အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

သတင်းများ

Filter
  • စုံညီခုံရုံးက အယူခံမှုအမှတ် (၂၈) အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် ဇန်နဝါရီ ၁၇

    ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးနေမျိုးထွန်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ဦးသိန်းရီ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၆/၂၀၁၅)ကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့(၃)၏ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အား ဦးသိန်းရီက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်အယူခံမှုအမှတ်(၂၈/၂၀၁၆)ဖြင့်လက်ခံခဲ့သည်။ယင်းအယူခံမှုအား၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၁၇ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့်စုံညီခုံရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တွင် ဦးနေမျိုးထွန်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက် ခံရခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးသိန်းရီ၏ ကန့်ကွက်လျှောက်ထားလွှာကို တရားစရိတ်နှင့်တကွပယ်ကြောင်းချမှတ်ခဲ့သည့် မူလ ရွေးကောက်ပွဲခုံအဖွဲ့(၃)၏ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုလိုက်ပြီး အယူခံလျှောက် ထားသူ၏အယူခံမှုကိုစရိတ်နှင့်တကွပယ်ကြောင်းနှင့်တရားစရိတ်ငွေကျပ်တစ်သိန်းကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအားပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ရွေးကောက်ပွဲခုံအဖွဲ့များမှ ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ပြီးသောရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ(၄၄)မှုရှိပြီး အပြီးသတ်အမိန့် ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သောအမှုပေါင်းမှာ ဇန်နဝါရီ ၁၇ရက် နေ့အထိ(၄၃)မှုရှိပြီဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home