွင် ပြန်လည်မျှဝေသည့်အခါ သင်ကြားပေးသည့်ပုံစံထက် လက်တွေ့တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ဆောင်ရွက်သည့်အခါ အဆင်ပြေစေရန်အတွက် ရှင်းလင်းနားလည်လွယ်ကူ မည့် ပုံစံမျိုးဖြင့် သင်ကြားပေးစေလိုပါကြောင်း၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ကြမည့် မဲဆန္ဒရှင် ၂ ဒသမ ၁၅ သန်းရှိပြီး ကြားဖြတ်ရွေးကောက်ပွဲကိုမြို့နယ် ၂၂ မြို့နယ်တွင် လစ်လပ်နေရာ ၁၉ နေရာအတွက် ကျင်းပပေးရမည်ဖြစ်ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ အတွက် ယခုလက်ရှိတွင် မဲရုံပေါင်း ၂၀၀၀ ရှိသည့်အတွက် ဆင့်ပွားသင်တန်းများအနေဖြင့် မဲရုံမှူး ၂၀၀၀၊ ဒုတိယမဲရုံမှူး ၂၀၀၀ စုစုပေါင်း ၄၀၀၀ ခန့်ကို သင်တန်းများပို့ချသွားရမည် ဖြစ်ပါကြောင်း။
မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို သိရှိနားလည်စွာဖြင့် တာ၀န်ထမ်းဆောင်နိုင်ရန် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား သင်တန်းပြန်လည်ပို့ချပေးမည့် ယနေ့သင်တန်းတက်ရောက်သူများ၏ နားလည်သိရှိမှုသည် အခြေခံဖြစ်နေပါကြောင်း၊ ထို့ကြောင့် သင်တန်းတွင် အကောင်းဆုံး ပါ၀င်ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းစဉ် ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှုသင်တန်းကို အုပ်စုနှစ်စုခွဲ၍ ၂ ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ယနေ့ဖွင့်လှစ်သည့် ပထအကြိမ်သင်တန်းသို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသ ကြီး နှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ကိုယ်စားပြုသင်တန်းသား ၄၆ ဦး တက်ရောက်ကြောင်းနှင့် ဒုတိယအကြိမ်ဖွင့်လှစ်မည့် သင်တန်းသို့ ကိုယ်စားပြု သင်တန်းသား ၄၀ ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းပထမရက်တွင် ကြားဖြတ်ရွေးကောက်ပွဲနှင့်ဆိုင်သော အခြေခံဗဟုသုတများကို အကဲဖြတ်ခြင်း၊ သင်တန်းပို့ချမှုပုံစံနှင့် သင်ခန်းစာများ၊ မဲရုံမှူး၊ မဲရုံအဖွဲ့၀င်များ၏ တာ၀န်နှင့် လုပ်ပိုင်ခွင့်များ၊ မဲရုံပုံစံချမှတ်ခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများ၊ မဲရုံဖွင့်ခြင်းနှင့် ပိတ်ခြင်း၊ မဲဆန္ဒပေးခြင်းလုပ်ငန်းစဉ်နှင့် မဲဆန္ဒရှင်များ မဲရုံသို့ စည်းကမ်းရှိစွာ တန်းစီ၀င်ထွက်နိုင်ရန် ကြီးကြပ်ခြင်း၊ ခိုင်လုံမဲနှင့် ပယ်မဲများ၊ ဆန္ဒမဲရေတွက်ခြင်းနှင့် မဲရေတွက်ပြီးနောက် ဆောင်ရွက် ရမည်များ စသည်ဖြင့် ခေါင်းစဉ်များသတ်မှတ်ကာ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
]]>
myathtunoo46@gmail.com (Election) Thu, 26 Jan 2017 02:58:05 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1103-25-1-2017polling
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1105-26-1-2017idea body1
နေပြည်တော် ဇန်နဝါရီ ၂၆
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ဒုတိယအကြိမ် ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံ သင်တန်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားခဲ့သည်။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းကို သင်ရိုး ၇ ခုဖြင့် အုပ်စုနှစ်စုခွဲ၍ ၂ ကြိမ် သင်ကြားပို့ချခြင်းဖြစ်ပြီး ပထအကြိမ်ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ကိုယ်စားပြု သင်တန်းသား ၄၆ ဦး တက်ရောက်ခဲ့သည်။
ယနေ့ဖွင့်လှစ်သည့် ဒုတိယအကြိမ်သင်တန်းသို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ကိုယ်စားပြုသင်တန်းသား ၄၀ ဦး တက်ရောက်သည်။
အဆိုပါသင်တန်းသားများသည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဒေသများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအားလည်းကောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအားလည်းကောင်း ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချသွားမည်ဖြစ်သည်။
]]>
myathtunoo46@gmail.com (Election) Thu, 26 Jan 2017 09:11:20 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1105-26-1-2017idea
တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၅)ဦး အစားထိုးပြောင်းလဲခြင်း http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1106-27-1-2017pyithu {edocs}photo/news_photos/27-1-2017/Pyithu.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Fri, 27 Jan 2017 03:16:38 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1106-27-1-2017pyithu
တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၂) ဦး အစားထိုးပြောင်းလဲခြင်း http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1107-27-1-2017amyothar {edocs}photo/news_photos/27-1-2017/Amyothar.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Fri, 27 Jan 2017 03:18:07 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1107-27-1-2017amyothar
အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1108-2-2-2017foreignvote body
body1
body6
body7
body8
body9
body10
body11
body12
body13
body14
body15
body16
body17
နေပြည်တော် ဖေဖော်ဝါရီ ၂
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိ နေသော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြည်ပမဲဆန္ဒရှင်များရှိသည့် မြို့နယ် (၁၈) မြို့နယ်၏ တာဝန်ရှိသူများမှ မဲလက်မှတ်များ ထုတ်ယူခြင်း၊ တံဆိပ်တုံးရိုက် လက်မှတ်ရေးထိုးခြင်းတို့ကို ဖေဖော်ဝါရီ (၁) ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်ခဲ့ပါသည်။
မဲလက်မှတ်များထုတ်ပေးခြင်းမပြုမီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှ အတွေ့ အကြုံနှင့်အကြံပြုချက်များအပေါ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားပါသည်။
၄င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဆန္ဒမဲလက်မှတ်စာအုပ်များအား စနစ်တကျလွှဲပြောင်း လက်ခံခြင်း၊ မဲလက်မှတ်များအား တံဆိပ်တုံးရိုက်နှိပ်ခြင်းနှင့် လက်မှတ်ရေးထိုး ခြင်း၊ စာအိတ်ငယ်နှင့်စာအိတ်ကြီးအတွင်းသို့ ထည့်သွင်းခြင်းနှင့် အပ်နှံခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြပါသည်။
အဆိုပါ ပြည်ပကြိုတင်မဲဆန္ဒမဲလက်မှတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ထံသို့ လွှဲပြောင်းခြင်းကို (၂.၂.၂၀၁၇) ရက်နေ့တွင် ပြုလုပ်ရာ သက်ဆိုင်ရာနိုင်ငံအလိုက် စာအိတ် ကြီးများအား ကော်မရှင်ရုံးမှ တာဝန်ရှိသူများက စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း (၁၈) မြို့နယ်မှ နိုင်ငံပြင်ပရောက်ရှိ နေသူ (၃၃၉) ဦးသည် သက်ဆိုင်ရာ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး၊ ကိုယ်စားလှယ်ရုံး (၂၈) ရုံးတွင် (၂၈.၂.၂၀၁၇) ရက်နေ့မတိုင်မီ ကြိုတင်ဆန္ဒမဲပေးကြမည်ဖြစ်သည်။
]]>
myathtunoo46@gmail.com (Election) Thu, 02 Feb 2017 10:08:41 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1108-2-2-2017foreignvote
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက် အမှတ် ( ၄ / ၂၀၁၇ ) http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1109-announcement4 {edocs}photo/news_photos/3-2-2017/announcement4.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Fri, 03 Feb 2017 04:23:57 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1109-announcement4
ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်ချက်များ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1111-6-2-2017activity ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်ချက်များ
နေပြည်တော်၊ ဖေဖော်ဝါရီ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် (၂-၁၁-၂၀၁၆) ရက်နေ့မှစတင်၍ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများမှ ကြားဖြတ် ရွေးကောက်ပွဲအတွက် အသိအမှတ်ပြုလွှာလျှောက်ထားခြင်းကို လက်ခံစိစစ် ဆောင်ရွက်ပြီး တစ်ဦးချင်းသက်သေခံ ကဒ်ပြားထုတ်ပေးခြင်းကို ဆောင်ရွက် လျှက်ရှိသည်။
ပဲခူးတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် (၆-၂-၂၀၁၇)ရက်နေ့ နေ့လည် ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး ရဲမှူးကြီး မျိုးမင်းထိုက်နှင့် ဝန်ကြီးချုပ်ရုံးခန်း၌ တွေ့ဆုံ၍ ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၇
bago
- (၇.၂.၂၀၁၇) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ညောင်လေးပင်မြို့နယ်၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးညီညီထွေး၏ "လွွှတ်တော်ကိုယ်စားလှယ်တစ်ဦးအ နေဖြင့် မဲဆွယ်စည်းရုံးရေးလိုက်ပါခွင့်ရှိ/မရှိ" တင်ပြစာနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးမှ "အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်ပေးချက်အရ လွှတ် တော်ကိုယ်စားလှယ်အား ပါတီဝင်အနေဖြင့်သာ လိုက်ပါစည်းရုံးခွင့်ပြုပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အရှိန်အဝါ အဆောင်အယောင်များ မပါဝင်စေရ" ဟု ဆုံးဖြတ်ခဲ့ပြီး အစည်းအဝေးကို (၁၅:ဝ၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၈
 chin
- ( ၈-၂-၂၀၁၇ ) ရက်နေ့ (၁၃၀၀) နာရီချိန်တွင် ချင်းပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်နယ်၊ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန် ရှိသူများသည် မဲရုံမှူး/ဒုမဲရုံမှူးဆိုင်ရာလုပ်ငန်းစဉ်သင်တန်းအား ထိရောက်စွာ သင်ကြားပို့ချပေးနိုင်ရေးနှင့်  ကြားဖြတ်ရွေးကောက်ပွဲနေ့မတိုင်မီ ( ၂၀-၃-၂၀၁၇ ) ရက်နေ့မှစ၍ ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ကြသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၈
- (၈-၂-၂၀၁၇) ရက်နေ့ (၁၀၀၀) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကြားဖြတ်ရွေးကောက်ပွဲရှိသည့် ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲအသိပညာပေး ဆင့်ပွားသင်တန်းအတွက် သင်ခန်းစာ ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။ သင်တန်းကို ရပ်ကွက် / ကျေးရွာ အုပ်စု (၈၅) ခုမှ တစ်ခုလျှင် ကော်မရှင်အဖွဲ့ခွဲ့အဖွဲ့ဝင် (၂) ဦးစီဖြင့်            (၁၆-၂-၂၀၁၇) မှ (၂၁-၂-၂၀၁၇) ရက်နေ့အထိ သင်တန်းအမှတ်စဉ် (၃) ခုဖြင့် ဆောင်ရွက် သွားမည်ဖြစ်သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄
body-
body1
(၁၄-၂-၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီချိန်တွင် ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဟားခါးခရိုင် နှင့် ထန်တလန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများသည် ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးသင်တန်း ဘာသာရပ်ဆိုင်ရာ အကြိုညှိနှိုင်းဆွေးနွေးခြင်း ပြုလုပ်ခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅
body
body1
- (၁၅-၂-၂၀၁၇) ရက်နေ့နှင့် (၁၆-၂-၂၀၁၇) ရက်နေ့တို့တွင် ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်  မဲရုံမှူး / ဒုမဲရုံမှူး ဆိုင်ရာ ဆင့်ပွားသင်တန်းအမှတ်စဉ်(၁) အား သင်တန်းသား ( ၄၂ ) ဦးဖြင့် လည်းကောင်း၊ ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်  မဲရုံမှူး / ဒုမဲရုံမှူး ဆိုင်ရာ ဆင့်ပွားသင်တန်းအမှတ်စဉ် (၁)  အား သင်တန်းသား (၅၀)ဦးဖြင့် လည်းကောင်း နံနက် (၀၉၀၀) နာရီမှ ညနေ( ၁၆၀၀) နာရီအထိ သင်ကြား ပို့ချလျက်ရှိသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်( ၂ )ကို  သင်တန်းသား ( ၅၀ ) ဦးဖြင့် (၁၇-၂-၂၀၁၇)ရက်နေ့မှ (၁၈-၂-၂၀၁၇)ရက်နေ့ထိ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်( ၃ )ကို  သင်တန်းသား ( ၂၂ ) ဦးဖြင့် (၁၉-၂-၂၀၁၇)ရက်နေ့မှ (၂၀-၂-၂၀၁၇)ရက်နေ့ထိ လည်းကောင်း သင်ကြားပို့ချလျက်ရှိသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
body
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်( ၂ )ကို သင်တန်းသား ( ၄၄ ) ဦးဖြင့် (၂၀-၂-၂၀၁၇)ရက်နေ့မှ (၂၁-၂-၂၀၁၇)ရက်နေ့ထိ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်ကြားပို့ချလျက်ရှိသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀
body1
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက် ပွဲဆိုင်ရာမွမ်းမံသင်တန်းကို သင်တန်းသား ( ၇၂ ) ဦးဖြင့် ( ၂၀-၂-၂၀၁၇ ) ရက် နေ့မှ ( ၂၁-၂-၂၀၁၇ )ရက်နေ့ထိ ရွှေအမ်းတောင်ခန်းမ၌ သင်ကြားပို့ချလျက်ရှိသည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁
 body2
ယနေ့ နံနက် ၁၀ နာရီတွင် အမေရိကန်နိုင်ငံ Brennan Center for Justice မှ Mr.Plamen Tilemachos Tonchev က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ (Right to Recall Law) နှင့် စပ်လျဉ်း၍ Right to Recall Law ကျင့်သုံးလျှက်ရှိသည့် နိုင်ငံများ၏အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် မြို့နယ်များတွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အတွက် ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံသင်တန်းများကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကနောင်ခန်းမတွင် သင်တန်းသား(၄၀)ဦးဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အ.ထ.က(၂) ကျောင်းတွင် သင်တန်းသား (၆၄) ဦးဖြင့် လည်းကောင်း၊ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် သင်တန်းသား (၅၈) ဦးဖြင့် လည်းကောင်း၊ လှိုင်မြို့နယ် လှိုင်မင်္ဂလာခန်းမတွင် သင်တန်းသား (၇၂) ဦးဖြင့် လည်းကောင်း၊ ကော့မှူးမြို့နယ် အားကစားခန်းမတွင် သင်တန်းသား (၆၂) ဦးဖြင့် လည်းကောင်း၊ အလုံမြို့ နယ်ခန်းမတွင် သင်တန်းသား (၆၆) ဦးဖြင့် လည်းကောင်း သင်တန်းများ အသီးသီးပို့ချခဲ့ကြသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်
saik kan
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်
east dagon
လှိုင်သာယာမြို့နယ်
 hlaingtaryar
လှိုင်မြို့နယ်/ကမာရွတ်မြို့နယ်
hlaing
ကော့မှူးမြို့နယ်
kauhmu
အလုံမြို့နယ်/ကြည့်မြင်တိုင်မြို့နယ်
ahlone
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် မုံရွာမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ် ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက် ပွဲဆိုင်ရာ မွမ်းမံသင်တန်းများကို ပို့ချလျက်ရှိရာ သင်တန်းအမှတ်စဉ် (၁) အား (၁၆-၂-၂၀၁၇) ရက်နေ့နှင့် (၁၇-၂-၂၀၁၇) ရက်နေ့တွင် သင်တန်းသား(၅၈)ဦး ဖြင့် လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂) အား (၁၈-၂-၂၀၁၇) ရက်နေ့နှင့် (၁၉-၂-၂၀၁၇) ရက်နေ့တွင် သင်တန်းသား (၅၆) ဦးဖြင့် လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၃) အား (၂၀-၂-၂၀၁၇) ရက်နေ့နှင့် (၂၁-၂-၂၀၁၇) ရက် နေ့တွင် သင်တန်းသား (၅၆) ဦးဖြင့် လည်းကောင်း  အသီးသီးပို့ချခဲ့သည်။
မုံရွာမြို့နယ်
moneywa
ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ပဲခူးတိုင်းဒေသကြီး ကျောက်တံ ခါးမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အား ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်( ၃ )ကို  သင်တန်း သား ( ၄၂ ) ဦးဖြင့် (၂၃-၂-၂၀၁၇)ရက်နေ့မှ (၂၄-၂-၂၀၁၇)ရက်နေ့ထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်ကြားပို့ချ လျက်ရှိသည်။
ktk
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိ သည့် မုံရွာမြို့နယ်၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက် တွေ့ပို့ချမှုသင်တန်း အား (၁-၃-၂၀၁၇) ရက်နေ့မှ (၂-၃-၂၀၁၇) ရက်နေ့အထိ သင်တန်းအမှတ်စဉ် (၃) ခုဖြင့်စတင်ပို့ချလျက်ရှိရာ မုံရွာမြို့နယ်ခန်းမတွင် သင်တန်း အမှတ်စဉ်(၁) အား သင်တန်းသား ( ၅၆) ဦးဖြင့်လည်းကောင်း၊ အ.ထ.က(၁) အလုံတွင် သင်တန်းအမှတ်စဉ် (၂) အား သင်တန်းသား (၅၆) ဦးဖြင့်လည်းကောင်း၊ အ.ထ.က(ခွဲ) သာစည်တွင် သင်တန်းအမှတ်စဉ် (၃) အား သင်တန်းသား (၅၂) ဦးဖြင့် လည်းကောင်း အသီးသီးပို့ချလျက်ရှိသည်။
monywa
monwya1
monywa2
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အ.ထ.က(ခွဲ) ညောင်လေးပင် မြို့၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်း အမှတ်စဉ် (၁) အား သင်တန်းသား (၁၀၀) ဦးဖြင့် (၁-၃-၂၀၁၇) ရက်နေ့မှ  (၂-၃-၂၀၁၇) ရက်နေ့ အထိ ပို့ချလျက်ရှိသည်။ 
naunglaypin
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အ.ထ.က(ခွဲ) ညောင်လေးပင် မြို့၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်း အမှတ်စဉ် (၃) နှင့် (၄) အား သင်တန်းသား (၁၀၀) ဦးဖြင့် (၃-၃-၂၀၁၇) ရက်နေ့မှ  (၄-၃-၂၀၁၇) ရက်နေ့ အထိ ပို့ချလျက်ရှိသည်။
nlp
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်းအမှတ်စဉ် (၁) အား သင်တန်းသား (၅၀) ဦးဖြင့် လည်းကောင်း၊ မြို့နယ်အားကစားခန်းမ၌ သင်တန်းအမှတ်စဉ် (၂) အား သင် တန်းသား (၅၀) ဦးဖြင့် လည်းကောင်း (၃-၃-၂၀၁၇) ရက်နေ့မှ  (၄-၃-၂၀၁၇) ရက်နေ့ အထိ ပို့ချလျက်ရှိသည်။
ktk
ktk1
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အ.ထ.က(ခွဲ) ညောင်လေးပင် မြို့၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်း အမှတ်စဉ် (၅) နှင့် (၆) အား သင်တန်းသား (၁၀၀) ဦးဖြင့် (၅-၃-၂၀၁၇) ရက်နေ့မှ  (၆-၃-၂၀၁၇) ရက်နေ့ အထိ ပို့ချလျက်ရှိသည်။
သင်တန်းအမှတ်စဉ် (၅) နှင့် (၆) အ.ထ.က (ခွဲ) ညောင်လေးပင်
NLP
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်းအမှတ်စဉ် (၃) အား သင်တန်းသား (၅၀) ဦးဖြင့် လည်းကောင်း၊ မြို့နယ်အားကစားခန်းမ၌ သင်တန်းအမှတ်စဉ် (၄) အား သင် တန်းသား (၅၀) ဦးဖြင့်လည်းကောင်း (၅-၃-၂၀၁၇) ရက်နေ့မှ (၆-၃-၂၀၁၇) ရက်နေ့ အထိ ပို့ချလျက်ရှိသည်။
သင်တန်းအမှတ်စဉ် (၃) ကျောက်တခါးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ
KTK1
သင်တန်းအမှတ်စဉ် (၄) ကျောက်တခါးမြို့နယ် အားကစားခန်းမ
KTK1
]]>
myathtunoo46@gmail.com (Election) Fri, 17 Mar 2017 09:36:09 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1111-6-2-2017activity
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1113-20-2-2017dagon body
နေပြည်တော် ဖေဖော်ဝါရီ ၂၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက် လေ့လာသည့် ဦးရဲရင့်ဦး ဦးဆောင်သော ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးနှင့် ခွန်းဘားနဒ်ဘုတ် ဦးဆောင်သော ကယားပြည်နယ်မှ မဲဆန္ဒရှင်(၃၄) ဦးတို့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မိတ်ဆက်အမှာစကားပြောကြားရာတွင် ကော်မရှင်ဖွဲ့စည်းပုံ၊ မဲဆန္ဒနယ်သတ်မှတ်ကြေညာခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် စိစစ်ခြင်း၊ ရွေးကောက်ပွဲရလဒ် ကြေညာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား စစ်ဆေးခြင်းနှင့် အယူခံမှုများအား စုံညီခုံရုံးဖြင့် စစ်ဆေးခြင်းတို့အား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ အနေ ဖြင့် နောင်တစ်ချိန် နိုင်ငံတော်၏တာဝန်များကို ဆောင်ရွက်ကြရမှာဖြစ်၍ ကြိုးစားကြစေ လိုကြောင်း ပြောကြားပါသည်။
၎င်းနောက် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆိုင်ရာများ၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အချက်အလက်များနှင့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ စစ်ဆေးကြားနာခဲ့မှုတို့ကို ရှင်းလင်းပြောကြားပါသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် မဲဆန္ဒရှင်များ၏ မေးမြန်းချက်များကို ကော်မရှင်အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့မှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ကော်မရှင်ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Mon, 20 Feb 2017 10:57:01 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1113-20-2-2017dagon
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1115-22-2-2017american body
နေပြည်တော် ဖေဖော်ဝါရီ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး H.E. Mr. Scot Marciel ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြင်ဆင်ာင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပိုမိုကောင်းမွန်သောရွေးကောက်ပွဲ များ ကျင်းပသွားနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်လျက် ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အမေရိကန်သံအမတ်ကြီးက အမေရိကန်နိုင်ငံအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
]]>
myathtunoo46@gmail.com (Election) Wed, 22 Feb 2017 10:32:02 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1115-22-2-2017american
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မန္တလေးတက္ကသိုလ်၊ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1117-27-2-2017mandalay body
နေပြည်တော် ဖေဖော်ဝါရီ ၂၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက် လေ့လာသော မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်သီတာထွန်း ဦးဆောင်သည့် ဆရာ၊ ဆရာမ (၄)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၆၁)ဦးတို့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မိတ်ဆက်အမှာစကားပြောကြားရာတွင် ကော်မရှင်ဖွဲ့စည်းပုံ၊ မဲဆန္ဒနယ်သတ်မှတ်ကြေညာခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် စိစစ်ခြင်း၊ ရွေးကောက်ပွဲရလဒ် ကြေညာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား စစ်ဆေးခြင်းနှင့် အယူခံမှုများအား စုံညီခုံရုံးဖြင့် စစ်ဆေးခြင်းတို့အား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ အနေ ဖြင့် နောင်တစ်ချိန် နိုင်ငံတော်၏တာဝန်များကို ဆောင်ရွက်ကြရမှာဖြစ်၍ ကြိုးစားကြစေ လိုကြောင်း ပြောကြားပါသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော် (၃) ရပ်ဖွဲ့စည်းမှု၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးကြားနာခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြား ပါသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့မှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Mon, 27 Feb 2017 11:12:13 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1117-27-2-2017mandalay
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း Asia Foundation အဖွဲ့အားလက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1119-28-2-2017asiafoundation body
body1
နေပြည်တော် ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Asia Foundation အဖွဲ့မှ Country Representative Dr. Kim N.B. Ninh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးလှတင့်နှင့် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ကိုယ်စားလှယ်အဖွဲ့မှ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ၊ နိုင်ငံရေးပါတီ များ၏ အချက်အလက်များ၊ မဲရုံတည်နေရာများ၊ မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲဆိုင်ရာ မေးခွန်းများ နှင့် ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များ ပါဝင်သည့် M Voter 2017 Mobile Apps နှင့် Website အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။
]]>
myathtunoo46@gmail.com (Election) Tue, 28 Feb 2017 10:48:03 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1119-28-2-2017asiafoundation
မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1121-7-3-2017yangoncso body
ရန်ကုန်၊ မတ် ၇
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူး ဦးတင်ထွန်း၊ International Foundation For Electoral System ( IFES ) နှင့် နိုင်ငံတကာအဖွဲ့အစည်း (၈)ဖွဲ့မှတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်း(၂၉)ဖွဲ့နှင့် သတင်းမီဒီယာများ၊ ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်၏ အဓိကကျသည့် အခန်းကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေး ပါကြောင်း၊ ဖေဖော်ဝါရီလအတွင်း မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာစဉ်က မဲဆန္ဒရှင် များအနေဖြင့် မဲစာရင်းများ သွားရောက်ကြည့်ရှုရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်အသီးသီးတွင် မဲဆန္ဒရှင်အသိပညာပေး လက်ကမ်း စာစောင် စုစုပေါင်း (၄၄၅၀၀၀) နှင့် နံရံကပ်စာစောင် စုစုပေါင်း(၆၉၅၀၀)တို့အား မဲဆန္ဒရှင် ပြည်သူများ အကြား ပြန့်နှံ့ရောက်ရှိစေရန် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအနေဖြင့် တက်ကြွစွာ ပါဝင်မဲပေးနိုင်ရေးနှင့် ထိုသို့ မဲပေးခြင်းသည် နိုင်ငံသားတို့၏ တာဝန်နှင့်ရပိုင်ခွင့်ဖြစ်ကြောင်း သိရှိလာစေရန် စာတိုပို့စနစ် ( SMS ပေးပို့ခြင်း)ကို အသုံးပြုခြင်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အရှိန်မြှင့်တင်လုပ်ဆောင် ရန်လိုအပ်ပါကြောင်း၊ ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေးသည် အထူးပင်အရေးကြီး၍ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမျိုးသမီးများ၊ လူနည်းစုတိုင်းရင်းသားများ၊ မသန်စွမ်းမဲဆန္ဒရှင်များနှင့် အသက် ၁၈ နှစ် ပြည့်ပြီးသည့်လူငယ်များအားလုံး ပါဝင်နိုင်ရေး အလေးထားနှိုးဆော်တိုက်တွန်းပေးစေလိုကြောင်း၊ အထူးသဖြင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်မဲပေးမည့် အသက် ၁၈ နှစ် ပြည့်ပြီးသည့်မဲဆန္ဒရှင်လူငယ်များ မဲပေးနိုင်ရေးအတွက် အားပေးလှုံ့ဆော်ပေးစေလိုကြောင်း၊ မတ်လ ၁၇ ရက်နေ့ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာရာတွင်လည်း ထိုလူငယ်များ၏ အမည်စာရင်းများ မဲဆန္ဒရှင်စာရင်းတွင် ပါ/မပါ သွားရောက် ကြည့်ရှုနိုင် စေရန်နှင့် အမည်စာရင်း မပါဝင်ပါကလည်း တောင်းဆိုလွှာများဖြင့် ဖြည့်စွက် တောင်းဆိုနိုင် ကြောင်းကို တိုက်တွန်းနှိုးဆော်ပေးစေလိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွင်း လစ်လပ်နေသော ကိုယ်စားလှယ်နေရာများကို ရွေးချယ် နိုင်ရန်အတွက်သာ ကျင်းပခြင်းဖြစ်၍ မဲဆန္ဒရှင်များအနေဖြင့် စိတ်ဝင်စားမှုနည်းပါးလေ့ရှိသော်လည်း မဲဆန္ဒရှင်များ ပိုမိုပါဝင်လာနိုင်ရန် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
၎င်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွေ့အကြုံများနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ရွေးကောက်ပွဲနေ့ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ခိုင်လုံမဲ၊ ပယ်မဲ သတ်မှတ်ချက်များအား လည်းကောင်း၊ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက မဲဆန္ဒရှင်အသိပညာပေး ပိုစတာ များနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအစီအစဉ်၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများတွင် တိုင်းရင်းသားဘာသာစကားများဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မဲဆန္ဒရှင်များအား အသိ ပညာပေးနိုင်မည့်နည်းလမ်းများ၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးများပါဝင်မှုအခန်း ကဏ္ဍ၊ မသန်စွမ်းမဲဆန္ဒရှင်များအတွက် ပြင်ဆင်ထားရှိမှုနှင့် တိုးတက်မှုအခြေအနေတို့အား ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Tue, 07 Mar 2017 10:33:33 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1121-7-3-2017yangoncso
မဲပေးစို့ Mobile Application ရှင်းလင်းအသိပေးပွဲကျင်းပ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1122-7-3-2017yangonasiafoundation body1
ရန်ကုန်၊ မတ် ၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Asia Foundation တို့ ပူးပေါင်းဆောင်ရွက် သည့် မဲပေးစို့ Mobile Application ရှင်းလင်းအသိပေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန် မြို့ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်း ရေးမှူး ဦးတင်ထွန်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ နှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြသည်။
အခမ်းအနားတွင် အတွင်းရေးမှူး ဦးတင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Asia Foundation မှ Dr. Kim N.B. Ninh နှင့် ဒေါ်မီကီကျော်မြင့်တို့က ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ၊ နိုင်ငံရေး ပါတီများ၏ အချက်အလက်များ၊ မဲရုံတည်နေရာများ၊ မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲ ဆိုင်ရာ မေးခွန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာသတင်းအချက် အလက်များ ပါဝင်သည့် မဲပေးစို့ M Voter 2017 Mobile Application နှင့် Website အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုအခြေ အနေများအား ရှင်းလင်းအသိပေးခဲ့ပြီး အဆိုပါ Application အား www.maepaysoh.org webpage တွင် Download ရယူနိုင်ကြောင်းနှင့် အဆိုပါ Application အား အသုံးပြုခြင်းဖြင့် မဲဆန္ဒရှင်များသည် မည်သို့မဲပေးရမည်ကို လည်းကောင်း၊ ကိုယ်စားလှယ်လောင်းများ၏အကြောင်း၊ နိုင်ငံရေးပါတီများ၏ မူဝါဒနှင့် ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များအား သိရှိနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။
]]>
myathtunoo46@gmail.com (Election) Tue, 07 Mar 2017 10:36:06 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1122-7-3-2017yangonasiafoundation
မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကြီး ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1125-9-3-2017euambassador body
နေပြည်တော် မတ် ၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ်ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား Timeline ဖြင့် ဆောင်ရွက်နေမှု၊ မဲစာရင်းမှန်ကန်ရေးဆောင်ရွက်ခဲ့မှုနှင့် Voter Trainingဆောင်ရွက်ခဲ့မှု၊ CSOအဖွဲ့များဖြင့်Civic Education နှင့် Voter Education ဆောင်ရွက်မည့်အစီအစဉ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် အသိအမှတ်ပြုလွှာများ ထုတ်ပေးနေမှုအခြေအနေ၊ စောင့်ကြည့်လေ့လာသူများအတွက် လုံခြုံရေးဆိုင်ရာများဆောင်ရွက်ထား ရှိမှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဥရောပသမဂ္ဂသံအမတ်ကြီးက ဥရောပသမဂ္ဂအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
]]>
myathtunoo46@gmail.com (Election) Thu, 09 Mar 2017 10:55:47 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1125-9-3-2017euambassador
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း ANFRELအဖွဲ့အားလက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1126-9-3-2017anfrel body1
နေပြည်တော်မတ်၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် ANFREL အဖွဲ့မှ Executive Director ဖြစ်သူ Mr. Ichal Supriadi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်၂၀၁၇ ခုနှစ်ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား Timeline ဖြင့် ဆောင်ရွက် နေမှု၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် အသိအမှတ်ပြုလွှာများထုတ်ပေးနေမှု၊ စောင့်ကြည့် လေ့လာသူများအတွက် လုံခြုံရေးဆိုင်ရာ အခြေအနေတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ANFREL အနေဖြင့် စောင့်ကြည့်လေ့လာမည့်အစီအစဉ်၊ စောင့်ကြည့်လေ့လာရေးဆိုင်ရာ ကနဦး အစီရင်ခံစာနှင့် အပြီးသတ်အစီရင်ခံစာ တင်သွင်းမည့်အခြေအနေတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
]]>
myathtunoo46@gmail.com (Election) Fri, 10 Mar 2017 04:56:28 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1126-9-3-2017anfrel
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း The Carter Center အဖွဲ့မှ Field Office Director Mr. ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1129-10-3-2017cartercenter body
နေပြည်တော် မတ် ၁၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် The Carter Center အဖွဲ့မှ Field Office Director Mr. Stefan Krause အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ ကြသည်။
ထိုသို့တွေ့ဆုံစဉ် Mr. Stefan Krause က အရပ်ဘက်အဖွဲ့အစည်းများအား ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဆိုင်ရာသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး ကော်မရှင်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က မဲဆန္ဒရှင်သက်သေခံလက်မှတ်များ ကော်မရှင်မှထုတ်ပေးမည့် အစီအစဉ်၊ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၏ အားနည်းချက်များအား ပြုပြင်ပြောင်းလဲ၍ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပေါ် အများပြည်သူယုံကြည်လက်ခံမှုရှိစေရေး ဆောင်ရွက်ထားသည့် အစီအစဉ်တို့ကို ရှင်းလင်း ဆွေးနွေးကာ Mr. Stefan Krause က အရပ်ဘက်အဖွဲ့အစည်းများအား Civic Education နှင့် Voter Education သင်တန်းများ ဆက်လက်ပို့ချမည့်အစီအမံများကို ဆွေးနွေးခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Fri, 10 Mar 2017 10:32:16 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1129-10-3-2017cartercenter
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း Danish Institute For Parties and Democracy (DIPD) အဖွဲ့မှ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1130-13-3-2017dipd body
နေပြည်တော် မတ် ၁၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် Danish Institute For Parties and Democracy (DIPD) အဖွဲ့မှ Senior Adviser Ms. Hanne Lund Madsen အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် Ms. Hanne Lund Madsen က နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် သင်တန်းများပို့ချပေးခဲ့မှု၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ သင်တန်းပို့ချခဲ့မှု၊ DIPD ၏ ၂၀၁၆ ခုနှစ် ဆောင်ရွက်ချက် အစီရင်ခံစာ ပြုစုထားရှိမှု၊ တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများအား သင်တန်းပို့ချ ခဲ့မှု၊ ရွေးကောက်ပွဲတွင် အမျိုးသမီးများ၏အခန်းကဏ္ဍ ပိုမိုပါဝင်ရေး၊ အမျိုးသားအဆင့် မူဝါဒချမှတ် ရာတွင် လူငယ်များ၏ အခန်းကဏ္ဍပိုမိုပါဝင်ရေး၊ နိုင်ငံရေးပါတီများနှင့် မီဒီယာအကြား ပိုမိုနားလည်မှု ရှိစေရေးအတွက် ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် အတွင်းရေးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Mon, 13 Mar 2017 09:53:34 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1130-13-3-2017dipd
သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1131-15-3-2017australian body
နေပြည်တော် မတ် ၁၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် သြစတြေးလျနိုင်ငံ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Ms. Concetta Fierravanti Wells နှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E. Mr. Nicholas Coppel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက သြစတြေးလျနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲများအား ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး နိုင်ငံတကာရွေးကောက်ပွဲများအား သွားရောက်လေ့လာခဲ့မှု၊ မဲစာရင်းမှန်ကန်ရေးဆောင်ရွက်ခဲ့မှု၊ Voter Training ၊ Civic Education နှင့် Voter Education ဆောင်ရွက်ရာ၌ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး သြစတြေးလျဝန်ကြီးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် ကူညီဆောင်ရွက်မည့်အစီအစဉ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် သြစတြေးလျနိုင်ငံမှ ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူများ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်နှင့် ကော်မရှင်ရုံးဝန်ထမ်းများအား သင်ကြားလေ့ကျင့်ပေးမည့် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေး ခဲ့သည်။
ထို့အပြင် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက သြစတြေးလျ နိုင်ငံအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Wed, 15 Mar 2017 10:56:36 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1131-15-3-2017australian
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း PACE အဖွဲ့အားလက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1133-16-3-2017pace body
နေပြည်တော် မတ် ၁၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် People’s Alliance for Credible Elections (PACE) မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် ဦးဆောင်သောအဖွဲ့ အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ဦးစိုင်းရဲကျော်စွာမြင့်က ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းအပေါ် လူထုအမြင်သဘောထား၊ မဲစာရင်းကပ်ထားကြေညာမှုအပေါ် စောင့်ကြည့် လေ့လာမှုအခြေအနေ၊ မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာမှုအခြေအနေ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ပြုစုခြင်းတို့အား စောင့်ကြည့်လေ့လာမည့် အစီအစဉ်တို့ကို ရှင်းလင်း ဆွေးနွေးပြီး ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က မဲစာရင်းမှန်ကန်ရေး ဆောင်ရွက် ခဲ့မှု၊ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ အဆင်ပြေစွာ ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ခဲ့မှုနှင့် Observers များအနေဖြင့် စောင့်ကြည့်လေ့လာရာတွင် အချက်အလက် ခိုင်ခိုင်မာမာ ရရှိအောင် ဆောင်ရွက်ပြီး အကြံပြုတင်ပြစေလိုကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Thu, 16 Mar 2017 08:43:31 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1133-16-3-2017pace
Australian Election Commission (AEC) ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1134-23-3-2017aec body
နေပြည်တော် မတ် ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Australian Election Commission ( AEC ) မှ First Assistance Commissioner Mr. Kevin Kiston ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင် များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံစဉ် Mr. Kevin Kiston က ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအား လေ့လာခဲ့မှု၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ များတွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့မှုတို့အား ရှင်းလင်းပြောကြားပါသည်။
၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက Australian Election Commission ၏ အစီအစဉ်ဖြင့် သြစတြေးလျနိုင်ငံရွေးကောက်ပွဲအား သွားရောက်လေ့လာခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကော်မရှင်ရုံးဝန်ထမ်းများအား သင်ကြားလေ့ကျင့်ပေးခြင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် Voter Training ကိစ္စရပ်များတွင် AEC မှ ကူညီဆောင်ရွက်မည့် အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
]]>
myathtunoo46@gmail.com (Election) Thu, 23 Mar 2017 08:30:17 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1134-23-3-2017aec
ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းရန် အသိပေးနှိုးဆော်စာ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1137-4-4-2017announceofexpenditure {edocs}photo/news_photos/4-4-2017/notificationofexpenditure.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Mon, 03 Apr 2017 10:01:55 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1137-4-4-2017announceofexpenditure
ANFREL အဖွဲ့အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1138-4-4-2017anfrel body
နေပြည်တော် ဧပြီ ၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Asian Network for Free Elections ( ANFREL Foundation ) မှ Chairperson Mr. Damaso G. Magbual ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြ သော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်မျှတ၍ အများ ယုံကြည်လက်ခံသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မကျင်းပနိုင်ခဲ့သည့် ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်များ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ANFREL အဖွဲ့မှ ၎င်းတို့၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် တပ်တွင်းမဲရုံများအား လေ့လာခဲ့မှု၊ ကော်မရှင်အဖွဲ့ခွဲ များအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို စနစ်တကျဆောင်ရွက်နိုင်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် Door to Door စနစ်အား ဆက်လက်အသုံးပြုသွားမည်ဖြစ်ပြီး တက္ကသိုလ် ကျောင်းပိတ်ရက်များ၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ စာရင်းပြုစု သွားမည်ဖြစ်ကြောင်းဆွေးနွေးရာ ANFREL အဖွဲ့မှ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မဲစာရင်းပြုစုရာတွင် Door to Door စနစ် ကျင့်သုံးနေမှု၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ များ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း ဆောင်ရွက်နေမှုနှင့် ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် အထက်တန်းကျောင်းသား၊ ကျောင်းသူများမှ Observers များအား ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ ရှင်းလင်းမှုတို့နှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Tue, 04 Apr 2017 08:21:47 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1138-4-4-2017anfrel
EU Election Expert Team အဖွဲ့အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1140-6-4-2017eu body
နေပြည်တော် ဧပြီ ၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် EU Election Expert Team မှ Team Leader Mr. Mark Stevens ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ လေ့လာတွေ့ရှိ ချက်များအား အကြံပြုတင်ပြစေလိုကြောင်း ပြောကြားရာ EU အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး (၁၇) မြို့နယ်တွင်စောင့်ကြည့်လေ့လာခဲ့ပါကြောင်း၊ ကော်မရှင်ဝန်ထမ်းများအနေဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့သဖြင့် ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ပြီးစီးခဲ့ပါကြောင်း၊ မဲရလဒ်အားလုံးကို ဧပြီလ (၂) ရက်နေ့တွင် ကြေညာနိုင်ခဲ့ပြီး ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ မဲရလဒ်ပုံစံ (၁၉) ကို ပူးတွဲကြေညာခဲ့ခြင်းကြောင့် ပွင့်လင်းမြင်သာ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါကြောင်း ပြောကြားပြီး ကြိုတင်မဲဆောင်ရွက်မှုအခြေအနေအား မေးမြန်းရာ ကော်မရှင်အတွင်းရေးမှူးက အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိ နေသူများ အဆင်ပြေလွယ်ကူစွာ ကြိုတင်မဲပေးနိုင် ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲပေးခြင်းကို ကော်မရှင်အဖွဲ့ခွဲများမှ ကြီးကြပ်ဆောင်ရွက်ပြီး ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအား လေ့လာခွင့်ပြုခဲ့မှု၊ မဲဆန္ဒနယ်အတွင်းကြိုတင်မဲပေးခြင်းအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့မှုတို့အား ရှင်းလင်းဆွေးနွေးပါသည်။
၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား ရွေးကောက်ပွဲ ရလဒ်ကြေညာပြီးနောက် ၄၅ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲခုံအဖွဲ့များအား ကန့်ကွက်လွှာအမှု အရေအတွက်ပေါ်မူတည်၍ ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားရာ EUအဖွဲ့က ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ပကြိုတင်မဲ ပေးခြင်း၊ မဲရုံဝန်ထမ်းခန့်ထားခြင်း၊ လုံခြုံရေးအစီအစဉ်နှင့် မဲစာရင်းကပ်ထားကြေညာခြင်းများကို စနစ်တကျဖြင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် EU အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား ဆက်လက်ကူညီ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Thu, 06 Apr 2017 10:43:03 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1140-6-4-2017eu
ANFREL မှ ဂုဏ်ပြုဆုချီးမြှင့် http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1142-10-4-2017anfrel ANFREL1
ANFREL
]]>
myathtunoo46@gmail.com (Election) Mon, 10 Apr 2017 03:14:40 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1142-10-4-2017anfrel
စီမံခန့်ခွဲမှု ၉၅ ရာခိုင်နှုန်း ကောင်းမွန်ခဲ့ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1143-10-4-2017logistics logistics
]]>
myathtunoo46@gmail.com (Election) Mon, 10 Apr 2017 03:15:27 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1143-10-4-2017logistics
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1144-11-4-2017press body
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် Media တွေ့ဆုံပွဲကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့(၉)ဖွဲ့နှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများ အား ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် အရပ်ဘက်လူမှုအဖွဲ့အစည်း (၂) ဖွဲ့မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာအဖွဲ့ ( ၁၈ ) ဖွဲ့မှ တာဝန်ရှိသူ( ၃၃ ) ဦး တို့တက်ရောက်ခဲ့ ကြသည်။
ရှေးဦးစွာ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းတို့မှ တာဝန်ရှိသူများက ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ခဲ့မှုများနှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းဆွေးနွေးပါသည်။
၎င်းနောက် သတင်းမီဒီယာအဖွဲ့များမှ မေးမြန်းသည့် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒ နယ်များအား စောင့်ကြည့်လေ့လာမှုအပေါ် သဘောထားအမြင်၊ မသန်စွမ်းသူများအတွက် မဲပေး နိုင်ရေး ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် မဲပေးမှုအခြေအနေ၊ လွတ်လပ်တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိသောရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆောင်ရွက်ခဲ့မှု၊ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၏ အားသာချက်/ အားနည်းချက်များ၊ ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် သွားလာရေး အခက်အခဲရှိသော မြို့နယ်များအား အဆင်ပြေစေရန် ဆောင်ရွက်ပေးခဲ့မှု၊ ကြားဖြတ် ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခဲ့သော ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်း အရေအတွက် နှင့်အင်အားတို့အား ကော်မရှင်အတွင်းရေးမှူး၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များနှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Tue, 11 Apr 2017 03:12:26 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1144-11-4-2017press
အရပ်ဘက်လူမှုအဖွဲ့အစည်းများအား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1145-11-4-2017cso body1
နေပြည်တော် ဧပြီ ၁၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် အရပ်ဘက်လူမှုအဖွဲ့အစည်း(၇)ဖွဲ့ အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း တို့တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Tue, 11 Apr 2017 03:16:02 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1145-11-4-2017cso
Gender Concern International အဖွဲ့နှင့် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်း (၃) ဖွဲ့အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1149-28-4-2017gci body
နေပြည်တော် ဧပြီ ၂၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Gender Concern International အဖွဲ့မှ Director ဖြစ်သူ Ms. Sabra Bano နှင့် ပြည်တွင်းအရပ်ဘက်လူမှု အဖွဲ့အစည်းများဖြစ်သော Peace and Justice Myanmar, ဖန်တီးအိမ်, Myanmar Institute of Gender Studies တို့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် အမျိုး သမီးများပါဝင်မှု ရာခိုင်နှုန်း ပိုမိုတိုးတက်လာပါကြောင်း၊ နိုင်ငံရေးဖြစ်စဉ်များတွင် အမျိုးသမီး များ ပိုမိုပါဝင်လာရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆွေးနွေးတိုက်တွန်းမှု များ ပြုလုပ်နေပါကြောင်း ပြောကြားပါသည်။
၎င်းနောက် ရွေးကောက်ပွဲဆိုင်ရာ Legal Reform ဆောင်ရွက်ရာတွင် အမျိုးသမီးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်၊ အမျိုးသမီးများ၏ ခေါင်းဆောင်မှုမြှင့်တင်ရေး၊ ငြိမ်းချ မ်းရေးလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်ရေး၊ Civic Education နှင့် Voter Education ဆောင်ရွက်ရာတွင် CSO အဖွဲ့များ အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်၊ ရွေးကောက် ပွဲလုပ်ငန်းစဉ်များတွင် အမျိုး သမီးများ၊ မသန်စွမ်းသူများနှင့် တိုင်းရင်းသားလူမျိုးစုများ ပိုမိုပါဝင်လာစေရေးအတွက် စဉ်ဆက် မပြတ်ဆောင်ရွက်သွားရန်မူဝါဒချမှတ်ထားမှု၊ ရွေးကောက်ပွဲဆိုင်ရာ Legal Reform ဆော င်ရွက် ရာတွင် Gender Equality တိုးမြှင့်ရေးအတွက် ထည့်သွင်းစဉ်းစားထားမှုတို့အား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
]]>
myathtunoo46@gmail.com (Election) Fri, 28 Apr 2017 09:28:18 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1149-28-4-2017gci
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာပြန်လည်သုံးသပ်ခြင်း ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1151-11-5-2017pjmyangon body
ရန်ကုန် မေ ၁၁
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ အတွင်းရေးမှူးဦးတင်ထွန်း၊ Peace & Justice Myanmar မှ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်း (၁၃) ဖွဲ့ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (၃၃) ဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှတာဝန်ရှိ သူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက ယနေ့အလုပ်ရုံ ဆွေးနွေးပွဲသည် ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ ၏ အားသာချက် အားနည်းချက်များကို ပြန်လည်သုံးသပ်ဆွေးနွေးရန်ဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲ၏ အဓိကအကျဆုံး ဖြစ်သည့် မဲစာရင်းတိကျမှန်ကန်ရေးအား အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ မဲစာရင်းကိုအခြေခံပြီး တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ကောက်ယူဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းပြုစုစဉ်ကာလတွင် အခက်အခဲများရှိခဲ့သည်ကို ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့် လူမှုအဖွဲ့ အစည်းများသိရှိကြမှာဖြစ်ကြောင်း၊
ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြမည့် ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများအားလုံး ကြိုတင် ပြင်ဆင်ချိန်ရရှိစေရန် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ယခင်ထက်စော၍ ရက်ပေါင်း (၁၈၀) ခန့် ကြိုတင်ကြေညာပေးခဲ့ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့် အချိန်ဇယားကိုလည်း ကြိုတင် ထုတ်ပြန်ပေးခဲ့ကြောင်း၊
ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံပြင်ပရောက်မဲဆန္ဒရှင်များ အခက်အခဲမရှိ မဲပေး နိုင်ရေးနှင့် ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်ကြမည့် သက်ဆိုင်ရာသံရုံး များ၊ ကောင်စစ်ဝန်ရုံးများအနေဖြင့် လွယ်ကူအဆင်ပြေစွာဆောင်ရွက်နိုင်စေရန် လုပ်ငန်းလမ်းညွှန် ထုတ်ပြန်ပေးခဲ့သည့်အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်လည်းကြိုတင်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ ပြည်တွင်းကြိုတင်ဆန္ဒမဲကိုလည်း ပွင့်လင်းမြင်သာမှုရှိစေရန် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များအားလေ့လာခွင့်ပြုခဲ့ကြောင်း၊ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအနေဖြင့် အသိအမှတ်ပြုလွှာများ လျောက်ထားရာတွင် အဆင်ပြေစေရန် လုပ်ငန်းစဉ်များကိုလည်း ပြင်ဆင် ဆောင်ရွက်ပေးခဲ့ကြောင်း၊
ရွေးကောက်ပွဲကာလအတွင်း ပဋိပက္ခများမဖြစ်စေရန် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်အသိပညာပေး ကို အတတ်နိုင်ဆုံး ဆောင်ရွက်ခဲ့ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ကို အားလုံးအသိပင်ဖြစ်ကြောင်း၊
ရွေးကောက်ပွဲများကျင်းပရာတွင် ရွေးကောက်ပွဲတစ်ခုထက်တစ်ခု ပိုမိုကောင်းမွန်စေရန် ပြီးခဲ့သည့် ရွေးကောက်ပွဲများမှ အားနည်းချက် အားသာချက်များကို ပြန်လည်သုံးသပ် ဆွေးနွေး၍ ပြင်ဆင်ရန်ရှိသည့် အားနည်းချက်များကို ပြင်ဆင်ပြီး အားသာချက်များကိုလည်း ပိုမိုကောင်းမွန် အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လူမှုအဖွဲ့အစည်းများ အနေဖြင့် ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဆောင်ရွက်ချက်များ၏ အားသာချက် အားနည်းချက်များကို သုံးသပ်ဆွေးနွေးပြီး နောင်ရွေးကောက်ပွဲများ ပိုမိုကောင်းမွန်အောင် ကျင်းပနိုင်ရန် အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားပါသည်။
၎င်းနောက် ရွေးကောက်ပွဲပြီးကာလ ပြန်လည်သုံးသပ်ခြင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးချက်များအား အရပ်ဘက်လူမှုအဖွဲ့အစည်း များမှ ပြန်လည်တင်ပြဆွေးနွေးပြီး ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာအတွေ့အကြုံများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များအား ရှင်းလင်းဆွေးနွေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ သိရှိလိုသည်များ မေးမြန်းကြပါသည်။
ထို့နောက် တက်ရောက်လာသူများမှ ရှေ့ဆက်လက်ဆောင်ရွက်မည့် ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များအား ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Thu, 11 May 2017 09:55:28 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1151-11-5-2017pjmyangon
The International Republican Institute ( IRI ) အဖွဲ့အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1154-22-5-2017iri body
နေပြည်တော် မေ ၂၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် The International Republican Institute (IRI) မှ Senior Advisor (Asia) ဖြစ်သူ Ms. Johanna Kao နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် နှင့် အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။ ထိုသို့တွေ့ဆုံစဉ် IRI အနေဖြင့် ယခုလက်ရှိဆောင်ရွက် နေသောလုပ်ငန်းစဉ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သော လုပ်ငန်းစဉ်များနှင့် နောင်တွင်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
]]>
myathtunoo46@gmail.com (Election) Mon, 22 May 2017 10:52:35 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1154-22-5-2017iri
The Carter Center မှ Mr.Stefan Krause အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1157-23-5-2017cartercenter flag1
နေပြည်တော် မေ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် တာဝန်ပြီးဆုံး၍ ပြန်လည် ထွက်ခွာတော့မည့် The Carter Center မှ Myanmar Field Office Director ဖြစ်သူ Mr.Stefan Krause အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့်ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် The Carter Center နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့ရာ၌ အဆင်ပြေချောမွေ့မှုများရှိခဲ့ ပါကြောင်းနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားရာ Mr.Stefan Krause က The Carter Center အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးခဲ့သော လူမှုအဖွဲ့အစည်းဖြစ်သည့် Election Education and Observation Partners ( EEOP ) အားလည်း ဆက်လက် အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Tue, 23 May 2017 07:00:12 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1157-23-5-2017cartercenter
IFES အဖွဲ့နှင့် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်း (၂) ဖွဲ့အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1159-30-5-2017ifescso body
နေပြည်တော် မေ ၃၀
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် International Foundation For Electoral System ( IFES ) မှ Consultant ဖြစ်သူ Ms.Ashley Pritchard နှင့်အဖွဲ့၊ ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အ စည်းများဖြစ်သော Rain Maker နှင့် Horn Bill တို့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင် ဦးအော င်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံစဉ် Rain Maker အဖွဲ့မှ ဒေါ်အေးသန္တာအောင်က ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အသိပညာပေးဆောင်ရွက်ခဲ့မှုနှင့် အသိပညာပေးအထောက် အကူပြုပစ္စည်းများ အချိန်မီပေးပို့ဖြန့်ဝေနိုင်ခဲ့မှု၊ Door to Door စနစ်ဖြင့် မဲဆန္ဒရှင်စာရင်းပြုစု ခြင်းအပေါ် စစ်တမ်းကောက်ယူနိုင်ခဲ့မှုတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ Horn Bill အဖွဲ့မှ ဦးစောမြက ၂၀၁၆ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၃ ခုရှိ မြို့ နယ် ၉၆ ခုတွင် CSO အဖွဲ့ (၇) ဖွဲ့မှ နိုင်ငံ့သားကောင်းပညာပေးအစီအစဉ် ( Civic Education) စီမံကိန်းအား ဆောင်ရွက်ခဲ့ပြီး သင်တန်းများဖွင့်လှစ်ခဲ့မှု၊ သင်တန်းသားများအတွက် လက်စွဲစာစောင်များပြုစု နိုင်ခဲ့မှု၊ ဆင့်ပွားအသိပညာပေးဆောင်ရွက်နိုင်မှု၊ လက်ကမ်းစာစောင်များနှင့်ပိုစတာများ ဖြန့်ဝေ ဆောင်ရွက်ခဲ့မှုတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြရာ ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က လိုအပ်သည်များ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Tue, 30 May 2017 10:04:31 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1159-30-5-2017ifescso
နိုင်ငံ့သားကောင်း လက်စွဲစာအုပ် လွှဲပြောင်းပေးအပ်ပွဲကျင်းပ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1160-30-5-2017cebook body1
နေပြည်တော် မေ ၃၀
IFES နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်း (CSOs) (၂၆) ဖွဲ့တို့မှ ပြုစုရေးဆွဲထားသော နိုင်ငံ့သားကောင်း လက်စွဲစာအုပ် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ ညနေ ၄ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၌ ကျင်းပရာ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းမှ လက်ခံရယူခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Tue, 30 May 2017 10:40:38 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1160-30-5-2017cebook
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်း http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1162-6-6-2017amyothar {edocs}photo/news_photos/6-6-2017/Amyothar.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Wed, 07 Jun 2017 02:53:22 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1162-6-6-2017amyothar
တပ်မတော်သား တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1163-6-6-2017bago {edocs}photo/news_photos/6-6-2017/bago.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Wed, 07 Jun 2017 02:54:31 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1163-6-6-2017bago
၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှု (၆) မှုအား ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1170-12-6-2017tribunalnews body
နေပြည်တော် ဇွန် ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကို ၁-၄-၂၀၁၇ ရက်နေ့တွင် အောင်မြင်စွာကျင်းပပေးခဲ့ပြီး သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈၊ နည်းဥပဒေ ၈၇ အရ တင်သွင်းလာသည့် ကန့်ကွက်လွှာအမှု (၆) မှုရှိခဲ့၍ ယင်းအမှုများကို ကြားနာစစ်ဆေးနိုင်ရန် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၉ (က) (၂) အရ ၂၅-၅-၂၀၁၇ ရက်စွဲပါ အမိန့်အမှတ်၊ ၄/၂၀၁၇ နှင့် ၅/၂၀၁၇ တို့ဖြင့် ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ဥပဒေကျွမ်းကျင်သည့် သင့်လျော်သော နိုင်ငံသား နှစ်ဦးပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၁) နှင့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) တို့ကို ဖွဲ့စည်းပေးခဲ့သည်။
၁၂-၆-၂၀၁၇ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ကန့်ကွက်လွှာအမှုအမှတ် (၄/၂၀၁၇)၊ လျှောက်ထားသူဒေါက်တာဝဏ္ဏစိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)နှင့် လျှောက် ထားခံရသူ ဦးရှာမွေလရှဲန်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) အမှုနှင့် ကန့်ကွက်လွှာအမှု အမှတ် (၅/၂၀၁၇)၊ လျှောက်ထားသူ ဦးစံရွှေ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးခင်မောင်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အမှုတို့ကိုလည်း ကောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၁၇) လျှောက်ထားသူ ဦးတင်ယု (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးဝင်းမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အမှု၊ ကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၁၇) လျှောက်ထားသူ ဦးနေလင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးနေကျော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အမှု၊ ကန့်ကွက်လွှာအမှုအမှတ် (၃/၂၀၁၇) လျှောက်ထား သူ ဦးကျော်ဇင်ဟိန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးကျော်ဆွေဝင်း(ခ)ဦးအာလူး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အမှုနှင့် ကန့်ကွက်လွှာအမှု အမှတ် (၆/၂၀၁၇) လျှောက်ထားသူ ဒေါက်တာဝင်းမြင့်အောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) နှင့် လျှောက်ထားခံရသူ ဦးညွန့်အောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အမှုတို့ကိုလည်းကောင်း စတင်ကြားနာစစ်ဆေးခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Mon, 12 Jun 2017 10:14:28 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1170-12-6-2017tribunalnews
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1173-14-6-2017humanright body
နေပြည်တော် ဇွန် ၁၄
ယနေ့ နေ့လယ် ၁ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစည်းအဝေးခန်းမတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာများနှင့် စပ်လျဉ်း၍ လာရောက်ရှင်းလင်းပြောကြားသည်။ ထိုရှင်းလင်းပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ အဖွဲ့ဝင်များ၊ ကော်မရှင် အတွင်းရေးမှူးနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံ အယူအဆများနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးခင်မောင်လေးက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများက သိရှိလိုသည်များမေးမြန်းခဲ့ရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Wed, 14 Jun 2017 10:17:12 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1173-14-6-2017humanright
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ... http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1174-14-6-2017humanright body
Read More...
]]>
myathtunoo46@gmail.com (Election) Wed, 14 Jun 2017 10:24:13 GMT http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1174-14-6-2017humanright
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1175-15-6-2017newmember {edocs}photo/news_photos/15-6-2017/newmembers.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Thu, 15 Jun 2017 04:21:58 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1175-15-6-2017newmember
International IDEA အဖွဲ့အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1176-15-6-2017idea body
နေပြည်တော် ဇွန် ၁၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် International IDEA မှ Senior Program Manager ဖြစ်သူ Mr. Gregory Kehailia နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဥက္ကဋ္ဌရုံးအစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း၊ Australia Volunteers For International Development ( AVID ) မှ Ms. Kimberley Gardiner နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံရာတွင် ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
]]>
myathtunoo46@gmail.com (Election) Fri, 16 Jun 2017 06:45:04 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1176-15-6-2017idea
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1177-16-6-2017tree body
နေပြည်တော် ဇွန် ၁၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရုံးရှေ့မျက်နှာစာ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း တက် ရောက်၍ စိန်တစ်လုံးသရက်ပင်အား စိုက်ပျိုးပေးသည်။
ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများက စိန်တစ်လုံးသရက်ပင်များ၊ မဟော်ဂနီပင်များနှင့် ပိတောက်ပင်များအား တပျော်တပါး စုပေါင်း စိုက်ပျိုးကြပြီး ကော်မရှင်ဥက္ကဋ္ဌက အရာထမ်း၊ အမှုထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိန်တစ်လုံးသရက် (၇၇)ပင်၊ မဟော်ဂနီ (၁၅) ပင်နှင့် ပိတောက်ပင် (၁၀) ပင်၊ စုစုပေါင်း (၁၀၂) ပင်ကို စိုက်ပျိုးခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Fri, 16 Jun 2017 06:52:06 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1177-16-6-2017tree
International IDEA အဖွဲ့အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1178-15-6-2017idea body
Read More...
]]>
myathtunoo46@gmail.com (Election) Fri, 16 Jun 2017 08:42:58 GMT http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1178-15-6-2017idea
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ... http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1179-16-6-2017tree body
Read More...
]]>
myathtunoo46@gmail.com (Election) Fri, 16 Jun 2017 09:52:24 GMT http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1179-16-6-2017tree
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1180-22-6-2017yangonidea body
ရန်ကုန် ဇွန် ၂၂
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများအကြား ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Kandawgyi Palace Hotel ၌ ကျင်းပပြုလု ပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်၊ ဦးမြင့်နိုင် နှင့် ဦးသန်းဌေး၊ အတွင်းရေးမှူး ဦးတင်ထွန်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြ ည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ နိုင်ငံရေးပါတီ (၂၂) ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်း (၁၁) ဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်း (၁၀) ဖွဲ့၊ International IDEA နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက ယနေ့ကျင်းပ ပြုလုပ်သည့် (၂) ရက်တာဆွေးနွေးပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ တွေ့ရှိခဲ့သည့် အားသာချက် အားနည်းချက်များ ကိုဆွေးနွေးသွားမှာဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များပိုမိုတိုးတက်ကောင်းမွန် လာစေမည့်နည်းလမ်းများအား ဆွေးနွေးအကြံပြုဖော်ထုတ်သွားရန်ဖြစ်ကြောင်း၊ ကြားဖြတ် ရွေးကောက်ပွဲတွင် ကဏ္ဍစုံမှပါဝင် ပတ်သက်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရွေးကောက်ပွဲ စီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်ခဲ့ပြီး ယခင်က ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့သည့် ကျေးသီးနှင့် မိုင်းရှုးဒေသများတွင်လည်း ရွေးကောက် ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ကြောင်း၊
၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပမည့်ရက်အား ရက်ပေါင်း (၁၈၀) ကြိုတင်၍ကြေညာခဲ့ခြင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အချိန်ဇယား ထုတ်ပြန်ကြေညာပေးခဲ့ သဖြင့် ရွေးကော က်ပွဲနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများအားလုံး ပြင်ဆင်မှုများဆောင်ရွက်ရန် အချိန်လုံလောက်စွာရရှိခဲ့ကြောင်း၊ International IDEA ၊ သြစတြေးလျ ရွေးကောက်ပွဲ ကော်မရှင် (AEC) တို့နှင့် ပူးပေါင်း၍ မဲရုံမှူးနှင့် ဒုတိယမဲရုံမှူးဆင့်ပွားသင်တန်းများကို ထိရောက်မှု ရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း၊
မဲစာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ အားနည်းချက်များအား ဖြေရှင်းနိုင်ရန် အိမ်တိုင်ရာရောက် (Door to Door ) စနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော်လည်း အခက်အခဲများ ရှိခဲ့ကြောင်း၊ မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊
နိုင်ငံပြင်ပရောက်ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်အနေဖြင့် ကြိုတင်မဲလမ်းညွှန် စာအုပ်များပြုစု၍ နိုင်ငံခြားသံရုံးများသို့ပေးပို့ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ကြိုတင်ညှိနှိုင်း ခြင်းတို့ကို ဆောင်ရွ က်ခဲ့သဖြင့် အဆင်ပြေချောမွေ့ခဲ့ကြောင်း၊
နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်များကို အားလုံးမှလိုက်နာကျင့်သုံးခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ နှင့် ကျင့်ဝတ်တို့ကို နိုင်ငံရေး ပါတီများနှင့် လွှ တ်တော်ကိုယ်စားလှယ်လောင်းများအား သင်တန်းပို့ချပေးခဲ့ခြင်းနှင့် စေ့စပ်ညှိနှိုင်း ရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းကြောင့် မဲဆွယ်စည်းရုံးစဉ်ကာလနှင့် မဲပေးခြင်းကာလ များတွင် ကြီးမားသော ပြဿနာများ မရှိခဲ့ကြောင်း၊
ကော်မရှင်အနေဖြင့် ရှေ့ဆက်လက်၍ ကဏ္ဍ (၄) ရပ်အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဏ္ဍ (၄) ရပ်မှာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ လိုအပ်ချက်များအပေါ် ပြင်ဆင်ရေးဆွဲဆော င်ရွက်ခြင်း၊ မဲစာရင်းပိုမိုပြည့်စုံမှန်ကန်ရေးအတွက်ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင် အသိပညာပေးခြင်းအား ပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်းနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှဝန်ထမ်း များအား စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုလုပ် ငန်းစဉ်များ၌ ကျွမ်းကျင်မှုရှိလာစေရေးအတွက် ဆောင်ရွက် ခြင်းတို့ဖြစ်ကြောင်း၊ အဆိုပါကဏ္ဍ (၄) ရပ်နှင့်စပ်လျဉ်း၍လည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင် နိုင်မည့်နည်းလမ်းများကို ဆွေးနွေးပေးကြစေ လိုကြောင်း ပြောကြားပါသည်။
၎င်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက အခမ်းအနားအစီအစဉ်အား ရှင်းလင်း ပြောကြားပြီး International IDEA အဖွဲ့မှ Head of Country Office ဖြစ်သူ Mr. Mark McDowell က အဖွင့် နှုတ်ဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတွေ့ရှိခဲ့မှု အခြေ အနေများနှင့်စပ်လျဉ်း၍ အား
သာချက်၊ အားနည်းချက်များကို အကြံပြုတင်ပြကြပါသည်။
၎င်းနောက် ရွေးကောက်ပွဲလုပ်ငန်းများစီမံခန့်ခွဲခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ကိုယ်စားလှယ် လောင်းအမည်စာရင်းတင်သွင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းခြင်း၊ မဲဆွယ်စည်း ရုံးခြင်းနှင့်နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအား တရားဝင်အသိ အမှတ်ပြုခြင်းနှင့် ပူး ပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်ကြေညာခြင်း တို့နှင့်စပ်လျဉ်းပြီး တက်ရောက်လာသူများမှ အဖွဲ့(၆)ဖွဲ့ခွဲကာ အကြံပြု ဆွေးနွေးကြပါသည်။ အဆိုပါဆွေးနွေးပွဲအား ဇွန်လ ၂၃ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။
]]>
myathtunoo46@gmail.com (Election) Mon, 26 Jun 2017 05:17:57 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1180-22-6-2017yangonidea
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ... http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1181-22-6-2017yangonidea body
Read More...
]]>
myathtunoo46@gmail.com (Election) Thu, 22 Jun 2017 10:37:17 GMT http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1181-22-6-2017yangonidea
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1184-29-6-2017announce {edocs}photo/news_photos/29-6-2017/announcement.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Thu, 29 Jun 2017 09:11:41 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1184-29-6-2017announce
ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းခြင်းမရှိသည့် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1186-6-7-2017announce {edocs}photo/news_photos/6-7-2017/announce16.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Thu, 06 Jul 2017 06:50:36 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1186-6-7-2017announce
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးနှင့် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1188-7-7-2017mysop body
မောင်းမကန် ဇွန် ၂၆
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းသည် တနင်္သာရီတိုင်း ဒေသကြီး လောင်းလုံမြို့နယ် မောင်းမကန်ကမ်းခြေတွင် MySoP သင်တန်းကျောင်းမှ ဖွင့်လှစ် သည့် ရွေးကောက်ပွဲဆိုင်ရာသင်တန်း၌ ဒေသခံနိုင်ငံရေးပါတီများမှ သင်တန်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Fri, 07 Jul 2017 06:12:52 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1188-7-7-2017mysop
The Carter Center မှ Mr. Greg Kehailia အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1191-12-7-2017carter-center body1
body2
body3
နေပြည်တော် ဇူလိုင် ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် The Carter Center မှ Country Director ဖြစ်သူ Mr. Greg Kehailia အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဥက္ကဋ္ဌရုံးခန်း၌လက်ခံတွေ့ဆုံရာ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း တက်ရောက်ခဲ့ပါသည်။
တွေ့ဆုံရာတွင် ကော်မရှင်ဥက္ကဋ္ဌမှ မိတ်ဆက်စကားပြောကြားပြီးနောက် Mr. Greg Kehailia က ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် The Carter Center အနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Wed, 12 Jul 2017 06:45:23 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1191-12-7-2017carter-center
The Carter Center မှ Mr. Greg Kehailia အား လက်ခံတွေ့ဆုံ http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1192-12-7-2017carter-center body1
Read More...
]]>
myathtunoo46@gmail.com (Election) Wed, 12 Jul 2017 06:52:25 GMT http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1192-12-7-2017carter-center
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1193-14-7-2017chairman body
နေပြည်တော် ဇူလိုင် ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအားတွေ့ဆုံ၍ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းပြီး မှာကြားမှုများပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်အတွင်းရေးမှူးတို့လည်း တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာ၌ ဝန်ထမ်းများအနေဖြင့် ရာထူးအဆင့်အလိုက် တာဝန်ကိုသိရှိပြီး တာဝန် ကျေပွန်ရမှာဖြစ်ကြောင်း၊ ရာထူးနှင့်ထိုက်တန်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး မိမိတို့၏လုပ်ဆောင် ချက်များကို အစဉ်အမြဲသုံးသပ်နေရမှာဖြစ်ကြောင်း၊ အရည်အချင်းတိုးတက်စေရန်အတွက်လည်း မိမိကိုယ်ကိုပြုစုပျိုးထောင်ရမှာဖြစ်ကြောင်း၊ တစ်ဆင့်မြင့်ရာထူးအတွက်လည်း ကြိုတင်လေ့လာ ထားရမှာဖြစ်ကြောင်း၊ အလုပ်အပေါ်တွင် ရိုးသားကြိုးစားကာ စေတနာထားရမှာဖြစ်ကြောင်း၊ ရာထူးအပေါ်တွင်မာနမထားဘဲ အလုပ်အပေါ်တွင် မာနထားရမှာဖြစ်ကြောင်းနှင့် စိတ်ကောင်း ရှိရန်မှာ အရေးအကြီးဆုံးအချက်ဖြစ်ကြောင်းတို့အား ရှင်းလင်းမှာကြားခဲ့ပါသည်။
]]>
myathtunoo46@gmail.com (Election) Fri, 14 Jul 2017 10:53:34 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1193-14-7-2017chairman
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ဝန်ထမ်းများအားတွေ့ဆုံ၍ ... http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1194-14-7-2017chairman body
Read More...
]]>
myathtunoo46@gmail.com (Election) Fri, 14 Jul 2017 11:06:47 GMT http://www.uecmyanmar.org/index.php/component/content/article/111-highlight-news/1194-14-7-2017chairman
တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1195-18-7-2017army {edocs}photo/news_photos/18-7-2017/1872017army.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Tue, 18 Jul 2017 07:28:44 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1195-18-7-2017army
ဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၁/ ၂၀၁၇) ဖွင့်ပွဲကျင်းပ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1196-17-7-2017excel body
နေပြည်တော် ဇူလိုင် ၁၇
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ဝန်ထမ်းများအရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် (၁/ ၂၀၁၇) (Advanced Excel Courses with Microsoft Excel 2013) သင်တန်း ဖွင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကော်မရှင်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက အဖွင့် အမှာစကား ပြောကြားခဲ့သည်။ သင်တန်းသား/ သင်တန်းသူ (၂၅) ဦးဖြင့် ဖွင့်လှစ်သင်ကြားမည် ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၀) ပတ်ခန့် ကြာမြင့်မည် ဖြစ်ပါသည်။
]]>
myathtunoo46@gmail.com (Election) Tue, 18 Jul 2017 09:05:56 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1196-17-7-2017excel
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား နိုင်ငံရေးပါတီအဖြစ် ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1198-18-7-2017ald {edocs}photo/news_photos/18-7-2017/20170718ald.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Tue, 18 Jul 2017 10:02:31 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1198-18-7-2017ald
၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁)၊ (၂) နှင့် (၃) တို့အား ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1199-21-7-2017tribunal1 body
နေပြည်တော် ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးဝင်းမင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ၄င်းမဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးတင်ယု(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၁၇)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးနေကျော်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ၄င်းမဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးနေလင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၁၇) နှင့် ရန်ကုန်တိုင်း ဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးကျော်ဆွေဝင်း(ခ)ဦးအာလူး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ၄င်းမဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးကျော်ဇင်ဟိန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃/၂၀၁၇) တို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်၊ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဥပဒေကျွမ်းကျင်သူများဖြစ်သည့် ဦးမြဝင်းနှင့် ဦးဝင်းဆွေတို့ ခုံအဖွဲ့ဝင်များအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကြားနာမှုပြုခဲ့ပါသည်။
ဥပဒေဆိုင်ရာငြင်းချက်အား ကြားနာပြီးနောက် ကန့်ကွက်လျှောက်ထားရန်အကြောင်း မပေါ်ပေါက်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးတင်ယု၏ ကန့်ကွက်လျှောက်ထားမှု၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် လောင်းဖြစ်သူ ဦးနေလင်း၏ ကန့်ကွက်လျှောက်ထားမှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးကျော်ဇင်ဟိန်း၏ ကန့်ကွက်လျှောက်ထားမှုတို့အား ပယ်ကြောင်း ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အမိန့်များ ချမှတ်ခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Fri, 21 Jul 2017 08:40:27 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1199-21-7-2017tribunal1
ကျားမတန်းတူညီမျှမှုနှင့်နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ... http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1200-21-7-2017gender body1
ကျားမတန်းတူညီမျှမှုနှင့်နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲ
ဆိုင်ရာသတင်းထုတ်ပြန်ချက် (၂၁.၇.၂၀၁၇) ရက်နေ့
ကျားမတန်းတူညီမျှမှုရှိစေရေးအတွက် လက်တွေ့အကောင်အထည်ဖော်ခြင်း
၂၀၁၇ ခုနှစ် ကျားမတန်းတူညီမျှမှုနှင့် နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရောင်ခြည်သစ်အရပ်ဖက်လူမှု အဖွဲ့အစည်း၊ IFES အဖွဲ့တို့နှင့်ပူးပေါင်းကာ ၂၁.၇.၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဥပဒေမူဘောင်၊ နိုင်ငံရေးပါတီဦးဆောင်မှုနှင့် မဲဆွယ် စည်းရုံးရေး အသုံးစရိတ်၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်း၊ ရွေးကောက်ပွဲ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်လုံခြုံရေး၊ အသိပညာပေးခြင်း၊ စည်းရုံးဆော်သြခြင်းနှင့် အနာဂတ်အတွက်အပြောင်းအလဲကိုဆောင်ကြဉ်းဖော်ဆောင်ခြင်း စသည့်ကဏ္ဍများကို စုပေါင်း ဆွေးနွေးခဲ့ကြပါသည်။
ယနေ့ဆွေးနွေးပွဲ၌ တက်ရောက်လာသူ (၁၄၀) ဦးခန့်ရှိပြီး မြန်မာနိုင်ငံတွင်လာမည့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကျားမတန်းတူညီမျှမှုရှိစေရေးလုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် ကျားမတန်းတူညီမျှမှု ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Joint Gender Working Group) ကိုဖွဲ့စည်းဆောင်ရွက်သွားရန် ဆွေးနွေးပွဲတွင် ပါဝင် တက်ရောက်ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကဆွေးနွေး သဘောတူခဲ့ကြပါသည်။
“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Joint Gender Working Group ၏ မြန်မာနိုင်ငံအတွင်း ကျားမတန်းတူညီမျှမှုရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းကူညီပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ကျားမတန်းတူညီမျှစွာ ပါဝင်လာစေရေး အတွက် လက်တွေ့တွင်ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ဆောင်မှု ရှိရန်လိုအပ်ကြောင်း” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားခဲ့ပါသည်။
၂၀၁၇ ခုနှစ် ကျားမတန်းတူညီမျှမှုနှင့် နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲ၏ အကြုံပြုတင်ပြချက်များကို အကောင်အထည်ဖော်ရာတွင် Joint Gender Working Group က ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
“အနာဂတ်ရွေးကောက်ပွဲများတွင် အားလုံးပါဝင်လာစေရေးအတွက် လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း” ကော်မရှင်ညွှန်ကြားရေးမှူးချုပ် က ပြောကြားပါသည်။
၂၀၁၇ ခုနှစ်ကျားမတန်းတူညီမျှမှုနှင့်နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်သူအားလုံးက အရေးကြီးသော ကျားမတန်းတူညီမျှမှု ရည်မှန်းချက်အတွက် ပါဝင် ဆွေးနွေးပေးခဲ့ကြပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆွေးနွေးပွဲ၌ အားတက်သရောပါဝင် ဆွေးနွေးပေးခဲ့သော ကိုယ်စားလှယ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ၂၀၂၀ ခုနှစ်တွင် ကျားမတန်းတူညီမျှမှုရှိစေရေး အတူတကွ ပိုမိုပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါသည်။
သိလိုသည်များရှိပါက ဆက်သွယ်ရန်- info@uec.gov.mm
]]>
myathtunoo46@gmail.com (Election) Fri, 21 Jul 2017 10:41:42 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1200-21-7-2017gender
၄-၈-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1201-4-8-2017tribunal {edocs}photo/news_photos/24-7-2017/2472017.pdf,100%,900{/edocs}
]]>
myathtunoo46@gmail.com (Election) Mon, 24 Jul 2017 05:44:31 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1201-4-8-2017tribunal
နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားလျက်ရှိ http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1203-25-7-2017party နေပြည်တော် ဇူလိုင် ၂၅
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားချက် များကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်သူ့အလုပ်သမားပါတီ က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လာရောက်လျှောက်ထား ခဲ့သည်။
]]>
myathtunoo46@gmail.com (Election) Wed, 26 Jul 2017 06:34:19 GMT http://www.uecmyanmar.org/index.php/2014-02-11-08-31-43/1203-25-7-2017party