အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

သတင်းများ

Filter
  • စုံညီခုံရုံးက အယူခံမှုအမှတ် ( ၁/၂၀၁၇) အား အပြီးသတ်အမိန့်ချမှတ်ခြင်းနှင့် အမှုများအားလုံးစစ်ဆေးပြီးစီးခြင်း

    body2

    နေပြည်တော် ဧပြီ ၁၁

    မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးပြူးလွင် (အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၇/၂၀၁၅) ကို ရွေးကောက်ပွဲ ခုံအဖွဲ့(၄)၏၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင်ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အား ဦးလှဆွေမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အယူခံမှုအမှတ် (၁/၂၀၁၇) ဖြင့် လက်ခံခဲ့သည်။

    ယင်းအယူခံမှုအား ၂၀၁၇ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးမှ မူလရွေးကောက်ပွဲခုံအဖွဲ့(၄)၏ ၂၄-၂-၂၀၁၇ရက်နေ့က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမိန့်ကို ဆက်လက်အတည်ပြုပြီး အယူခံလျှောက်ထားသူ၏အယူခံမှုကို စရိတ်နှင့်တကွပယ်ကြောင်း အမိန့်ချမှတ်ခဲ့သည့်အပြင် တရားစရိတ်ငွေကျပ်တစ်သိန်းကို အယူခံလျှောက်ထားသူ ဦးလှဆွေမှ အယူခံလျှောက်ထားခံရသူ ဦးပြူးလွင်အား ပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၁-၁၂-၂၀၁၅ ရက်နေ့မှစ၍ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ၊ပြင်ဆင်မှုများ နှင့်အယူခံမှုများကို ရွေးကောက်ပွဲ ခုံအဖွဲ့များ၊ စုံညီခုံရုံးများဖြင့် ကြားနာစစ်ဆေးခဲ့ရာ ၂၀၁၇ခုနှစ် ဧပြီ ၁၁ရက် တွင် အမှုများအားလုံးစစ်ဆေးပြီးဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home