အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

သတင်းများ

Filter
  • ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီအား ကချင်အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] အမည်သို့ ပြောင်းလဲခွင့်ပြုခြင်း

    {edocs}photo/news_photos/30-6-2016/Announce 13_2016.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၂)၊ (၁၇) နှင့် (၂၂) အား ကြားဖြတ် အမိန့်နှင့် စီရင်ချက်များ ချမှတ်ခြင်း

    body

    နေပြည်တော် ဇွန် ၂၄

    ၁။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးပြူးလွင် အပေါ် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဆွေက လျှောက်ထား ခံရသူရရှိသော မဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများမပါဝင်ပါက လျှောက်ထား သူသည်သာ ခိုင်လုံမဲအများဆုံးရရှိသူဖြစ်၍ လျှောက်ထားသူ၎င်းအား မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေညာ ပေးပါရန် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ (က) နှင့် အမျိုးသား လွှတ်တော် နည်းဥပဒေပုဒ်မ ၈၇ အရ ၂၁-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်း လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီးဖြစ်ပါသည်။
    အဆိုပါအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်၍ ဦးစန်းရွှေနှင့် ဦးဝင်းမော်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲ ခုံအဖွဲ့ (၁) က လျှောက်ထားသူက တရားမကျင့်ထုံးဥပဒေအမိန့် ၁၄၊ နည်း ၅ အရ ငြင်းချက် အမှတ် (၃) ပဏာမငြင်းချက်အား ထုတ်ပယ်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ တရားမ ကျင့်ထုံး ဥပဒေ အမိန့် ၁၄ နည်းဥပဒေ ၁ (၃) အရ လျှောက်ထားသူ၏ စွပ်စွဲချက်နှင့် လျှောက် ထားခံရသူ၏ ချေပချက်တို့အပေါ်မူတည်၍ ငြင်းချက်အမှတ် (၃) ကို အမှုမှန်ကန်စွာ ဆုံးဖြတ် နိုင်ရေးအတွက် အခြေပြုရာ ပဏာမငြင်းချက်အဖြစ် သတ်မှတ်၍ ဥပဒေနှင့်အညီ ထုတ်ထား ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ထိုပဏာမငြင်းချက်ကို ထုတ်ပယ်ပေးရန် လျှောက်ထားချက်မှာ ခွင့်ပြုရန်မသင့်ဟု ဆင်ခြင်သုံးသပ်မှတ်ယူသည်။ထို့ကြောင့် လျှောက်ထားသူ၏ တရားမကျင့် ထုံးဥပဒေအမိန့် ၁၄ နည်း ၅ အရ ငြင်းချက်အမှတ် (၃) ပဏာမငြင်းချက်အား ထုတ်ပယ်ပေးရန် လျှောက်ထားချက် ကို ပယ်လိုက်သည်ဟု အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၂။ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသော လျှောက်ထားခံရသူ ဦးဇခုန်တိန့်ယိန်း (တစ်သီးပုဂ္ဂလ) အပေါ် ကချင်ပြည်နယ်လွှတ်တော်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဦးစံဝေခေါင်လွမ်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က မဲဆန္ဒရှင်တစ်ဦးအနေဖြင့် လျှောက်ထားခံရသူသည် တရားမျှတ သော ရွေးကောက်ပွဲကို ပျက်ပြယ်အောင် လုပ်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက် များကို ချိုးဖောက်ခဲ့သည့်အတွက် ကိုယ်စားလှယ်မဖြစ်ထိုက်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးရန် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈ အရ ကန့်ကွက်လွှာကို ၁-၁၂-၂၀၁၅ ရက်နေ့တွင် တင်သွင်းထားမှု၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံခဲ့သော ဦးယောနာ (တစ်သီးပုဂ္ဂလ) က လျှောက်ထားခံရသူ ဦးဇခုန်တိန့်ယိန်းအား ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာထားခြင်းမှ ပယ်ဖျက်ပေးပါရန်နှင့် လျှောက်ထားသူ သာလျှင် ကိုယ်စား လှယ်ဖြစ်ထိုက်သူဖြစ်ကြောင်း ဆုံးဖြတ်ပေးရန် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈ အရ ကန့်ကွက်လွှာကို ၂၈-၁၂-၂၀၁၅ ရက်နေ့တွင် တင်သွင်းထားမှု များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး လွှတ်တော်ရွေးကောက် ဥပဒေပုဒ်မ ၆၉ (င) အရ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၁၅) နှင့် (၄၁/၂၀၁၅) ကိုတစ်ပေါင်းတည်း ကြားနာ စစ်ဆေးခဲ့ပါသည်။
    အဆိုပါအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က စစ်ဆေးကြားနာခဲ့ပြီးနောက် ၂၄-၆-၂၀၁၆ ရက် (သောကြာနေ့)တွင် လျှောက်ထားခံရသူ ဦးဇခုန်တိန့်ယိန်းအား ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရ ခြင်းသည် တရားမဲ့ပြု ကျင့်မှုများကြောင့် ပျက်ပြယ်ကြောင်းဆုံးဖြတ်သည့် အမိန့်ကို ချမှတ် သည်ဟု သိရှိရပါသည်။

    ၃။ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) လျှောက်ထားသူပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခေါဘောမ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) က ယင်းမဲဆန္ဒနယ် တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသော ဦးဇခုန်ယိန်းဆောင် (စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ) အပေါ် တရားမဲ့ပြုကျင့်မှုများ ကျူးလွန်သဖြင့် ရွေးကောက် တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းဆုံးဖြတ်ချက် ချမှတ်ပေးပါရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈ အရ ၂၂-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာကို တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလက်ခံခဲ့ပြီး ဖြစ်ပါသည်။
    အဆိုပါအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၂) က စစ်ဆေးကြားနာခဲ့ပြီးနောက် ၂၄-၆-၂၀၁၆ ရက် (သောကြာနေ့) တွင် ကချင်ပြည်နယ်၊ ချီဖွေ မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်အား ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးခေါဘောမ်၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့် တကွ ပယ်ကြောင်းနှင့် တရားစရိတ်အဖြစ် ကျပ် ၂ သိန်းကို လျှောက်ထားသူ ဦးခေါဘောမ်က လျှောက်ထားခံရသူ ဦးဇခုန်ယိန်းဆောင်သို့ ပေးစေရန် အမိန့်ချမှတ်ခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၈) အား စီရင်ချက်ချမှတ်ခြင်း

    body

    နေပြည်တော် ဇွန် ၂၃

    ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးလွင် (ခ) ဦးဒီလုံး အပေါ် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဇော်ဝင်းက လျှောက်ထားခံရသူ ရရှိသောမဲ များတွင် တရားမဲ့ ပြုကျင့်မှုကြောင့်ရရှိသော မဲများမပါဝင်ပါက လျှောက်ထားသူသည်သာလျှင် ခိုင်လုံမဲအများဆုံးရရှိမည် ဖြစ်၍ လျှောက်ထားသူ ဦးစိုင်းဇော်ဝင်းက ၎င်းအား နမ့်စန်မြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေညာပေးပါရန် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ နည်းဥပဒေ ၈၇ အရ ၂၁-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေနှင့် ဦးဝင်းမော်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၁)က စစ်ဆေးကြားနာခဲ့ပြီးနောက် ၂၃-၆-၂၀၁၆ရက် (ကြာသပတေးနေ့) တွင် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးဌေးလွင် (ခ) ဦးဒီလုံးအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်းဆုံးဖြတ်၍ လျှောက်ထားသူ ဦးစိုင်းဇော်ဝင်း၏ ကန့်ကွက်လွှာကိုစရိတ်နှင့် တကွပယ်လိုက်ပြီး ရှေ့နေစရိတ်ကျပ် သုံးသောင်း သတ်မှတ်၍ အမိန့်ချမှတ်ခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာပြင်ဆင်မှုများနှင့် ကန့်ကွက်လွှာအမှုများ ဆက်လက်စစ်ဆေးခြင်း

    body1

    နေပြည်တော် ဇွန် ၁၄

    ၁။ ရွေးကောက်ပွဲခုံအဖွဲ့ (၄) ဥက္ကဋ္ဌ ဦးလှတင့် ဦးဆောင်သည့်ခုံအဖွဲ့က ၂၆-၅-၂၀၁၆ ရက်နေ့တွင် ကန့်ကွက်လွှာအမှုအမှတ်(၄၂) လျှောက်ထားသူ ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ)နှင့် လျှောက်ထားခံရသူ ဦးမောင်မောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ကန့်ကွက်လွှာ အမှုအမှတ် (၄၄) လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ လျှောက်ထားခံရသူ ဦးသိန်းဟန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အမှုတွင် လျှောက်ထားခံရ သူများဘက်မှ တရားမကျင့်ထုံး ဥပဒေအမိန့် (၉) နည်းဥပဒေ (၉) (၁) အရ တရားမကျင့်ထုံးဥပဒေ အမိန့် (၉) နည်းဥပဒေ (၈) အရ ပလပ်ခဲ့သည့်အမိန့်ကို ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ရာ လျှောက် ထားသူများဘက်မှ ရုံးသို့အချိန်မီ လာရောက်ရန် ပျက်ကွက်ခြင်းသည် လုံလောက်သည့် အကြောင်း များရှိသည်ဟု မတွေ့ရသဖြင့် တရားမကျင့်ထုံးဥပဒေအမိန့် (၉) နည်းဥပဒေ (၉) အရ လျှောက်ထား ချက်အားပယ်ကြောင်း ကြားဖြတ်အမိန့်ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူများက သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၁၀၀) အရ ပြင်ဆင်မှုလျှောက်ထားခဲ့ရာ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလက်ခံပြီး လွှတ်တော်ရွေးကောက်ပွဲ နည်း ဥပဒေ ၁၀၂ (ခ) အရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်နှင့် ဦးထွန်းခင်တို့ပါဝင်သည့် ခုံရုံးဖြင့် ကြားနာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

    ၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၁၀၀) အရ တင်သွင်း လာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာပြင်ဆင်မှုအမှတ် (၂/၂၀၁၆) လျှောက်ထားသူ ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ လျှောက်ထားခံရသူ ဦးမောင်မောင် (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ)၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၁၀၀ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ ပြင်ဆင်မှုအမှတ် (၃/၂၀၁၆) လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ)၊ လျှောက်ထားခံရသူ ဦးသိန်းဟန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)တို့၏ အမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်နှင့် ဦးထွန်းခင်တို့ပါဝင်သည့် ခုံရုံးက ၁၄-၇-၂၀၁၆ ရက် (အင်္ဂါနေ့)တွင် ရုံးထိုင်ကြားနာစစ်ဆေးခဲ့ရာ လျှောက်ထားသူဘက်မှ တရား လွှတ်တော်ရှေ့နေ ဦးမောင်မောင်ချိုက ပြင်ဆင်မှုအစား အယူခံအဖြစ်ပြောင်းလဲစစ်ဆေးပေးရန် လျှောက်ထားတင်ပြချက်အပေါ် ခုံရုံးကလက်ခံခဲ့ပြီး ၈-၇-၂၀၁၆ ရက် (သောကြာနေ့)တွင် စုံညီခုံရုံး ဖြင့် ရုံးထိုင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

    ၃။ ရွေးကောက်ပွဲခုံအဖွဲ့ (၂) ဥက္ကဋ္ဌ ဦးစိုးရယ် ဦးဆောင်သည့်ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ် (၂၉) လျှောက်ထားသူ ဦးမောင်မောင်ဖြူ (ရခိုင်အမျိုးသားပါတီ)၊ လျှောက်ထားခံရသူ ဦးဝင်းနိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အမှုကို ဆက်လက်စစ်ဆေးခဲ့ရာ ရွေးကောက်ပွဲခုံအဖွဲ့က လျှောက် ထားခံရသူ ဦးဝင်းနိုင်သည်သာ ခိုင်လုံမဲအများဆုံးဖြင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၌ ရွေးကောက်တင်မြှောက်ခံရခြင်းသည် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၁၂-၁၁-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၄၂/၂၀၁၅) အရ အတည်ဖြစ်လျက်ရှိပြီး လျှောက်ထားသူ တောင်းဆိုသည့် သက်သာခွင့်ရထိုက်မှုမရှိကြောင်း၊ ၂၀၁၅ ခုနှစ်၊နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည်ဖြစ်လျက်ရှိကြောင်းဆုံးဖြတ်ပြီး လျှောက်ထား သူ၏ကန့်ကွက်လျှောက်ထားမှုကို တရားစရိတ်နှင့်တကွပယ်သည့်အမိန့်ကို ချမှတ်ခဲ့သည့်အပြင် တရားစရိတ်ငွေ ၂ သိန်းကျပ်ကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ ပေးစေရန် ၁၃-၆-၂၀၁၆ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

    body

    နေပြည်တော် ဇွန် ၁၄

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ရုံးရှေ့ မျက်နှာစာ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ စိန်တစ်လုံးသရက်ပင်အား စိုက်ပျိုးပေးသည်။

    ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲခုံရုံး အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများက စိန်တစ်လုံးသရက်ပင်များ၊ မဟော်ဂနီပင်များနှင့် ကံ့ကော်ပင် များအား တပျော်တပါး စုပေါင်းစိုက်ပျိုးကြပြီး ကော်မရှင်ဥက္ကဋ္ဌက အရာထမ်း၊ အမှုထမ်း များ၏ သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

    ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိန်တစ်လုံးသရက် (၁၃၃) ပင်၊ မဟော်ဂနီ (၃၅) ပင်နှင့် ကံ့ကော်ပင် (၁၅) ပင်၊ စုစုပေါင်း (၁၈၃) ပင်အား စိုက်ပျိုးခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၁/၂၀၁၆) အား ကြားနာစစ်ဆေးခြင်း

    body

    နေပြည်တော် ဇွန် ၁၃

    ၁။          ရွေးကောက်ပွဲခုံအဖွဲ့ (၁) ဥက္ကဋ္ဌ ဦးအောင်မြင့် ဦးဆောင်သည့်ခုံအဖွဲ့က ကန့်ကွက်လွှာ အမှုအမှတ် (၈) လျှောက်ထားသူ ဦးခိုင်ညီညီကျော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အမှုတွင် လျှောက်ထားခံရသူအား ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ကြောင်း ဆုံးဖြတ်ချက်အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ဦးအောင်ကျော်ညွန့်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၉၉) အရ ၂၃-၅-၂၀၁၆ ရက်နေ့တွင် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ၁၃-၆-၂၀၁၆ (တနင်္လာနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်အားလုံးပါဝင်သည့် စုံညီခုံရုံးဖြင့် ကြားနာစစ်ဆေးသွားမည် ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

    ၂။          တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုအမှတ် (၁/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအားလုံး ခုံရုံးအဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ (၇၀) အရ ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိ အဆင့် (၁) ထက်မနိမ့်သည့်ပုဂ္ဂိုလ်အား ရုံးတော်သဟာယအဖြစ် ဖိတ်ကြားလျက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၉၉) အရ တင်သွင်းလာသည့် ရွေးကောက်ပွဲ အယူခံမှုအမှတ် (၁/၂၀၁၆) ကို ၁၃-၆-၂၀၁၆ (တနင်္လာနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေ အကြံဉာဏ်ပေးချက်များကို ကြားနာပြီးနောက် ၁၂-၇-၂၀၁၆ ရက် (အင်္ဂါနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း The Carter Center မှ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော်၊ ဇွန် ၉

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် The Carter Center မှ ဌာနေကိုယ်စားလှယ် Mr. Stefan Krause နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    တွေ့ဆုံရာတွင် The Carter Center ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အစီရင်ခံစာ အား ဇူလိုင်လလယ်ခန့်တွင် ကော်မရှင်နှင့် ပူးပေါင်း၍ ထုတ်ပြန်မည့် အစီအစဉ်၊ ကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ Capacity Building မြှင့်တင်ရေးအတွက် သင်တန်းပို့ချ ပေးမည့် အစီအစဉ်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေများ ပြုပြင်ပြောင်းလဲရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်မည့်အစီအစဉ်၊ နောင်လာမည့် ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်းပြုစုမည့် အခြေအနေ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီး သည်အထိ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းGender Concerns International မှ Ms. Sabra Bano အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော်၊ ဇွန် ၈

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Gender Concerns International မှ Director ဖြစ်သူ Ms. Sabra Bano အား ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    တွေ့ဆုံရာတွင် Ms. Sabra Bano က ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအား ကျား/မ ရေးရာရှု့ထောင့်မှနေ၍ စောင့်ကြည့်လေ့လာခဲ့ပါကြောင်း၊ ကျား/မရေးရာ တန်းတူညီမျှမှုရှိရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် လွှတ်တော်တွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ပိုမိုပါဝင်လာစေရေး အတွက် ကော်မရှင်၊ လွှတ်တော်၊ အမျိုးသမီး CSOs အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် လည်း Stakeholders များအားလုံးအတွက် ကျား/မ ရေးရာ အကြံပြုချက်များ ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီး CSOs အဖွဲ့များမှာ အနည်းစုဖြစ်နေ၍ ကော်မရှင်အနေဖြင့် သီးခြား တွေ့ဆုံပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သင့် ပါကြောင်းနှင့် MoU သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲလုပ်ငန်းစဉ် များတွင် ကျား/မ ခွဲခြားမှု မရှိစေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပြီး အမျိုးသမီး CSOs အဖွဲ့များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာပါ သုံးသပ်ချက် များအား ကော်မရှင်၏ ဥပဒေ နည်းဥပဒေများနှင့်အညီ ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင်လည်း လွှတ်တော်တွင်း အမျိုးသမီးကိုယ်စားလှယ် ပိုမိုပါဝင်လာစေရေးအတွက် တိုက်တွန်းပြောကြားခဲ့ပါကြောင်း၊ လက်ရှိလွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၁၃) ရာခိုင်နှုန်း ပါဝင်လျက်ရှိပြီး နောင်ရွေးကောက်ပွဲများတွင် ပိုမိုပါဝင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ နိုင်ငံတွင် အမျိုးသမီးဦးရေ များသည့်အတွက် အမျိုးသမီးများ နိုင်ငံ့အရေးတွင် ပါဝင်လာမှုကို ပိုမိုအားထားပါကြောင်းနှင့် MoU သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အဆိုပြုလွှာတင်စေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

  • ရွေးကောက်ပွဲဥပဒေဆိုင်ရာလုပ်ငန်းစဉ် လေ့လာသုံးသပ်ဆွေးနွေးပွဲဆက်လက်ကျင်းပ

    body

    နေပြည်တော် ဇွန် ၇

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Stakeholdersများအကြား ရွေးကောက်ပွဲ ဥပဒေဆိုင်ရာလုပ်ငန်းစဉ် လေ့လာသုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်း(၆) ဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို အခန်းကဏ္ဍအလိုက် ခွဲခြား၍ အစုအဖွဲ့ (၄) ဖွဲ့ စုဖွဲ့ပြီး ပြင်ဆင်ဖြည့်စွက်သင့်သည်များကို ဆွေးနွေးခဲ့ကြပြီးနောက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ပါဝင်အားဖြည့်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အခြားနိုင်ငံများ၏ ရွေးကောက်ပွဲဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များအား လေ့လာခြင်း၊ နောင်လာမည့်ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်အတွက် အကြံပြုဆွေးနွေးခြင်း၊ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် လွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် အစီအစဉ်၊ သတင်းအချက်အလက်များ မျှဝေရန်အစီအစဉ်တို့နှင့် စပ်လျဉ်း၍ တက်ရောက်လာသူများမှ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြ ပါသည်။ ၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

  • ရွေးကောက်ပွဲဥပဒေဆိုင်ရာလုပ်ငန်းစဉ် လေ့လာသုံးသပ်ဆွေးနွေးပွဲကျင်းပ

    body

    နေပြည်တော် ဇွန် ၆

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Stakeholdersများအကြား ရွေးကောက်ပွဲ ဥပဒေဆိုင်ရာလုပ်ငန်းစဉ် လေ့လာသုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်း(၆) ဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ လေ့လာရရှိခဲ့သော အတွေ့အကြုံများနှင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ အကြံပြုတင်ပြချက်များအပေါ် အခြေခံ၍ ဥပဒေရေးရာမူဘောင် များပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့၍ လာမည့်ရွေးကောက်ပွဲများအပေါ်၌လည်း သမာသမတ်ကျမှုနှင့် ပွင့်လင်းမြင်သာမှုအပိုင်းများတွင် ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့် ထားကြမည် ဖြစ်ကြောင်း။

    ဥပဒေရေးရာမူဘောင်များအား လွှတ်တော်က ပြဋ္ဌာန်းခြင်းဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် စီစဉ်လုပ်ဆောင်မည်ဖြစ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်များနှင့် ၄င်းတို့အား လက်တွေ့တွင် မည်ကဲ့သို့ ကျင့်သုံးသင့်သည် နှင့်စပ်လျဉ်း၍ အကြံပြုသုံးသပ်ချက်များ တင်ပြ ပေးစေလိုကြောင်း။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လွှတ်တော်သို့ ရွေးကောက်ပွဲဥပဒေရေးရာနှင့် စပ်လျဉ်း၍ ဘက်မလိုက်သော အကြံပြုချက်များ တင်ပြခြင်းဖြင့် ရွေးကောက်ပွဲဥပဒေရေးရာ မူဘောင်များအား ကောင်းစွာတည်ဆောက်ပြီးဖြစ်ကာ ပိုမိုကောင်းမွန်သော ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဖြစ်ကြောင်း။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဘက်လိုက်ခြင်းမရှိဘဲ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် လွှတ်တော်၏ကော်မတီများမှ ကောင်းမွန်သော အကြံဉာဏ်များ ရရှိရန်လည်းကောင်း၊ ရွေးကောက်ပွဲအလွန် သုံးသပ် ဆွေးနွေးပွဲများမှ ရရှိလာသော အကြံပြုချက်များနှင့် အခြားသော နိုင်ငံများမှ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ၊ ဥပမာများကို တင်ပြဆွေးနွေးခြင်းဖြင့် လက်ရှိ ရွေးကောက်ပွဲဥပဒေရေးရာ မူဘောင်များအား ရှင်းလင်းနားလည်ပြီး လေးစားလိုက်နာထိုက်သည့် ဥပဒေရေးရာမူဘောင် တစ်ရပ် ဖွံ့ဖြိုးလာစေရန်လည်းကောင်း၊ ဥပဒေမူဘောင် ပြန်လည်သုံးသပ်ရေးဆွဲခြင်း (Legal Framework Reform) အား လွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အခြား ရွေးကောက်ပွဲနှင့် သက်ဆိုင်သူများအကြား ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုကိုလည်းကောင်း စတင် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

    ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အမြင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏အမြင်၊ မြန်မာနိုင်ငံ၏ ဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအမြင်၊ နိုင်ငံတကာ၏ ရွေးကောက်ပွဲဥပဒေဆိုင်ရာ အချိန်ကိုက်ဆောင်ရွက်မှု၊ နည်းပညာဆိုင်ရာ/ လက်တွေ့အတွေ့အကြုံများနှင့် နိုင်ငံရေးအမြင်ဆွေးနွေးချက်များ၊ တစ်ပေါင်းတစ်စည်းတည်း ပြင်ဆင်ချက်များနှင့် အကြိမ်ကြိမ်ခွဲ၍ ပြင်ဆင်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲ ခြင်းအတွက် နိုင်ငံရေးဆိုင်ရာအမြင်များနှင့် ဦးဆောင်မှု၊ ပေါင်းစည်းထားသော ဥပဒေများနှင့် သီးခြားကွဲနေသော ဥပဒေများ၊ စံနှုန်းများအား အရေးပါမှုအလိုက် စဉ်ထားသောစနစ်တို့နှင့် စပ်လျဉ်း၍ တက်ရောက်လာသူများမှ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲ အား ဇွန်လ ၇ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်

    {edocs}photo/news_photos/3-6-2016/3-6-2016statement.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများဆက်လက်စစ်ဆေးခြင်း

    body

    နေပြည်တော် ဇွန် ၁
    ၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၈-၄-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ်၊ ၁၆/ ၂၀၁၆၊ ၁၇/၂၀၁၆၊ ၁၈/၂၀၁၆ နှင့် ၁၉/၂၀၁၆ များဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉ (က) (၂) အရ ရွေးကောက်ပွဲခုံအဖွဲ့ (၄) ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး တရားခွင် (၄) ခုဖြင့် ကန့်ကွက်လွှာအမှုများ အမြန်ပြီးပြတ်နိုင်ရေးအတွက် ၂၅-၄-၂၀၁၆ ရက်နေ့မှ စတင်၍ နေ့စဉ်ရုံးထိုင် စစ်ဆေးလျက်ရှိသည်။
    ၂။ ၁၂-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) ဥက္ကဋ္ဌ ဦးအောင်မြင့် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ် (၈) လျှောက်ထားသူ ဦးခိုင်ညီညီကျော် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) နှင့် လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အမှုတွင် လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့်အား ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းဆုံးဖြတ်ချက် အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ဦးအောင်ကျော်ညွန့်က တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၉၉)အရ အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ၁၃-၆-၂၀၁၆ ရက်နေ့ (တနင်္လာနေ့) နံနက် ၁၀:၀၀ နာရီအချိန်တွင် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် အားလုံးပါဝင်သည့် စုံညီခုံရုံးဖြင့် စစ်ဆေးကြားနာရန်ရှိကြောင်းသိရှိရသည်။
    ၃။ ၂၆-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၄) ဥက္ကဋ္ဌ ဦးလှတင့် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာ အမှုအမှတ် (၄၂) လျှောက်ထားသူ ဦးစိုးစိုးနှင့် လျှောက်ထားခံရသူ ဦးမောင်မောင်၊ ကန့်ကွက်လွှာ အမှုအမှတ် (၄၄) လျှောက်ထားသူ ဦးစန်းမောင်နှင့် လျှောက်ထား ခံရသူ ဦးသိန်းဟန်တို့က တရားမကျင့်ထုံးဥပဒေအမိန့် (၉) နည်းဥပဒေ (၉) (၁) အရ တရားမကျင့်ထုံးဥပဒေအမိန့် (၉)၊ နည်းဥပဒေ (၈)အရ ပလပ်ခဲ့သည့် အမိန့်ကို ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ရာ လျှောက်ထားသူဘက်မှ ရုံးသို့အချိန်မီလာရောက်ရန် ပျက်ကွက်ခြင်းသည် လုံလောက်သည့် အကြောင်းများရှိသည်ဟု မတွေ့ရသဖြင့် တရားမကျင့်ထုံး ဥပဒေအမိန့် (၉)၊ နည်းဥပဒေ (၉) အရ လျှောက်ထားချက်အားပယ်ကြောင်း ကြားဖြတ် အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ဦးစိုးစိုးနှင့် ဦးစန်းမောင်တို့က သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄(က)နှင့် နည်းဥပဒေ ၁၀၀ အရ ပြင်ဆင်မှု လျှောက်ထားခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၁၀၂ (ခ) အရ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်၊ ကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်တို့ပါဝင်သည့် ခုံရုံးဖြင့် စစ်ဆေးကြားနာရန် ရှိကြောင်း သိရှိရသည်။
    ၄။ ၃၀-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) ဥက္ကဋ္ဌ ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ် (၃) လျှောက်ထားသူ ဦးစောနွဲ့ခွန်ဆိုင်ခမ်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) နှင့် လျှောက်ထားခံရသူ ဦးရားဝမ်ဂျုံ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အမှုတွင် ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးရားဝမ်ဂျုံအား ရွေးကောက် တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး တရားစရိတ် ငွေကျပ်နှစ်သိန်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
    ၅။ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) ဥက္ကဋ္ဌ ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ် (၃၁) လျှောက်ထားသူ ဦးယောဟန်( ''ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ)နှင့် လျှောက်ထားခံရသူ ဦးကျင်ဝမ်း("ဝ" ဒီမိုကရက်တစ်ပါတီ) အမှုတွင် ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးကျင်ဝမ်းအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်၍ လျှောက်ထားသူ ဦးယောဟန်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်ပြီး တရားစရိတ် ငွေကျပ် သုံးသောင်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူကို ပေးစေရန် ဆုံးဖြတ်ခဲ့ ကြောင်းသိရှိရသည်။ ကန့်ကွက်လွှာအမှုအမှတ် (၃၂) လျှောက်ထားသူ ဦးစောဖီးလစ်( "ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ)နှင့် လျှောက်ထားခံရသူ ဦးခွန်ထွန်းလူ (ခေါ်) ဦးဒီကီ ("ဝ" ဒီမိုကရက်တစ်ပါတီ)အမှုတွင် ရှမ်းပြည်နယ် ဟိုပန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးခွန်ထွန်းလူ (ခေါ်) ဦးဒီကီအား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းဆုံးဖြတ်၍ လျှောက်ထားသူ ဦးစောဖီးလစ်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်ပြီး တရားစရိတ်ငွေကျပ် သုံးသောင်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူကိုပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်းသိရှိရသည်။ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၃၃) တွင် လျှောက်ထားသူ ဦးဆမ်ဆောင်းကား ("ဝ" အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ)နှင့် ဦးရန်ကျော် ("ဝ" ဒီမိုကရက်တစ်ပါတီ) အမှုတွင် ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထား ခံရသူ ဦးရန်ကျော်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်၍ လျှောက်ထားသူ ဦးဆမ်ဆောင်းကား၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်ပြီး တရားစရိတ်ငွေကျပ် သုံးသောင်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူကို ပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
    ၆။ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) ဥက္ကဋ္ဌ ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ် (၂၁) လျှောက်ထားသူ ဦးစံဝေခေါင်လွမ်း (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) နှင့် လျှောက်ထားခံရသူ ဒေါ်လွမ်းလမ်း (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အမှုတွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်လျှောက်ထားခံရသူ ဒေါ်လွမ်းလမ်းအား ရွေးကောက် တင်မြှောက်ခံရခြင်းသည် အတည်ဖြစ်လျက် လျှောက်ထားမှုအား ပယ်သည့်အမိန့်ကို ချမှတ် ခဲ့သည့်အပြင် တရားစရိတ်ငွေကျပ် နှစ်သိန်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ ပေးစေရန်အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။



ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home