အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

သတင်းများ

Filter
  • ၁၂-၇-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့်ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/12-7-2017/1272017.pdf,100%,900{/edocs}

  • ၁၁-၇-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/11-7-2017/1172017.pdf,100%,900{/edocs}

  • ၂၁-၇-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/6-7-2017/672017.pdf,100%,900{/edocs}

  • ၁၀-၇-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/3-7-2017/372017.pdf,100%,900{/edocs}

  • ၆-၇-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/26-6-2017/672017.pdf,100%,900{/edocs}

  • ၅-၇-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/26-6-2017/572017.pdf,100%,900{/edocs}

  • ၂၂-၆-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/19-6-2017/2262017.pdf,100%,900{/edocs}

  • ၃၀-၆-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/30-6-2017/3062017.pdf,100%,900{/edocs}

  • ၁၃-၆-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့် ရွေးကောက်ပွဲကုန်ကျစရိတ် အမှုချိန်းဇယား

    {edocs}photo/news_photos/13-6-2017/1362017.pdf,100%,900{/edocs}

  • ၁၉-၆-၂၀၁၇ ရက်နေ့တွင်ကြားနာစစ်ဆေးမည့်ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/19-6-2017/1962017.pdf,100%,900{/edocs}

  • The Carter Center မှ Mr.Stefan Krause အား လက်ခံတွေ့ဆုံ

    flag1

    Register to read more...

  • The International Republican Institute ( IRI ) အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    Register to read more...

  • စုံညီခုံရုံးက အယူခံမှုအမှတ် ( ၁/၂၀၁၇) အား အပြီးသတ်အမိန့်ချမှတ်ခြင်းနှင့် အမှုများအားလုံးစစ်ဆေးပြီးစီးခြင်း

    body2

    နေပြည်တော် ဧပြီ ၁၁

    မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးပြူးလွင် (အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၇/၂၀၁၅) ကို ရွေးကောက်ပွဲ ခုံအဖွဲ့(၄)၏၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင်ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အား ဦးလှဆွေမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် အယူခံမှုအမှတ် (၁/၂၀၁၇) ဖြင့် လက်ခံခဲ့သည်။

    ယင်းအယူခံမှုအား ၂၀၁၇ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးမှ မူလရွေးကောက်ပွဲခုံအဖွဲ့(၄)၏ ၂၄-၂-၂၀၁၇ရက်နေ့က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမိန့်ကို ဆက်လက်အတည်ပြုပြီး အယူခံလျှောက်ထားသူ၏အယူခံမှုကို စရိတ်နှင့်တကွပယ်ကြောင်း အမိန့်ချမှတ်ခဲ့သည့်အပြင် တရားစရိတ်ငွေကျပ်တစ်သိန်းကို အယူခံလျှောက်ထားသူ ဦးလှဆွေမှ အယူခံလျှောက်ထားခံရသူ ဦးပြူးလွင်အား ပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၁-၁၂-၂၀၁၅ ရက်နေ့မှစ၍ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ၊ပြင်ဆင်မှုများ နှင့်အယူခံမှုများကို ရွေးကောက်ပွဲ ခုံအဖွဲ့များ၊ စုံညီခုံရုံးများဖြင့် ကြားနာစစ်ဆေးခဲ့ရာ ၂၀၁၇ခုနှစ် ဧပြီ ၁၁ရက် တွင် အမှုများအားလုံးစစ်ဆေးပြီးဖြစ်သည်။

  • ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုအမှတ် (၁/၂၀၁၇) အား ဧပြီ ၁၁ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် မတ် ၂၄

    မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂)မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ယင်းမဲဆန္ဒ နယ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ)အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့ ပြီး ရွေးကောက်ပွဲခုံအဖွဲ့(၄)ဖြင့် ကြားနာစစ်ဆေးခဲ့ရာ လျှောက်ထားသူ၏ ကန့်ကွက်လွှာ အား စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက် (အမိန့်) အပေါ် လျှောက်ထားသူ ဦးလှဆွေမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှု လျှောက်ထား တင်ပြ လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁/၂၀၁၇) ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။

    ယင်းအမှုကို အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံး ရှေ့မှောက်၌၂၀၁၇ ခုနှစ်၊ မတ် ၂၄ ရက် (သောကြာနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာ ပြီး ၂၀၁၇ခုနှစ်၊ဧပြီ ၁၁ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်သည်။

  • စုံညီခုံရုံးက အယူခံမှုအမှတ် (၂၈) အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် ဇန်နဝါရီ ၁၇

    ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးနေမျိုးထွန်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ဦးသိန်းရီ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၆/၂၀၁၅)ကို ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့(၃)၏ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အား ဦးသိန်းရီက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည်အယူခံမှုအမှတ်(၂၈/၂၀၁၆)ဖြင့်လက်ခံခဲ့သည်။ယင်းအယူခံမှုအား၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၁၇ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး၊ အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့်စုံညီခုံရုံးမှ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တွင် ဦးနေမျိုးထွန်းသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက် ခံရခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးသိန်းရီ၏ ကန့်ကွက်လျှောက်ထားလွှာကို တရားစရိတ်နှင့်တကွပယ်ကြောင်းချမှတ်ခဲ့သည့် မူလ ရွေးကောက်ပွဲခုံအဖွဲ့(၃)၏ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုလိုက်ပြီး အယူခံလျှောက် ထားသူ၏အယူခံမှုကိုစရိတ်နှင့်တကွပယ်ကြောင်းနှင့်တရားစရိတ်ငွေကျပ်တစ်သိန်းကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအားပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ရွေးကောက်ပွဲခုံအဖွဲ့များမှ ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ပြီးသောရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ(၄၄)မှုရှိပြီး အပြီးသတ်အမိန့် ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သောအမှုပေါင်းမှာ ဇန်နဝါရီ ၁၇ရက် နေ့အထိ(၄၃)မှုရှိပြီဖြစ်သည်။

  • စုံညီခုံရုံးက အယူခံမှုအမှတ် (၂၅) နှင့် (၂၆) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် ဒီဇင်ဘာ ၂၇

    စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဒေါ်ခင်စန်းလှိုင် (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ဦးဝင်းဆွေ(မဲဆန္ဒရှင်)က လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ်(၃၉/၂၀၁၅)ကို ၂၀၁၆ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲ ခုံအဖွဲ့(၄)၏ချမှတ်ခဲ့သည့်စီရင်ချက်(အမိန့်)အား ဦးဝင်းဆွေက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အယူခံမှုအမှတ်(၂၅/၂၀၁၆)ဖြင့် လက်ခံခဲ့သည်။ ယင်းအယူခံမှုအား ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးမှ မူလရွေးကောက်ပွဲ ခုံအဖွဲ့(၄)၏ ၁၄-၁၀-၂၀၁၆ရက်နေ့က ချမှတ်ခဲ့သည့်ဆုံးဖြတ်ချက်အမိန့်ကို ဆက်လက် အတည်ပြုပြီး အယူခံလျှောက်ထားသူ၏ အယူခံကန့်ကွက်လွှာအား စရိတ်နှင့် တကွ ပယ်ကြောင်း၊ ကန့်ကွက်လွှာအယူခံမှုအတွက် တရားစရိတ် ငွေကျပ် ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းတိတိ)ကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးဇော်ထက်(အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ဦးတင်ဆွေ(ခ) ဦးတင့်ဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ်(၄၀/၂၀၁၅)ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့(၄)၏ချမှတ်ခဲ့သည့်စီရင်ချက် (အမိန့်) အား ဦးတင်ဆွေ(ခ) ဦးတင့်ဆွေက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အယူခံမှုအမှတ်(၂၆/၂၀၁၆)ဖြင့် လက်ခံခဲ့သည်။ ယင်းအယူခံမှုအား ၂၀၁၆ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးမှ မူလရွေးကောက်ပွဲခုံအဖွဲ့(၄)၏ ၁၄-၁၀-၂၀၁၆ ရက်နေ့က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမိန့်ကို ဆက်လက်အတည်ပြုပြီး အယူခံ လျှောက်ထားသူ၏ အယူခံကန့်ကွက်လွှာအား စရိတ်နှင့်တကွပယ်ကြောင်း၊ ကန့်ကွက်လွှာ အယူခံမှုအတွက်တရားစရိတ် ငွေကျပ် ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းတိတိ)ကို အယူခံ လျှောက်ထားသူမှ အယူခံလျှောက်ထားခံရသူအား ပေးစေသည့်အမိန့်ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက အယူခံမှုအမှတ် (၂၄)အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် ဒီဇင်ဘာ ၂၀

    စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးမောင်မောင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)ကလျှောက်ထားသည့်ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ်(၄၂/၂၀၁၅)ကို၂၀၁၆ခုနှစ်၊အောက်တိုဘာ ၇ ရက်တွင် ရွေးကောက်ပွဲ ခုံအဖွဲ့(၄)၏ ချမှတ်ခဲ့သည့်စီရင်ချက်(အမိန့်)အားဦးစိုးစိုးက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အယူခံမှုအမှတ် (၂၄/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ဦးထွန်းခင်၊ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးမှ မူလရွေးကောက်ပွဲခုံအဖွဲ့(၄)၏ ၇-၁၀-၂၀၁၆ရက်နေ့ကချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမိန့်ကိုအတည်ပြုပြီး အယူခံလျှောက် ထားသူ ဦးစိုးစိုး၏အယူခံကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း၊ တရားစရိတ် ငွေကျပ်-၁၀၀၀၀ဝိ/(ကျပ်တစ်သိန်းတိတိ)ကို အယူခံလျှောက်ထားသူကအယူခံလျှောက်ထားခံရသူအားပေးစေသည့် အမိန့်ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက အယူခံမှုအမှတ် (၂၂) နှင့် (၂၃) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် ဒီဇင်ဘာ ၁၅

    ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးပုန်ဘွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် လောင်း ဦးကိုကိုနိုင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၃၈/၂၀၁၅) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် တွင် ရွေးကောက်ပွဲခုံအဖွဲ့(၂)က ချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးကိုကိုနိုင်က ကျေနပ်မှု မရှိသဖြင့်အယူခံမှုတင်သွင်းလာရာပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၂၂/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးမှ မူလရွေးကောက်ပွဲခုံအဖွဲ့၏ ၁၉-၉-၂၀၁၆ရက်နေ့က ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမိန့်ကို အတည်ပြုပြီး အယူခံလျှောက်ထားသူ ဦးကိုကိုနိုင်၏ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှု အားစရိတ်နှင့်တကွပယ်ကြောင်း၊တရားစရိတ်ငွေကျပ်-၁၀၀၀၀ဝိ/(ကျပ်တစ်သိန်း)ကို အယူခံ လျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့်အမိန့်ချမှတ်ခဲ့ကြောင်း သိရှိ ရသည်။

    မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးတိုးရွှေ(ခ) ဒေါက်တာတင်ဌေးအောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဦးစိုးမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က လျှောက် ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ်(၇/၂၀၁၅)ကို ၂၀၁၆ခုနှစ်၊စက်တင်ဘာ ၃၀ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့(၁)ကချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးစိုးမောင်က ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၂၃/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး၊ခုံအဖွဲ့ဝင်များအဖြစ်ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင် သည့်စုံညီခုံရုံးမှ မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးတိုးရွှေ(ခ)ဒေါက်တာတင်ဌေးအောင်၏ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟုဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိုးမောင်၏ ကန့်ကွက်လျှောက်ထားလွှာကို စရိတ်နှင့်တကွပယ်ကြောင်း ချမှတ်ခဲ့သည့် မူလရွေးကောက်ပွဲခုံအဖွဲ့(၁)၏ ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုလိုက်ပြီး အယူခံ လျှောက်ထားသူ၏ အယူခံမှုကိုစရိတ်နှင့် တကွပယ်ကြောင်း၊ တရားစရိတ်ငွေကျပ်-၁၀၀၀၀ဝိ/ (ကျပ်တစ်သိန်း)ကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအားပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ရွေးကောက်ပွဲခုံရုံးများမှဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ အထိ (၄၃) မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး ယနေ့အထိ နိုင်ငံတော်ပြန်တမ်းတွင်ထည့်သွင်း ကြေညာ ခဲ့သော အမှုပေါင်းမှာ (၃၈) မှု ရှိပြီးဖြစ်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၄)၊(၁၅)နှင့်(၁၆)တို့ အား စီရင်ချက် (အမိန့်)များ ချမှတ်

    body

    နေပြည်တော် နိုဝင်ဘာ ၂၈

    ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါရှိခဲ့သော် လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံးရရှိမည်ဖြစ်၍ လျှောက်ထားခံရသူအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်၍ လျှောက်ထားသူ ကိုသာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှု ကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၄/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ လက်ခံခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးတင်မြင့် နှင့် ဦးမောင်မောင်လေးမြင့်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် လျှောက်ထားသူ ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ဝင်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများမပါဝင်ပါက လျှောက်ထားသူသည်သာ မဲအများဆုံးရရှိ နိုင်မည်ဖြစ်၍ လျှောက်ထားခံရသူအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ပြီး လျှောက်ထားသူအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆုံးဖြတ် ပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၅/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် ဦးတင်မြင့် နှင့်ဦးမောင်မောင်လေးမြင့် တို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၃)က ကြားနာ စစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ရက်တွင် လျှောက်ထားသူ ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာအောင်မြတ်သူ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ)က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပြီး လျှောက်ထားခံရသူ ရရှိသောမဲများတွင်တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသောမဲများမပါရှိခဲ့သော် လျှောက်ထားသူသာ မဲအများဆုံး ရရှိနိုင်မည်ဖြစ်၍ လျှောက်ထားသူအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၆/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် ဦးတင်မြင့် နှင့်ဦးမောင်မောင်လေးမြင့် တို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၃)က ကြားနာ စစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ရက်တွင် လျှောက်ထားသူ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၂၇) အား ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် နိုဝင်ဘာ ၂၈

    ၁။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ထွန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ယင်းမဲဆန္ဒနယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် လက်ခံခဲ့ပြီးရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲ ခုံအဖွဲ့(၃)က လျှောက်ထားသူဦးသက်ထွန်းသည် တောင်းဆိုသည့် သက်သာခွင့်ကို ရထိုက်သည် မဟုတ်၍ လျှောက်ထားသူ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအား စရိတ်နှင့်တကွပလပ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့သည်။ ယင်းအမိန့်အပေါ် လျှောက်ထားသူ ဦးသက်ထွန်းမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အယူခံမှုအမှတ် (၂၇/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။ ယင်းအမှုကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်၌ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက် (တနင်္လာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်သည်။

  • စုံညီခုံရုံးက အယူခံမှုအမှတ် (၁၉)၊(၂၀) နှင့် (၂၁) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် နိုဝင်ဘာ ၁၇

    ၁။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးကျော်မြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)အပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးအောင်မျိုးဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၁/၂၀၁၅) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက် တွင် ရွေးကောက်ပွဲခုံအဖွဲ့(၄) က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အား ဦးအောင်မျိုးဦးက ကျေနပ်မှု မရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၉/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၂။ ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးမှ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုကို စရိတ်နှင့်တကွခွင့်ပြုပြီး မူလရွေးကောက်ပွဲခုံအဖွဲ့(၄)၏ ကန့်ကွက်လွှာအမှုအမှတ်(၁၁/၂၀၁၅)တွင်(၂-၉-၂၀၁၆)ရက်နေ့ကချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမိန့်အား ပယ်ဖျက်၍(၈-၁၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဒုတိယခိုင်လုံမဲအများဆုံး ရရှိသူ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦး (အယူခံ လျှောက်ထားသူ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အား ယင်းမဲဆန္ဒနယ်အမှတ်(၂)၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်ကြောင်း၊ တရားစရိတ်ငွေကျပ်တစ်သိန်းနှင့်တကွ အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးကိုကိုနိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)အပေါ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ်(၁၀/၂၀၁၅)ကို ၂၀၁၆ခုနှစ်၊စက်တင်ဘာ ၂ ရက်တွင် ရွေးကောက်ပွဲ ခုံအဖွဲ့(၄)ကချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးထွန်းထွန်းဝင်းက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၂၀/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၄။ ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ဦးစိုးရယ်၊ဦးထွန်းခင်၊ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးမှ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုကို စရိတ်နှင့်တကွခွင့်ပြုပြီး မူလရွေးကောက်ပွဲခုံအဖွဲ့(၄)၏ ကန့်ကွက်လွှာအမှုအမှတ်(၁၀/၂၀၁၅)တွင်(၂-၉-၂၀၁၆)ရက်နေ့ကချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမိန့်ကိုပယ်ဖျက်၍ (၈-၁၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဒုတိယခိုင်လုံမဲအများဆုံးရရှိသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှအယူခံလျှောက်ထားသူဦးထွန်းထွန်းဝင်းအား ရမည်းသင်း မြို့နယ်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း၊ တရားစရိတ်ငွေကျပ် တစ်သိန်း နှင့်တကွ အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၅။ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးလွင်စိုးမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁၂/၂၀၁၅) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၃) က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အား ဦးလွင်စိုးမင်းက ကျေနပ်မှု မရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၂၁/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၆။ ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးမှ အယူခံမှုကိုခွင့်ပြုပြီး ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၁၂/၂၀၁၅)တွင် ရွေးကောက်ပွဲခုံအဖွဲ့(၃)က ချမှတ်ခဲ့သည့် ၅-၉-၂၀၁၆ရက်စွဲပါ ဆုံးဖြတ်ချက်ကို ပယ်ဖျက်၍ ဦးမြင့်အောင်၏ ကန့်ကွက်လွှာကို တရားစရိတ်ကျပ်တစ်သိန်းနှင့်တကွ ပယ်သည့် အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ နိုဝင်ဘာ ၁၇ ရက်နေ့ အထိ (၃၉) မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်း ကြေညာခဲ့သော အမှုပေါင်းမှာ (၃၃)မှု ရှိပြီးဖြစ်သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၂၂) နှင့် (၂၃) တို့အား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် နိုဝင်ဘာ ၁၆

    ၁။ ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးကိုကိုနိုင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က ရခိုင်ပြည်နယ်၊ ချင်း တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊လွှတ်တော်ကိုယ်စားလှယ် ဦးပုန်ဘွေ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၂)က လျှောက်ထားခံရသူ ဦးပုန်ဘွေအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်သည်ဟုဆုံးဖြတ်ပြီး လျှောက်ထားသူ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက်(အမိန့်)ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးကိုကိုနိုင်မှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၂၂/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။ ယင်းအမှုကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်၌ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စု ရှေ့နေ ချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရှိရသည်။

    ၂။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုးရွှေ(ခ)ဒေါက်တာတင်ဌေးအောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၁) က လျှောက်ထား ခံရသူဦးတိုးရွှေ(ခ)ဒေါက်တာတင်ဌေးအောင်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်သည်ဟုဆုံးဖြတ်ပြီး လျှောက်ထားသူ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်း ဆုံးဖြတ်ချက်(အမိန့်)ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးစိုးမောင်မှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အယူခံမှုအမှတ် (၂၃/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။ ယင်းအမှုကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်၌ ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ ၁၆ ရက် (ဗုဒ္ဓဟူးနေ့) တွင်နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဖြစ်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၅) အား စီရင်ချက် (အမိန့်) ချမှတ်

    body

     

    နေပြည်တော် အောက်တိုဘာ ၂၁

    ၁။ ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသက်ထွန်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ပဲခူးတိုင်း ဒေသကြီး၊ကျောက်ကြီးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)ရရှိသော ခိုင်လုံမဲ၊ပယ်မဲများအား ပြန်လည်စိစစ် ရေတွက်ပေးပါရန်နှင့် လျှောက်ထားခံရသူရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသော မဲများမပါရှိခဲ့သော် ခိုင်လုံမဲအများဆုံးရရှိသူ လျှောက်ထားသူအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်ကြေညာပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၃၅/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးတင်မြင့်နှင့် ဦးမောင်မောင်လေးမြင့်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃) က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် လျှောက်ထားသူ ဦးသက်ထွန်းသည် တောင်းဆိုသည့် သက်သာခွင့်ကိုရထိုက်သည်မဟုတ်၍ လျှောက်ထားသူ၏ ရွေးကောက်ပွဲကန့်ကွက်လျှောက်ထားလွှာအမှုအား စရိတ်နှင့်တကွပလပ်ကြောင်း ဆုံးဖြတ်ပြီးအမှု စရိတ်ငွေ ကျပ်နှစ်သိန်းတိတိကို လျှောက်ထားသူမှ လျှောက်ထားခံရသူအား ပေးစေသည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ အောက်တိုဘာ ၂၁ ရက်နေ့ အထိ (၃၉) မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၇) မှု ရှိပြီးဖြစ်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၃) အား စီရင်ချက် (အမိန့်) ချမှတ်

    body

    နေပြည်တော် အောက်တိုဘာ ၁၈

    ၁။ ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တန်းမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က ရန်ကုန် တိုင်းဒေသကြီး၊ကျောက်တန်းမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အေးမြမြမျိုး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများကို ပြန်လည်စိစစ် ပေးပါရန်နှင့် လျှောက်ထားခံရသူရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါရှိခဲ့သော် လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံးရရှိ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၃/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးတင်မြင့် နှင့် ဦးမောင်မောင်လေးမြင့်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် လျှောက်ထားသူ ဦးအုန်းမြင့် အနေဖြင့် တောင်းဆိုသည့်သက်သာခွင့်ကို ရထိုက်သူမဟုတ်၍ လျှောက်ထားသူ၏ကန့်ကွက်လျှောက် ထားလွှာအား စရိတ်နှင့်တကွပလပ်ကြောင်းနှင့် အမှုစရိတ် ငွေကျပ်နှစ်သိန်းတိတိကို လျှောက်ထားသူ က လျှောက်ထားခံရသူအားပေးစေရန် သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၉) (၂၀) နှင့် (၂၁) တို့အား နိုဝင်ဘာ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

     

    နေပြည်တော် အောက်တိုဘာ ၁၇

    ၁။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၄)က လျှောက်ထား ခံရသူ ဦးကျော်မြင့်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်သည်ဟု ဆုံးဖြတ်ပြီးလျှောက်ထားသူ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ် ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးအောင်မျိုးဦးမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၉/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၂။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၉/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် (တနင်္လာနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် နေ့တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည်ဖြစ်ကြောင်း သိရှိရသည်။

    ၃။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ)ကမန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၄) က လျှောက်ထား ခံရသူ ဦးကိုကိုနိုင်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်သည်ဟု ဆုံးဖြတ်ပြီးလျှောက်ထားသူ ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးထွန်းထွန်းဝင်းမှ ကျေနပ်မှု မရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အယူခံမှု အမှတ် (၂၀/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။

    ၄။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၂၀/၂၀၁၆)ကို၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် (တနင်္လာနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေ အကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ယင်းအယူခံမှု အတွက် အပြီးသတ်အမိန့် ချမည်ဖြစ်ကြောင်း သိရှိရသည်။

    ၅။ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၃)က တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်အား အဆိုပါမဲဆန္ဒနယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြေညာပေးစေရန် စရိတ်နှင့်တကွ ဆုံးဖြတ် ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားခံရသူ ဦးလွင်စိုးမင်းမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၂၁/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၆။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၂၁/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် (တနင်္လာနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည်ဖြစ်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၉) နှင့် (၄၀) အား စီရင်ချက် (အမိန့်) များချမှတ်

    body

    နေပြည်တော် အောက်တိုဘာ ၁၄

    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဦးဝင်းဆွေ (မဲဆန္ဒရှင်)က စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် မှပျက်ပြယ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၃၉/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်းနှင့်ဦးကျော်သူတို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၄)က ကြားနာ စစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၄ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်ခင်စန်းလှိုင်အား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းနှင့် တရားစရိတ် ကျပ်တစ်သိန်း သတ်မှတ် သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ဆွေ(ခ)ဦးတင့်ဆွေ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးပါရန်နှင့် လျှောက်ထားသူသာလျှင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူဖြစ်ကြောင်း ဆုံးဖြတ်ပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၄၀/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်းနှင့်ဦးကျော်သူတို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၄)က ကြားနာ စစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၄ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးဇော်ထက်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်ကြောင်းနှင့် တရားစရိတ် ကျပ်တစ်သိန်း သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

     

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄၂)၊(၄၃)နှင့်(၄၄) အား စီရင်ချက် (အမိန့်) များချမှတ်

    body1

    နေပြည်တော် အောက်တိုဘာ ၇

    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးစိုးစိုး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က စစ်ကိုင်း တိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှု ကြောင့် ရရှိသောမဲများ မပါဝင်ပါက လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံး ရရှိနိုင်မည်ဖြစ်၍ လျှောက်ထားခံရသူအား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ကြောင်းနှင့် လျှောက်ထားသူအား ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း ကြေညာပေးပါရန် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ်(၄၂/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူ တို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဦးမောင်မောင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)အားရွေးကောက်တင်မြှောက်ခြင်းသည်တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ၏ ကန့်ကွက်လွှာကို တရား စရိတ်နှင့်တကွပယ်ကြောင်း နှင့် တရားစရိတ် ကျပ်တစ်သိန်း သတ်မှတ်သည့် စီရင်ချက် ( အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ကြိုင် (ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ) က စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်မော်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါဝင်ပါက လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံး ရရှိနိုင်မည်ဖြစ်၍ လျှောက်ထားခံရသူအား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ် ကြောင်းနှင့် ဆန္ဒမဲအများဆုံးရသူ လျှောက်ထားသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးရန် တိုင်းဒေသကြီးလွှတ်တော်( သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄၃/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ လက်ခံခဲ့သည်။

    ၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်း နှင့် ဦးကျော်သူတို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ် ဦးမြင့်မော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိန်ကြိုင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ၏ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်းနှင့် တရားစရိတ် ကျပ်တစ်သိန်းသတ်မှတ်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၅။ စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ) က စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဟန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသော မဲများမပါရှိပါက လျှောက်ထားသူသာ မဲအများဆုံး ရရှိ၍ လျှောက်ထားခံရသူ၏ရွေးကောက်တင်မြှောက်ခံရခြင်းသည်ပျက်ပြယ်ကြောင်းနှင့် လျှောက်ထား သူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကြေညာပေးပါရန် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၄၄/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ လက်ခံ ခဲ့သည်။

    ၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်း နှင့် ဦးကျော်သူတို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးသိန်းဟန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်း နှင့် တရားစရိတ် ကျပ်တစ်သိန်းသတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက အယူခံမှုအမှတ် (၁၆)၊(၁၇) နှင့် (၁၈) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် အောက်တိုဘာ ၆

    ၁။ မကွေးတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂)၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးပြူးလွင်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၁၇) ကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၄ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ချမှတ် ခဲ့သည့် စီရင်ချက် (အမိန့်)အား ဦးလှဆွေက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၆/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၂။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များဖြစ် ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့က ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် စုံညီခုံရုံးက အယူခံလျှောက်ထားသူ ဦးလှဆွေ၏ အယူခံလျှောက်ထားမှုကိုခွင့်ပြု၍ မူလ ရွေးကောက်ပွဲခုံအဖွဲ့ (၁)၏ ၄-၈-၂၀၁၆ရက်နေ့တွင် ချမှတ်ခဲ့သော အမိန့်ကို ပယ်ဖျက်ပြီး ကျန်ရှိသည့်ငြင်းချက်များကို ကြားနာစစ်ဆေးပြီးမှ ဆုံးဖြတ်သွားရန်၊ မူလရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ်(၁၇/၂၀၁၅)ကို ဆက်လက်စစ်ဆေးသွားရန် အမိန့်ချမှတ်ခဲ့ပြီး ရှေ့နေ စရိတ်ကျပ် သုံးသောင်းသတ်မှတ်သည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးဆားမူ ( ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အပေါ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၂၄)ကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၈ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့(၄) ကချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးဆားမူက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်း လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၇/၂၀၁၆) ဖြင့် လက်ခံ ခဲ့သည်။

    ၄။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက စစ်ကိုင်း တိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဆားမူသည် ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက် ပွဲဥပဒေ ပုဒ်မ ၇၁ (က) နှင့် (ဃ)တို့အရ ပျက်ပြယ်ကြောင်း ၊ဦးကယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း မူလရွေးကောက်ပွဲ ခုံအဖွဲ့(၄)က ၈-၈-၂၀၁၆ရက်နေ့တွင် ချမှတ် ခဲ့သော ဆုံးဖြတ်ချက်အမိန့်အား ဆက်လက်အတည်ပြုပြီး အယူခံလျှောက်ထားမှုအား စရိတ် နှင့်တကွပယ်ကြောင်း နှင့် အယူခံအမှုစရိတ် ငွေကျပ်တစ်သိန်းတိတိကို အယူခံ လျှောက်ထား သူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၅။ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးညီစိန်[တအာင်း(ပလောင်) အမျိုးသားပါတီ]အပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဆာလူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ်(၁)ကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၀ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ချမှတ် ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးစိုင်းဆာလူက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်း လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၈/၂၀၁၆) ဖြင့် လက်ခံ ခဲ့သည်။

    ၆။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ ၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ဦးညီစိန်အား ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ၊ တရားဝင် အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည့် မူလရွေးကောက်ပွဲခုံအဖွဲ့ (၁)၏၁၀-၈-၂၀၁၆ ရက်စွဲပါ ဆုံးဖြတ်ချက်အား ဆက်လက်အတည်ပြုကြောင်းနှင့် အယူခံလျှောက်ထားသူ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ အယူခံလျှောက်ထားလွှာကို စရိတ်နှင့် တကွ
    ပယ်ကြောင်း၊ အယူခံမှု အမှုစရိတ်ငွေကျပ် တစ်သိန်းတိတိကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရ သည်။

    ၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ အောက်တိုဘာ ၆ ရက်နေ့ အထိ (၃၃) မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်း ကြေညာခဲ့သော အမှုပေါင်းမှာ (၂၆)မှု ရှိပြီးဖြစ်သည်။

  • စုံညီခုံရုံးက အယူခံမှုအမှတ် (၁၄) နှင့် (၁၅) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် အောက်တိုဘာ ၄

    ၁။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးကျော်ရွှေ(ရခိုင်အမျိုးသားပါတီ) အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ခင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အား ဦးကျော်ခင်က ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၄/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၂။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးကျော်ရွှေသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးကျော်ခင်၏ ကန့်ကွက်လျှောက်ထားလွှာကို စရိတ်နှင့်တကွပယ်ကြောင်း ချမှတ်ခဲ့သည့် မူလခုံအဖွဲ့(၂)၏ ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြု၍ အယူခံလျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့် တကွပယ်ကြောင်း၊ အမှုစရိတ်ငွေကျပ်တစ်သိန်းကို အယူခံလျှောက်ထားသူက အယူခံ လျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့် ချမှတ်ခဲ့ကြောင်းသိရှိရသည်။

    ၃။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးစစ်နိုင်(ရခိုင်အမျိုးသားပါတီ) အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသခင်ချို(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အား ဦးသခင်ချိုက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၅/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၄။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးစစ်နိုင်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်သည် ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးသခင်ချို၏ ကန့်ကွက်လွှာကိုစရိတ်နှင့်တကွပယ်ကြောင်း ချမှတ်ခဲ့သည့် မူလခုံအဖွဲ့ (၂)၏ ဆုံးဖြတ်ချက်အမိန့်အား ဆက်လက်အတည်ပြု၍ အယူခံလျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့် တကွပယ်ကြောင်း၊ အယူခံမှုအမှုစရိတ်ငွေကျပ် တစ်သိန်း တိတိကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၇) အား စီရင်ချက် (အမိန့်) ချမှတ်

    body

    နေပြည်တော်   စက်တင်ဘာ  ၃၀

    ၁။ မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုးမောင်( ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က မကွေးတိုင်း ဒေသကြီး၊ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုးရွှေ(ခ)ဒေါက်တာ တင်ဌေးအောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါရှိခဲ့သော် လျှောက်ထားသူသာလျှင် ခိုင်လုံမဲအများဆုံး ရရှိမည်ဖြစ်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ကန့်ကွက်လွှာတင်သွင်း ထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ်(၇/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေ (ဥပဒေကျွမ်းကျင်သူ) နှင့် ဦးဝင်းမော်(ဥပဒေကျွမ်းကျင်သူ)တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင် သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က ဆက်လက် ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးတိုးရွှေ(ခ)ဒေါက်တာတင်ဌေးအောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အားရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိုးမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ် ကြောင်းနှင့် ရှေ့နေစရိတ် ကျပ်သုံးသောင်းသတ်မှတ်သည့်စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိ ရသည်။

    ၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ် ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ စက်တင်ဘာ ၃၀ ရက်နေ့အထိ (၃၄)မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၃)မှု ရှိပြီးဖြစ်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄) အား စီရင်ချက် (အမိန့်) ချမှတ်

    body

    နေပြည်တော် စက်တင်ဘာ ၂၆

    ၁။ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဉာဏ်လင်းဦးက ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ တအာင်း(ပလောင်)အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်နှင့်ယင်းမဲဆန္ဒနယ်တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းသန်းစိန်(ခ) ဦးထွန်းအောင်တို့ ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများမပါရှိခဲ့လျှင် လျှောက်ထားသူကသာ မဲအများဆုံးရရှိသူဖြစ်၍ မိမိအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကြေညာပေးပါရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄/၂၀၁၅)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေ (ဥပဒေကျွမ်းကျင်သူ) နှင့် ဦးဝင်းမော်(ဥပဒေကျွမ်းကျင်သူ)တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင် သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က ဆက်လက် ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂၆ရက်တွင် ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ် ၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထား ခံရသူ(၁) ဦးအေးမောင် [တအာင်း (ပလောင်)အမျိုးသားပါတီ]အား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဉာဏ်လင်းဦး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်းနှင့် ရှေ့နေစရိတ် ကျပ်သုံးသောင်း သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက်(အမိန့်)ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ စက်တင်ဘာ ၂၆ ရက်နေ့အထိ (၃၃)မှု ရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၃)မှု ရှိပြီးဖြစ်သည်။

  • ဒုတိယအကြိမ် ရွေးကောက်ပွဲဥပဒေဆိုင်ရာလုပ်ငန်းစဉ် သုံးသပ်ဆွေးနွေးပွဲကျင်းပ

    body1

    Register to read more...

  • ဒုတိယအကြိမ် ရွေးကောက်ပွဲဥပဒေဆိုင်ရာလုပ်ငန်းစဉ် သုံးသပ်ဆွေးနွေးပွဲကျင်းပ

    body1

    နေပြည်တော် စက်တင်ဘာ ၂၀

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Stakeholdersများအကြား ဒုတိယအကြိမ် ရွေးကောက်ပွဲ ဥပဒေဆိုင်ရာလုပ်ငန်းစဉ် သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်း(၁၅) ဖွဲ့၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ယခု ဆွေးနွေးပွဲမှ အကြံပြုချက်များသည် နောင်လာမည့် ရွေးကောက်ပွဲများ ပိုမိုတိုးတက်ကောင်းမွန် အောင် ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများ ပြင်ဆင်ရေး ကို ဥပဒေကြမ်းကော်မတီနေဖြင့် လွှတ်တော်တွင် ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးပေးစေလိုပါကြောင်း၊ကော်မရှင်အနေဖြင့် ပြည်တွင်း ပြည်ပ စောင့်ကြည့်လေ့လာသူများ ၏ အစီရင်ခံစာများမှ အကြံပြုချက်များနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများမှ အကြံပြုချက်များကို စုစည်းပေးထားပြီး နိုင်ငံတကာ ရွေးကောက်ပွဲများအား သွားရောက် လေ့လာခဲ့သည့် အတွေ့အကြုံများကိုလည်း အကြံပြုထားပါကြောင်း၊ လွှတ်တော်ကော်မရှင်နှင့် ကော်မတီများက ဦးဆောင်ဆွေးနွေးပေးရန် မျှော်လင့်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုသာ အကြံပြု တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲကို လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုံညီစွာ တက်ရောက်ခဲ့ကြသည့်အတွက် ဘက်ပေါင်းစုံမှ ဆွေးနွေးအကြံပြုကြမည်ဟု မျှော်လင့် ပါကြောင်း ပြောကြားပါသည်။

    ယင်းနောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပထမအကြိမ် ဆွေးနွေးပွဲ အစီရင်ခံ စာအား ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကျင့်သုံးသည့် ဥပဒေများနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်များအား ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်နှင့် ဦးထွန်းခင်တို့က အကြံပြု ဆွေးနွေးပါသည်။

    ၎င်းနောက် ရွေးကောက်ပွဲဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းစဉ်အတွက် ဆောင်ရွက်မည့် အချိန်ကာလ၊ ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေဆိုင်ရာများနှင့် ဦးစားပေး စဉ်းစားရမည့် ကဏ္ဍများ၊ ရွေးကောက်ပွဲဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ပြင်ဆင်ရေး လုပ်ငန်းစဉ် အတွက် ကဏ္ဍစုံမှ ပါဝင်သည့် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် နည်းလမ်း များအား တက်ရောက်လာသူများမှ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

  • စုံညီခုံရုံးက အယူခံမှုအမှတ် (၁၂) နှင့် (၁၃) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်းနှင့် ကန့်ကွက်လွှာအမှုအမှတ် (၃၈) အား အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် စက်တင်ဘာ ၁၉

    ၁။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးလာမာလေး [လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)]အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇောင်းခေါင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အား ဦးဇောင်းခေါင်က ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၂/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၂။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးလာမာလေးသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တရားဝင်အတည်ဖြစ်သည်ဟုဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဇောင်းခေါင်၏ ကန့်ကွက်လျှောက်ထားလွှာကို စရိတ်နှင့်တကွပယ်ကြောင်းချမှတ်ခဲ့သည့် မူလခုံအဖွဲ့(၂)၏ ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုကြောင်း၊ အယူခံလျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့် တကွပယ်ကြောင်း၊ အမှုစရိတ်ငွေကျပ်တစ်သိန်းကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့် ချမှတ်ခဲ့ကြောင်းသိရှိရသည်။

    ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးသန်းညွန့် [တိုင်းလိုင် (ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ] အပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဝေဖြိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၄) က ချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးဝေဖြိုးက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၃/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၄။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက စစ်ကိုင်းတိုင်း ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်အဖြစ် ဦးသန်းညွန့်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်သည် ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဝေဖြိုး၏ကန့်ကွက်လွှာကိုစရိတ်နှင့်တကွပယ်ကြောင်း ချမှတ်ခဲ့သည့် မူလခုံအဖွဲ့ (၄)၏ ဆုံးဖြတ်ချက်အမိန့်အား ဆက်လက်အတည်ပြု လိုက်ကြောင်း၊ အယူခံလျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့်တကွပယ်ကြောင်း၊ အယူခံမှု အမှုစရိတ်ငွေကျပ် တစ်သိန်းတိတိကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၅။ ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကိုကိုနိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က ဦးပုန်ဘွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းနှင့် လျှောက်ထားသူသည်သာ ခိုင်လုံသော မဲအများဆုံးရရှိသူဖြစ်၍ ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် အဖြစ် ကြေညာပေးပါရန် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့်နည်းဥပဒေ ၈၇ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၈/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံကြားနာခဲ့သည်။

    ၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်တွင် ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ချင်းတိုင်းရင်းသားလူမျိုး လွှတ်တော်ကို ယ်စားလှယ်အဖြစ် ရွေးချယ်ခံရသူ ဦးပုန်ဘွေ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား ရွေးချယ်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည်ပြုကြောင်း၊ လျှောက်ထားသူ၏ ကန့်ကွက်လျှောက်ထားမှုအား စရိတ်နှင့်တကွ ပယ်သည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့အထိ (၃၂) မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၃)မှု ရှိပြီးဖြစ်သည်။

  • အားသာချက်၊ အားနည်းချက််များကို သုံးသပ်ကာ ပိုမိုပြည့်စုံသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်

    body

    နေပြည်တော် စက်တင်ဘာ ၁၆

    ယနေ့ကမ္ဘာတွင် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုများစွာ ရှိသော်လည်း ပြီးပြည့်စုံသော ရွေးကောက်ပွဲဟူ၍ မရှိသေးပါကြောင်း၊ အားသာချက်၊ အားနည်းချက်များ တည်ရှိနေပါကြောင်း၊ ထို့အတူ မိမိတို့ နိုင်ငံတွင်လည်း ပြီးခဲ့သည့် နှစ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် အားသာချက်၊ အားနည်းချက်များ ရှိခဲ့ပါကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဒီမိုကရေစီအသွင် ကူးပြောင်းရာတွင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဖိုရမ် အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြားသည်။

    အဆိုပါ ပြုပြင်ပြောင်းလဲရေးဖိုရမ်ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ စက်မှုဝန်ကြီးဌာနအဆောက်အဦ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌက ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြီးခဲ့သည့် ရွေးကောက်ပွဲမှ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ်ကာ ပိုမိုပြည့်စုံသော ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။ လာမည့် ၂၀၁၇ ခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများကိုလည်း အားနည်းချက်များ နည်းနိုင်သမျှ နည်းစေရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ ပိုမိုပြည့်စုံသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ယနေ့ကျင်းပသည့် ဖိုရမ်မှ ဆွေးနွေးမှု ရလဒ်များသည် မိမိတို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအတွက် များစွာ အထောက်အကူပြုနိုင်သည့်အတွက် အကြံပြုဆွေးနွေးပြောကြားရန် ဖိတ်ခေါ်ပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

    ဖိုရမ်တွင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲခြင်းနှင့် စပ်လျဉ်းသည့် နိုင်ငံတကာအတွေ့အကြုံများကို ဝေမျှရာတွင် ပါကစ္စတန်နိုင်ငံရွေးကောက်ခံ လွှတ်တော် အမတ်တစ်ဦး၏ အမြင်၊ အိန္ဒိယနိုင်ငံရွေးကောက်ပွဲစီမံခန့်ခွဲမှု အဖွဲ့အစည်းအတွင်းရှိ အဖွဲ့ဝင်တစ်ဦး၏ အမြင်နှင့် သီရိလင်္ကာနိုင်ငံမှ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ အမြင် စသည်တို့ကို ပါကစ္စတန်၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံများ၏ အတွေ့အကြုံများနှင့်အတူ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

    ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် စိန်ခေါ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် စပ်လျဉ်း၍ လည်းကောင်း တက်ရောက်လာကြသူများက ဝိုင်းဝန်း ဆွေးနွေးကြသည်။

    အဆိုပါဖိုရမ်သို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ရွေးကောက် ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

  • ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲ ကျင်းပ

    body

    နေပြည်တော် စက်တင်ဘာ ၁၄

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral System(IFES) တို့မှ ကြီးမှူးပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့် သင်တန်း ဆင်းပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက်၈နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲအရာရှိများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများနှင့် IFES မှတာဝန် ရှိသူများ တက်ရောက်ခဲ့ ကြသည်။

    အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မြို့နယ်ရွေးကောက်ပွဲ အရာရှိများအဖြစ်ဆောင်ရွက်ရမည်ဖြစ်၍
    လက်အောက်ဝန်ထမ်းများထက် လုပ်ငန်းကျွမ်းကျင်မှုနှင့် စည်းကမ်းရှိမှုအပိုင်းတွင် ပိုမိုသာလွန်ရမည်ဖြစ်ပြီး စံပြဖြစ်ရန် လိုအပ်ပါကြောင်း၊ မိမိတာဝန်ကျရာ အရပ်ဒေသရှိ ယဉ်ကျေးမှုဓလေ့ ထုံးစံများကို လေးစားလိုက်နာရမှာဖြစ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ရုံးလုပ်ငန်း အခြေခံနှင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေ လုပ်ငန်းလမ်းညွှန်များကို သေချာစွာ လေ့လာ၍ ရွေးကောက်ပွဲများတွင် ကျွမ်းကျင် ပိုင်နိုင်စွာ ပြန်လည်အသုံးချရမှာ ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ် မဲဆန္ဒနယ်ရှိသော မြို့နယ်များအလိုက် ကြိုတင်ပြင်ဆင်ရန်ရှိသည်များကို ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ရိုးသားကြိုးစားပြီး စေတနာထား ဆောင်ရွက်ခြင်းအားဖြင့် လွတ်လပ် တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲများကို အောင်မြင်စွာ ကျင်းပပေးသွားနိုင်မည်ဖြစ်ကြောင်းနှင့် ဤသင်တန်းဖြစ်မြောက် အောင်မြင်ရေးအတွက် ကူညီဆောင်ရွက်ပေးသော နိုင်ငံတကာအထောက်အကူပြု အဖွဲ့အစည်းဖြစ်သည့်
    International Foundation for Electoral System (IFES) အား အထူးကျေးဇူးတင်ရှိပါကြောင်းပြောကြားပါသည်။

    ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ဂုဏ်ပြုမှတ်တမ်းလွှာများအား သင်တန်းပို့ချ ပေးခဲ့သည့် ဆရာ ဆရာမများ အားလည်းကောင်း၊ သင်တန်းသားများ၏ သင်တန်းဆင်း လက်မှတ်များအား တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ သင်တန်းသား ကိုယ်စားလှယ် များအားလည်းကောင်း၊ ဂုဏ်ပြု အမှတ်တရ တံဆိပ်အား Grand Amara ဟိုတယ်မှ တာဝန်ရှိသူတစ်ဦးအားလည်းကောင်း ပေးအပ်ခဲ့သည်။

  • အသိပညာပေးဟောပြောပွဲကျင်းပ

    body

    body1

    body2

    နေပြည်တော်၊ စက်တင်ဘာ ၁၄
    ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းတက်ရောက်နေသည့် ရွေးကောက်ပွဲ အရာရှိများအား ၁၄-၉-၂၀၁၆ ရက်နေ့ ည (၇) နာရီအချိန်တွင် Grand Amara Hotel ၌ ဒေါက်တာအောင်ထွန်းသက်မှ Public Service ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ပြုလုပ်ခဲ့သည်

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၆) (၁၇) နှင့် (၁၈) တို့အား အောက်တိုဘာ ၆ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    zbody

    နေပြည်တော် စက်တင်ဘာ ၁၄

    ၁။ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပြူးလွင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ၂၁-၁၂-၂၀၁၅ ရက် နေ့တွင် ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၄ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က လျှောက်ထားခံရသူ ဦးပြူးလွင်အား ရွေးကောက်တင်မြှောက်ခံရခြင်း သည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးလှဆွေမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က)နှင့် နည်းဥပဒေ ၉၉ တို့အရ အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၆/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၂။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၆/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည်ဖြစ်ကြောင်း သိရှိရသည်။

    ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) က စစ်ကိုင်း တိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆားမူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အပေါ် ၂၂-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲ ခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ ခုံအဖွဲ့ (၄) က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁) နှင့် (ဋ) တို့အရ ဦးဆားမူသည် တရားမဲ့ပြုကျင့်မှုများ ပြုလုပ်ကြောင်း ပေါ်ပေါက်သဖြင့် ယင်းတရားမဲ့ပြုကျင့်မှုကြောင့် ရရှိသော မဲများမပါရှိပါက လျှောက်ထားသူ ဦးကယ်သည်သာလျှင် ခိုင်လုံမဲအများဆုံးရရှိသူဖြစ်သဖြင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဖြစ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားခံရသူမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၈ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၄ (က)နှင့် နည်းဥပဒေ ၉၉ အရ အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၇/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။

    ၄။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီ ခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၇/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက် နေ့တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရှိရသည်။

    ၅။ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းဆာလူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၅) မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန် [တအာင်း(ပလောင်)အမျိုးသားပါတီ] အပေါ် ၁-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က လျှောက်ထားခံရသူ ဦးညီစိန်အား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို စရိတ် နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက်(အမိန့်)ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးစိုင်းဆာလူမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၂၂ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၉၉ တို့အရ အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၈/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၆။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၈/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည်ဖြစ်သည်။

     

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၄) နှင့် (၁၅) တို့အား အောက်တိုဘာ ၄ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် စက်တင်ဘာ ၁၂

    ၁။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ခင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ)က ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ (ရခိုင်အမျိုးသားပါတီ) အပေါ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊၆၈တို့အရ ၂၃-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက် နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂)က လျှောက်ထားခံရသူ ဦးကျော်ရွှေအား ရွေးကောက်တင်မြှောက် ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးကျော်ခင်မှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က)နှင့် နည်းဥပဒေ ၉၉ တို့ အရ အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၄/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ် သည်။

    ၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၄/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် (တနင်္လာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက် (အင်္ဂါနေ့) တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည် ဖြစ်ကြောင်း သိရှိရသည်။

    ၃။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသခင်ချို (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က ရခိုင်ပြည် နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင် (ရခိုင်အမျိုးသားပါတီ) အပေါ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊၆၈ တို့အရ ၂၄-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က လျှောက်ထားခံရသူ ဦးစစ်နိုင် အား ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည်ဖြစ်လျက်ရှိကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးသခင်ချို၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က)နှင့် နည်း ဥပဒေ ၉၉ အရ အယူခံမှု လျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၅/၂၀၁၆) ဖြင့် လက်ခံ ခဲ့ပြီး ဖြစ်သည်။

    ၄။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၅/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် (တနင်္လာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက် (အင်္ဂါနေ့) တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည် ဖြစ်သည်။

  • ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့်သင်တန်း ဖွင့်လှစ်

    body

    body1

    နေပြည်တော် စက်တင်ဘာ ၁၂

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral System (IFES) တို့မှ ကြီးမှူး၍ ရွေးကောက်ပွဲဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက်၈နာရီခွဲတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်အတွင်းရေးမှူး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲအရာရှိများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိများနှင့် IFES မှတာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲအရာရှိများအနေဖြင့် မိမိတို့တာဝန် ကျရာ ဒေသအသီးသီးတွင် မိမိတို့၏တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်သည်များကို ဘာသာရပ် ( ၁၅ ) ခု ခွဲခြား၍ သင်ကြား ပေးသွားမှာ ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ များအနေဖြင့် သင်တန်းကာလ တိုတောင်းသော်လည်း သင်ကြားပေးသည့် ဘာသာရပ်များသည် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း တာဝန်များ အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် များစွာ အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် မိမိကိုယ်တိုင် အရည်အသွေး မြင့်အောင် တည်ဆောက်သွားရန်လိုအပ်သကဲ့သို့ မိမိကြီးကြပ်ကွပ်ကဲရသည့် အမှုထမ်းများ၏ အရည်အသွေး မြင့်အောင် တည်ဆောက်ရမှာဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် ရိုးသား ကြိုးစားပြီး ပေးအပ်သည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ရန် လိုကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ၊ ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းများကို စီမံခန့်ခွဲဆောင်ရွက်နိုင်ရန် လေ့လာထားရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်၊ အမိန့်နှင့် ညွှန်ကြားချက်များ ကို ကျေကျေညက်ညက် သိရှိနားလည်ထားရမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် များသည် ကော်မရှင် တစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရဘဲ အခြားသော ဝန်ကြီးဌာနများနှင့် ဆက်စပ်ဆောင်ရွက် ရခြင်းဖြစ်၍ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေ များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရမည်ဖြစ်ပြီး လစ်လပ်မဲဆန္ဒ နယ်မြေများတွင် တာဝန်ထမ်းဆောင်ကြမည့် ရွေးကောက်ပွဲအရာရှိများအနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အောင်မြင်အောင် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြမည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအပေါ် အလေးအနက်ထား တာဝန်ယူဆောင်ရွက်သွားရန် ပြောကြားပါသည်။

    ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက သင်တန်း၏ ရည်ရွယ်ချက် များနှင့် သင်တန်းတွင် ပို့ချမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပါသည်။

    ၎င်းသင်တန်းတွင် သင်တန်းသားများအား အုပ်စု (၅) ခု ခွဲ၍ မဲစာရင်းပြုစုခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလဒ်များပေါင်းစည်းဖြည့်သွင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း များ စီစဉ်ခြင်းနှင့် ဘတ်ဂျက်စီမံခန့်ခွဲမှု၊ ရုံးလုပ်ငန်းစီမံခန့်ခွဲမှု၊ အများပြည်သူ အသိပညာ ပေးခြင်း၊ နိုင်ငံရေးပါတီများဆိုင်ရာ၊ ပြင်ပအဖွဲ့အစည်းများနှင့် ဆက်ဆံရေး၊ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းဆိုင်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာ ဘေးအန္တရာယ်များစီမံ ခန့်ခွှဲမှုနှင့် ရွေးကောက်ပွဲတွင် အားလုံးပါဝင်နိုင်ရေး စသည့် သင်ခန်းစာများအား စက်တင်ဘာလ ၁၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။

  • မဲဆန္ဒရှင်စာရင်း သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

    body

    body1

    နေပြည်တော်၊ စက်တင်ဘာ ၆

    ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ၏ မဲဆန္ဒရှင်စာရင်း ခြုံငုံသုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်၊ အတွင်းရေးမှူး ဦးတင်ထွန်း၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ IFES မှ Mr. Thomas Chanussot နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် ၂၀၁၅ ခုနှစ် မဲဆန္ဒရှင်စာရင်း အား ပြန်လည်သုံးသပ်စစ်ဆေးတွေ့ရှိမှုများ အရ မဲဆန္ဒရှင်စာရင်းနှင့် သန်းခေါင်စာရင်းအား နှိုင်းယှဉ် သုံးသပ်ချက်၊ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သုံးသပ်ချက်၊ မဲဆန္ဒရှင်စာရင်း နှင့် သန်းခေါင်စာရင်းတို့အား အသက်အရွယ် အလိုက် နှိုင်းယှဉ်ချက်၊ မဲဆန္ဒရှင်စာရင်းနှင့် သန်းခေါင်စာရင်းတို့အား တိုင်းဒေသကြီး/ ပြည်နယ် အလိုက် နှိုင်းယှဉ်ချက်၊ ပုံစံ (၃)၊ ပုံစံ (၄)၊ ပုံစံ ၄(ဂ) များဖြင့် လျှောက်ထားမှုများအပေါ် သုံးသပ်ချက်၊ ပုံစံ ၃ (က) ဖြင့် လျှောက်ထားမှုနှင့် ပုံစံ ၃ (ခ) ဖြင့် မူလမဲစာရင်း ပယ်ဖျက်မှုအပေါ် သုံးသပ်ချက်၊ မြို့နယ်မဲစာရင်းနှင့် Central Database မဲစာရင်း အချိန်နှင့်တစ်ပြေးညီ တစ်ထပ် တည်းဖြစ်မှုအပေါ် သုံးသပ်ချက်၊ ရန်ကုန်တိုင်းဒေသကြီးရှိ (၃) မြို့နယ်တို့တွင် ၂၀၁၅ ခုနှစ် မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်၍ ပြန်လည်စိစစ်ခဲ့မှု အခြေအနေတို့အားလည်းကောင်း၊ မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် Update ပြုလုပ်ရာတွင် ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြသည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၂) အား စီရင်ချက် (အမိန့်) ချမှတ်

    body

    နေပြည်တော် စက်တင်ဘာ ၅

    ၁။ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်က ရန်ကုန် တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းအပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးပြီး ဒုတိယခိုင်လုံမဲအများဆုံးရရှိသူ မိမိအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၂/၂၀၁၅)ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးတင်မြင့်နှင့် ဦးမောင်မောင်လေးမြင့်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃) က ဆက်လက်ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်အား အဆိုပါမဲဆန္ဒနယ်၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြေညာပေးစေရန် စရိတ်နှင့်တကွ ဆုံးဖြတ်ကြောင်း၊ လျှောက်ထားခံရသူ ဦးလွင်စိုးမင်း၏ ပြန်လှန်ကန့်ကွက်လွှာအား စရိတ်နှင့်တကွ ပလပ်ကြောင်းနှင့် ရှေ့နေစရိတ် ကျပ်တစ်သိန်းတိတိ သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက်(အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ စက်တင်ဘာ ၅ ရက်နေ့အထိ (၃၀)မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၀)မှု ရှိပြီးဖြစ်သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၂) နှင့် (၁၃) တို့အား စက်တင်ဘာ ၁၉ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် စက်တင်ဘာ ၂

    ၁။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇောင်းခေါင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ)က ကချင် ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလာမာလေး {လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)}အပေါ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊၆၈တို့အရ ၂၁-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်း ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာ စစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင်များအဖြစ် ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင် တို့ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၂)က လျှောက်ထားခံရသူ ဦးလာမာလေးအား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် အတည်ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးဇောင်းခေါင်မှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က)နှင့် နည်းဥပဒေ ၉၉ တို့အရ အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၂/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁၂/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၂/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက် (သောကြာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်(တနင်္လာနေ့)၊ နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေဖြိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က စစ်ကိုင်း တိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့် {တိုင်းလိုင်း(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးရေးပါတီ] အပေါ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ တို့အရ ၂၂-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင် များအဖြစ် ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူ တို့ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၄) က လျှောက် ထားခံရသူ ဦးသန်းညွန့်အား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည် ဖြစ်လျက်ရှိကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဝေဖြိုး၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးဝေဖြိုးမှ ကျေနပ်မှု မရှိသဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ် ၈ ရက်နေ့တွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်း ဥပဒေ ၉၉ အရ အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၃/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၄။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၁၃/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံး ရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၃/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်( သောကြာ နေ့ )တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက် (တနင်္လာ နေ့)တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၀)နှင့်(၁၁) အား စီရင်ချက် (အမိန့်) များချမှတ်

    body1

    နေပြည်တော် စက်တင်ဘာ ၂

    ၁။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်းက မန္တလေး တိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းဆုံးဖြတ်ပေးပါရန်နှင့် ဒုတိယ မဲအများဆုံးရရှိသူလျှောက်ထားသူသည်သာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာ ပေးပါရန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက် တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၀/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူတို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄) က ဆက်လက်ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးကိုကိုနိုင်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်း၊ တရားစရိတ် ငွေကျပ် တစ်သိန်း တိတိကို လျှောက်ထားသူက လျှောက်ထားခံရသူအား ပေးစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦးက မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်အပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းဆုံးဖြတ်ပေးရန်နှင့် ဒုတိယမဲ အများဆုံးရရှိသူ လျှောက်ထားသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁၁/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံ ခဲ့သည်။

    ၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူတို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄) က ဆက်လက်ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးကျော်မြင့်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်း၊ တရားစရိတ် ငွေကျပ် တစ်သိန်း တိတိကို လျှောက်ထားသူက လျှောက်ထားခံရသူအား ပေးစေရန် အမိန့်ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံအမှုအမှတ် (၉)၊ (၁၀) နှင့် (၁၁) အား အပြီးသတ်အမိန့်များ ချမှတ်ခြင်း

    body

    နေပြည်တော်၊ သြဂုတ်-၃၀

    ၁။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဝင်းနိုင်အပေါ် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဖြူ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ခုနှစ်၊ ဇွန် ၁၃ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့(၂)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အား ဦးမောင်မောင်ဖြူက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ်(၉/၂၀၁၆)ဖြင့် လက်ခံခဲ့သည်။

    ၂။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ ရွေးကောက်တင်မြှောက်ခံရခြင်း သည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးမောင်မောင်ဖြူ၏ ကန့်ကွက်လျှောက်ထားလွှာကို စရိတ်နှင့်တကွပယ်ကြောင်းချမှတ်ခဲ့သည့် မူလရွေးကောက်ပွဲ ခုံအဖွဲ့(၂)၏ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြုလိုက်ပြီး အယူခံလျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့်တကွပယ်ကြောင်း၊ အမှုစရိတ် ငွေကျပ်တစ်သိန်းတိတိကို အယူခံ လျှောက်ထားသူက အယူခံလျှောက်ထားခံရသူအားပေးစေသည့် အပြီးသတ်အမိန့်ကို ချမှတ် ခဲ့ကြောင်း သိရှိရသည်။

    ၃။ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ [စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)]မှ ဦးဇခုန်ယိန်းဆောင် အပေါ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခေါဘောမ်၏ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုကို ၂၀၁၆ ခုနှစ်၊ ဇွန် ၁၄ ရက်နေ့တွင်ရွေးကောက်ပွဲခုံအဖွဲ့(၂)က ချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးခေါဘောမ်က ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ်(၁၀/၂၀၁၆)ဖြင့် လက်ခံခဲ့သည်။

    ၄။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မဲဆန္ဒ နယ်အမှတ်(၂)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်သည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး အယူခံမှု လျှောက်ထားသူ ဦးခေါဘောမ်၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်းချမှတ်ခဲ့သည့် မူလရွေးကောက်ပွဲခုံအဖွဲ့(၂)၏ ဆုံးဖြတ်ချက်ကို ဆက်လက် အတည်ပြုလိုက်ကြောင်း၊ အမှုစရိတ်ငွေကျပ်တစ်သိန်းတိတိကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအားပေးစေသည့် အပြီးသတ်အမိန့်ကို ချမှတ်ခဲ့ကြောင်း သိရှိ ရသည်။

    ၅။ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း (တစ်သီးပုဂ္ဂလ)အပေါ် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစံဝေခေါင်လွမ်း၏ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၂/၂၀၁၅)နှင့် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးယောနာ (တစ်သီးပုဂ္ဂလ)၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄၁/၂၀၁၅)တို့ကို တစ်ပေါင်းတည်း ကြားနာစစ်ဆေးပြီး ၂၀၁၆ ခုနှစ်၊ ဇွန် ၂၄ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့(၂)က ချမှတ် ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးဇခုန်တိန့်ယိန်းက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်း လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၁/၂၀၁၆)ဖြင့် လက်ခံ ခဲ့သည်။

    ၆။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ်၊အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အယူခံမှု လျှောက်ထားသူ ဦးဇခုန်တိန့်ယိန်းအား ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရခြင်းသည် တရားမဲ့ ပြုကျင့်မှုများကြောင့် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း၊အယူခံမှု လျှောက်ထား ခံရသူ ဦးယောနာ(တစ်သီးပုဂ္ဂလ)သည် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)တွင် ခိုင်လုံသောမဲအများဆုံးရရှိပြီး အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည့် မူလရွေးကောက်ပွဲ ခုံအဖွဲ့(၂) ၏ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီး အယူခံလျှောက်ထားမှုကို စရိတ်နှင့် တကွပယ်ကြောင်း၊ အမှုစရိတ်ငွေကျပ်တစ်သိန်းတိတိကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူများအားပေးစေသည့် အပြီးသတ် အမိန့်ကို ချမှတ်ခဲ့ ကြောင်း သိရှိရသည်။

    ၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ ၃၀-၈-၂၀၁၆ ရက်နေ့ ထိ (၂၇)မှုရှိပြီး အပြီးသတ်အမိန့် ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့ သော အမှုပေါင်းမှာ (၁၉)မှုရှိပြီးဖြစ်သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော်၊ သြဂုတ် ၁၈

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံအမတ်ကြီး H.E. Mr. Roland Kobia နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်သည့် ရွေးကောက်ပွဲဟု နိုင်ငံတကာမှ အသိအမှတ်ပြုခဲ့ပြီး ဥရောပသမဂ္ဂမှလည်း ကူညီပံ့ပိုးပေးခဲ့ပါကြောင်း၊ လစ်လပ်သွားသော မဲဆန္ဒ နယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပပေးသွားမှာဖြစ်ကြောင်း၊ စောင့်ကြည့် လေ့လာရေးအဖွဲ့များ၏ အစီရင်ခံစာပါ အကြံပြုချက်များအရ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေများ ပြင်ဆင်ရေးကို လွှတ်တော်နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက် ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးမှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ယုံကြည်မှုရှိရန် လိုအပ်ပါကြောင်းတို့ကို ပြောကြားပြီးနောက် နောင်ရွေးကောက်ပွဲများတွင် ဆက်လက်ကူညီပံ့ပိုးနိုင်ရေးအတွက် MoU စာချုပ်လက်မှတ်ရေးထိုးမည့် အခြေအနေ၊ ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေနှင့် ဗြိတိန်နိုင်ငံ လူထုဆန္ဒခံယူပွဲသို့ သွားရောက်လေ့လာခဲ့မှု အတွေ့ အကြုံများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော်၊ သြဂုတ် ၁၇

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခြင်းသည် နိုင်ငံတကာ အဖွဲ့အစည်းများ ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပါကြောင်း၊ လစ်လပ်သွားသော မဲဆန္ဒနယ်များတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ Civic Education နှင့် Voter Education များကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေများ ပြင်ဆင်ရေးကိုလည်း လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို ပြောကြားပြီးနောက် ဧည့်သည်တော်အဖွဲ့မှ မေးမြန်းသည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုရာတွင် အိမ်တိုင် ရာရောက် စမ်းသပ်ကောက်ယူ ဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှု (၄၅)မှုအား အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်နေမှု၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၆) အား စီရင်ချက်(အမိန့်)ချမှတ်ခြင်း

    body

    နေပြည်တော် သြဂုတ် ၁၆

    ၁။ ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)၊ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဒေါက်တာဘမောင်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဖွေအားက ၂၄-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ်( ၃၆ )အား သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၉ (က)(၂)အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူတို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲ ခုံအဖွဲ့(၄)က ဆက်လက်စစ်ဆေးကြားနာခဲ့သည်။

    ၂။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဘမောင်သည် ရွေးကောက်ပွဲ၌ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၆ (ည) အရ တရားမဲ့ပြုကျင့်မှုပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဒေါက်တာဘမောင်အား ရွေးကောက်တင်မြှောက်ခြင်းသည် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၁ (က)အရ ပျက်ပြယ် ကြောင်း ဦးဖွေအားသည် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂) မှ ရွေးကောက်တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ် ကြောင်း ခုံအဖွဲ့မှ ဆုံးဖြတ်ပြီး တရားစရိတ် ငွေကျပ် နှစ်သိန်းတိတိအား လျှောက်ထားခံရသူက လျှောက်ထားသူအားပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာမှုပေါင်းမှာ ၁၆-၈-၂၀၁၆ ရက်နေ့အထိ (၂၇) မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၁၅) မှုရှိပြီးဖြစ်သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဒဂုံတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

     

    body

    နေပြည်တော် သြဂုတ် ၁၁

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက် လေ့လာသော ဒဂုံတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ ဒေါက်တာ ဒေါ်ငယ်ငယ် ဦးဆောင်သည့် ဆရာ၊ ဆရာမ (၈)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၂)ဦးတို့အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မိတ်ဆက်အမှာစကားပြောကြားရာတွင် ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား ခုံအဖွဲ့(၄)ဖွဲ့ ဖွဲ့၍ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေများကိုလည်း လုပ်ငန်းစဉ် များ ပိုမိုရှင်းလင်းလွယ်ကူစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန် Stakeholder အားလုံးပါဝင် သော ပြန်လည်သုံးသပ်ဆွေးနွေးမှု လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တချိန် နိုင်ငံတော်၏ တာဝန်များကို ဆောင်ရွက်ကြရမှာ ဖြစ်၍ ကြိုးစားကြစေလိုကြောင်း ပြောကြားပါသည်။
    ၎င်းနောက် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆိုင်ရာများ၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ဗဟု သုတဖြစ်ဖွယ် အချက်အလက်များနှင့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ စစ်ဆေးကြားနာနေမှု တို့ကို ရှင်းလင်းပြောကြားပါသည်။

    ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ကော်မရှင်အဖွဲ့ဝင် များနှင့် အတွင်းရေးမှူးတို့မှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁) အား ဆုံးဖြတ်ချက် (အမိန့်) နှင့် ချမှတ်ခြင်းနှင့် ကန့်ကွက်လွှာအမှုအမှတ် (၃၈) အား ခုံအဖွဲ့ပြောင်းလဲစစ်ဆေးပေးပါရန် လျှောက်ထားမှုအပေါ် (အမိန့်) ချမှတ်ခြင်း

    body

    နေပြည်တော် သြဂုတ် ၁၀

    ၁။ အမှုမှာ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)မှ ရွေးကောက် တင်မြှောက် ခံရသူ တအာင်း (ပလောင်)အမျိုးသားပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညီစိန်အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းဆာလူကကန့်ကွက်လွှာအမှုအမှတ်(၁/၂၀၁၅)ဖြင့် ကန့်ကွက်လွှာ တင်သွင်းခဲ့သည့်အမှုနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်နန်းထွေးမှုံက ကန့်ကွက်လွှာအမှု အမှတ်(၄၅/၂၀၁၅) ဖြင့်ကန့်ကွက်လွှာတင်သွင်းခဲ့သည့်အမှုတို့မှာမဲဆန္ဒနယ်တစ်ခုတည်းမှ ပေါ်ပေါက်သည့် ကန့်ကွက် လွှာအမှုများဖြစ်၍ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ၆၉(င)အရ ကန့်ကွက်လွှာ အမှုအမှတ် (၁)တွင် တစ်ပေါင်းတည်း ကြားနာစစ်ဆေးရာမှ ပေါ်ပေါက်လာသည့်အမှု ဖြစ်သည်။

    ၂။ ထိုအမှုတွင် လျှောက်ထားသူ(၂)ဒေါ်နန်းထွေးမှုံက မိမိ၏ကန့်ကွက်လွှာကို အမျိုးသား လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၉၆(က) နှင့်တရားမကျင့်ထုံးဥပဒေ အမိန့်၂၃ နည်း၁ အရ ရုပ်သိမ်းခွင့်ပြုပါရန် လျှောက်ထားခဲ့၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးစန်းရွှေ နှင့်ဦးဝင်းမော်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁) ကခွင့်ပြုခဲ့ပြီး အမှုအား ဆက်လက်ကြားနာ စစ်ဆေးခဲ့ပြီးနောက် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)တွင် အမျိုးသားလွှတ်တော် ကိုယ်စား လှယ်အဖြစ် လျှောက်ထားခံရသူ ဦးညီစိန်(တအာင်း(ပလောင်)အမျိုးသားပါတီ) အား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိုင်းဆာလူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်သည့် အမိန့်(စီရင်ချက်)ချမှတ်ခဲ့သည်။

    ၃။ ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးပုန်ဘွေ အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုနိုင်က ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၈) အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကြားနာ စစ်ဆေးလျက်ရှိသည်။

    ၄။ အဆိုပါကြားနာစစ်ဆေးသောအမှုအား မူလရုံးလျှောက်ထားခံရသူ ဦးပုန်ဘွေ မှ တရားမ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၄ အရ ယင်းအမှုအား စစ်ဆေးလျက်ရှိသည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) အစား အခြား သင့်တော်ရာ ခုံအဖွဲ့သို့ ပြောင်းလဲစစ်ဆေးပေးပါရန် လျှောက်ထားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံရန် သင့်/မသင့် ကြားနာနိုင်ရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် နှင့် ဦးလှတင့်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၅) အားဖွဲ့စည်း၍ (၂၈-၇-၂၀၁၆)နေ့တွင် နှစ်ဖက် လျှောက်လဲချက် ကြားနာခဲ့ပြီး ၁၀-၈-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၅)မှ လျှောက်ထားသူ ဦးပုန်ဘွေ (မူလလျှောက်ထား ခံရသူ)၏တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၂၄ အရ ရုံးပြောင်းစစ်ဆေးပေးရန် လျှောက်ထားမှုကို ပယ်ကြောင်း ဆုံးဖြတ်ခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၂၄) အား ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ခြင်း

    body

    နေပြည်တော် သြဂုတ် ၈

    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကယ်က စစ်ကိုင်းတိုင်း ဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဆားမူအပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ကြောင်း၊ လျှောက်ထားခံရသူရရှိသော မဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့်ရရှိသောမဲများ မပါရှိခဲ့သော် လျှောက်ထားသူသည်သာ မဲအများဆုံးရရှိသူဖြစ်ကြောင်းနှင့် လျှောက်ထားသူအား ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကြေညာပေးပါရန် ၂၂-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၂၄) အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်၍ ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူတို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲ ခုံအဖွဲ့ (၄) က ဆက်လက် စစ်ဆေးကြားနာခဲ့သည်။

    ၂။ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဆားမူသည် ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၆ (က) (၁)နှင့် (ဋ)တို့အရ တရားမဲ့ပြုကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် လျှောက်ထားခံရသူ ဦးဆားမူအား ရွေးကောက်တင်မြှောက် ခြင်းသည် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၁ (က) (ဃ) အရ ပျက်ပြယ်ကြောင်း၊ ဦးကယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) မှ ရွေးကောက်တင်မြှောက်ခြင်းခံရသော တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း ခုံအဖွဲ့မှ ဆုံးဖြတ်ပြီး တရားစရိတ် ငွေကျပ်နှစ်သိန်း တိတိအား လျှောက်ထားခံရသူက လျှောက်ထားသူအား ပေးစေခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၇) အား အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် သြဂုတ် ၅

    ၁။ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးပြူးလွင်အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေက ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၁၇)အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေနှင့် ဦးဝင်းမော်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲ ခုံအဖွဲ့ (၁) က စစ်ဆေးကြားနာခဲ့ပါသည်။

    ၂။ အဆိုပါအမှု၏ အမှတ် (၃) ငြင်းချက်ဖြစ်သော ပဏာမငြင်းချက်နှင့်စပ်လျဉ်း၍ "လျှောက်ထားသူ ဦးလှဆွေက လျှောက်ထားခံရသူ ဦးပြူးလွင် တရားမဲ့ပြုကျင့်ခဲ့၍ ရရှိခဲ့သည် ဟု ဆိုသော ဂန့်ဂေါမြို့နယ်၊ မွေ့လယ်ကျေးရွာမဲရုံအမှတ် (၄)၊ ထယ်လှော်ကျေးရွာ၊ ကျွန်းခုံသာ ကျေးရွာ၊ နှမ်းခါးကျေးရွာ၊ ကံကျေးရွာနှင့် ကန်သာကျေးရွာတို့ရှိမဲရုံများ၊ ထီးလင်းမြို့နယ် အညာဝါးဘင်းကျေးရွာနှင့် ဆောမြို့နယ် နတ်ရဲရွာ၊ ပင်ထောင်ရွာတို့ရှိ မဲရုံများမှ ခိုင်လုံမဲများအား နုတ်ပယ် လိုက်လျှင်ပင် လျှောက်ထားသူ ဦးလှဆွေရရှိသော ခိုင်လုံမဲများထက် ကျော်လွန်နေ၍ ရွေးကောက်ပွဲအနိုင်အရှုံးကို မထိခိုက်နိုင်သောကြောင့် အမှုကို ဆက်လက်စစ်ဆေးခြင်းဖြင့် အကျိုးထူးဖွယ်ရာ မရှိဆိုသည်မှာ မှန်ကန်သည်" ဟု ဖြေဆိုဆုံးဖြတ်ပြီး လျှောက်ထားခံရသူ ဦးပြူးလွင်အား မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂) တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းသည် အတည်ဖြစ် ကြောင်းနှင့် လျှောက်ထားသူ ဦးလှဆွေ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း အမိန့် ချမှတ်လိုက်သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၆) အား အပြီးသတ်အမိန့်ချမှတ်

    body

    နေပြည်တော် သြဂုတ် ၅

    ၁။ ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ "ဝ" ဒီမိုကရက်တစ်ပါတီမှ ဦးရန်ကျော်အပေါ် "ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆမ်ဆောင်း ကား၏ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် မေ ၃၁ ရက်တွင် ရွေးကောက် ပွဲခုံအဖွဲ့ (၁)က ချမှတ်ခဲ့သည့်စီရင်ချက် (အမိန့်) အပေါ် ဦးဆမ်ဆောင်းကားက ကျေနပ်မှု မရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၆/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၂။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် သြဂုတ် ၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးရန်ကျော်အား ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည် ဖြစ်သည်ဟု မူလရွေးကောက်ပွဲခုံအဖွဲ့ (၁) ၏ ဆုံးဖြတ်ချက် ကို အတည်ပြုကြောင်းနှင့် အယူခံလျှောက်ထားမှုအား စရိတ်နှင့်တကွ ပယ်သည့် အပြီးသတ် အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၃-၈-၂၀၁၆ ရက်နေ့အထိ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှု (၁၃) မှုအား အပြီးသတ်အမိန့် ချမှတ်ခဲ့ပြီး ဖြစ်သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၅) အား အပြီးသတ်အမိန့်ချမှတ်

    body

    နေပြည်တော် သြဂုတ် ၄

    ၁။ ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ "ဝ" ဒီမိုကရက်တစ်ပါတီမှ ဦးခွန်ထွန်းလူ (ခ) ဦးဒီကီ အပေါ် "ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးစောဖီးလစ်၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် မေ ၃၁ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အပေါ် ဦးစောဖီးလစ်က ကျေနပ်မှု မရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၅/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၂။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် သြဂုတ် ၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးခွန်ထွန်းလူ (ခ) ဦးဒီကီအား ရွေးကောက်တင် မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ၊ တရားဝင် အတည်ဖြစ်သည်ဟု မူလရွေးကောက်ပွဲခုံအဖွဲ့ (၁)၏ ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်းနှင့် အယူခံလျှောက်ထားမှုအား စရိတ်နှင့်တကွ ပယ်သည့် အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၄) အား အပြီးသတ်အမိန့်ချမှတ်

    body

    နေပြည်တော် သြဂုတ် ၃

    ၁။ ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ "ဝ" ဒီမိုကရက်တစ်ပါတီမှ ဦးကျင်ဝမ်းအပေါ် "ဝ"အမျိုးသားစည်းလုံးညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးယောဟန် ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် မေ ၃၁ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အပေါ် ဦးယောဟန်က ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်း လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၄/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၂။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် သြဂုတ် ၃ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးကျင်ဝမ်းအား ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည်ဖြစ်သည်ဟု မူလရွေးကောက်ပွဲခုံအဖွဲ့ (၁) ၏ဆုံးဖြတ်ချက် ကို အတည်ပြုကြောင်းနှင့် အယူခံလျှောက်ထားမှုအား စရိတ်နှင့်တကွ ပယ်သည့် အပြီးသတ် အမိန့် ချမှတ်ခဲ့သည်။

  • ကန့်ကွက်လွှာအမှုအမှတ် (၂၈)၊ (၃၇) အား စီရင်ချက် (အမိန့်) များချမှတ်ခြင်း

    body2

    နေပြည်တော် ဇူလိုင် ၃၁

    ၁။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ခင်က ရမ်းဗြဲမြို့နယ်၊ ပြည် သူ့လွှတ်တော်မဲဆန္ဒနယ်၊ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့သည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၂၈/၂၀၁၅)ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌ၊ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကြားနာ စစ်ဆေးပြီး ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ရွှေ(ရခိုင်အမျိုးသားပါတီ)၏ ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည်ဖြစ်ပြီး လျှောက်ထား သူ ဦးကျော်ခင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၏ ကန့်ကွက်လျှောက်ထားမှုကို စရိတ်နှင့်တကွပယ်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၂။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသခင်ချိုက မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ရခိုင်အမျိုးသားပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင် အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့သည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၃၇/၂၀၁၅) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌ၊ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကြားနာ စစ်ဆေးပြီး ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစစ်နိုင်၏ ရွေးကောက်တင်မြှောက် ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည်ဖြစ်ပြီး လျှောက်ထားသူ ဦးသခင်ချို (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ ကန့်ကွက်လျှောက်ထားမှုကို စရိတ်နှင့်တကွပယ် သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၁၁-၁၂-၂၀၁၅ ရက်နေ့မှစ၍ ရွေးကောက် ပွဲကန့်ကွက်လွှာအမှု (၄၅) မှုကို ကြားနာစစ်ဆေးခဲ့ရာ ၂၉-၇-၂၀၁၆ ရက်နေ့အထိ စီရင်ချက် (အမိန့်) ချမှတ်ပြီး (၂၃) မှုနှင့် စစ်ဆေးရန် (၂၂) မှု ကျန်ရှိကြောင်းနှင့် အမှုများအမြန်ပြီးပြတ် နိုင်ရေး နေ့စဉ်ရုံးထိုင် ကြားနာစစ်ဆေးလျက် ရှိသည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံအမှုအမှတ် (၂) နှင့် (၃) အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body1

    နေပြည်တော် ဇူလိုင် ၃၀

    ၁။ ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီမှ ဦးရားဝမ်ဂျုံအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောနွဲ့ခွန်ဆိုင်ခမ်း၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် မေ ၃၀ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) ကချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အပေါ် ဦးစောနွဲ့ခွန်ဆိုင်ခမ်းက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၂/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၂။ အယူခံတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးရားဝမ်ဂျုံအား ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်ဖြစ်သည်ဟု မူလရွေးကောက်ပွဲခုံအဖွဲ့ (၂) ၏ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း စရိတ်နှင့်တကွပယ်သည့် အပြီးသတ်အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုး ရေးပါတီမှ ဒေါ်လွမ်းလမ်းအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစံဝေခေါင်လွမ်း၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ် မေ ၃၁ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂)က ချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အပေါ် ဦးစံဝေခေါင်လွမ်းက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၃/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၄။ အယူခံတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်လွမ်းလမ်း ရွေးကောက်တင်မြှောက်ခံရခြင်းသည် အတည်ဖြစ်သည်ဟု မူလရွေးကောက်ပွဲခုံအဖွဲ့ (၂) ၏ ဆုံးဖြတ်ချက်ကို အတည်ပြုကြောင်း စရိတ်နှင့်တကွပယ်သည့် အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၃) အားကြားဖြတ်အမိန့်ချမှတ်

    body

    နေပြည်တော် ဇူလိုင် ၂၉

    ၁။ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)မှ ကျောက်တန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၈(က)(ခ)(၁)(၂)နှင့် နည်းဥပဒေ ၈၇ အရ ၁၈-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်လွှာအမှုအမှတ် (၁၃/၂၀၁၅) ဖြင့်လက်ခံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးတင်မြင့်နှင့် ဦးမောင်မောင်လေးမြင့်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင် သည့် ရွေးကောက်ပွဲခုံအဖွဲ့(၃)က စစ်ဆေးကြားနာလျက်ရှိရာ ၂၉-၇-၂၀၁၆ရက် (သောကြာနေ့) တွင် ကြားဖြတ်အမိန့်တစ်ရပ်အား ချမှတ်ခဲ့သည်။

    ၂။ အမှုမှာလျှောက်ထားခံရသူ ဒေါ်အေးမြမြမျိုးအား စစ်ဆေးမည့်အချိန်တွင် လျှောက်ထား သူ၏ ရှေ့နေမှ ရွေးကောက်ပွဲကျင်းပသည့်ကာလအတွင်း၌ ကျောက်တန်းမြို့နယ်အတွင်းရှိ မဲရုံ များတွင် တရားမဲ့ပြုကျင့်မှုများကို လျှောက်ထားသူ ဦးအုန်းမြင့်၏ အခွင့်ရကိုယ်စားလှယ် ဦးမျိုးချစ်မှ တရားလိုပြုလုပ်၍ အမှုဖွင့်တိုင်ကြားခဲ့သောအမှုများကို ကျောက်တန်းမြို့နယ်တရား ရုံးမှ လက်ခံစစ်ဆေးခဲ့ပြီး စီရင်ချက်အမိန့်ချမှတ်ခဲ့သော အဆိုပါပြစ်မှုများ၏ စီရင်ချက်တာဝန်ခံ မိတ္တူမှန်များသည် ယခုအမှုနှင့် စပ်ဆိုင်သဖြင့် သက်သေခံအဖြစ် လက်ခံခွင့်ပြုပါရန် တရားမ ကျင့်ထုံး ဥပဒေ အမိန့် ၁၃၊ နည်း-၂ အရ လျှောက်ထားတင်ပြလာမှု အပေါ် လျှောက်ထားခံ ရသူ၏ရှေ့နေမှ လျှောက်ထားသူဘက်မှ သက်သေခံအဖြစ်လက်ခံခွင့်ပြုရန် တင်ပြသော ကျောက်တန်းမြို့နယ် တရားရုံး၏ စီရင်ချက်တာဝန်ခံမိတ္တူမှန်များသည် ပြစ်မှုဆိုင်ရာ တရားရုံး ၏ စီရင်ချက် အမိန့်များဖြစ်၍ တရားမကျင့်ထုံးဥပဒေနှင့်အညီ စွဲဆိုစစ်ဆေးလျက် ရှိသော ကန့်ကွက်လွှာအမှု တွင် သက်သေခံအဖြစ် လက်ခံခွင့်မပြုသင့်ကြောင်း ကန့်ကွက်လျှောက်ထား တင်ပြလာရာ ရွေးကောက်ပွဲခုံအဖွဲ့ (၃) မှ လျှောက်ထားသူ၏ တရားမကျင့်ထုံး ဥပဒေအမိန့် ၁၃၊ နည်း-၂ အရ လျှောက်ထားမှုကိုပယ်ကြောင်းနှင့် ရှေ့နေစရိတ်သတ်မှတ်ခြင်းမရှိကြောင်း ဆုံးဖြတ်ခဲ့သည်။

  • ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ တာဝန်နှင့် အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

    body

    နေပြည်တော် သြဂုတ် ၁

    ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ တာဝန်နှင့် အခွင့်အရေးများ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီ တွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မရှင်အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၁)ဖွဲ့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိ သူများ၊ International IDEA နှင့် Democracy Reporting International မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် နိုင်ငံ၏ အောင်မြင်သော လွတ်လပ် မျှတသော သမိုင်းဝင် ရွေးကောက်ပွဲတစ်ခု ဖြစ်ခဲ့ပါကြောင်း၊ သမိုင်းဝင်ရွေးကောက်ပွဲဖြစ်စေသည့် အကြောင်းရင်းများ ထဲမှ ထူးခြားသည့် တစ်ချက်မှာ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ သူများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ဖိတ်ကြားခဲ့ပြီး မဲရုံထဲအထိ ဝင်ရောက် စောင့်ကြည့်လေ့လာမှုများကို ခွင့်ပြုခဲ့ပါကြောင်း၊ စောင့်ကြည့်လေ့လာသူ များသည် ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာရှိမှုကို အကောင်းဆုံးဖော်ညွန်းပေးနိုင်သူများ ဖြစ်ပြီး စောင့်ကြည့်လေ့လာမှုသည်လည်း ရွေးကောက်ပွဲ၏ အရည်အသွေးကို မြှင့်တင်ပေးသည့် နည်းလမ်းတစ်ခု ဖြစ်ကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုကြောင့် ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ပေးနိုင်ခြင်း၊ ရွေးကောက်ပွဲရလဒ်ကို အများပြည်သူလက်ခံမှု ပိုမိုမြင့်တက်လာ စေခြင်း၊ မဲဆွယ်စည်းရုံးမှုနှင့် ကိုယ်စားလှယ်လောင်းများ၏ ငွေကြေးသုံးစွဲမှုကို ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်ခြင်း၊ နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများကို ပိုမို စောင့်ရှောက်နိုင်ခြင်း၊ ရွေးကောက်ခံ အစိုးရတစ်ရပ်၏ တရားဝင်ဖြစ်တည်မှုကို ပိုမိုခိုင်မာ စေခြင်းတို့အား ရရှိစေနိုင်ပါကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းသည် ရွေးကောက်ပွဲ နေ့ တစ်ရက်တည်းသာ မဟုတ်ဘဲ ရွေးကောက်ပွဲမကျင်းပမီ၊ ရွေးကောက်ပွဲကျင်းပသည့်နေ့၊ အနိုင်အရှုံး ရလာဒ် ကြေညာပြီးသည်အထိ ရွေးကောက်ပွဲစက်ဝန်းတစ်ခုလုံးကို စောင့်ကြည့် လေ့လာခြင်းလည်း ဖြစ်ကြောင်း၊ စောင့်ကြည့်လေ့လာသည့့် အဖွဲ့အစည်းများ၏ အပြီးသတ် အစီရင်ခံစာများကို ရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည်တင်ပြရပြီး ရွေးကောက်ပွဲလုပ်ငန်း အားလုံး၏ အားသာချက် အားနည်းချက်များကို ပိုမိုကောင်းမွန်စွာ သိရှိနိုင်ကာ သုံးသပ်မှု ပြင်ဆင်မှုများကိုလည်း ပြုလုပ်နိုင်ပါကြောင်း၊ အစီရင်ခံစာများမှ တွေ့ရှိရသည့် အားနည်းချက် အားသာချက်များကို ရွေးကောက်ပွဲလုပ်ငန်းများအပေါ် ပြန်လည်သုံးသပ်မှုများ ပြုလုပ်သည့်အခါ အလေးထား စဉ်းစားမှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများနှင့်ပတ်သက်ပြီး ဥပဒေမူဘောင်တွင် ပြဋ္ဌာန်းထားရှိရေးနှင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွင်း ရရှိခဲ့သည့် စောင့်ကြည့်လေ့လာသူများ၏ အတွေ့ အကြုံများအရ အနာဂတ်ကာလ ရွေးကောက်ပွဲများကို ပိုမိုတိုးတက်ကောင်းမွန်အောင် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်သည်များအား အဓိကဦးတည် ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ ၁၁၄၄၅ ဦးနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ၁၁၅၃ဦး ကို တရား၀င်အသိအမှတ်ပြုပေးခဲ့ကြောင်း၊ လက်တွေ့သဘောအရ စောင့်ကြည့်လေ့လာသူများ ပါက ပွင့်လင်းမြင်သာမှုပိုမိုရှိမှာဖြစ်ပြီး နောင်ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို ပိုမို ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

    ယင်းနောက် မြန်မာနိုင်ငံရှိ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုများအပေါ် သုံးသပ်ချက်ကို International IDEA မှ Mr. Gregory Kehailia ကလည်းကောင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ တာဝန်နှင့် အခွင့်အရေးများ (နှိုင်းယှဉ်ရဥပမာများအား တင်ပြခြင်း) ကို DRI မှ Ms. Eva Gil ကလည်းကောင်း ရှင်းလင်း တင်ပြပါသည်။

    ၎င်းနောက် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများမှ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များ၊ တရားဝင်အသိအမှတ်ပြုခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တင်ပြခဲ့ကြသည်။ ဆက်လက်ပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေ ရေးရာမူဘောင်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်းနှင့်စပ်လျဉ်း၍ စောင့်ကြည့်လေ့လာသူများ လိုက်နာရမည့်ကျင့်ဝတ်များ၊ တရားဝင်အသိအမှတ်ပြုခြင်းလုပ်ငန်းစဉ်၊ မဲရုံတွင်းနှင့် မဲရုံပြင်ပ အတွေ့အကြုံများ၊ ဥပဒေ ရေးရာမူဘောင်အား ပြန်လည်သုံးသပ်၍ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းအား ထည့်သွင်း ဖော်ပြနိုင်မည့် နည်းလမ်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအစီရင်ခံစာ ထုတ်ပြန် ရမည့် အချိန်ကာလနှင့် ၎င်းအစီရင်ခံစာများအား အသုံးပြုခြင်း၊ ကြားဖြတ်ရွေးကောက်ပွဲ များအား စောင့်ကြည့်လေ့လာရာတွင် ဖြစ်နိုင်ခြေရှိသည့် လုပ်ငန်းစဉ်များ၊ အခြားဆောင်ရွက် နိုင်သည့် အဆင့်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများမှ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၉)၊ (၁၀) နှင့် (၁၁) တို့အား သြဂုတ် ၃၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် ဇူလိုင် ၂၇

    ၁။ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးမောင်မောင်ဖြူ (ရခိုင်အမျိုးသားပါတီ)က ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊၆၈၊ နည်းဥပဒေ ၈၇၊ ၈၈ တို့အရ ၂၃-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေး စေခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန် ၁၃ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင်များအဖြစ် ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင် တို့ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၂)က လျှောက်ထားခံရသူ ဦးဝင်းနိုင်အား ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည်ဖြစ်လျက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ချက် (အမိန့်) ချမှတ် ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးမောင်မောင်ဖြူမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ် ဇွန် ၂၈ ရက်နေ့ တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) အရ အယူခံမှုလျှောက်ထား တင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၉/၂၀၁၆)ဖြင့် လက်ခံ ခဲ့ပြီးဖြစ်သည်။

    ၂။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၉/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၉/၂၀၁၆) ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၇ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက် (အင်္ဂါနေ့) နံနက် ၁၀:၀၀ နာရီအချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ၃။ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးခေါဘောမ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင် [စည်းလုံး ညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်)] အပေါ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ တို့အရ ၂၂-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ရွေးကောက်ပွဲ ခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ၂၀၁၆ ခုနှစ် ဇွန် ၁၄ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင်များအဖြစ် ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင် တို့ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့ (၂) က လျှောက်ထား ခံရသူ ဦးဇခုန်ယိန်းဆောင်အား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည်ဖြစ်လျက်ရှိကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးခေါဘောမ်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးခေါဘောမ်မှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) အရ အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၀/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၄။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၁၀/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၀/၂၀၁၆) ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၇ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့်ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက် (အင်္ဂါနေ့)တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ၅။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစံဝေခေါင်လွမ်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က ကချင် ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) မှ ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း (တစ်သီးပုဂ္ဂလ)အပေါ် အမျိုးသား လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ၆၈ နှင့် နည်းဥပဒေ ၈၇ အရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက် နေ့တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကန့်ကွက်လွှာ အမှုအမှတ် (၂/၂၀၁၅)ဖြင့် လည်းကောင်း၊ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၅)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးယောနာ(တစ်သီးပုဂ္ဂလ)က အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၈ အရ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကန့်ကွက်လွှာအမှု အမှတ် (၄၁/၂၀၁၅)ဖြင့် လည်းကောင်းလက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့များဖြင့် ကြားနာစစ်ဆေးခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ကန့်ကွက်လွှာမှုအမှတ် (၂/၂၀၁၅) နှင့် (၄၁/၂၀၁၅) တို့အား လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၉ (င) အရ ကန့်ကွက်လွှာ အမှုအမှတ်(၂)ဖြင့် တစ်ပေါင်းတည်း ဆက်လက်ကြားနာ စစ်ဆေးခဲ့ သည်။

    ၆။ ၂၀၁၆ ခုနှစ် ဇွန် ၂၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် (ဥက္ကဋ္ဌ)အဖြစ်ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင်များအဖြစ် ဦးသောင်းလှိုင် နှင့် ဦးဇော်လင်းမောင်တို့ ပါဝင်သော ရွေးကောက်ပွဲခုံအဖွဲ့(၂)က လျှောက်ထားခံရသူ ဦးဇခုန်တိန့်ယိန်းသည် တရားမဲ့ ပြုကျင့်မှုများကြောင့် ရွေးကောက်တင်မြှောက်ခံရခြင်းဖြစ်၍ ပျက်ပြယ်ကြောင်း ဆုံးဖြတ်ချက် (စီရင်ချက်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားခံရသူ ဦးဇခုန်တိန့်ယိန်းမှ ကျေနပ်မှုမရှိသဖြင့် ၂၀၁၆ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၄(က) အရ အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ်(၁၁/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၇။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၁၁/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံး ရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၁/၂၀၁၆) ကို ၂၀၁၆ ခုနှစ် ဇူလိုင် ၂၇ ရက်(ဗုဒ္ဓဟူးနေ့) တွင် နှစ်ဖက် လျှောက်လဲချက်များနှင့်ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက် (အင်္ဂါနေ့)တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၂၅) အား စီရင်ချက် (အမိန့်) ချမှတ်

    body1

    နေပြည်တော် ဇူလိုင် ၂၆

    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေဖြိုးက စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်အပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း၊ လျှောက်ထားခံရသူ သည် ရွေးချယ်ခံရကြောင်း ကြေညာခွင့်ရထိုက်သူမဟုတ်ဟု ဆုံးဖြတ်၍ လျှောက်ထားသူအား ခိုင်လုံ မဲအများဆုံးရရှိသူဖြစ်ကြောင်းနှင့် ရွေးကောက်ခံရသူဖြစ်ကြောင်း ကြေညာပေးပါရန် တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈နှင့် နည်းဥပဒေ ၈၇ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက် လွှာအမှု အမှတ် (၂၅/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူတို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄) က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးသန်းညွန့်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဝေဖြိုးက တရားစရိတ်ငွေကျပ် နှစ်သိန်းအား လျှောက်ထားခံရသူ ဦးသန်းညွန့် အားပေးစေရန် အမိန့်ချမှတ်ခဲ့သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဒဂုံတက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

    body

    နေပြည်တော် ဇူလိုင် ၂၆

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက် လေ့လာသော ဒဂုံတက္ကသိုလ်၊ ဥပဒေပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာ သင်းသင်းမော် ဦးဆောင်သည့် ဆရာ၊ ဆရာမ (၁၀)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၃၆)ဦးတို့အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

    အစီအစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်ဖွဲ့စည်းမှု၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များအား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာတွေ့သီအိုရီပိုင်းသာမက လက်တွေ့ပိုင်းကိုပါ လေ့လာထိတွေ့မှု ရှိရန်လိုကြောင်း၊ လုပ်ငန်းခွင် ပိုင်း ထိတွေ့မှုရှိမှသာ လုပ်ငန်းခွင် ရောက်ရှိသည့်အခါ ဦးဆောင်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ အဓိကမှာ ကြိုးစားရန် ရိုးသားရန်နှင့် စေတနာထား ဆောင်ရွက်ရန်လိုကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဟူသည့် ဆောင်ပုဒ်အတိုင်း ယနေ့လာရောက်သည့် လူငယ်များအနေဖြင့် နောင်တချိန် လူကြီးဖြစ်လာသည့်အခါ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သီအိုရီပိုင်းသာမက လက်တွေ့နယ်ပယ်မှာပါ အလေးအနက်ထား လေ့လာရန် လိုအပ်ကြောင်း၊ ဘွဲ့ရသွားသည့် အခါတွင်လည်း လုပ်ငန်း ခွင်များသို့ သွားရောက်လေ့လာကြရန်နှင့် နောင်တချိန်တွင် တိုင်းပြည်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။

    ၎င်းနောက် ဒေါက်တာ သင်းသင်းမော်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ရွေးကောက်ပွဲခုံအဖွဲ့ ဖွဲ့စည်းမှု၊ ရွေးကောက်ပွဲအငြင်းပွားမှုများ စစ်ဆေးကြားနာမှုတို့အား ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်သည့် ဦးစိုးရယ်၊ ဦးထွန်းခင် နှင့် ဦးလှတင့်တို့က ဖြည့်စွက်ရှင်းလင်း ပြောကြားပါသည်။

    ယင်းနောက် တက်ရောက်လာသည့် ဆရာနှင့် ကျောင်းသားများမှ ကော်မရှင်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲ တွင် လူငယ်များ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲကော်မရှင်မှ ဆောင်ရွက်ပေးနိုင်မှု မေးခွန်းများနှင့် စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းကလည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေ (Right to Recall Law) နှင့်စပ်လျဉ်း၍ မေးမြန်းချက်ကို ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်ကလည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြား ပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနားကိုရုပ်သိမ်းခဲ့ပါသည်။

    ၎င်းနောက် ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲ ခုံရုံးတရားခွင်များ၌ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား စစ်ဆေးကြားနာ အမိန့်ချမှတ် နေမှုများကို အဖွဲ့ (၄)ဖွဲ့ခွဲ၍ လေ့လာခဲ့သည်။

  • ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ဖွဲ့စည်းရေးဆိုင်ရာ ကြေညာချက်

    {edocs}photo/news_photos/24-7-2016/Declare III.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၇)နှင့် (၈)အား ဆုံးဖြတ်ချက် (အမိန့်) များ ချမှတ်ခြင်း

    body

    နေပြည်တော် ဇူလိုင် ၂၂

    ၁။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၁၀၀ အရတင်သွင်း လာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ ပြင်ဆင်မှုအမှတ် (၂/၂၀၁၆) လျှောက်ထားသူ ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ လျှောက်ထားခံရသူ ဦးမောင်မောင် (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ)၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄(က) နှင့် နည်းဥပဒေ ၁၀၀ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ ပြင်ဆင်မှုအမှတ် (၃/၂၀၁၆) လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)၊ လျှောက်ထားခံရသူ ဦးသိန်းဟန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) တို့၏ အမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်နှင့် ဦးထွန်းခင် တို့ပါဝင်သည့် ပြင်ဆင်မှုခုံရုံးက ၂၀၁၆ ခုနှစ် ဇွန် ၁၄ ရက်တွင် ရုံးထိုင်ကြားနာစစ်ဆေးခဲ့ရာ လျှောက်ထားသူဘက်မှ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ချိုက ပြင်ဆင်မှုအစားအယူခံမှု အဖြစ် လျှောက်ထားတင်ပြခဲ့မှုအား ခုံရုံးကလက်ခံခဲ့ပြီးဖြစ်ပါသည်။

    ၂။ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ တင်သွင်းသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အယူခံမှုအမှတ် (၇/၂၀၁၆) နှင့် (၈/၂၀၁၆) တို့ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက၂၀၁၆ ခုနှစ် ဇူလိုင် ၈ ရက်တွင် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၀ အရ ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိအဆင့် (၁) အောက်မနိမ့်သည့် ပုဂ္ဂိုလ်အား ရုံးတော်သဟာယအဖြစ် ဖိတ်ကြားလျက် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာခဲ့ ပါသည်။

    ၃။ အဆိုပါ ရွေးကောက်ပွဲကန့်ကွက်လွှာ အယူခံမှုအမှတ် (၇) နှင့် (၈) တို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးက ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၂ ရက်နေ့တွင် လျှောက်ထားသူ တို့၏ အယူခံမှုများကို ခွင့်ပြု၍ မူလခုံအမှတ် (၄) ၏ ၁၂-၅- ၂၀၁၆ ရက်စွဲပါ အမိန့်နှင့် ယင်းအမိန့်နှင့် ဆက်စပ်သော ၂၆-၅-၂၀၁၆ အမိန့်များကို ပယ်ဖျက်လိုက်သည်။

    ၄။ မူလခုံအမှတ် (၄) သည် မူလကန့်ကွက်လွှာအမှုများကို ပြန်လည်ဖွင့်လှစ်၍ ဆက်လက် ကြားနာ စစ်ဆေးသွားရန်နှင့် ၁၂-၅-၂၀၁၆ ရက်နေ့တွင် လျှောက်ထားသူတို့ဘက်မှ ရုံးချိန်း ပျက်ကွက်ရသည့်အတွက် လျှောက်ထားခံရသူတို့ဘက်အား ရွှေ့ဆိုင်းစရိတ် ကျပ်တစ်သိန်း စီပေးရန်နှင့် အယူခံမှုများအတွက် ရှေ့နေခ သုံးသောင်းကျပ်စီ သတ်မှတ်လိုက်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၄) အားစီရင်ချက် (အမိန့်) ချမှတ်ခြင်း

    body

    နေပြည်တော် ဇူလိုင် ၂၁

    ၁။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ ရခိုင်အမျိုးသား ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော ဦးခင်မောင်ဌေး အပေါ် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်အောင်က လျှောက်ထားခံရသူရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့်ရရှိသော မဲများမပါရှိခဲ့သော် လျှောက်ထားသူသည် ဆန္ဒမဲအများဆုံးရရှိ၍ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ် ဖြစ်ကြောင်း ကြေညာပေးပါရန် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၈၇၊ ၈၈ တို့အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၄/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံကြားနာခဲ့သည်။

    ၂။ အဆိုပါအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာပြီးနောက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးခင်မောင်ဌေး အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၁ ရက် တွင် ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးတင်အောင်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက် ကြောင်းနှင့် လျှောက်ထားခံရသူ ဦးခင်မောင်ဌေးအား တရားစရိတ် နှစ်သိန်းကျပ် ပေးစေရန် အမိန့်ချမှတ်ခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၉)နှင့် (၂၀) တို့အားစီရင်ချက် (အမိန့်) များချမှတ်

    body

    နေပြည်တော် ဇူလိုင် ၂၀

    ၁။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘောမ်လန်းက ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂)၊လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေးပါတီ)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူအပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းနှင့် လျှောက်ထားသူသည်သာ ခိုင်လုံသော မဲအများဆုံးရရှိသူဖြစ်၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် တိုင်းဒေသ ကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက် တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၉/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာပြီးနောက် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် ကချင် ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် လျှောက်ထားခံရသူ ဒေါ်ခေါ်မာဝူအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဘောမ်လန်း၏ ကန့်ကွက်လွှာကိုစရိတ် နှင့်တကွပယ်လိုက်ပြီး တရားစရိတ် နှစ်သိန်းကျပ်သတ်မှတ်၍ အမိန့်ချမှတ်ခဲ့ကြောင်းသိရှိရသည်။

    ၃။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇောင်းခေါင်က ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလာမာလေးအပေါ် လျှောက်ထားခံရသူအား ဆော့လော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပျက်ပြယ် ကြောင်း ကြေညာပေးရန်နှင့် လျှောက်ထားသူသည်သာ ခိုင်လုံမဲအများဆုံး ရရှိသူဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၂၀/၂၀၁၅) ဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ဖြစ်သည်။

    ၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာပြီးနောက် ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၀ ရက်တွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးလာမာလေးအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည် ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဇောင်းခေါင်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်ပြီး တရားစရိတ်နှစ်သိန်းကျပ် သတ်မှတ်၍ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာမှုအမှတ် (၅) နှင့် (၂၇) အား စီရင်ချက် (အမိန့်)များ ချမှတ်ခြင်း

    body

    နေပြည်တော် ဇူလိုင် ၁၄

    ၁။ ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂)၊ အမျိုးသားလွှတ်တော် ကိုယ် စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးစောသန်း ထွဋ် အပေါ် ကရင်ပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှအမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းဦးနိုင်မောင်မောင်လွင်က လျှောက် ထားခံရသူသည် အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ မဲဆန္ဒရှင်များအား သွယ်ဝိုက်ခြိမ်း ခြောက်၍ အရေးယူပေးပါရန်၊ တရားမဲ့ပြုကျင့်မှုကြောင့်ရရှိသောမဲများကို နှုတ်ပယ်ပါက လျှောက် ထားသူသာ ခိုင်လုံမဲအများဆုံးရရှိ၍ လျှောက်ထားခံရသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပြီး လျှောက်ထားသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် အမျိုးသား လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊၆၈ အရ ၂၃-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေနှင့် ဦးဝင်းမော်တို့ခုံ အဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ဆက်လက်စစ်ဆေးကြားနာခဲ့ပြီး နောက် ၁၃-၇-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမျိုးသားလွှတ် တော်မဲဆန္ဒနယ်အမှတ်(၂) တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးစောသန်းထွဋ်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးနိုင်မောင်မောင်လွင်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်ပြီး ရှေ့နေ စရိတ် ကျပ် သုံးသောင်း သတ်မှတ်၍ အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၂။ ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဒိန်ခန်ဖုန် (ခ) ခန်လင် အပေါ် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချန်းဂျောင်းဆားရ်က လျှောက် ထားခံရသူ၏ ခိုင်လုံမဲများအား ပြန်လည်စိစစ်ရေတွက်ပေးရန်နှင့် လျှောက်ထားခံရသူအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ခြင်းအား ပယ်ဖျက်၍ လျှောက်ထားသူသည်သာ ခိုင်လုံမဲအများဆုံးရရှိသည်ဖြစ်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ် ကြောင်း ကြေညာပေးပါရန် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက် ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၁၁-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာခဲ့ပြီး ၁၄-၇-၂၀၁၆ ရက် (ကြာသာပတေးနေ့)တွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ၌ ဦးဒိန်ခန်ဖုန် (ခ) ခန်လင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ၁၂-၁၁-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၁၀၃/၂၀၁၅) အရ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်အတည် ဖြစ်လျှက်ရှိကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးချန်းဂျောင်ဆားရ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကန့်ကွက်လွှာလျှောက်ထားမှုကို တရားစရိတ်နှင့်တကွ ပယ်ကြောင်းဆုံးဖြတ်ပြီး တရားစရိတ်ငွေကျပ် နှစ်သိန်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူအားပေးစေရန် အမိန့်ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၄)၊ (၅) နှင့် (၆) တို့အား သြဂုတ် ၃ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် ဇူလိုင် ၁၃

    ၁။ ရှမ်းပြည်နယ်၊ ပြည်သူ့လွှတ်တော်၊ ဟိုပန်မြို့နယ် မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးယောဟန် (''ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ) မှ ဟိုပန်မြို့နယ် မဲဆန္ဒ နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျင်ဝမ်း ( "ဝ"ဒီမိုကရက်တစ်ပါတီ) အပေါ် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့် နည်းဥပဒေ ၈၇ တို့ အရ၂၃-၁၂-၂၀၁၅ ရက် နေ့တွင် ကန့်ကွက်လွှာတင်သွင်းလာရာ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲ ခုံအဖွဲ့ (၁) က ရှမ်း ပြည်နယ်၊ ဟိုပန်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် လျှောက်ထားခံရသူ ဦးကျင်ဝမ်းအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူဦးယောဟန်၏ ကန့်ကွက်လွှာကို စရိတ်နှင့် တကွ ပယ်လိုက်သည့် စီရင်ချက် (အမိန့်) ကို ချမှတ်ခဲ့ခြင်းအပေါ် ဦးယောဟန်က ၈-၆-၂၀၁၆ ရက်နေ့တွင် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) အရ အယူခံမှုလျှောက် ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီးဖြစ်ပါသည်။

    ၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲကန့်ကွက်လွှာအယူ ခံမှုအမှတ် (၄/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအားလုံး ခုံရုံးအဖွဲ့ဝင်များအ ဖြစ် ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၀ အရ ပြည်ထောင်စုရှေ့နေ ချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သင့်လျော်သော ဥပဒေ အရာရှိအဆင့် (၁) ထက်မနိမ့်သည့် ပုဂ္ဂိုလ်အား ရုံးတော်သဟာယအဖြစ် ဖိတ်ကြားလျက် ပြည်သူ့ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၉၉ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲအယူခံမှု အမှတ် (၄/၂၀၁၆) ကို ၁၃-၇-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော် သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီးနောက် ၃-၈-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရှိရသည်။

    ၃။ ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် လောင်း ဦးစောဖီးလစ် ("ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ) မှ ဟိုပန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ထွန်းလူ (ခ) ဦးဒီကီ ( "ဝ" ဒီမိုက ရက်တစ်ပါတီ) အပေါ် တိုင်းဒေသကြီးလွတ်တော် သို့မဟုတ် ပြည် နယ်လွှတ်တော် ရွေးကောက် ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့် နည်းဥပဒေ ၈၇ တို့အရ ၂၃-၁၁-၂၀၁၅ ရက်နေ့တွင် ကန့်ကွက် လွှာတင်သွင်းလာရာ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲ ခုံအဖွဲ့ (၁) က ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးခွန်ထွန်းလူ (ခ) ဦးဒီကီအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ် ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစောဖီးလစ်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ် လိုက်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် ဦးစောဖီးလစ်က ၈-၆-၂၀၁၆ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄(က) နှင့် နည်းဥပဒေပုဒ်မ ၉၉ အရ အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီးဖြစ်ပါသည်။

    ၄။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေး ကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၅/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အားလုံး ခုံရုံးအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၀ အရ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိအဆင့် (၁) ထက်မနိမ့်သည့် ပုဂ္ဂိုလ်အား ရုံးတော် သဟာယအဖြစ် ဖိတ်ကြားလျက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေး ကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၉၉ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲအယူ ခံမှုအမှတ် (၅/၂၀၁၆) ကို ၁၃-၇-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီးနောက် ၃-၈-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်ကြောင်းသိရှိရသည်။

    ၅။ ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးဆမ်ဆောင်းကား ("ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ)မှ ဟိုပန် မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်ကျော် ("ဝ" ဒီမိုကရက်တစ် ပါတီ)အပေါ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၇၊၆၈ နှင့် နည်းဥပဒေ ၈၇ တို့အရ ၂၃-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းလာရာ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) တွင် ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်အဖြစ်လျှောက်ထားခံရသူ ဦးရန်ကျော်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးဆမ်ဆောင်းကား၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် ဦးဆမ်ဆောင်းကားက ၈-၆-၂၀၁၆ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၉၉ တို့အရ အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလက်ခံခဲ့ပြီးဖြစ်ပါသည်။

    ၆။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေး ကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၆/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အားလုံး ခုံရုံးအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၀ အရ ပြည်ထောင်စုရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိအဆင့် (၁) ထက်မနိမ့်သည့် ပုဂ္ဂိုလ်အား ရုံးတော် သဟာယအဖြစ် ဖိတ်ကြားလျက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေး ကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၉၉ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲအယူ ခံမှုအမှတ် (၆/၂၀၁၆) ကို ၁၃-၇-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီးနောက် ၃-၈-၂၀၁၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံအမှုအမှတ် (၁) အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် ဇူလိုင် ၁၂

    ၁။ ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ဦးအောင်ကျော်ညွန့် အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခိုင်ညီညီကျော်က ၁၇-၁၂-၂၀၁၅ ရက်နေ့ တွင် ကန့်ကွက်လွှာတင်သွင်းလျှောက်ထားလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ၁၂-၅-၂၀၁၆ ရက်နေ့တွင် လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့်အား ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒ နယ်အမှတ် (၁)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်း သည် ပျက်ပြယ် ကြောင်းဆုံးဖြတ်၍ လျှောက်ထားသူ ဦးခိုင်ညီညီကျော်သည်သာ ခိုင်လုံမဲ အများဆုံးရရှိပြီး ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်းကိုစရိတ်နှင့် တကွ ချမှတ်ပေးသည့် စီရင်ချက် (အမိန့်) အပေါ် ဦးအောင်ကျော်ညွန့်က တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်း ဥပဒေ ၉၉ အရ ၂၃-၅-၂၀၁၆ ရက်နေ့တွင် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ်(၁/၂၀၁၆)ဖြင့်လက်ခံခဲ့ပါသည်။

    ၂။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအားလုံး ပါဝင် သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၇၀ အရ ပြည်ထောင်စုရှေ့နေ ချုပ်ရုံး၏ရုံးတော်သဟာယနှင့် နှစ်ဖက်အမှုသည်များ၏ လျှောက်လဲ တင်ပြချက် များကို ကြားနာခဲ့ပြီးဖြစ်ပါသည်။

    ၃။ အယူခံတင်သွင်းခြင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီခုံရုံးက ဗထူး တပ်နယ် မဲရုံအမှတ် (၁) နှင့် (၂) တို့တွင် ကျင်းပသော ရွေးကောက်ပွဲ သည်သာ တရားမျှတသော ရွေးကောက်ပွဲမဟုတ်သဖြင့် ယင်း ဗထူးတပ်နယ် မဲရုံအမှတ် (၁)နှင့်(၂)တို့မှ လျှောက်ထားသူ ဦးခိုင်ညီညီကျော် နှင့် လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့်တို့၏ ခိုင်လုံမဲရလဒ်များကို ပယ်ဖျက်လိုက်ရာ ဦးခိုင်ညီညီကျော်က ဦးအောင်ကျော်ညွန့်ထက် ခိုင်လုံမဲ ၃၅၀၆ မဲ ပိုမိုရရှိသွားသဖြင့် လျှောက်ထားသူ ဦးခိုင်ညီညီကျော် သည်သာလျှင် ခိုင်လုံမဲအများဆုံးရရှိသူဖြစ်ကြောင်း အတည်ပြုလိုက် ပါသည်။

    ၄။ အယူခံ လျှောက်ထားသူ၏ အယူခံမှုကိုစရိတ်နှင့်တကွပယ်ကြောင်း အမိန့်ချမှတ် ခဲ့သည့်အပြင် အမှုစရိတ်ငွေကျပ် ၁ သိန်းကို အယူခံလျှောက်ထားသူက အယူခံ လျှောက်ထားခံရသူကို ပေးစေရန် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်းသိရှိ ရသည်။

    ၅။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၁ - ၁၂ -၂၀၁၅ ရက်နေ့မှစ၍ ရွေးကောက်ပွဲကန့်ကွက်လွှာအမှု (၄၅) မှုကို စစ်ဆေးခဲ့ရာ ၁၂-၇-၂၀၁၆ ရက်နေ့အထိ အပြီးသတ်အမိန့် ချမှတ်ပြီး (၆) မှုနှင့် ဆက်လက်စစ်ဆေးရန် ၃၉ မှုကျန်ရှိသည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၂/၂၀၁၆) နှင့် (၃/၂၀၁၆) အား ဇူလိုင်လ ၂၉ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

    နေပြည်တော် ဇူလိုင် ၁၁

    ၁။ ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁) ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောနွဲ့ခွန်ဆိုင်ခမ်း (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) မှ ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ၏ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရားဝမ်ဂျုံ (ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အပေါ် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ် တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၈ အရ ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းထား ခြင်းနှင့် စပ်လျဉ်း၍ ၃၀-၅-၂၀၁၆ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်ဥက္ကဋ္ဌအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၂)က ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးရားဝမ်ဂျုံအား ရွေးကောက် တင်မြှောက်ခြင်းသည် ပျက်ပြယ် ခြင်းမရှိ တရားဝင်ဖြစ်သည်ဟု စီရင်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) အရ ဦးစောနွဲ့ခွန်ဆိုင် ခမ်းက ၂-၆-၂၀၁၆ ရက်နေ့တွင် အယူခံမှုလျှောက်ထားခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၂) ဖြင့် လက်ခံခဲ့ပြီးဖြစ်ပါသည်။

    ၂။ ၁၁-၇-၂၀၁၆ ရက် (တနင်္လာနေ့)တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အားလုံးပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ (၇၀) အရ ပြည် ထောင်စုရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိ အဆင့် (၁) ထက်မနိမ့်သည့်ပုဂ္ဂိုလ်အား ရုံးတော်သဟာယ အဖြစ် ဖိတ်ကြားလျက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄(က) နှင့် နည်းဥပဒေ ၉၉ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲအယူခံမှုအမှတ် (၂/၂၀၁၆) ကို ၁၁-၇-၂၀၁၆ (တနင်္လာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာ ပြီးနောက် ၂၉-၇-၂၀၁၆ ရက် (သောကြာနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံ မှုအတွက် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ၃။ ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစံဝေခေါင်လွမ်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က ကချင် ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်လွမ်းလမ်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အပေါ် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈ အရ ကန့်ကွက် လွှာ တင်သွင်းထားမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်လွမ်းလမ်း (ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ရွေးကောက်တင်မြှောက်ခံရခြင်းသည် အတည်ဖြစ် လျက် လျှောက်ထားသည့် လျှောက်ထားမှုအားပယ်သည့်စီရင်ချက် (အမိန့်) ချမှတ်ခဲ့ခြင်း အပေါ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) အရ ဦးစံဝေခေါင်လွမ်းက ၂-၆-၂၀၁၆ ရက်နေ့တွင် အယူခံမှုလျှောက်ထားလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၃)ဖြင့် လက်ခံပြီး ဖြစ်ပါ သည်။

    ၄။ ၁၁-၇-၂၀၁၆ ရက် (တနင်္လာနေ့)တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အားလုံးပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ (၇၀) အရ ပြည် ထောင်စုရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိ အဆင့် (၁) ထက်မနိမ့်သည့်ပုဂ္ဂိုလ်အား ရုံးတော်သဟာယ အဖြစ် ဖိတ်ကြားလျက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄(က) နှင့် နည်းဥပဒေ ၉၉ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲအယူခံမှုအမှတ် (၃/၂၀၁၆) ကို ၁၁-၇-၂၀၁၆ (တနင်္လာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာ ပြီးနောက် ၂၉-၇-၂၀၁၆ ရက် (သောကြာနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူ ခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်သည်။

  • ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီအား ကချင်အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] အမည်သို့ ပြောင်းလဲခွင့်ပြုခြင်း

    {edocs}photo/news_photos/30-6-2016/Announce 13_2016.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၂)၊ (၁၇) နှင့် (၂၂) အား ကြားဖြတ် အမိန့်နှင့် စီရင်ချက်များ ချမှတ်ခြင်း

    body

    နေပြည်တော် ဇွန် ၂၄

    ၁။ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးပြူးလွင် အပေါ် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဆွေက လျှောက်ထား ခံရသူရရှိသော မဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများမပါဝင်ပါက လျှောက်ထား သူသည်သာ ခိုင်လုံမဲအများဆုံးရရှိသူဖြစ်၍ လျှောက်ထားသူ၎င်းအား မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂) ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေညာ ပေးပါရန် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ (က) နှင့် အမျိုးသား လွှတ်တော် နည်းဥပဒေပုဒ်မ ၈၇ အရ ၂၁-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာတင်သွင်း လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီးဖြစ်ပါသည်။
    အဆိုပါအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်၍ ဦးစန်းရွှေနှင့် ဦးဝင်းမော်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲ ခုံအဖွဲ့ (၁) က လျှောက်ထားသူက တရားမကျင့်ထုံးဥပဒေအမိန့် ၁၄၊ နည်း ၅ အရ ငြင်းချက် အမှတ် (၃) ပဏာမငြင်းချက်အား ထုတ်ပယ်ပေးရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ တရားမ ကျင့်ထုံး ဥပဒေ အမိန့် ၁၄ နည်းဥပဒေ ၁ (၃) အရ လျှောက်ထားသူ၏ စွပ်စွဲချက်နှင့် လျှောက် ထားခံရသူ၏ ချေပချက်တို့အပေါ်မူတည်၍ ငြင်းချက်အမှတ် (၃) ကို အမှုမှန်ကန်စွာ ဆုံးဖြတ် နိုင်ရေးအတွက် အခြေပြုရာ ပဏာမငြင်းချက်အဖြစ် သတ်မှတ်၍ ဥပဒေနှင့်အညီ ထုတ်ထား ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ထိုပဏာမငြင်းချက်ကို ထုတ်ပယ်ပေးရန် လျှောက်ထားချက်မှာ ခွင့်ပြုရန်မသင့်ဟု ဆင်ခြင်သုံးသပ်မှတ်ယူသည်။ထို့ကြောင့် လျှောက်ထားသူ၏ တရားမကျင့် ထုံးဥပဒေအမိန့် ၁၄ နည်း ၅ အရ ငြင်းချက်အမှတ် (၃) ပဏာမငြင်းချက်အား ထုတ်ပယ်ပေးရန် လျှောက်ထားချက် ကို ပယ်လိုက်သည်ဟု အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၂။ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသော လျှောက်ထားခံရသူ ဦးဇခုန်တိန့်ယိန်း (တစ်သီးပုဂ္ဂလ) အပေါ် ကချင်ပြည်နယ်လွှတ်တော်၊ ဆော့လော်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ဦးစံဝေခေါင်လွမ်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က မဲဆန္ဒရှင်တစ်ဦးအနေဖြင့် လျှောက်ထားခံရသူသည် တရားမျှတ သော ရွေးကောက်ပွဲကို ပျက်ပြယ်အောင် လုပ်ဆောင်ခဲ့ပြီး ရွေးကောက်ပွဲ ဥပဒေပါ ပြဌာန်းချက် များကို ချိုးဖောက်ခဲ့သည့်အတွက် ကိုယ်စားလှယ်မဖြစ်ထိုက်သောကြောင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးရန် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈ အရ ကန့်ကွက်လွှာကို ၁-၁၂-၂၀၁၅ ရက်နေ့တွင် တင်သွင်းထားမှု၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင် အရွေးခံခဲ့သော ဦးယောနာ (တစ်သီးပုဂ္ဂလ) က လျှောက်ထားခံရသူ ဦးဇခုန်တိန့်ယိန်းအား ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာထားခြင်းမှ ပယ်ဖျက်ပေးပါရန်နှင့် လျှောက်ထားသူ သာလျှင် ကိုယ်စား လှယ်ဖြစ်ထိုက်သူဖြစ်ကြောင်း ဆုံးဖြတ်ပေးရန် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈ အရ ကန့်ကွက်လွှာကို ၂၈-၁၂-၂၀၁၅ ရက်နေ့တွင် တင်သွင်းထားမှု များကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး လွှတ်တော်ရွေးကောက် ဥပဒေပုဒ်မ ၆၉ (င) အရ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၁၅) နှင့် (၄၁/၂၀၁၅) ကိုတစ်ပေါင်းတည်း ကြားနာ စစ်ဆေးခဲ့ပါသည်။
    အဆိုပါအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က စစ်ဆေးကြားနာခဲ့ပြီးနောက် ၂၄-၆-၂၀၁၆ ရက် (သောကြာနေ့)တွင် လျှောက်ထားခံရသူ ဦးဇခုန်တိန့်ယိန်းအား ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅)၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရ ခြင်းသည် တရားမဲ့ပြု ကျင့်မှုများကြောင့် ပျက်ပြယ်ကြောင်းဆုံးဖြတ်သည့် အမိန့်ကို ချမှတ် သည်ဟု သိရှိရပါသည်။

    ၃။ ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) လျှောက်ထားသူပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခေါဘောမ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) က ယင်းမဲဆန္ဒနယ် တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရသော ဦးဇခုန်ယိန်းဆောင် (စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ) အပေါ် တရားမဲ့ပြုကျင့်မှုများ ကျူးလွန်သဖြင့် ရွေးကောက် တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းဆုံးဖြတ်ချက် ချမှတ်ပေးပါရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၈ အရ ၂၂-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာကို တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလက်ခံခဲ့ပြီး ဖြစ်ပါသည်။
    အဆိုပါအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၂) က စစ်ဆေးကြားနာခဲ့ပြီးနောက် ၂၄-၆-၂၀၁၆ ရက် (သောကြာနေ့) တွင် ကချင်ပြည်နယ်၊ ချီဖွေ မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်ယိန်းဆောင်အား ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင် ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးခေါဘောမ်၏ ကန့်ကွက်လွှာကို တရားစရိတ်နှင့် တကွ ပယ်ကြောင်းနှင့် တရားစရိတ်အဖြစ် ကျပ် ၂ သိန်းကို လျှောက်ထားသူ ဦးခေါဘောမ်က လျှောက်ထားခံရသူ ဦးဇခုန်ယိန်းဆောင်သို့ ပေးစေရန် အမိန့်ချမှတ်ခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၈) အား စီရင်ချက်ချမှတ်ခြင်း

    body

    နေပြည်တော် ဇွန် ၂၃

    ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဌေးလွင် (ခ) ဦးဒီလုံး အပေါ် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဇော်ဝင်းက လျှောက်ထားခံရသူ ရရှိသောမဲ များတွင် တရားမဲ့ ပြုကျင့်မှုကြောင့်ရရှိသော မဲများမပါဝင်ပါက လျှောက်ထားသူသည်သာလျှင် ခိုင်လုံမဲအများဆုံးရရှိမည် ဖြစ်၍ လျှောက်ထားသူ ဦးစိုင်းဇော်ဝင်းက ၎င်းအား နမ့်စန်မြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် သတ်မှတ်ကြေညာပေးပါရန် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ နည်းဥပဒေ ၈၇ အရ ၂၁-၁၂-၂၀၁၅ ရက်နေ့တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးစန်းရွှေနှင့် ဦးဝင်းမော်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၁)က စစ်ဆေးကြားနာခဲ့ပြီးနောက် ၂၃-၆-၂၀၁၆ရက် (ကြာသပတေးနေ့) တွင် ရှမ်းပြည်နယ်၊ နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးဌေးလွင် (ခ) ဦးဒီလုံးအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်းဆုံးဖြတ်၍ လျှောက်ထားသူ ဦးစိုင်းဇော်ဝင်း၏ ကန့်ကွက်လွှာကိုစရိတ်နှင့် တကွပယ်လိုက်ပြီး ရှေ့နေစရိတ်ကျပ် သုံးသောင်း သတ်မှတ်၍ အမိန့်ချမှတ်ခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာပြင်ဆင်မှုများနှင့် ကန့်ကွက်လွှာအမှုများ ဆက်လက်စစ်ဆေးခြင်း

    body1

    နေပြည်တော် ဇွန် ၁၄

    ၁။ ရွေးကောက်ပွဲခုံအဖွဲ့ (၄) ဥက္ကဋ္ဌ ဦးလှတင့် ဦးဆောင်သည့်ခုံအဖွဲ့က ၂၆-၅-၂၀၁၆ ရက်နေ့တွင် ကန့်ကွက်လွှာအမှုအမှတ်(၄၂) လျှောက်ထားသူ ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ)နှင့် လျှောက်ထားခံရသူ ဦးမောင်မောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ ကန့်ကွက်လွှာ အမှုအမှတ် (၄၄) လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ လျှောက်ထားခံရသူ ဦးသိန်းဟန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အမှုတွင် လျှောက်ထားခံရ သူများဘက်မှ တရားမကျင့်ထုံး ဥပဒေအမိန့် (၉) နည်းဥပဒေ (၉) (၁) အရ တရားမကျင့်ထုံးဥပဒေ အမိန့် (၉) နည်းဥပဒေ (၈) အရ ပလပ်ခဲ့သည့်အမိန့်ကို ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ရာ လျှောက် ထားသူများဘက်မှ ရုံးသို့အချိန်မီ လာရောက်ရန် ပျက်ကွက်ခြင်းသည် လုံလောက်သည့် အကြောင်း များရှိသည်ဟု မတွေ့ရသဖြင့် တရားမကျင့်ထုံးဥပဒေအမိန့် (၉) နည်းဥပဒေ (၉) အရ လျှောက်ထား ချက်အားပယ်ကြောင်း ကြားဖြတ်အမိန့်ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူများက သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၁၀၀) အရ ပြင်ဆင်မှုလျှောက်ထားခဲ့ရာ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလက်ခံပြီး လွှတ်တော်ရွေးကောက်ပွဲ နည်း ဥပဒေ ၁၀၂ (ခ) အရ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်နှင့် ဦးထွန်းခင်တို့ပါဝင်သည့် ခုံရုံးဖြင့် ကြားနာ စစ်ဆေးသွားမည်ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

    ၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၁၀၀) အရ တင်သွင်း လာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာပြင်ဆင်မှုအမှတ် (၂/၂၀၁၆) လျှောက်ထားသူ ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၊ လျှောက်ထားခံရသူ ဦးမောင်မောင် (အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ)၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ ၁၀၀ အရ တင်သွင်းလာသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ ပြင်ဆင်မှုအမှတ် (၃/၂၀၁၆) လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ)၊ လျှောက်ထားခံရသူ ဦးသိန်းဟန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)တို့၏ အမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်နှင့် ဦးထွန်းခင်တို့ပါဝင်သည့် ခုံရုံးက ၁၄-၇-၂၀၁၆ ရက် (အင်္ဂါနေ့)တွင် ရုံးထိုင်ကြားနာစစ်ဆေးခဲ့ရာ လျှောက်ထားသူဘက်မှ တရား လွှတ်တော်ရှေ့နေ ဦးမောင်မောင်ချိုက ပြင်ဆင်မှုအစား အယူခံအဖြစ်ပြောင်းလဲစစ်ဆေးပေးရန် လျှောက်ထားတင်ပြချက်အပေါ် ခုံရုံးကလက်ခံခဲ့ပြီး ၈-၇-၂၀၁၆ ရက် (သောကြာနေ့)တွင် စုံညီခုံရုံး ဖြင့် ရုံးထိုင် ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

    ၃။ ရွေးကောက်ပွဲခုံအဖွဲ့ (၂) ဥက္ကဋ္ဌ ဦးစိုးရယ် ဦးဆောင်သည့်ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ် (၂၉) လျှောက်ထားသူ ဦးမောင်မောင်ဖြူ (ရခိုင်အမျိုးသားပါတီ)၊ လျှောက်ထားခံရသူ ဦးဝင်းနိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အမှုကို ဆက်လက်စစ်ဆေးခဲ့ရာ ရွေးကောက်ပွဲခုံအဖွဲ့က လျှောက် ထားခံရသူ ဦးဝင်းနိုင်သည်သာ ခိုင်လုံမဲအများဆုံးဖြင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၌ ရွေးကောက်တင်မြှောက်ခံရခြင်းသည် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ၁၂-၁၁-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၄၂/၂၀၁၅) အရ အတည်ဖြစ်လျက်ရှိပြီး လျှောက်ထားသူ တောင်းဆိုသည့် သက်သာခွင့်ရထိုက်မှုမရှိကြောင်း၊ ၂၀၁၅ ခုနှစ်၊နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက် တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ခြင်းမရှိ အတည်ဖြစ်လျက်ရှိကြောင်းဆုံးဖြတ်ပြီး လျှောက်ထား သူ၏ကန့်ကွက်လျှောက်ထားမှုကို တရားစရိတ်နှင့်တကွပယ်သည့်အမိန့်ကို ချမှတ်ခဲ့သည့်အပြင် တရားစရိတ်ငွေ ၂ သိန်းကျပ်ကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ ပေးစေရန် ၁၃-၆-၂၀၁၆ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

    body

    နေပြည်တော် ဇွန် ၁၄

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် ရုံးရှေ့ မျက်နှာစာ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း တက်ရောက်၍ စိန်တစ်လုံးသရက်ပင်အား စိုက်ပျိုးပေးသည်။

    ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲခုံရုံး အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများက စိန်တစ်လုံးသရက်ပင်များ၊ မဟော်ဂနီပင်များနှင့် ကံ့ကော်ပင် များအား တပျော်တပါး စုပေါင်းစိုက်ပျိုးကြပြီး ကော်မရှင်ဥက္ကဋ္ဌက အရာထမ်း၊ အမှုထမ်း များ၏ သစ်ပင်စိုက်ပျိုးနေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့သည်။

    ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိန်တစ်လုံးသရက် (၁၃၃) ပင်၊ မဟော်ဂနီ (၃၅) ပင်နှင့် ကံ့ကော်ပင် (၁၅) ပင်၊ စုစုပေါင်း (၁၈၃) ပင်အား စိုက်ပျိုးခဲ့သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအယူခံမှုအမှတ် (၁/၂၀၁၆) အား ကြားနာစစ်ဆေးခြင်း

    body

    နေပြည်တော် ဇွန် ၁၃

    ၁။          ရွေးကောက်ပွဲခုံအဖွဲ့ (၁) ဥက္ကဋ္ဌ ဦးအောင်မြင့် ဦးဆောင်သည့်ခုံအဖွဲ့က ကန့်ကွက်လွှာ အမှုအမှတ် (၈) လျှောက်ထားသူ ဦးခိုင်ညီညီကျော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အမှုတွင် လျှောက်ထားခံရသူအား ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ကြောင်း ဆုံးဖြတ်ချက်အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ဦးအောင်ကျော်ညွန့်က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၉၉) အရ ၂၃-၅-၂၀၁၆ ရက်နေ့တွင် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ၁၃-၆-၂၀၁၆ (တနင်္လာနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်အားလုံးပါဝင်သည့် စုံညီခုံရုံးဖြင့် ကြားနာစစ်ဆေးသွားမည် ဖြစ်ကြောင်း ဇွန်လ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

    ၂။          တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုအမှတ် (၁/၂၀၁၆) ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအားလုံး ခုံရုံးအဖွဲ့ဝင်များ အဖြစ် ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် ရွေးကောက်ပွဲဥပဒေပုဒ်မ (၇၀) အရ ပြည်ထောင်စု ရှေ့နေချုပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်စေရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သင့်လျော်သော ဥပဒေအရာရှိ အဆင့် (၁) ထက်မနိမ့်သည့်ပုဂ္ဂိုလ်အား ရုံးတော်သဟာယအဖြစ် ဖိတ်ကြားလျက် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၉၉) အရ တင်သွင်းလာသည့် ရွေးကောက်ပွဲ အယူခံမှုအမှတ် (၁/၂၀၁၆) ကို ၁၃-၆-၂၀၁၆ (တနင်္လာနေ့) တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ရုံးတော်သဟာယ၏ ဥပဒေ အကြံဉာဏ်ပေးချက်များကို ကြားနာပြီးနောက် ၁၂-၇-၂၀၁၆ ရက် (အင်္ဂါနေ့) နံနက် ၁၀:၀၀ နာရီ အချိန်တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့်ချမှတ်မည်ဖြစ်သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း The Carter Center မှ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့ အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော်၊ ဇွန် ၉

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် The Carter Center မှ ဌာနေကိုယ်စားလှယ် Mr. Stefan Krause နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    တွေ့ဆုံရာတွင် The Carter Center ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အစီရင်ခံစာ အား ဇူလိုင်လလယ်ခန့်တွင် ကော်မရှင်နှင့် ပူးပေါင်း၍ ထုတ်ပြန်မည့် အစီအစဉ်၊ ကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ Capacity Building မြှင့်တင်ရေးအတွက် သင်တန်းပို့ချ ပေးမည့် အစီအစဉ်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေများ ပြုပြင်ပြောင်းလဲရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်မည့်အစီအစဉ်၊ နောင်လာမည့် ရွေးကောက်ပွဲများအတွက် မဲဆန္ဒရှင်စာရင်းပြုစုမည့် အခြေအနေ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးစီး သည်အထိ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းGender Concerns International မှ Ms. Sabra Bano အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော်၊ ဇွန် ၈

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Gender Concerns International မှ Director ဖြစ်သူ Ms. Sabra Bano အား ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    တွေ့ဆုံရာတွင် Ms. Sabra Bano က ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအား ကျား/မ ရေးရာရှု့ထောင့်မှနေ၍ စောင့်ကြည့်လေ့လာခဲ့ပါကြောင်း၊ ကျား/မရေးရာ တန်းတူညီမျှမှုရှိရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် လွှတ်တော်တွင်း အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ပိုမိုပါဝင်လာစေရေး အတွက် ကော်မရှင်၊ လွှတ်တော်၊ အမျိုးသမီး CSOs အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် လည်း Stakeholders များအားလုံးအတွက် ကျား/မ ရေးရာ အကြံပြုချက်များ ပါဝင်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီး CSOs အဖွဲ့များမှာ အနည်းစုဖြစ်နေ၍ ကော်မရှင်အနေဖြင့် သီးခြား တွေ့ဆုံပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်သင့် ပါကြောင်းနှင့် MoU သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲလုပ်ငန်းစဉ် များတွင် ကျား/မ ခွဲခြားမှု မရှိစေရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပြီး အမျိုးသမီး CSOs အဖွဲ့များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာပါ သုံးသပ်ချက် များအား ကော်မရှင်၏ ဥပဒေ နည်းဥပဒေများနှင့်အညီ ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင်လည်း လွှတ်တော်တွင်း အမျိုးသမီးကိုယ်စားလှယ် ပိုမိုပါဝင်လာစေရေးအတွက် တိုက်တွန်းပြောကြားခဲ့ပါကြောင်း၊ လက်ရှိလွှတ်တော်တွင် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၁၃) ရာခိုင်နှုန်း ပါဝင်လျက်ရှိပြီး နောင်ရွေးကောက်ပွဲများတွင် ပိုမိုပါဝင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ နိုင်ငံတွင် အမျိုးသမီးဦးရေ များသည့်အတွက် အမျိုးသမီးများ နိုင်ငံ့အရေးတွင် ပါဝင်လာမှုကို ပိုမိုအားထားပါကြောင်းနှင့် MoU သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အဆိုပြုလွှာတင်စေလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

  • ရွေးကောက်ပွဲဥပဒေဆိုင်ရာလုပ်ငန်းစဉ် လေ့လာသုံးသပ်ဆွေးနွေးပွဲဆက်လက်ကျင်းပ

    body

    နေပြည်တော် ဇွန် ၇

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Stakeholdersများအကြား ရွေးကောက်ပွဲ ဥပဒေဆိုင်ရာလုပ်ငန်းစဉ် လေ့လာသုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်း(၆) ဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် ရွေးကောက်ပွဲဆိုင်ရာဥပဒေများကို အခန်းကဏ္ဍအလိုက် ခွဲခြား၍ အစုအဖွဲ့ (၄) ဖွဲ့ စုဖွဲ့ပြီး ပြင်ဆင်ဖြည့်စွက်သင့်သည်များကို ဆွေးနွေးခဲ့ကြပြီးနောက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် ပါဝင်အားဖြည့်မှု၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အခြားနိုင်ငံများ၏ ရွေးကောက်ပွဲဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များအား လေ့လာခြင်း၊ နောင်လာမည့်ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲခြင်းလုပ်ငန်းစဉ်အတွက် အကြံပြုဆွေးနွေးခြင်း၊ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် လွှတ်တော်၊ ရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်နိုင်သည့် အစီအစဉ်၊ သတင်းအချက်အလက်များ မျှဝေရန်အစီအစဉ်တို့နှင့် စပ်လျဉ်း၍ တက်ရောက်လာသူများမှ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြ ပါသည်။ ၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

  • ရွေးကောက်ပွဲဥပဒေဆိုင်ရာလုပ်ငန်းစဉ် လေ့လာသုံးသပ်ဆွေးနွေးပွဲကျင်းပ

    body

    နေပြည်တော် ဇွန် ၆

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Stakeholdersများအကြား ရွေးကောက်ပွဲ ဥပဒေဆိုင်ရာလုပ်ငန်းစဉ် လေ့လာသုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်း(၆) ဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှ လေ့လာရရှိခဲ့သော အတွေ့အကြုံများနှင့် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ၏ အကြံပြုတင်ပြချက်များအပေါ် အခြေခံ၍ ဥပဒေရေးရာမူဘောင် များပိုမိုအားကောင်းလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ခဲ့၍ လာမည့်ရွေးကောက်ပွဲများအပေါ်၌လည်း သမာသမတ်ကျမှုနှင့် ပွင့်လင်းမြင်သာမှုအပိုင်းများတွင် ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့် ထားကြမည် ဖြစ်ကြောင်း။

    ဥပဒေရေးရာမူဘောင်များအား လွှတ်တော်က ပြဋ္ဌာန်းခြင်းဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် စီစဉ်လုပ်ဆောင်မည်ဖြစ်ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်များနှင့် ၄င်းတို့အား လက်တွေ့တွင် မည်ကဲ့သို့ ကျင့်သုံးသင့်သည် နှင့်စပ်လျဉ်း၍ အကြံပြုသုံးသပ်ချက်များ တင်ပြ ပေးစေလိုကြောင်း။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လွှတ်တော်သို့ ရွေးကောက်ပွဲဥပဒေရေးရာနှင့် စပ်လျဉ်း၍ ဘက်မလိုက်သော အကြံပြုချက်များ တင်ပြခြင်းဖြင့် ရွေးကောက်ပွဲဥပဒေရေးရာ မူဘောင်များအား ကောင်းစွာတည်ဆောက်ပြီးဖြစ်ကာ ပိုမိုကောင်းမွန်သော ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဖြစ်ကြောင်း။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဘက်လိုက်ခြင်းမရှိဘဲ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရန်အတွက် လွှတ်တော်၏ကော်မတီများမှ ကောင်းမွန်သော အကြံဉာဏ်များ ရရှိရန်လည်းကောင်း၊ ရွေးကောက်ပွဲအလွန် သုံးသပ် ဆွေးနွေးပွဲများမှ ရရှိလာသော အကြံပြုချက်များနှင့် အခြားသော နိုင်ငံများမှ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေများ၊ ဥပမာများကို တင်ပြဆွေးနွေးခြင်းဖြင့် လက်ရှိ ရွေးကောက်ပွဲဥပဒေရေးရာ မူဘောင်များအား ရှင်းလင်းနားလည်ပြီး လေးစားလိုက်နာထိုက်သည့် ဥပဒေရေးရာမူဘောင် တစ်ရပ် ဖွံ့ဖြိုးလာစေရန်လည်းကောင်း၊ ဥပဒေမူဘောင် ပြန်လည်သုံးသပ်ရေးဆွဲခြင်း (Legal Framework Reform) အား လွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အခြား ရွေးကောက်ပွဲနှင့် သက်ဆိုင်သူများအကြား ဆက်သွယ်ပူးပေါင်းဆောင်ရွက်မှုကိုလည်းကောင်း စတင် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

    ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲ ဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အမြင်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏အမြင်၊ မြန်မာနိုင်ငံ၏ ဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းအမြင်၊ နိုင်ငံတကာ၏ ရွေးကောက်ပွဲဥပဒေဆိုင်ရာ အချိန်ကိုက်ဆောင်ရွက်မှု၊ နည်းပညာဆိုင်ရာ/ လက်တွေ့အတွေ့အကြုံများနှင့် နိုင်ငံရေးအမြင်ဆွေးနွေးချက်များ၊ တစ်ပေါင်းတစ်စည်းတည်း ပြင်ဆင်ချက်များနှင့် အကြိမ်ကြိမ်ခွဲ၍ ပြင်ဆင်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲ ခြင်းအတွက် နိုင်ငံရေးဆိုင်ရာအမြင်များနှင့် ဦးဆောင်မှု၊ ပေါင်းစည်းထားသော ဥပဒေများနှင့် သီးခြားကွဲနေသော ဥပဒေများ၊ စံနှုန်းများအား အရေးပါမှုအလိုက် စဉ်ထားသောစနစ်တို့နှင့် စပ်လျဉ်း၍ တက်ရောက်လာသူများမှ သုံးသပ်အကြံပြုဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲ အား ဇွန်လ ၇ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတင်းထုတ်ပြန်ချက်

    {edocs}photo/news_photos/3-6-2016/3-6-2016statement.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများဆက်လက်စစ်ဆေးခြင်း

    body

    နေပြည်တော် ဇွန် ၁
    ၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၈-၄-၂၀၁၆ ရက်စွဲပါ အမိန့်အမှတ်၊ ၁၆/ ၂၀၁၆၊ ၁၇/၂၀၁၆၊ ၁၈/၂၀၁၆ နှင့် ၁၉/၂၀၁၆ များဖြင့် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉ (က) (၂) အရ ရွေးကောက်ပွဲခုံအဖွဲ့ (၄) ဖွဲ့ကိုဖွဲ့စည်းခဲ့ပြီး တရားခွင် (၄) ခုဖြင့် ကန့်ကွက်လွှာအမှုများ အမြန်ပြီးပြတ်နိုင်ရေးအတွက် ၂၅-၄-၂၀၁၆ ရက်နေ့မှ စတင်၍ နေ့စဉ်ရုံးထိုင် စစ်ဆေးလျက်ရှိသည်။
    ၂။ ၁၂-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) ဥက္ကဋ္ဌ ဦးအောင်မြင့် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ် (၈) လျှောက်ထားသူ ဦးခိုင်ညီညီကျော် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) နှင့် လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အမှုတွင် လျှောက်ထားခံရသူ ဦးအောင်ကျော်ညွန့်အား ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်းဆုံးဖြတ်ချက် အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ဦးအောင်ကျော်ညွန့်က တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄ (က) နှင့် နည်းဥပဒေ (၉၉)အရ အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလက်ခံခဲ့ပြီး ၁၃-၆-၂၀၁၆ ရက်နေ့ (တနင်္လာနေ့) နံနက် ၁၀:၀၀ နာရီအချိန်တွင် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် အားလုံးပါဝင်သည့် စုံညီခုံရုံးဖြင့် စစ်ဆေးကြားနာရန်ရှိကြောင်းသိရှိရသည်။
    ၃။ ၂၆-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၄) ဥက္ကဋ္ဌ ဦးလှတင့် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာ အမှုအမှတ် (၄၂) လျှောက်ထားသူ ဦးစိုးစိုးနှင့် လျှောက်ထားခံရသူ ဦးမောင်မောင်၊ ကန့်ကွက်လွှာ အမှုအမှတ် (၄၄) လျှောက်ထားသူ ဦးစန်းမောင်နှင့် လျှောက်ထား ခံရသူ ဦးသိန်းဟန်တို့က တရားမကျင့်ထုံးဥပဒေအမိန့် (၉) နည်းဥပဒေ (၉) (၁) အရ တရားမကျင့်ထုံးဥပဒေအမိန့် (၉)၊ နည်းဥပဒေ (၈)အရ ပလပ်ခဲ့သည့် အမိန့်ကို ပယ်ဖျက်ပေးရန် လျှောက်ထားခဲ့ရာ လျှောက်ထားသူဘက်မှ ရုံးသို့အချိန်မီလာရောက်ရန် ပျက်ကွက်ခြင်းသည် လုံလောက်သည့် အကြောင်းများရှိသည်ဟု မတွေ့ရသဖြင့် တရားမကျင့်ထုံး ဥပဒေအမိန့် (၉)၊ နည်းဥပဒေ (၉) အရ လျှောက်ထားချက်အားပယ်ကြောင်း ကြားဖြတ် အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ဦးစိုးစိုးနှင့် ဦးစန်းမောင်တို့က သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေပုဒ်မ ၇၄(က)နှင့် နည်းဥပဒေ ၁၀၀ အရ ပြင်ဆင်မှု လျှောက်ထားခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ခံခဲ့ပြီး လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၁၀၂ (ခ) အရ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်၊ ကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်တို့ပါဝင်သည့် ခုံရုံးဖြင့် စစ်ဆေးကြားနာရန် ရှိကြောင်း သိရှိရသည်။
    ၄။ ၃၀-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) ဥက္ကဋ္ဌ ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ် (၃) လျှောက်ထားသူ ဦးစောနွဲ့ခွန်ဆိုင်ခမ်း (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) နှင့် လျှောက်ထားခံရသူ ဦးရားဝမ်ဂျုံ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အမှုတွင် ကချင်ပြည်နယ်၊ မချမ်းဘောမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးရားဝမ်ဂျုံအား ရွေးကောက် တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ တရားဝင်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး တရားစရိတ် ငွေကျပ်နှစ်သိန်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
    ၅။ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) ဥက္ကဋ္ဌ ဦးအောင်မြင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ် (၃၁) လျှောက်ထားသူ ဦးယောဟန်( ''ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ)နှင့် လျှောက်ထားခံရသူ ဦးကျင်ဝမ်း("ဝ" ဒီမိုကရက်တစ်ပါတီ) အမှုတွင် ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးကျင်ဝမ်းအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်၍ လျှောက်ထားသူ ဦးယောဟန်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်ပြီး တရားစရိတ် ငွေကျပ် သုံးသောင်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူကို ပေးစေရန် ဆုံးဖြတ်ခဲ့ ကြောင်းသိရှိရသည်။ ကန့်ကွက်လွှာအမှုအမှတ် (၃၂) လျှောက်ထားသူ ဦးစောဖီးလစ်( "ဝ" အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ)နှင့် လျှောက်ထားခံရသူ ဦးခွန်ထွန်းလူ (ခေါ်) ဦးဒီကီ ("ဝ" ဒီမိုကရက်တစ်ပါတီ)အမှုတွင် ရှမ်းပြည်နယ် ဟိုပန်မြို့နယ်မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးခွန်ထွန်းလူ (ခေါ်) ဦးဒီကီအား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းဆုံးဖြတ်၍ လျှောက်ထားသူ ဦးစောဖီးလစ်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်ပြီး တရားစရိတ်ငွေကျပ် သုံးသောင်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူကိုပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်းသိရှိရသည်။ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၃၃) တွင် လျှောက်ထားသူ ဦးဆမ်ဆောင်းကား ("ဝ" အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ)နှင့် ဦးရန်ကျော် ("ဝ" ဒီမိုကရက်တစ်ပါတီ) အမှုတွင် ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထား ခံရသူ ဦးရန်ကျော်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်၍ လျှောက်ထားသူ ဦးဆမ်ဆောင်းကား၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက်ပြီး တရားစရိတ်ငွေကျပ် သုံးသောင်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူကို ပေးစေရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။
    ၆။ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂) ဥက္ကဋ္ဌ ဦးစိုးရယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ် (၂၁) လျှောက်ထားသူ ဦးစံဝေခေါင်လွမ်း (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) နှင့် လျှောက်ထားခံရသူ ဒေါ်လွမ်းလမ်း (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အမှုတွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ်လျှောက်ထားခံရသူ ဒေါ်လွမ်းလမ်းအား ရွေးကောက် တင်မြှောက်ခံရခြင်းသည် အတည်ဖြစ်လျက် လျှောက်ထားမှုအား ပယ်သည့်အမိန့်ကို ချမှတ် ခဲ့သည့်အပြင် တရားစရိတ်ငွေကျပ် နှစ်သိန်းတိတိကို လျှောက်ထားသူက လျှောက်ထားခံရသူသို့ ပေးစေရန်အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။



  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော်၊ မေ ၃၁

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Mr. Nicholas Coppel နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

    တွေ့ဆုံရာတွင် သြစတြေးလျ သံအမတ်ကြီးက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ မဲရုံမှူး၊ မဲရုံ အဖွဲ့ဝင်များ သင်တန်း ပေးခြင်းနှင့် မဲရုံဝန်ထမ်း လက်စွဲ စာစောင်များ ပြုစု ထုတ်ဝေခြင်း တို့ကို ကူညီ ထောက်ပံ့ ပေးခဲ့မှု၊ ရွေးကောက်ပွဲကို သြစတြေးလျ လွှတ်တော် အမတ်များနှင့် တက္ကသိုလ် များမှ လာရောက် လေ့လာခဲ့မှုနှင့် နောင်ရွေးကောက်ပွဲများ ကျင်းပရာတွင် ရွေးကောက်ပွဲ ဆိုင်ရာ လိုအပ်ချက် များအား ဆက်လက် ပံ့ပိုးသွားမည့် အခြေအနေ တို့အား ရှင်းလင်း ပြောကြား ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက သြစတြေးလျ နိုင်ငံ၏ ကူညီမှုများသည် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် များစွာ အထောက်အကူ ပြုပါကြောင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများအား Open Court ဖြင့် စစ်ဆေး ဆောင်ရွက်လျက် ရှိပြီး အမှု (၁၀)မှုအား အမိန့် ချမှတ်ပြီး ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်အား အသစ် ပြန်လည် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ လက်ရှိ မဲဆန္ဒရှင် စာရင်းအား Update ပြုလုပ် ဆောင်ရွက်ခြင်း၊ Voter Education နှင့် လက်စွဲ စာစောင်များ ထုတ်ဝေရာတွင် သြစတြေးလျ နိုင်ငံ အနေဖြင့် ဆက်လက် အကူအညီ ပေးစေလိုကြောင်း ပြောကြားပါသည်။

    ၎င်းနောက် သြစတြေးလျ နိုင်ငံ၏ မဲပေးမှုစနစ်၊ လွှတ်တော် (၂) ရပ်အား ရွေးကောက် တင်မြှောက်မှု စနစ်၊ မဲရုံများတွင် မဲပေးသည့် လုပ်ငန်းစဉ် များနှင့် မဲရေတွက်ပုံ တို့အား သံအမတ်ကြီးကရှင်းလင်းပြောကြားခဲ့သည်။

  • မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက်တွေ့ဆုံ

    body

    နေပြည်တော်၊ မေ ၁၉

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI)မှ ဦးနေလင်းစိုးနှင့် တာဝန်ရှိသူ များအား ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် (MILI)အဖွဲ့ အမှုဆောင် အရာရှိချုပ် ဦးနေလင်းစိုးက အသင်း၏ ဖွဲ့စည်းပုံ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး မသန်စွမ်းသူများ အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကာလမတိုင်မီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲတွင် အမြင်အာရုံ ချို့ယွင်းသူများ အတွက် အထူး ပြုလုပ်ထားသော Template ပြား အသုံးပြု၍ မဲပေးနိုင်သည့် စံပြမဲရုံများ ဖွင့်လှစ် ပေးခဲ့မှုကြောင့် မျက်မမြင်များ ကိုယ်တိုင် ဆန္ဒမဲ ပေးနိုင်ခဲ့မှု၊ မသန်စွမ်းသူများ မှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင် ရရှိလာပါက မဲဆန္ဒရှင် စာရင်းပြုစုရာတွင် မသန်စွမ်းမှု အခြေအနေအား ခွဲခြား ပြုစုပေးနိုင်ရေး၊ ဉာဏ်ရည် မသန်စွမ်းသူ များအား စိတ်ပေါ့သွပ် သူများနှင့် ခွဲခြား၍ မဲပေးခွင့် ပြုနိုင်ရေးနှင့် နောင်ရွေးကောက်ပွဲ များတွင် မသန်စွမ်းသူများ အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး မသန်စွမ်းသူများ လွယ်ကူစွာ မဲပေးနိုင်ရေး အတွက် မူဝါဒပိုင်း ဆိုင်ရာအရ လည်းကောင်း၊ နည်းဥပဒေ လုပ်ငန်းလမ်းညွှန်ပိုင်း ဆိုင်ရာအရ လည်းကောင်း ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော်၊ မေ ၁၈

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး H.E. Mr. Andrew Patrick နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှု (၄၂)မှုအား အမြန်ဆုံး ပြီးပြတ်နိုင်ရေး အတွက် Open Court ဖြင့် စစ်ဆေး ဆောင်ရွက်လျက် ရှိပြီး မီဒီယာများ၊ Observer များအနေဖြင့် လာရောက် လေ့လာ နိုင်ပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်အား အသစ် ပြည်လည် ဖွဲ့စည်းသွားမည် ဖြစ်ပြီး လစ်လပ် မဲဆန္ဒနယ်များ အတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးရန် လွှတ်တော်မှ အကြောင်းကြားစာ ပေးပို့ လာပါက ကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နောင်ရွေးကောက်ပွဲများ ကျင်းပရာတွင် လက်ရှိ မဲဆန္ဒရှင်စာရင်းအား Update ပြုလုပ် ဆောင်ရွက်သွားမည် ဖြစ်ပြီး မဲစာရင်း မှန်ကန်ရေး အတွက် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲစာရင်းအား ပြည်သူလူထုမှ ယုံကြည် လက်ခံမှု ရှိရေးနှင့် စနစ်ကျနသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေး အတွက် နိုင်ငံတကာ၏ နည်းပညာ အကူအညီ လိုအပ်ပါကြောင်း ပြောကြားရာ ဗြိတိန် သံအမတ်ကြီးက မဲစာရင်းပြည့်စုံ မှန်ကန်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင်နှင့်အတူ အားလုံး ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းနှင့် မဲစာရင်း ပြုစုရာတွင် UKAid, IFES တို့မှတစ်ဆင့် နည်းပညာ အကူအညီများ ဆက်လက် ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။

  • တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၄)ဦး အစားထိုးပြောင်းလဲခြင်း

    {edocs}photo/news_photos/15-6-2016/SandDstatement.pdf,100%,900{/edocs}

  • တပ်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ် အစားထိုးပြောင်းလဲခြင်း

    {edocs}photo/news_photos/17-5-2016/amyotharhluttaw.pdf,100%,900{/edocs}

  • တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂)ဦး အစားထိုးပြောင်းလဲခြင်း

    {edocs}photo/news_photos/15-6-2016/pyithustatement.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများဆက်လက်စစ်ဆေးခြင်း

    body

    နေပြည်တော် မေ ၁၃

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၆၉(က)(၂)အရ ရွေးကောက်ပွဲခုံအဖွဲ့(၄)ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပြီး တရားခွင်(၄)ခုဖြင့် ၂၅-၄-၂၀၁၆ ရက်နေ့မှစ၍ စစ်ဆေးရန်ကျန်ရှိသည့် ကန့်ကွက်လွှာအမှု(၄၀)မှုကို အမြန်ပြီးပြတ်နိုင်ရေး အတွက် နေ့စဉ်ရုံးထိုင်စစ်ဆေးလျက်ရှိရာ ၁၂-၅-၂၀၁၆ ရက်နေ့တွင် ရွေးကောက်ပွဲခုံအဖွဲ့(၁) ဥက္ကဋ္ဌ ဦးအောင်မြင့် ဦးဆောင်သည့်ခုံအဖွဲ့က ကန့်ကွက်လွှာအမှုအမှတ်(၁)ကို ဆက်လက်စစ်ဆေး ခဲ့ရာ လျှောက်ထားသူ(၂) ဒေါ်နန်းထွေးမှုံက ကန့်ကွက်လွှာရုပ်သိမ်းခွင့်ပြုရန် လျှောက်ထား ချက်အပေါ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပုဒ်မ ၉၆(က) နှင့် တရားမကျင့်ထုံး ဥပဒေအမိန့် ၂၃ ၊ နည်း(၁)အရ ကန့်ကွက်လွှာကို ရုပ်သိမ်းခွင့်ပြုပြီး ရွေးကောက်ပွဲနည်းဥပဒေ ၉၆ (င)(၁)အရ လျှောက်ထားသူ(၂)ဒေါ်နန်းထွေးမှုံက လျှောက်ထားခံရသူ ဦးညီစိန်နှင့် လျှောက်ထားသူ (၁) ဦးစိုင်းဆာလူတို့အား ရုံးကုန်ကျစရိတ် ၅၀၀၀ဝိ/- စီ ပေးစေရန် အမိန့်ချခဲ့သည်။ ဦးစိုင်းဆာလူ ၏ ကန့်ကွက်လွှာအမှုကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ရွေးကောက်ပွဲခုံအဖွဲ့(၁) ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးဆောင်သည့် ခုံအဖွဲ့က ကန့်ကွက်လွှာ အမှုအမှတ်(၈) လျှောက်ထားသူ ဦးခိုင်ညီညီကျော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)နှင့် လျှောက်ထား ခံရသူ ဦးအောင်ကျော်ညွန့်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)အမှုကို ဆက်လက်စစ်ဆေး ခဲ့ရာ ဗထူးတပ်နယ်မဲရုံအမှတ် (၁) နှင့် (၂)တို့တွင် လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့ ရရှိခဲ့သည့်မဲရလာဒ်များကို ပယ်ဖျက်လိုက်လျှင် လျှောက်ထားသူရရှိသည့်ခိုင်လုံမဲစုစုပေါင်းမှာ (၁၈၇၁၇)မဲဖြစ်ပြီး၊ လျှောက်ထားခံရသူရရှိသည့် ခိုင်လုံမဲစုစုပေါင်းမှာ(၁၅၂၁၁)မဲဖြစ်၍ လျှောက် ထားသူက လျှောက်ထားခံရသူထက် ခိုင်လုံမဲ (၃၅၀၆)မဲ ပိုမိုရရှိသွားသဖြင့် လျှောက်ထားခံရသူ အား ရှမ်းပြည်နယ်လွှတ်တော်၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၏ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ခြင်းသည် ပျက်ပြယ်ကြောင်း ဆုံးဖြတ်၍ လျှောက်ထား သူသည်သာ ခိုင်လုံမဲအများဆုံးရရှိပြီး ရှမ်းပြည်နယ်လွှတ်တော်၊ ရပ်စောက်မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ကြောင်း ကြေညာပေးစေသည့် အနိုင်ဒီဂရီ ကို စရိတ်နှင့်တကွ ချမှတ်ပေးကြောင်း သိရှိရသည်။

    ရွေးကောက်ပွဲခုံအဖွဲ့(၄)ဥက္ကဋ္ဌ ဦးလှတင့်ဦးဆောင်သည့် ခုံအဖွဲ့သည် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ်(၄၂)မှ လျှောက်ထားသူ ဦးစိုးစိုး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ)နှင့် လျှောက်ထားခံရသူ ဦးမောင်မောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)၊ အမှုအမှတ် (၄၄)မှ လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)နှင့် လျှောက်ထား ခံရသူ ဦးသိန်းဟန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)တို့ကို တရားခွင်(၄)၌ စစ်ဆေးခဲ့ရာ ခုံအဖွဲ့ရှေ့မှောက်တွင် နံနက်(၁၀:၀၀)နာရီအချိန် အမှုခေါ်ရာ ကန့်ကွက်လွှာ အမှုအမှတ် (၄၂)နှင့် (၄၄)တို့မှ လျှောက်ထားသူများနှင့် ၎င်းတို့၏ရှေ့နေများ ရုံးတော်သို့လာရောက်ခြင်းမရှိဘဲ လျှောက်ထားခံရသူများနှင့် ၎င်းတို့၏ ရှေ့နေများသာရုံးတော်သို့လာရောက်သည်၊ လျှောက်ထား သူပြ သက်သေများစစ်ဆေးရန် နံနက်(၁၀:၃၀)နာရီ အချိန်ထိ စောင့်ဆိုင်းရန် ခုံအဖွဲ့ကဆုံးဖြတ် သည်။ နံနက် (၁၀:၃၀)နာရီအချိန်တွင် ဒုတိယအချိန် အမှုခေါ်သော်လည်း လျှောက်ထားသူများ ဘက်မှ လာရောက်ခြင်းမရှိသဖြင့် လျှောက်ထားခံရသူများ၏ ရှေ့နေများက တရားမကျင့်ထုံး ဥပဒေအမိန့် (၉)၊ နည်းဥပဒေ ၈ အရ အမှုအား ပလပ်ပေးရန် လျှောက်ထား သည်။ ခုံအဖွဲ့က အမှုမှာ လျှောက်ထားသူပြသက်သေများစစ်ရန် ချိန်းဆိုထားသော်လည်း လျှောက်ထားသူများ ဘက်မှ အမှုသည်နှင့် ရှေ့နေမည်သူမျှ မလာရောက်ကြောင်း၊ အချိန်ပေး၍ စောင့်ဆိုင်းသော်လည်း မလာရောက်ပျက်ကွက်ကြောင်း၊ လျှောက်ထားခံရသူများမှ ကန့်ကွက်လွှာ နှင့်ပတ်သက်၍ ဝန်ခံ ထားခြင်းမရှိကြောင်း တရားမကျင့်ထုံးဥပဒေအမိန့် ၉၊ နည်းဥပဒေ ၈ အရ အမှုများအား ပလပ် ကြောင်း အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း (DRI) အဖွဲ့ မှ ကျွမ်းကျင် ပညာရှင် Ms. Charlemagne Sophia Gomez အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် မေ ၁၂

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌Democracy Reporting International (DRI) အဖွဲ့ မှ ကျွမ်းကျင် ပညာရှင် Ms. Charlemagne Sophia Gomez အား လက်ခံ တွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ အရပ်ဘက် လူမှု အဖွဲ့အစည်း များမှ ပူးပေါင်း ဆောင်ရွက်ခဲ့မှု၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် CSO များအနေဖြင့် ပိုမို ပူးပေါင်း ဆောင်ရွက် နိုင်ရေးအတွက် Capacity Building မြှင့်တင်ခြင်း ဆောင်ရွက်ရာ၌ DRI အဖွဲ့မှ အကူအညီ ပေးနေမှု၊ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်နှင့် လွှတ်တော်များတွင် အမျိုး သမီးများ ပိုမို ပါဝင်လာရေး၊ အနာဂတ်တွင် ကော်မရှင်နှင့် CSO များအကြား ပိုမိုပူးပေါင်း ဆောင်ရွက် နိုင်ရေးနှင့် ဥပဒေရေးရာ မူဘောင်များ ပြင်ဆင်ရာတွင် CSO များအနေဖြင့် ပူးပေါင်း ဆောင်ရွက်နိုင်မှု တို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။

  • ၂၇-၁-၂၀၁၇ ရက်နေ့တွင်ရှိသည့် ကန့်ကွက်လွှာအမှုများစာရင်း

    {edocs}photo/news_photos/27-1-2017/27-1-2017 Website.pdf,100%,900{/edocs}

  • (၂၉-၄-၂၀၁၆) ရက်နေ့ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ စစ်ဆေးခြင်း

    body

    နေပြည်တော်၊ ဧပြီ ၂၉

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား ဆက်လက်စစ်ဆေးလျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ရွေးကောက်ပွဲခုံရုံးတရားခွင်များ၌ ရွေးကောက်ပွဲခုံအဖွဲ့ (၁) ဥက္ကဋ္ဌ ဦးအောင်မြင့်၊ အဖွဲ့ဝင် ဦးစန်းရွှေ နှင့် ဦးဝင်းမော်တို့က ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၁၅)၊ (၄/၂၀၁၅)၊ (၇/၂၀၁၅)နှင့် (၁၇/၂၀၁၅) တို့အားလည်းကောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ (၂) ဥက္ကဋ္ဌ ဦးစိုးရယ်၊ အဖွဲ့ဝင် ဦးသောင်းလှိုင် နှင့် ဦးဇော်လင်းမောင်တို့က ရွေးကောက်ပွဲကန့်ကွက်လွှာအမှု အမှတ် (၃/၂၀၁၅)၊ (၅/၂၀၁၅)၊ (၁၉/၂၀၁၅)၊ (၂၀/၂၀၁၅)၊ (၂၁/၂၀၁၅)၊ (၂၉/၂၀၁၅)၊ နှင့် (၃၈/၂၀၁၅) တို့အားလည်းကောင်း ဆက်လက်စစ်ဆေးခဲ့ပြီး အမှုရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့သည်။

  • ၃-၆-၂၀၁၆ ရက်နေ့ ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများ စစ်ဆေးခြင်း

    body

    နေပြည်တော်၊ ဇွန် ၃

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုများအား ဆက်လက် စစ်ဆေးလျက် ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ရွေးကောက်ပွဲခုံရုံး တရားခွင်များ၌ ရွေးကောက်ပွဲ ခုံအဖွဲ့(၂) ဥက္ကဋ္ဌ ဦးစိုးရယ်၊ အဖွဲ့ဝင် ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင် တို့က ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၅/၂၀၁၅)၊ (၁၉/ ၂၀၁၅)၊ (၂၀/ ၂၀၁၅) နှင့် (၃၄/၂၀၁၅) တို့အား လည်းကောင်း၊ ရွေးကောက်ပွဲ ခုံအဖွဲ့ (၃) ဥက္ကဋ္ဌ ဦးထွန်းခင်၊ အဖွဲ့ဝင် ဦးတင်မြင့်နှင့် ဦးမောင်မောင်လေးမြင့် တို့က ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၁၄/၂၀၁၅) နှင့် (၁၆/၂၀၁၅) တို့အား လည်းကောင်း၊ ရွေးကောက်ပွဲ ခုံအဖွဲ့(၄) ဥက္ကဋ္ဌ ဦးလှတင့်၊ အဖွဲ့ဝင် ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူ တို့က ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအမှတ် (၁၀/၂၀၁၅) နှင့် (၁၁/၂၀၁၅) တို့အား လည်းကောင်း ဆက်လက် စစ်ဆေး ဆောင်ရွက် ခဲ့သည်။

  • ရှေ့ဆက်လက် ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံမှာကြား

    body

    နေပြည်တော် ဧပြီ ၄

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ ဝန်ထမ်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရွေးကောက်ပွဲအရာရှိများအား တွေ့ဆုံ၍ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး ရှင်းလင်းမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

     

  • ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌတာဝန်လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ

    body

    နေပြည်တော်၊ မတ် ၃၀

    ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌတာဝန်လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးမှ ကော်မရှင်ဥက္ကဋ္ဌအသစ်တာဝန်ထမ်းဆောင်မည့် ဦးလှသိန်းထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့သည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌထံသို့ ခေတ်သစ်ပြည်သူ့ပါတီမှ ဂုဏ်ပြုမှတ်တမ်းလွှာ လာရောက်ပေးအပ်

    body

    နေပြည်တော်၊ မတ် ၂၉
    ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်နှင့် အထွေထွေအတွင်းရေးမှူး ဒေါ်ရီရီစံတို့သည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား လာရောက်တွေ့ဆုံ၍ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား လွတ်လပ် တရားမျှတပြီး တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပပေးခဲ့သည့်အတွက် ခေတ်သစ် ပြည်သူ့ပါတီ၏
    ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့သည်။

  • ဂါရဝပြုနှုတ်ဆက်ကန်တော့ပွဲကျင်းပ

    body

    နေပြည်တော်၊ မတ် ၂၅

    ကော်မရှင်သက်တမ်း(၅)နှစ် ပြည့်မြောက်၍ အနားယူကြမည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် အဖွဲ့ဝင်များအား ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများမှ ဂါရဝပြု နှုတ်ဆက်ကန်တော့ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၃)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

    အခမ်းအနားတွင် ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများမှ ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင် ပြစ်မှားကျူးလွန်ခဲ့မိပါက ခွင့်လွှတ်ပေးပါရန် လက်အုပ်ချီ ရှိခိုးကန်တော့ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် အဖွဲ့ဝင်များက ဆုံးမသြဝါဒစကားများ ပြောကြားခဲ့သည်။

  • ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကုန်ကျစရိတ်အမှုအခြေပြဇယား

    {edocs}photo/news_photos/3-3-2016/3-3-2016expends.pdf,100%,900{/edocs}

  • တစ်နိုင်ငံလုံးအဆင့် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ

    boby

    ရန်ကုန် မတ် ၁

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တစ်နိုင်ငံလုံးအဆင့် ကဏ္ဍစုံမှပါဝင် ပတ်သက်သူများအကြား ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ (၆၉) ပါတီနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း (၅၁) ဖွဲ့မှ တာဝန်ရှိသူများ၊ မီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကဏ္ဍစုံမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ဆွေးနွေးပွဲတွင် ယမန်နေ့ အုပ်စုဖွဲ့ဆွေးနွေးခြင်းမှ ရရှိခဲ့သော အကြံပြချက်များနှင့် သုံးသပ် ချက်များအား တင်ပြရာ တက်ရောက်လာသူများမှ ပြန်လည် အကြံပြုဆွေးနွေးပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒနယ် အတွင်းနှင့် မဲဆန္ဒနယ်ပြင်ပ ကြိုတင်မဲပေးခြင်း၊ မဲဆန္ဒရှင် အသိပညာပေးခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။

    ၎င်းနောက် ရွေးကောက်ပွဲလွန်ကာလ ခြုံငုံသုံးသပ်ချက်များ၊ မြေပုံများနှင့် ရလဒ် အထွေထွေကို စိစစ်လေ့လာခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် မဲပေးနိုင်မှု၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှု အစီအစဉ်များ ရေးဆွဲခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်များ၊ ရွေးကောက်ပွဲ စနစ်များနှင့် မဲဆန္ဒနယ်များ သတ်မှတ်ရေးဆွဲခြင်း၊ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် ရွှေ့ပြောင်း အလုပ်သမားများ အရေအတွက်၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းနှင့် မဲဆွယ်စည်းရုံးခြင်း၊ ရွေးကောက်ပွဲနှင့် ကွန်ပျူတာ နည်းပညာဆိုင်ရာ၊ ဥပဒေ မူဘောင်များ၊ မဲဆွယ်စည်းရုံးရေး အသုံးစရိတ်၊ ကဏ္ဍစုံမှ ပါဝင်ပတ်သတ်သူများနှင့် ဆက်ဆံရေး၊ လူနည်းစု တိုင်းရင်းသားလူမျိုးများ ပါဝင်ရေး၊ စောင့်ကြည့်လေ့လာသူများ ကျင့်ဝတ်နှင့် အသိအမှတ်ပြုမှုများအား တက်ရောက်လာသူများမှ အဖွဲ့များခွဲကာ သုံးသပ်အကြံပြု ဆွေးနွေးကြ ပါသည်။

    ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ၂ ရက်တာ အလုပ်ရုံဆွေးနွေးပွဲ၌ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြ၍ ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည် တည်ငြိမ်အေးချမ်း မှုရှိရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော နိုင်ငံများအတွက် ပြည်သူလူထုအနေဖြင့် အသိ ပညာကြွယ်ဝရန် လိုအပ်ကြောင်း၊ အသိပညာ ပြည့်စုံသည်နှင့်အမျှ ဒီမိုကရေစီရေချိန် မြှင့်တက် လာမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် လူထုအတွင်းသို့ စိမ့်ဝင်စည်းရုံးပြီး စည်းစည်း လုံးလုံးနှင့် နိုင်ငံတော် တိုးတက်ရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုမရှိသည့် အကြောင်းရင်းကို ပြန်လည်ဆန်းစစ်ပြီး တိုးတက်အောင် ဆောင်ရွက်ကြ ရန်လိုကြောင်း၊ ပါတီအချင်းချင်းထောက်ပြတည့်မတ်၍ တိုင်းပြည် ကောင်းရာကောင်းကျိုးကို ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်းနှင့် နိုင်ငံတော် တိုးတက်ရေးအတွက် နိုင်ငံတကာနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    ( သတင်းစဉ် )

  • တစ်နိုင်ငံလုံးအဆင့် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

    body

    ရန်ကုန် ဖေဖော်ဝါရီ ၂၉

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် တစ်နိုင်ငံလုံး အဆင့် ကဏ္ဍစုံမှပါဝင် ပတ်သက်သူများ အကြား ရွေးကောက်ပွဲဆိုင်ရာ ပြန်လည် သုံးသပ်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ မီဒီယာများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကဏ္ဍစုံမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလတွင် တည်ငြိမ်အေးချမ်း အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ ပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူ အားလုံး၏ပူးပေါင်း ဆောင်ရွက်မှု ကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ အသိအမှတ်ပြု ချီးကျူးခံရသည့်အပြင် လွတ်လပ် ပွင့်လင်းမှုရှိ၍ နိုင်ငံ၏ ဂုဏ်သိက္ခာကိုလည်း တက်စေခဲ့သည့် ရွေးကောက်ပွဲဖြစ်ကြောင်း။

    မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စည်းကမ်းပြည့်ဝပြီး စစ်မှန်သည့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံး ဖော်ဆောင်ရာတွင် ရွေးကောက်ပွဲများသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲများကို ၅ နှစ်တစ်ကြိမ် ကျင်းပပြီး အစိုးရ အပြောင်းအလဲတွင် နိုင်ငံ တည်ငြိမ်အေးချမ်းစွာ ရှိနေရန်မှာ ရွေးကောက်ပွဲ အပေါ်၌ အဓိက မူတည်ပါကြောင်း၊ ရွေးကောက်ပွဲများကို လွတ်လပ် တရားမျှတပြီး တည်ငြိမ်အေးချမ်းစွာ ကျင်းပပေး နိုင်မှသာ လူထု၏ဆန္ဒနှင့်အညီ အစိုးရကို တည်ငြိမ်အေးချမ်းစွာ ဖြစ်ပေါ်ပြောင်းလဲစေမှာဖြစ်ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အစဉ်တစိုက် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း။

    ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ် အေးချမ်းအောင်မြင်စွာ ကျင်းပပေး နိုင်ခဲ့သော်လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိနိုင်ကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ၊ရွေးကောက်ပွဲများတွင် ပါဝင်ပတ်သက်ကြသည့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၊ မီဒီယာများ၊ ကော်မရှင်နှင့် မဲရုံအဖွဲ့ဝင်များ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အစိုးရ အဖွဲ့အစည်းများ၏ အားသာချက်၊ အားနည်းချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့် နောင်ရွေးကောက်ပွဲများတွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရွေးကောက်ပွဲ၏ အနှစ်သာရနှင့်အညီ မှန်မှန်ကန်ကန် ရွေးချယ် မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အကြံပြု ဆွေးနွေးစေလိုကြောင်း။

    ယနေ့ အလုပ်ရုံဆွေးနွေးပွဲမှ သုံးသပ်ရရှိသည့် အကြံပြုချက်များသည် နောင်ရွေးကောက်ပွဲများကို အနှစ်သာရပြည့်ဝ၍ ပိုမိုလွတ်လပ်မျှတ ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲများအဖြစ် ဖော်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေနိုင်ကြောင်းနှင့် ရရှိလာသည့်သုံးသပ် အကြံပြုချက်များ ကို ရွေးကောက်ပွဲ ကော်မရှင်အသစ်သို့ လွှဲပြောင်းရာတွင် အကြံပြုသွားမှာ ဖြစ်ကြောင်း ပြောကြား ပါသည်။

    ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဆိုင်ရာ သုံးသပ်ချက်များအား ဆွေးနွေးပြောကြားပြီး ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များမှ အကြံပြုချက်များအား ဆွေးနွေးတင်ပြပါသည်။

    ၎င်းနောက် မီဒီယာနှင့် ရွေးကောက်ပွဲဆိုင်ရာများ၊ ကျား/ မ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲ ဆိုင်ရာအငြင်းပွားမှုများနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဆိုးကျိုးများ စီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာ အစီအစဉ်များ၊ မဲဆန္ဒရှင်ပညာ ပေးခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ရွေးကောက်ပွဲ ဆိုင်ရာများ ၊ ရွေးကောက်ပွဲ ရလဒ်များအား စီမံခန့်ခွဲခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်မှုသင်တန်း၊ နိုင်ငံရေးပါတီ ကျင့်ဝတ်များနှင့် စောင့်ကြည့် စစ်ဆေးရေးကော်မတီ၊ ကြိုတင်မဲဆိုင်ရာများ၊ မဲစာရင်း၊ နိုင်ငံသားမှတ်ပုံတင် အထောက်အထား/ စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများမှ အဖွဲ့များခွဲကာ သုံးသပ်အကြံပြု ဆွေးနွေးခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲအား မတ်လ ၁ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
    ( သတင်းစဉ် )

  • ရခိုင်အမျိုးသားပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းလဲသတ်မှတ်ခြင်း

    {edocs}photo/news_photos/26-2-2016/changeparty.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းအား သတ်မှတ်ရက်အတွင်း တင်သွင်းခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ယင်းတို့၏ရွေးကောက်ပွဲကိုယ်စားလှယ်တို့အား အရည်အချင်းပျက်ယွင်းသူများဖြစ်ကြောင်း သတ်မှတ်ကြေညာခြင်း

    {edocs}photo/news_photos/26-2-2016/Disqualified.pdf,100%,900{/edocs}

  • ERM Tool အသုံးပြုရာတွင် ရရှိခဲ့သည့် သင်ခန်းစာများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပ

    body

    နေပြည်တော် ဖေဖော်ဝါရီ ၁၇

    ERM Tool အသုံးပြုရာတွင် ရရှိခဲ့သည့် သင်ခန်းစာများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များမှ ရဲအရာရှိကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ ရွေးကောက်ပွဲ အရာရှိများ၊ International IDEA, IFES နှင့် USIP မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    အစည်းအဝေးတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း၌ ERM Tool အား အသုံးပြုခဲ့ရာမှ ရရှိခဲ့သော သင်ခန်းစာများနှင့် အနာဂတ်တွင် ပိုမို တိုးတက် ကောင်းမွန်စွာ အသုံးပြုနိုင်မည့် နည်းလမ်းများအား တက်ရောက် လာသူများမှ ဝိုင်းဝန်း အကြံပြု ဆွေးနွေး ခဲ့ကြပါသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ကြီးနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

    Body

    နေပြည်တော် ဖေဖော်ဝါရီ ၂၃

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံ ဆိုင်ရာ သြစတြေးလျ သံအမတ်ကြီး H.E. Mr. Nicholas Coppel နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ Voter Training ဆောင်ရွက်ရာ၌ အကူအညီပေးခဲ့မှု၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေး ဆောင်ရွက်နေမှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၏ အားသာချက်၊ အားနည်းချက်များကို ပြန်လည်သုံးသပ် ဆောင်ရွက်နေမှု၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အတွက် အကူအညီများ ဆက်လက် ထောက်ပံ့ရေးတို့နှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး (People’s Alliance for Credible Elections - PACE) အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် ဖေဖော်ဝါရီ ၂၂

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ဦးစိုင်းရဲကျော်စွာမြင့် ဦးဆောင်သော PACE အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ စောင်ကြည့်လေ့လာခြင်း အစီရင်ခံစာအားတင်ပြပြီး ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက်များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် ပညာပေးခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်တို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

  • ရွေးကောက်ပွဲ လွန်ကာလ ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

    body-1

    နေပြည်တော် ဖေဖော်ဝါရီ ၁၆

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့်ဝန်ကြီး ဌာနများအကြား ရွေးကောက်ပွဲလွန် ကာလ ပြန်လည်သုံးသပ်ခြင်း ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင်၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကာလအတွင်း ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး ကော်မတီနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ တို့ကို ဖွဲ့စည်း ဆောင်ရွက် နိုင်ခဲ့ခြင်းသည် ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းရေးအတွက် များစွာ အကျိုးကျေးဇူးရရှိခဲ့ပါကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများကို ပိုမို ပြည့်စုံကောင်းမွန် သည့် ရွေးကောက်ပွဲများ ဖြစ်စေရန် အားနည်းချက်များကို ဖော်ထုတ်၍ မည်သို့ ပြင်ဆင်ဆောင်ရွက် သင့်သည်ကို ပြန်လည် သုံးသပ် အကြံပြုကြရန်လိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက်လည်း ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ဝန်ကြီး ဌာနများအနေဖြင့် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားပါသည်။

    ယင်းနောက် နိုင်ငံ ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်း၊ မဲဆန္ဒနယ် အတွင်း ကြိုတင်မဲ ပေးခြင်းနှင့် မဲဆန္ဒနယ် ပြင်ပ ကြိုတင်မဲပေးခြင်း၊ ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ နိုင်ငံသား မှတ်ပုံတင်နှင့် ရွှေ့ပြောင်း လုပ်သားဆိုင်ရာများ၊ လုံခြုံရေး ဆိုင်ရာ အစီအစဉ် များနှင့် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို စီမံခန့်ခွဲခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု ဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ ဆောင်ရွက်ချက်များ၊ ပြည်သူလူထုသို့ သတင်း အချက်အလက်များ ဖြန့်ဝေခြင်း၊ မီဒီယာသို့ ရွေးကောက်ပွဲ ရလာဒ်များ ကြေညာခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း ကိစ္စရပ်များတွင် ပညာရေး ဝန်ကြီးဌာများမှ ဆရာ/ ဆရာမများအား တာဝန်ချ ထားခြင်းတို့နှင့် စပ်လျဉ်း၍ တက်ရောက်လာသူများမှ သုံးသပ် အကြံပြု ဆွေးနွေးကြပြီးနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

     

     

     

  • ရွေးကောက်ပွဲလွန်ကာလ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

    body

    နေပြည်တော် ဖေဖော်ဝါရီ ၁၅

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအကြား ရွေးကောက်ပွဲလွန်ကာလ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် ရွေးကောက်ပွဲအရာရှိများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၁၅ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ ခြင်းမှာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်၏ ကြိုးစားဆောင်ရွက်မှုကြောင့်ဖြစ်ပြီး လွတ်လပ် ပွင့်လင်းမှုရှိတာကြောင့် နိုင်ငံတကာကလည်း အသိအမှတ်ပြုချီးကျူးခံရသည့် ရွေးကောက်ပွဲ လည်းဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင် စွာကျင်းပနိုင်ရန် ၂၀၁၃ ခုနှစ်မှစ၍ မဟာဗျူဟာစီမံကိန်းကို ရေးဆွဲခဲ့ပြီး ကဏ္ဍများအလိုက် သတ်မှတ်ကာလများတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၅ နှစ်တစ်ကြိမ် ကျင်းပသည့် ရွေးကောက်ပွဲများကို လွတ်လပ်တရားမျှတပြီး တည်ငြိမ်အေးချမ်းစွာ ကျင်းပ ပေးနိုင်မှသာ လူထု၏ဆန္ဒနှင့် အညီအစိုးရကို တည်ငြိမ်အေးချမ်းစွာ ဖြစ်ပေါ်ပြောင်းလဲ စေမှာဖြစ်ကြောင်း၊၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲအတွေ့အကြုံ ဗဟုသုတပိုင်း အားနည်းမှုများရှိခဲ့၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိနိုင်ကြောင်း၊ နောင်ကျင်းပမည့် ရွေးကောက်ပွဲများကို ပိုမိုပြည့်စုံကောင်းမွန်သည့် ရွေးကောက်ပွဲများဖြစ်စေရန် အားနည်းချက်များကို မည်သို့ပြင်ဆင်ဆောင်ရွက်သင့်သည်ကို ပြန်လည်သုံးသပ်အကြံပြုကြရန် လိုကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် သုံးသပ်အကြံပြုချက်များကို ရွေးကောက်ပွဲကော်မရှင်အသစ်သို့ လွှဲပြောင်းရာတွင် အကြံပြုသွားမှာဖြစ်ကြောင်း ပြောကြားပါသည်။

    ယင်းနောက် ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများ ပို့ဆောင်ခြင်း၊ ထိန်းသိမ်းထားသိုခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရလာဒ်များထုတ်ပြန်ခြင်းနှင့် အထောက်အကူပြု သင်တန်းများ ပေးခြင်း၊ ကြိုတင်မဲပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများ အသုံးပြုခြင်း၊ နိုင်ငံရေး ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်မှု၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြေရှင်းခြင်း၊ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ ဆောင်ရွက်ချက်များ၊ ဥပဒေရေးရာမူဘောင်၊ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် မှု၊ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ အားလုံးပါဝင် ဆောင်ရွက်မှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ တက်ရောက်လာသူများမှ သုံးသပ်အကြံပြုဆွေးနွေးကြပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

     

  • မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့မှ လာရောက်တွေ့ဆုံ

    body

     

    Register to read more...

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် ဇန်နဝါရီ ၂၆
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပ ပေးနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

    ၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲတည်ငြိမ် အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ခြင်းမှာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့်နှင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီအဆင့်ဆင့်အား ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိ ပညာပေးမှုဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ထိ ဆောင်ရွက်နိုင်ခဲ့ သော်လည်း ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်တွင် အသိပညာပေးမှု အားနည်းခဲ့ပါကြောင်း၊ Voter Training ပိုင်းတွင် မဲရုံလုပ်ငန်းစဉ်များအတွက် အထောက်အကူပြု စာရွက်စာတမ်းများ၊ ဗွီနိုင်းပိုစတာများနှင့် ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်ခဲ့သဖြင့် မဲပေးခြင်းလုပ်ငန်းစဉ်တွင် အဆင်ပြေချောမွေ့မှုရှိခဲ့ပါကြောင်း၊ကော်မရှင်အဖွဲ့ခွဲများတွင် ဝန်ထမ်းအင်အားလုံလောက်မှု မရှိခြင်းနှင့် ရုံးနေရာအခက်အခဲများရှိခဲ့ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အကူအညီ တောင်းခံဆောင်ရွက်ခဲ့ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ Main Server တွင်ရှိပြီးသောစာရင်းများအား ၆ လ တစ်ကြိမ် Update ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ယခု ရွေးကောက်ပွဲအတွေ့အကြုံ သင်ခန်းစာများအပေါ် မူတည်၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဥပဒေ နည်းဥပဒေဆိုင်ရာ ပြင်ဆင်သင့်သည်များကို သုံးသပ်အကြံပြုသွားမှာ ဖြစ်ကြောင်းပြောကြားပြီး ဆက်လက်ဆောင်ရွက်ရမည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

  • ရွေးကောက်ပွဲကုန်ကျစရိတ် အမှုချိန်းဇယား

    {edocs}photo/news_photos/22-1-2016/10-2-16expense.pdf,100%,900{/edocs}

  • တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြေညာချက် အမှတ် (၃/၂၀၁၆)

    {edocs}photo/news_photos/18-1-2016/repair.pdf,100%,900{/edocs}

  • တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြေညာချက် အမှတ် (၂/၂၀၁၆)

    {edocs}photo/news_photos/18-1-2016/amyothar.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲခုံအဖွဲ့(၁) ဖွဲ့စည်းခြင်း

    {edocs}pdf/Orders/TriOrd/1.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲခုံအဖွဲ့(၂) ဖွဲ့စည်းခြင်း

    {edocs}pdf/Orders/TriOrd/2.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲခုံအဖွဲ့(၃) ဖွဲ့စည်းခြင်း

    {edocs}pdf/Orders/TriOrd/3.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲခုံအဖွဲ့(၄) ဖွဲ့စည်းခြင်း

    {edocs}pdf/Orders/TriOrd/4.pdf,100%,900{/edocs}

  • တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ကြေညာချက် အမှတ် (၁/၂၀၁၆)

    {edocs}photo/news_photos/18-1-2016/pyithu.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲအသုံးစရိတ် ကြားနာမှု အစီအစဉ်

    {edocs}photo/news_photos/18-1-2016/20-1-2016-schedule.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများနှင့်ပတ်သက်သည့် ကိန်းဂဏာန်းများ

    {edocs}photo/news_photos/14-1-2016/14-1-2016-graph.pdf,100%,900{/edocs}

  • ၂၉-၆-၂၀၁၆ ရက်နေ့မှ ၁-၇-၂၀၁၆ ရက်နေ့အထိ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုချိန်းဇယား

    {edocs}photo/news_photos/29-6-2016/29-6-2016calendar.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုချိန်းဇယား

    {edocs}photo/news_photos/26-1-2016/29-4-16objection.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ မင်္ဂလာနှုတ်ခွန်းဆက်လွှာ

    body

    တိုင်းရင်းသားလုပ်သားပြည်သူအပေါင်းတို့ခင်ဗျား။ နှစ်သစ်မှာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့ပါတယ်။ 


    ၂၀၁၆ ခုနှစ်ဟာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နှစ်ဖြစ်အောင် စွမ်းဆောင် နိုင်ဖို့ ၂၀၁၅ ခုနှစ်အပေါ်ဝေဖန်သုံးသပ် သင်ခန်းစာယူဖို့လိုပါတယ်။ ၂၀၁၅ ခုနှစ်မှာ သင်ခန်းစာယူဖို့ အကောင်းဆုံးကတော့ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတတယ်လို့ ပြည်တွင်း၊ ပြည်ပ စောင့်ကြည့်လေ့လာသူ များက အသိအမှတ်ပြုကြပါတယ်။ ရွေးကောက်ပွဲမှာ ပြည်သူလူထုဆန္ဒ ထင်ဟပ်ပေါ်လွင်စေ ခဲ့ပါတယ်။

    ဒီပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာ သင်ခန်းစာယူရမှာက ပြည်သူပြည်သားများ သည်အဓိက၊ ပြည်သူပြည်သားတို့၏ အဆုံးအဖြတ်ကိုသာ လက်ခံရမှာဖြစ်ပါတယ်။ ပြည်သူ လူထုကိုစည်းရုံး၊ ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်နေမှ ပြည်သူလူထုက ယုံကြည်အားကိုးမှာ ဖြစ်ပါတယ်။ လူထုယုံကြည်လက်ခံတဲ့ လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်းဟာ လူထုထောက်ခံမှုကို ရမှာပဲဖြစ်ပါတယ်။ လူထုကို ရွေးကောက်ပွဲကာလမှ ဟောပြောစည်းရုံးရမှာ မဟုတ်ပါဘူး။ လူထုကို ထာဝရထိတွေ့စည်းရုံးပြီး လူထုကောင်းကျိုးကို စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ရွေးကောက်ပွဲကျင်းပချိန်မှာ ပြည်သူလူထုထောက်ခံမှုနဲ့ အနိုင်ရပြီး ဒေသအကျိုးမှ နိုင်ငံတော်အကျိုးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

    လူပုဂ္ဂိုလ်၊ ပါတီတွေဟာ ထန်းပင်ကြီးကဲ့သို့ မြင့်တော့မြင့်ပြီး အရိပ်အာဝါသ မပေးနိုင် တာမျိုးမဖြစ်စေပဲ မန်ကျည်းပင်ကြီးတွေလို၊ ကုက္ကိုလ်ပင်ကြီးတွေလို၊ ညောင်ပင်ကြီးတွေလို လူထုကို အရိပ်အာဝါသပေးပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာအောင် စွမ်းဆောင်ပေးနိုင် သော လူပုဂ္ဂိုလ်များ၊ ပါတီများဖြစ်အောင် ကြိုးစား ဆောင်ရွက်ပါလို့ နှစ်သစ်မှာ တိုက်တွန်း မေတ္တာရပ်ခံအပ်ပါတယ်။ လူမျိုး၊ ဘာသာ၊ သာသနာအကျိုး စွမ်းဆောင်နိုင်ကြပါစေ။

  • ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ ပါတီအလိုက် လွှတ်တော်ကိုယ်စားလှယ်များစာရင်းချုပ်

    {edocs}photo/news_photos/16-12-2015/TotalCandidate.pdf,100%,900{/edocs}

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးClub de Madrid အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် ဒီဇင်ဘာ ၈

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် သီရိလင်္ကာ သမ္မဟောင်း Ms. Chandrika Bandaranaike Kumaratunga ဦးဆောင်သော Club de Madrid အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင် ဖွဲ့စည်းပုံ နှင့်တာဝန်များ၊ ရွေးကောက်ပွဲစနစ်၊ မဲပေးမှုစနစ်၊ မဲစာရင်း ပြုစုခြင်းစနစ်၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းစဉ်၊ လွှတ်တော် (၃) ရပ်နှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ပေးမှု၊ ရွေးကောက်ပွဲတွင် မဲပေးမှုရာခိုင်နှုန်းနှင့် ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန် ကြေညာပေးခဲ့မှုတို့အား ရှင်းလင်းပြောကြားခဲ့ပြီး Club de Madrid အဖွဲ့မှ ရွေးကောက်ပွဲတွင် စိန်ခေါ်မှုများအား အောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့မှုအား ချီးကျုး ဂုဏ်ပြုပါကြောင်းနှင့် ရွေးကောက်ပွဲအလွန် ကာလများတွင် ကော်မရှင် အနေဖြင့် စိန်ခေါ်မှုများ ရှိ မရှိကိုမေးမြန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် တည်ငြိမ်အေးချမ်းစွာ မဲပေးခဲ့ပါကြောင်း၊ ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များ ဖိတ်ခေါ် လေ့လာစေခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများတွင် နိုင်ငံရေးပါတီများ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ မဲရုံဝန်ထမ်းများနှင့် ရွေးကောက်ပွဲဆိုင်ရာ အားသာချက် အားနည်းချက်များကို ပြန်လည်သုံးသပ် သည့် အလုပ်ရုံ ဆွေးနွေးပွဲများကို ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုအဆင့် အလုပ်ရုံ ဆွေးနွေးပွဲအား ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အားသာချက်များအား ဆက်လက် ထိန်းသိမ်းပြီး အားနည်းချက်များအား ပြုပြင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာများအား ခုံအဖွဲ့ဖွဲ့၍ နှစ်ဘက်ရှေ့နေ၊ သက်သေများ ရှေ့မှောက်တွင် Open Court ဖြင့် တိကျမှန်ကန်စွာ စစ်ဆေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

    ၎င်းနောက် Ms. Chandrika Bandaranaike Kumaratunga က သီရိလင်္ကာနိုင်ငံတွင် သမ္မတတာဝန် ထမ်းဆောင်စဉ်က ရွေးကောက်ပွဲ ကော်မရှင် အပါအဝင် ကော်မရှင်များ ဖွဲ့စည်းပေးခဲ့မှုနှင့် စစ်မှန်သော ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိရေး ဆောင်ရွက်ခဲ့မှုများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။
    (သတင်းစဉ်)

  • ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် (တိုင်းရင်းသားလူမျိုး)ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ

    {edocs}photo/news_photos/1-12-2015/Nationality3.pdf,100%,900{/edocs}

  • ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ

    {edocs}photo/news_photos/1-12-2015/SandD3.pdf,100%,900{/edocs}

  • ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ

    {edocs}photo/news_photos/1-12-2015/Amyothar3.pdf,100%,900{/edocs}

  • ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ

    {edocs}photo/news_photos/1-12-2015/Pyithu3.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကုန်ကျစရိတ်နှင့်စပ်လျဉ်းသည့် အသိပေးနှိုးဆော်စာ

    {edocs}photo/news_photos/30-11-2015/30-11-2015-statement.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ Myanmar Egress အဖွဲ့မှသင်တန်းသား၊ သင်တန်းသူများ လာရောက်လေ့လာ

    body

    နေပြည်တော်၊ နိုဝင်ဘာ ၃၀

    Myanmar Egress အဖွဲ့မှ ဦးကြည်ဖြိုးဝင်းဦးစီးသော တာဝန်ရှိသူ(၃) ဦးနှင့် သင်တန်း သား၊ သင်တန်းသူ (၃၀) ဦးတို့သည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးသို့ လာရောက်လေ့လာခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပါသည်။
    အစီအစဉ်အရ Myanmar Egress အဖွဲ့မှ ဦးတေဇာမျိုးဝင်းက မိတ်ဆက်စကား ပြောကြားပြီး သင်တန်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပါသည်။
    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်ကရွေးကောက်ပွဲ ရလဒ် ထုတ်ပြန်ခြင်းဆိုင်ရာလုပ်ငန်းများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပါသည်။
    ယင်းနောက် သင်တန်းသားတစ်ဦးမှ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူဦးရေ၊ ဆန္ဒမဲ လာရောက်ပေးသူဦးရေနှင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းစနစ်တို့အားမေးမြန်းခဲ့ရာ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဒေါ်မြင့်ကြည်နှင့် ကော်မရှင်ဥက္ကဋ္ဌတို့ကပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။
    ၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား ရာတွင် ရွေးကောက်ပွဲသည် နိုင်ငံအတွက်အရေးကြီးပါကြောင်း၊ ပြည်သူလူထုလက်ထဲရှိ အချုပ်အခြာအာဏာကို လူထုကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခြင်းဖြင့် နိုင်ငံတစ်ဝှန်းသို့ ပျံ့နှံ့စေခြင်းဖြစ်ကြောင်း၊ လူထုကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်နိုင်ရေးအတွက် ရွေးကောက်ပွဲကျင်းပပေးရခြင်းဖြစ်ကြောင်း၊ လူထုကိုယ်စားလှယ် အများဆုံးအနိုင်ရရှိသည့် ပါတီ အနေဖြင့် အာဏာရပါတီဖြစ်လာပြီး အစိုးရဖွဲ့၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါတီ၏ မူလအခြေခံမူအတိုင်း ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အတိုက်အခံပါတီအနေဖြင့် အာဏာရပါတီကို အပြုသဘောဆောင် ထိန်းကြောင်းတည့်မတ်ပေးရမည်ဖြစ်ကြောင်း၊ သင်တန်းသားလူငယ်များ အနေဖြင့် အနာဂတ်တွင်နိုင်ငံတော်တာဝန်ယူကြရမည့်ပုဂ္ဂိုလ်များဖြစ်သည့်အားလျော်စွာ နိုင်ငံတော် တိုးတက်ရန်လိုအပ်သည့် အကြောင်းတရား အကျိုးတရားများကို ရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှာဖြစ်ပြီး နိုင်ငံ၏လိုအပ်ချက်၊ အားနည်းချက်များကိုကြည့်ရှု၍ တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်မစ္စတာ ဗီဂျေနမ်ဘီးယား နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် နိုဝင်ဘာ ၂၇

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအား ရဲစခန်းတွင် အမှုဖွင့်ထားပြီး တရားရုံး၏ အဆုံးအဖြတ်ကိုရယူရမည်ဖြစ်ကြောင်း၊ တရားမဲ့ပြုကျင့်မှုများအပေါ် ကန့်ကွက်လွှာ တင်လိုပါက ရွေးကောက်ပွဲ ရလဒ်ကြေညာပြီး (၄၅) ရက်အတွင်း တင်ရမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ကန့်ကွက်လွှာများအား Open Court ဖြင့် လွတ်လပ် မျှတစွာ စစ်ဆေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ မီဒီယာများနှင့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လာရောက်လေ့လာနိုင်ပါကြောင်း ပြောကြားပါသည်။

    ၎င်းနောက် မစ္စတာ ဗီဂျေနမ်ဘီးယားက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအား ဘက်လိုက်မှုမရှိဘဲ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့မှုကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် အသိအမှတ်ပြုပါကြောင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးဆုံးမည့်အချိန်၊ တိုင်းရင်းသားလူမျိုးများ ရွေးကောက်တင်မြှောက်ခံရမှုတို့အား မေးမြန်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲရလဒ်များ ကြေညာပြီးဖြစ်၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များပြီးဆုံးပြီဟု ဆိုနိုင်သော်လည်း ရွေးကောက်ပွဲ အစီရင်ခံစာအား ရွေးကောက်ပွဲအပြီး (၄၅)ရက်အတွင်း နိုင်ငံတော်သမ္မတထံ တင်ပြရမည်ဖြစ်ရာ အစီရင်ခံစာ တင်သွင်းပြီးမှ လုပ်ငန်းစဉ်များ ပြီးဆုံးသည်ဟုလည်း ဆိုနိုင်ပါကြောင်း၊ ရွေးကောက်ပွဲ ကန့်ကွက်လွှာများအားလည်း ဆက်လက်စစ်ဆေးသွားရမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီများ အလိုက် တိုင်းရင်းသားလူမျိုးများ ရွေးကောက်တင်မြှောက်ခံရမှုကို ပြုစုရန်ရှိပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သော လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ် အသေးစိတ်စာရင်း ကို မကြာမီထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ပဉ္စမအကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆပ်ကပ်လှူဒါန်း

    body

    နေပြည်တော် နိုဝင်ဘာ ၂၅

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၏ ပဉ္စမအကြိမ်မြောက် မဟာဘုံကထိန် သင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမ၌ ကျင်းပခဲ့သည်။

    အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သြဝါဒစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ စျေးကုန်းကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကဝိသာရ အမှူးပြုသော ဆရာတော် ၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြသည်။
    အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ စျေးကုန်း ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းများက ကထိန်သင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြပါသည်။

    ယင်းနောက် စျေးကုန်းကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ် တို့အား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
    ( သတင်းစဉ် )

  • အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမည်စာရင်း ပြင်ဆင်ပြောင်းလဲကြေညာခြင်း

    {edocs}photo/news_photos/24-11-2015/announce-95.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲ ခုံအဖွဲ့အတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

    body

    နေပြည်တော်၊ နိုဝင်ဘာ ၂၃
    ရွေးကောက်ပွဲခုံအဖွဲ့အတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေး အဖွဲ့(၅)ဖွဲ့မှ တာဝန်ရှိသူများ၊ ကော်မရှင်အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သော်လည်း ကန့်ကွက်လွှာများ တင်သွင်းလာပါက ခုံအဖွဲ့များ ဖွဲ့စည်း၍ စစ်ဆေးဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ခုံအဖွဲ့များဖွဲ့စည်းပြီး ဆောင်ရွက်ရာ ၌ လုပ်ငန်းများအဆင်ပြေချောမွေ့စေရန်၊ ဥပဒေနှင့်အညီဖြစ်စေရန်၊ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်နိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ခုံအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ရာတွင် ကန့်ကွက်လွှာအမှုများနှင့် ရွေးကောက်ပွဲကုန်ကျစရိတ်တင်သွင်းရန် ပျက်ကွက်ခြင်းများကို စစ်ဆေးဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကြားနာစစ်ဆေးရာတွင် ကန့်ကွက်သူ၊ ကန့်ကွက်ခံရသူများ၏ မျက်မြင်သက်သေများ၊ သက်သေ အထောက်အထားများ ကို ပြည့်ပြည့်ဝဝရရှိနိုင်ရန်နှင့် တရားစရိတ်များသက်သာစေရန်၊ လုပ်ငန်း ပိုမိုလျင်မြန်စေရန် ရည်ရွယ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ခုံအဖွဲ့များသွားရောက် ကြားနာ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ရှေ့နေချုပ်ရုံးတို့၏ အကူအညီများရယူ၍ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြား ပါသည်။

    ယင်းနောက် ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ရွေးကောက်ပွဲခုံအဖွဲ့၏ အခန်းကဏ္ဍ၊ စီရင် ပိုင်ခွင့်အာဏာနှင့်စပ်လျဉ်း၍လည်းကောင်း၊ IFES မှ တာဝန်ရှိသူတစ်ဦးက ရွေးကောက်ပွဲ အငြင်းပွားမှုဆိုင်ရာဖြေရှင်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းဆိုင်ရာအပြည်ပြည်ဆိုင်ရာစံသတ်မှတ်ချက် များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်ဦးညွန့်တင်က ရွေးကောက်ပွဲခုံအဖွဲ့ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ IFES မှ တာဝန်ရှိသူတစ်ဦးက ရွေးကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းခြင်း လုပ်ငန်းစဉ်ကို စစ်ဆေးရန် အချက်အလက်များ၊ သာဓကဖြစ်ရပ် များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ဆုံးဖြတ်ချက်ချခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း/ အယူခံဝင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း ချက်များအပေါ် တက်ရောက်လာသူများမှ မေးမြန်းဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H.E. Mr. Pier Giorgio Aliberti အား လက်ခံတွေ့ဆုံ

    bodyitaly3

    နေပြည်တော် နိုဝင်ဘာ ၂၀

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး H.E. Mr. Pier Giorgio Aliberti အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊အတွင်းရေးမှူးနှင့်ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲ ရလဒ်များ ၁၀၀ ရာခိုင်နှုန်းကြေညာပြီးဖြစ်၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များပြီးဆုံးပြီဟု ဆိုနိုင် သော်လည်း ရွေးကောက်ပွဲအစီရင်ခံစာအား ရွေးကောက်ပွဲအပြီး (၄၅)ရက်အတွင်း နိုင်ငံတော် သမ္မတထံ တင်ပြရမည်ဖြစ်ပါကြောင်း ပြောကြားပါသည်။

    ၎င်းနောက် အီတလီသံအမတ်ကြီးက ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုများအား များစွာအသိအမှတ်ပြုပါကြောင်း၊ ပြည်သူများအနေဖြင့် ရွေးကောက်ပွဲတွင် စည်းကမ်းတကျ မဲပေးသည်ကို တွေ့ရှိရ၍ အထင်ကြီးလေးစားမိပါကြောင်း၊ မီဒီယာများမှ ဝေဖန်မှုများ ရှိသော်လည်း ရွေးကောက်ပွဲရလဒ်အပါအဝင် ရွေးကောက်ပွဲလုပ်ငန်းဆောင်ရွက်မှုများမှာ အပြုသဘောဆောင်ပါကြောင်း၊ ကြိုတင်မဲပေးရာတွင် အဖုအထစ်အနည်းငယ်ရှိခဲ့ပါကြောင်းနှင့် ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းမှုအခြေအနေအား သိရှိလိုပါကြောင်း ပြောကြားပါသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားရာတွင် ကြိုတင်မဲပေးခြင်းကို ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့ပါကြောင်း၊ တပ်မတော်သားများအနေဖြင့် ကြိုတင်မဲပေးရာတွင် လွတ်လပ်စွာ မဲပေးနိုင်မှု ရှိ/ မရှိကို သံသယဝင်နေခြင်းဖြစ်ပါကြောင်း၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ၏ မဲရလဒ်အသေးစိတ်စာရင်းကို မကြာမီထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း၊ ကြေညာချက်ကိုကြည့်၍ ကြိုတင်မဲများ ရရှိမှုအနေအထားကို လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ကြိုတင်မဲပေးခြင်းအား နောင်ရွေးကောက်ပွဲများအတွက် စဉ်းစား နိုင်ရန် အကြံပြုတင်ပြသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလများတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကျူးလွန်ပါက ရဲစခန်းတွင် အမှုဖွင့်ရမည်ဖြစ်ပြီး တရားရုံး၏ အဆုံးအဖြတ်ကို ရယူ ရမည်ဖြစ်ကြောင်း၊ တရားမဲ့ပြုကျင့်မှုများအပေါ် ကန့်ကွက်လွှာ တင်လိုပါက ရွေးကောက်ပွဲ ရလဒ်ကြေညာပြီး (၄၅) ရက်အတွင်း တင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လွတ်လပ် မျှတစွာ ကျင်းပပေးခဲ့ပြီး ကန့်ကွက်လွှာများအားလည်း လွတ်လပ်မျှတစွာ စစ်ဆေးဆုံးဖြတ် သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ကို ဥက္ကဋ္ဌ (၁) ဦး၊ အဖွဲ့ဝင် (၂)ဦးဖြင့် ဖွဲ့စည်းကာ နှစ်ဖက်ရှေ့နေများ၊ သက်သေများရှေ့မှောက်တွင် (Open Court) စစ်ဆေးဆုံးဖြတ်မည်ဖြစ်ပြီး မီဒီယာများနှင့်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လာရောက် လေ့လာနိုင်ပါကြောင်း ပြောကြားပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya အား လက်ခံတွေ့ဆုံ

    bodyindia1

    နေပြည်တော် နိုဝင်ဘာ ၂၀

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Gautam Mukhopadhaya အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊အတွင်းရေးမှူးနှင့်ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မဲရုံမှူး နှင့် မဲရုံအဖွဲ့ဝင်များ၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုနှင့် နိုင်ငံတကာအစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်း၊ ယနေ့တွင် ကချင်ပြည်နယ် နောင်မွန်းမြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်များ၏ ရွေးကောက်ပွဲရလဒ်များကို ကြေညာသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

    ၎င်းနောက် အိန္ဒိယသံအမတ်ကြီးက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအား စနစ်တကျ ဖြင့် ငြိမ်းချမ်းစွာဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲအတွေ့အကြုံများအား အပြန်အလှန် ဖလှယ်လို၍ ရွေးကောက်ပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများအား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များဖြစ်သည့် ဆရာ၊ ဆရာမ များ၏ တာဝန်ကျေပွန်မှုကိုလည်း အသိအမှတ်ပြုပါကြောင်း၊ နိုင်ငံအရွယ်အစား ကြီးမားသော်လည်း ရွေးကောက်ပွဲကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ခဲ့ပါကြောင်း ပြောကြားပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာများကြောင့် အစိုးရအသစ်လွှဲပြောင်းရေးလုပ်ငန်းစဉ်အား ထိခိုက်မှုရှိ မရှိနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပြီးဆုံးမည့်အချိန်တို့အား မေးမြန်းခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲသည် Win Win Situation မဟုတ်ပါကြောင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာများ တရားဝင်မရောက်ရှိသေးပါကြောင်း၊ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ နေရာရရှိထားပြီး ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၃၀ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၂ နေရာ ရရှိထားပါကြောင်း၊ ကန့်ကွက်လွှာများမည်သို့ပင်ရှိစေကာမူ အစိုးရအသစ်လွှဲပြောင်းရေး လုပ်ငန်းစဉ်အား ထိခိုက်မှု မရှိနိုင်ပါကြောင်း၊ ရွေးကောက်ပွဲအား လွတ်လပ်မျှတစွာဖြင့် ဘက်မလိုက်ဘဲ ကျင်းပပေးခဲ့ပြီး ကန့်ကွက်လွှာများအားလည်း ခုံအဖွဲ့ဖွဲ့၍ (Open Court) စစ်ဆေးဆုံးဖြတ်ရာတွင် ဘက်မလိုက် ဘဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲရလဒ်များ ကြေညာပြီးပါက ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပြီးဆုံးပြီဟု ဆိုနိုင်သော်လည်း ရွေးကောက်ပွဲကန့်ကွက်လွှာများအား ဆက်လက် စစ်ဆေးဆုံးဖြတ်သွားရန်ရှိပါကြောင်းနှင့် အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲ များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း ပြောကြားပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Patrick အား လက်ခံတွေ့ဆုံ

    bodybritish2

    နေပြည်တော် နိုဝင်ဘာ ၂၀

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Patrick အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊အတွင်းရေးမှူးနှင့်ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် ဗြိတိန်သံအမတ်ကြီးက သမိုင်းဝင် ရွေးကောက်ပွဲအတွက် ချီးကျူးဂုဏ်ပြုပါကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား ကောင်းမွန်စွာ စီမံခန့်ခွဲနိုင် ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲရလဒ်များ ကြေညာပြီးဖြစ်၍ ရွေးကောက်ပွဲလုပ်ငန်းစဉ်များပြီးဆုံးပြီ ဟု ထင်မြင်ပါကြောင်း ပြောကြားပြီး ရွေးကောက်ပွဲ ကန့်ကွက်လွှာများအား ဆောင်ရွက်မည့် အစီအမံနှင့် ကော်မရှင်အနေဖြင့် အနာဂါတ်တွင် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်တို့အား သိရှိလိုပါကြောင်းပြောကြားရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကချင်ပြည်နယ် နောင်မွန်း မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်များကြေညာပြီးပါက ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပြီးဆုံးပြီဟု ဆိုနိုင်သော်လည်း ရွေးကောက်ပွဲကန့်ကွက်လွှာများ အား ဆက်လက် စစ်ဆေးဆုံးဖြတ်သွားရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား လွတ်လပ်မျှတစွာ ကျင်းပပေးခဲ့ပြီး ကန့်ကွက်လွှာများအားလည်း လွတ်လပ်မျှတစွာ စစ်ဆေးဆုံးဖြတ်သွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ကို ဥက္ကဋ္ဌ (၁) ဦး၊ အဖွဲ့ဝင် (၂)ဦးဖြင့် ဖွဲ့စည်းကာ နှစ်ဖက် ရှေ့နေများ၊ သက်သေများရှေ့မှောက်တွင် (Open Court) စစ်ဆေးဆုံးဖြတ်မည်ဖြစ်ပြီး မီဒီယာ များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ လာရောက်လေ့လာနိုင်ပါကြောင်း၊ ရွေးကောက်ပွဲအတွေ့အကြုံနည်းသဖြင့် ကော်မရှင်၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဖက်လူမှု့အဖွဲ့ အစည်းများ၏ Capicity မြှင့်တင်ရေးကို ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူလူထု မှာလည်း ရွေးကောက်ပွဲဗဟုသုတနည်းသဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းကို ယခု ထက်ပိုမိုဆောင်ရွက်ရန်လိုကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအား လေ့လာသုံးသပ်၍ လည်းကောင်း၊ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ရွေးကောက်ပွဲ အစီရင်ခံစာများအပေါ်မှလည်းကောင်း ကောင်းသောအချက်များအား ဆက်လက်ကျင့်သုံးပြီး မကောင်းသောအချက်များအား ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် နောင်ဖြစ်ပေါ်လာ မည့် ရွေးကောက်ပွဲကော်မရှင်အတွက် ရွေးကောက်ပွဲဆိုင်ရာ လေ့လာသုံးသပ်အကြံပြုချက် များအား ပြုစုပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ဂျပန်အစိုးရ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် H.E. Mr. Yohei SASAKAWA နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body1

    နေပြည်တော် နိုဝင်ဘာ ၁၉
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ဂျပန်အစိုးရ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် H.E. Mr. Yohei SASAKAWA နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊အတွင်းရေးမှူးနှင့်ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထိုသို့တွေ့ဆုံရာတွင် Mr. Yohei SASAKAWA က ရွေးကောက်ပွဲတွင် မဲရုံ(၈)နေရာ စောင့်ကြည့်လေ့လာခဲ့ပြီး မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက် သည်ကို တွေ့ရှိရပါကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် စနစ်တကျနှင့် အေးအေးချမ်းချမ်း မဲပေးသည်ကို တွေ့ရှိရပါကြောင်း၊ မဲရေတွက်ရာတွင်လည်း သေချာစွာရေတွက်ပြီး ပယ်မဲ များကိုလည်း မဲရုံကိုယ်စားလှယ်များအား သေချာစွာရှင်းပြသည်ကို တွေ့ရှိရကြောင်း၊ မဲဆန္ဒရှင် ဦးရေများပြားပြီး ရွေးကောက်ပွဲအတွေ့အကြုံမရှိသည့် မြန်မာနိုင်ငံအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်မှုအပေါ် ဂျပန်နိုင်ငံသတင်းစာများတွင် ချီးကျူးရေးသား ဖော်ပြခဲ့ ပါကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲပေးပြီးနောက် လက်ချောင်းတွင် မင်တို့ခြင်းကို ဂုဏ်ယူ ဝမ်းမြောက်မှုအားလည်းဖော်ပြခဲ့ပါကြောင်းနှင့် မဲပေးမှုရာခိုင်နှုန်းများသည်ကို တွေ့ရှိရသည့် အတွက် ဂုဏ်ယူထိုက်သည့်ရွေးကောက်ပွဲဖြစ်ကြောင်း ပြောကြားပါသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကပြောကြားရာတွင် အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ကြောင်းကို ပြည်တွင်းပြည်ပ သတင်းစာများတွင်ရေးသားဖော်ပြခဲ့ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်ရေးအတွက်နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းခဲ့ပါကြောင်း၊ အာဆီယံနိုင်ငံများမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များမှလည်း ပြည်သူများအနေဖြင့် စည်းကမ်းတကျ အေးအေး ချမ်းချမ်းနှင့် လွတ်လပ်စွာမဲပေးခဲ့သည်ဟု ပြောကြားခဲ့ကြောင်း၊ မဲရုံတစ်ရုံတွင် မဲပေးသူ (၇၀၀) ခန့်ထားရန် အကြံပြုခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် မဲရုံနှင့် မဲရုံဝန်ထမ်းအရေအတွက်ပေါ် မူတည်ပြီး နောင်ရွေးကောက်ပွဲများတွင် မြို့ကြီးများ၌ e-voting ပြုလုပ်ရန်စဉ်းစားနေ ပါကြောင်း၊ အေးချမ်းစွာမဲပေးခဲ့သည့် ပြည်သူများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မဲရုံမှူးနှင့်မဲရုံ အဖွဲ့ဝင်များ၏စွမ်းဆောင်မှုကို အသိအမှတ်ပြုချီးကျူးဂုဏ်ပြုပါကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများအနေဖြင့် ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများအကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲများပြုလုပ်ပေးခြင်း၊ မဲဆန္ဒရှင်များအား ပညာပေးခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများအတွက် သင်တန်းအထောက်အကူပြုပစ္စည်းများ ကူညီပေးခြင်း၊ နေရောင်ခြည်စွမ်းအင်သုံ မီးအိမ်နှင့် ဖျက်မရသောမင်များ ထောက်ပံ့ပေးခဲ့ခြင်း တို့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများအားလုံး စုစု စည်းစည်း ညီညီညွတ်ညွတ်ဆောင်ရွက်ခဲ့၍ အောင်မြင်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် ကူညီထောက်ပံ့မှု များအတွက် ဂျပန်အစိုးရနှင့် ဂျပန်ပြည်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြား ပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E. Mr. Peter Lysholt Hansen အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် နိုဝင်ဘာ ၁၉
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E. Mr. Peter Lysholt Hansen အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊အတွင်းရေးမှူးနှင့်ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ အားထုတ်ကြိုးပမ်းဆောင်ရွက်မှုနှင့် နိုင်ငံတကာအစိုးရ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ကြောင်းကို ရှင်းလင်း ပြောကြားပါသည်။
    ၎င်းနောက် ဒိန်းမတ်သံအမတ်ကြီးက ကော်မရှင်အနေဖြင့် လုပ်ငန်းတာဝန်များစွာကို အောင်မြင်စွာ ထမ်းဆောင်ခဲ့ပါကြောင်း၊ ကော်မရှင်အနေဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပပေးခဲ့သဖြင့် ဂုဏ်ယူမိပါကြောင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအနေဖြင့် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှု ပိုမိုများပြားခဲ့ပြီး တာဝန်ကျေပွန်မှုကိုလည်း အသိအမှတ် ပြုပါကြောင်း ပြောကြားပြီး ရွေးကောက်ပွဲရလဒ် ကြေညာရန် ကျန်ရှိနေသော နေရာများအား ရလဒ် ကြေညာပေးမည့် အစီအစဉ်၊ ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းမှုအခြေအနေ၊ ရွေးကောက်ပွဲကျင်းပခဲ့မှုအား လေ့လာဆန်းစစ်သုံးသပ်မှု ပြုလုပ်မည့် အစီအစဉ်၊ ရွေးကောက်ပွဲတွင် မဲပေးခဲ့မှု ရာခိုင်နှုန်း တို့နှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ရွေးကောက်ပွဲရလဒ် ကြေညာရန် ကျန်ရှိနေသော နောင်မွန်းမြို့နယ်နှင့် ခေါင်လန်ဖူး မြို့နယ်များသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲ၍ ရလဒ်များအား ရဟတ်ယာဉ်ဖြင့် ပူတာအို ခရိုင်သို့ ပို့ဆောင်ရန် စီစဉ်နေပြီး ရောက်ရှိလာပါက အမြန်ဆုံးထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာများ တရားဝင်မရောက်ရှိသေးပါကြောင်း၊ ကန့်ကွက်လွှာ များအား ခုံအဖွဲ့ ဖွဲ့၍ (Open Court) စစ်ဆေးဆုံးဖြတ် သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ အစီရင်ခံစာများအား လေ့လာ သုံးသပ်ပြီး နောင်ရွေးကောက်ပွဲ ကော်မရှင်အတွက် အကြံပြုချက်များ ပြုစုသွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ဦးရေနှင့် မဲပေးမှုအား မဲဆန္ဒနယ်အလိုက် မဲပေးသူ၊ ကန့်ကွက်မဲ၊ ကြိုတင်မဲ၊ ရမဲနှင့် မဲပေးမှု ရာခိုင်နှုန်းတို့အား ထုတ်ပြန်သွားမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲအောင်မြင်ရေးအတွက် နိုင်ငံတကာအဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

  • တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာချက်အမှတ်(၉၄/၂၀၁၅)

    {edocs}photo/news_photos/20-11-2015/94.pdf,100%,900{/edocs}

  • အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာချက်အမှတ်(၉၃/၂၀၁၅)

    {edocs}photo/news_photos/20-11-2015/93.pdf,100%,900{/edocs}

  • ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမရင်းကြေညာချက်အမှတ်(၉၂/၂၀၁၅)

    {edocs}photo/news_photos/20-11-2015/92.pdf,100%,900{/edocs}

  • ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကြေညာချက်အမှတ်(၇၁/၂၀၁၅)

    {edocs}photo/news_photos/9-11-2015/announce71.pdf,100%,900{/edocs}

  • ၂၀၁၅ ခုနှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့သော ရွေးကောက်ပွဲအတွက် အထူးကျေးဇူးတင်လွှာ

    {edocs}photo/news_photos/15-11-2015/123.pdf,100%,900{/edocs}

  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၈၈/ ၂၀၁၅)

    {edocs}photo/news_photos/15-11-2015/announce91.pdf,100%,900{/edocs}

  • အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၉၀/ ၂၀၁၅)

    {edocs}photo/news_photos/15-11-2015/announce90.pdf,100%,900{/edocs}

  • ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၈၉/ ၂၀၁၅)

    {edocs}photo/news_photos/15-11-2015/announce89.pdf,100%,900{/edocs}

  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၈၈/ ၂၀၁၅)

    {edocs}photo/news_photos/15-11-2015/announce88.pdf,100%,900{/edocs}

  • အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၈၇/ ၂၀၁၅)

    {edocs}photo/news_photos/15-11-2015/announce87.pdf,100%,900{/edocs}

  • ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၈၆/ ၂၀၁၅)

    {edocs}photo/news_photos/15-11-2015/announce86.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body1

    နေပြည်တော် နိုဝင်ဘာ ၁၃
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi HIGUCHI နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊အတွင်းရေးမှူးနှင့်ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အစွမ်းကုန် ကြိုးစားခဲ့ပါကြောင်း၊ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖြစ်သည့် Carter Center, EU နှင့် ANFREL အဖွဲ့များ၏ အစီရင်ခံစာအရ ချို့ယွင်းချက် အနည်းငယ်ရှိသော်လည်း အောင်မြင်သော ရွေးကောက်ပွဲဖြစ်သည်ဟု အသိအမှတ်ပြုခဲ့ကြောင်း ပြောကြားပြီး ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအလိုက် အနိုင်ရရှိမှုအခြေအနေအား ရှင်းလင်း ပြောကြားပါသည်။
    ၎င်းနောက် ဂျပန်သံအမတ်ကြီးက ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော် မဲပေးခဲ့ပြီး လွတ်လပ်မျှတ တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဂျပန်နိုင်ငံအစိုးရနှင့် ပြည်သူများက များစွာအသိအမှတ်ပြုပါကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲအား နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များမှ တစ်ပြေးညီ အသိအမှတ်ပြုခဲ့ သည်ကိုတွေ့ရှိရပါကြောင်းနှင့် ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အခြေခံကျသည့် အခမ်း အနားတစ်ခုဖြစ်ကြောင်း ပြောကြားပါသည်။ ကော်မရှင်ဥက္ကဋ္ဌကပြောကြားရာတွင် “ ဒီမိုကရေစီ အစစ်အမှန် ရွေးကောက်ပွဲတွင်အခြေခံ၊ လွတ်လပ်မျှတဆောင်ရွက်ရန် ” ဆိုသည့်ကော်မရှင်၏ ဆောင်ပုဒ်နှင့် အညီ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့် မဲရုံဝန်ထမ်းများ၏ မနားမနေ ကြိုးစားအားထုတ်မှု၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက ချီးကျူးထောက်ခံသည့် ရွေးကောက်ပွဲ ဖြစ်ခဲ့ပါကြောင်း ပြောကြားပါသည်။
    ၎င်းနောက် ဂျပန်သံအမတ်ကြီးက ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့် ရွေးကောက်ပွဲ ဆိုင်ရာ တရားမဲ့ပြုကျင့်မှုများနှင့်စပ်လျဉ်း၍ မေးမြန်းရာ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲ ဥပဒေ အခန်း (၁၃) အရ ရဲအရေးပိုင်သောအမှုဖြစ်ပါက ရဲစခန်းတွင် အမှုဖွင့်ရမည်ဖြစ်ပြီး တရားရုံး၏ အဆုံးအဖြတ်ကို ရယူရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှု များကြောင့် ရှုံးနိမ့်၍ ကန့်ကွက်လွှာ တင်လိုပါက ရွေးကောက်ပွဲရလဒ်ကြေညာပြီး (၄၅) ရက် အတွင်း တင်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ကို ဥက္ကဋ္ဌ (၁) ဦး၊ အဖွဲ့ဝင် (၂)ဦးဖြင့် ဖွဲ့စည်းကာ နှစ်ဖက်ရှေ့နေများ၊ သက်သေများရှေ့မှောက်တွင် (Open Court) စစ်ဆေး ဆုံးဖြတ်မည်ဖြစ်ပြီး မီဒီယာများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လာရောက် လေ့လာနိုင်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Derek Mitchell နှင့်အဖွဲ့အား လက်ခံတွေ့ဆ

    body

    နေပြည်တော် နိုဝင်ဘာ ၁၃
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H.E. Mr. Derek Mitchell နှင့်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲ တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊အတွင်းရေးမှူးနှင့်ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုနှင့် ရွေးကောက်ပွဲ ရလဒ် ကြေညာပေးနေမှု အခြေအနေတို့အား ရှင်းလင်းပြောကြားပါသည်။
    ၎င်းနောက် အမေရိကန်သံအမတ်ကြီးက ကော်မရှင်အနေဖြင့် သမိုင်းဝင်လုပ်ငန်းကြီး တစ်ရပ်ကို မမျှတသော၊ ဆိုးရွားသောဝေဖန်မှုများကြားမှ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ တစ်ကမ္ဘာလုံးကလည်း ချီးကျူးနေပါကြောင်း၊ ကော်မရှင်၏အောင်မြင်မှုမှာ မြန်မာနိုင်ငံနှင့် ပြည်သူလူထုအတွက် များစွာအကျိုးရှိပါကြောင်း ပြောကြားပြီး မကျင်းပဖြစ်ခဲ့သော မဲဆန္ဒနယ် များတွင် ရွေးကောက်ပွဲပြန်လည်ကျင်းပရန် အစီအစဉ်ရှိ/ မရှိနှင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွား မှုများ ဖြေရှင်းရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် ဆောင်ရွက်မည့် အစီအမံတို့နှင့် စပ်လျဉ်း၍ သိရှိလိုသည်များမေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက တိုင်းပြည် တည်ငြိမ်အေးချမ်းမှသာ ကြားဖြတ်ရွေးကောက်ပွဲကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့လျှင် လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ လစ်လပ်သွားမည်ဖြစ်၍ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၆ ခုနှစ် နှစ်လယ်မတိုင်မီ ကျင်းပနိုင်မည်ဟု ယူဆပါကြောင်း၊ ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှု များကြောင့် ကန့်ကွက်လွှာတင်သွင်းလာပါက အမှန်အတိုင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲခုံအဖွဲ့ကို ဥက္ကဋ္ဌ (၁) ဦး၊ အဖွဲ့ဝင် (၂)ဦးဖြင့် ဖွဲ့စည်းကာ နှစ်ဖက်ရှေ့နေများ၊ သက်သေများရှေ့မှောက်တွင် (Open Court) စစ်ဆေးဆုံးဖြတ်မည်ဖြစ်ပြီး မီဒီယာများနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ လာရောက်လေ့လာနိုင်ပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပခဲ့မှုနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များကိုသုံးသပ်ကာ အားသာချက်များကို နောင်ရွေးကောက်ပွဲများတွင် ဆက်လက်အသုံးပြုသွားမည်ဖြစ်ပြီး အားနည်းချက်များကို နိုင်ငံတော်အစိုးရသို့ အကြံပြုတင်ပြ၍ ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။

  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၈၅/ ၂၀၁၅)

    {edocs}photo/news_photos/14-11-2015/announce85.pdf,100%,900{/edocs}

  • အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၈၄/ ၂၀၁၅)

    {edocs}photo/news_photos/14-11-2015/announce84.pdf,100%,900{/edocs}

  • ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၈၃/ ၂၀၁၅)

    {edocs}photo/news_photos/14-11-2015/announce83.pdf,100%,900{/edocs}

  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၈၁/ ၂၀၁၅)

    {edocs}photo/news_photos/13-11-2015/announce81.pdf,100%,900{/edocs}

  • အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၈၀/ ၂၀၁၅)

    {edocs}photo/news_photos/13-11-2015/announce80.pdf,100%,900{/edocs}

  • ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၇၉/ ၂၀၁၅)

    {edocs}photo/news_photos/13-11-2015/announce79.pdf,100%,900{/edocs}

  • အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၇၈/ ၂၀၁၅)

    {edocs}photo/news_photos/12-11-2015/announce78.pdf,100%,900{/edocs}

  • ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၇၇/ ၂၀၁၅)

    {edocs}photo/news_photos/12-11-2015/announce77new.pdf,100%,900{/edocs}

  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၇၆/ ၂၀၁၅)

    {edocs}photo/news_photos/12-11-2015/announce76.pdf,100%,900{/edocs}

  • အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၇၅/ ၂၀၁၅)

    {edocs}photo/news_photos/10-11-2015/announce75.pdf,100%,900{/edocs}

  • တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်အမည်စာရင်း​ ကြေညာချက် အမှတ် (၇၄/ ၂၀၁၅)

    {edocs}photo/news_photos/10-11-2015/announce74.pdf,100%,900{/edocs}

  • ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်း​ ကြေညာချက် အမှတ် (၇၃/ ၂၀၁၅)

    {edocs}photo/news_photos/10-11-2015/announce73.pdf,100%,900{/edocs}

  • တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်း​ကြေညာခြင်း

    {edocs}photo/news_photos/9-11-2015/announce72.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ပြည်ထောင်စုနယ်မြေအတွင်း မဲရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

    body

    နေပြည်တော် နိုဝင်ဘာ ၇

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အဖွဲ့ဝင် ဦးအောင်မြင့်နှင့် ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်အတူ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု ရှိ မဲရုံအမှတ်(၁)နှင့် အမှတ်(၂)၊ ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိရပ်ကွက် အမှတ်(၅) အခြေခံ ပညာအထက်တန်း ကျောင်းဝန်းအတွင်းရှိ မဲရုံများ၊ ဘောဂသိဒ္ဓိရပ်ကွက် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိမဲရုံများနှင့် ပုဗ္ဗသီရိမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်ရှိ မဲရုံ အမှတ် (၃)တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

    ထို့သို့ ကြည့်ရှုစစ်ဆေးရာတွင် မသန်စွမ်းသူများရှိက အလွယ်တကူ မဲပေးနိုင်ရေးအတွက် စီစဉ်ထားရန်၊ မဲအရောင်းအဝယ် မပြုနိုင်စေရေးအတွက် အမှတ်အသားပြုထားသည့် မဲလက်မှတ်များအား ပယ်မဲအဖြစ် သတ်မှတ်ရန်၊ မဲပုံးများအား လုံခြုံရေးကြိုးဖြင့် စနစ်တကျ ချည်နှောင်ထားရန်၊ ဆန္ဒပြုခန်း၏နောက်ကျောအား အပြင်မှမကြည့်နိုင်စေရေး လုံခြုံစွာ ပိတ်ထားရန်၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ စောင့်ကြည့် လေ့လာရာတွင် လျှို့ဝှက်မဲပေးမှုစနစ်ကို မထိခိုက်စေရေးအတွက် အလှည့်ကျစောင့်ကြည့် လေ့လာစေရန်၊ ပင်တိုင်စောင့်ကြည့်လေ့လာလိုကြောင်း တင်ပြလာက တစ်ဖွဲ့သာ စောင့်ကြည့်ခွင့် ပြုပြီး ကျန်အဖွဲ့များအား အလှည့်ကျ စောင့်ကြည့်လေ့လာစေရန်၊ မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးသူစာရင်းကို ပုံစံ(၁၃)တွင် စနစ်တကျ ရေးသွင်းရန်နှင့် ကပ်ထားကြေညာရန်၊ အမှန်တံဆိပ်တုံး စမ်းသပ်ရိုက်နှိပ်နိုင်ရေးဆောင်ရွက် ပေးရန်၊ ဆန္ဒပြုခန်း၏နောက်ဘက်တွင် မည်သူမျှမရှိစေရန်၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များအတွက် ထိုင်ခုံနေရာများ စီစဉ်ထားရှိရန်၊ လက်သန်းတွင်တို့မည့်မင်အိုးအား စနစ်တကျလှုပ်ခတ်ပြီးမှမင်တို့ရန်၊ မဲရုံ အတွင်း ဝင်ရောက်ဓာတ်ပုံရိုက်ကူးမှု မပြုရန်နှင့် လျှို့ဝှက်မဲပေးစနစ် မထိခိုက်နိုင်သော အကွာ အဝေးမှ ဓာတ်ပုံရိုက်ခွင့်ပြုရန်၊ ဆန္ဒပြုခန်း၏ ရှေ့ပိုင်းအား လိုက်ကာများကာထားခြင်းမပြုရန် နှင့် မဲရုံမှူးများအနေဖြင့် မဲဆန္ဒနယ်အတွင်းကြိုတင်မဲများအား ပုံစံ(၁၃)ဖြင့် စနစ်တကျ လက်ခံရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲပေးသူများစာရင်း အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

  • မဲဆွယ်စည်းရုံးခြင်းနှင့် စပ်လျဉ်းသည့် ကြေညာချက်

    {edocs}photo/news_photos/6-11-2015/announce-2.pdf,100%,900{/edocs}

  • ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်များအား လဲလှယ်ခွင့်မရှိကြောင်း ကြေညာချက်

    {edocs}photo/news_photos/6-11-2015/announce-1.pdf,100%,900{/edocs}

  • မဲဆန္ဒရှင်သက်သေခံလက်မှတ်နှင့်စပ်လျဉ်းသည့်ကြေညာချက်

    {edocs}photo/news_photos/5-11-2015/mon.pdf,100%,900{/edocs}

  • နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲ ရွေးကောက်ပွဲရလဒ် ကြေညာခြင်း မီဒီယာစင်တာများ ဖွင့်လှစ်မည်

    {edocs}photo/news_photos/5-11-2015/media.pdf,100%,900{/edocs}

  • မဲရုံအတွင်း ဓာတ်ပုံ ဗွီဒီယိုရိုက်ခွင့်မပြုရေး

    {edocs}photo/news_photos/5-11-2015/20151105141123.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

    body1

    နေပြည်တော် နိုဝင်ဘာ ၄

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာခြင်းနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ Forever Group ၊ MITV နှင့် Skynet တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှ အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲ ကျင်းပရန် (၃) ရက်သာ လိုတော့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် အရေးကြီးပါကြောင်း၊ ဥပဒေနှင့်အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများကို ပြန်လည် ဖတ်ကြားပြင်ဆင်ခြင်း၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအား ချပြ၍ ရှင်းလင်း တိကျခိုင်မာအောင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်ရေး အတွက် ကြိုတင် မျှော်မှန်းပြီး ၂၀၁၃ ခုနှစ်ကတည်းက Strategic Plan ရေးဆွဲ၍ အမှားအယွင်း မရှိအောင် ကြိုးစား ဆောင်ရွက်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲ ရလဒ်များ ကြေညာခြင်းနှင့် ပတ်သက်၍ ကော်မရှင် အနေဖြင့် ပွင့်လင်းမြင်သာမှု ရှိစေရန် မဲရေတွက်ပြီးနောက် ရလဒ်များအား မဲရုံများနှင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲများတွင် ကပ်ထား ကြေညာသွားမည် ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်အတွက် ရလဒ်အား မြို့နယ်အဆင့်တွင် ရနိုင်သော်လည်း အမျိုးသားလွှတ်တော် အတွက် ရလဒ်မှာ ခရိုင်အဆင့်မှသာ ရနိုင်မည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်အတွက်ရလဒ်မှာ တိုင်းဒေသကြီး/ ပြည်နယ်မှသာ ရမည်ဖြစ်ကြောင်း၊ ယနေ့ ခေတ်မီ IT နည်းပညာများကြောင့် မဲရုံအသီးသီးတွင်ကပ်ထားသည့် ရလဒ်များကို ရယူ၍ ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်းတို့၏ အနိုင်အရှုံးများကို Website ၊ Facebook နှင့် သတင်းဂျာနယ်များမှ ထုတ်လွှင့်ဖော်ပြမှုများ ရှိနိုင်ကြောင်း၊ ၎င်းဖော်ပြချက်များမှာ အမှန်အတည် မဟုတ်ပါကြောင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များစိစစ်ခြင်းကို မဲရုံများ၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲ၊ ခရိုင် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့တွင် သတ်မှတ်ပုံစံများ ဖြည့်သွင်း ဆောင်ရွက်ပြီးနောက် အဆင့်ဆင့်မှ ရရှိသည့် ရလဒ်များကို တိုင်းဒေသကြီး/ ပြည်နယ် ကော်မရှင် အဖွဲ့ခွဲများ အနေဖြင့် စိစစ် အတည်ပြုပြီးမှသာ ထုတ်ပြန် ကြေညာနိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင် အဖွဲ့ခွဲတို့၏ တင်ပြချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရွေးကောက်ပွဲ ရလဒ် စိစစ်ရေးအဖွဲ့မှ သေချာအောင် စိစစ်ပြီး ခိုင်လုံ မှန်ကန်မှသာ ရွေးကောက်ပွဲ ရလဒ်များ ထုတ်ပြန်မှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ကြေညာချက်သာလျှင် အတည်ဖြစ်သဖြင့် မီဒီယာများ အနေဖြင့် တပြိုင်တည်း တပုံစံတည်း ကြေညာနိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ မီဒီယာစင်တာအား ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ထို့အတူ ရန်ကုန်မြို့ ရွှေလီလမ်းရှိ ရွေးကောက်ပွဲ ကော်မရှင် သတင်းအချက်အလက် ဌာနတွင်လည်း ထားရှိ သွားမှာဖြစ်ကြောင်း၊ ၎င်း မီဒီယာစင်တာတွင် မီဒီယာ အဖွဲ့အစည်းများ အနေဖြင့် ပူးပေါင်း၍ တပြိုင်တည်း ထုတ်လွှင့်နိုင်ရေး ဆောင်ရွက် သွားစေလိုကြောင်းနှင့် မီဒီယာ အဖွဲ့အစည်းများမှ လုပ်ငန်း အောင်မြင်ရေး အတွက် လိုအပ်ချက်များအပေါ် ညှိနှိုင်း ဆွေးနွေးသွားရန် ပြောကြားပါသည်။

    ၎င်းနောက် IFES မှ တာဝန်ရှိသူများက မီဒီယာစင်တာ ပြုလုပ်မည့် အစီအစဉ်နှင့် သတင်း ထုတ်လွှင့် နိုင်ရေးတို့အား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် မီဒီယာ အဖွဲ့အစည်းများမှ သတင်းမီဒီယာ Booth များထားရှိနိုင်ရေး၊ နေရာ သတ်မှတ်ပေးနိုင်ရေး၊ လျှပ်စစ်ဓာတ်အား ဆက်သွယ် ဆောင်ရွက်နိုင်ရေး၊ အင်တာနက်လိုင်းနှုန်း ပြည့်ဝစွာရရှိရေး၊ မီဒီယာအဖွဲ့များ၏ အုပ်ချုပ်ရေး ကိစ္စရပ်တို့အား ဆွေးနွေး တင်ပြကြပါသည်။

    ယင်းနောက် မီဒီယာစင်တာ ထားရှိမည့် နေရာနှင့် မီဒီယာ အဖွဲ့အစည်းများ နေရာချထားနိုင်ရေးတို့ကို လိုက်လံကြည့်ရှုခဲ့ပြီး မီဒီယာစင်တာ အတွက် လိုအပ်ချက် အသေးစိတ်အား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်းဂေါ်ရှန်းနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော်၊ နိုဝင်ဘာ ၄

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအစိုးရ ကိုယ်စား ရွေးကောက်ပွဲ လာရောက်လေ့လာမည့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဖြစ်သူ တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အာရှရေးရာ အထူးကိုယ်စားလှယ် H.E မစ္စတာစွန်းဂေါ်ရှန်းနှင့် အဖွဲ့အားယနေ့မနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

    ထိုသို့ လက်ခံတွေ့ဆုံရာတွင် H.E မစ္စတာစွန်းဂေါ်ရှန်းက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို လေ့လာရန်အတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံ၏ အရေးကိစ္စ အားလုံးကို အမြဲဂရုတစိုက် လေ့လာနေ ပါကြောင်း၊ ယခုရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် သမိုင်းဝင် ရွေးကောက်ပွဲတစ်ခု ဖြစ် ပါကြောင်း၊ ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် ယခင်နှင့်မတူ ထူးခြားမှုများ ရှိနေပါကြောင်း၊ နိုင်ငံရေးပါတီ အများဆုံး ပါဝင်ယှဉ်ပြိုင်သည့် ရွေးကောက်ပွဲ ဖြစ်ပါကြောင်း၊ မြန်မာပြည်သူ ပြည်သားများနှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် အောင်မြင်စွာ ပြီးဆုံးသွားမည်ဟု အပြည့်အဝ ယုံကြည်ထားပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုးတက်မှု အတိုင်းအတာကို အနောက်နိုင်ငံ (ဖွံ့ဖြိုးပြီးနိုင်ငံ) များ၏ ဒီမိုကရေစီစံချိန် စံနှုန်းများနှင့် တိုင်းတာ၍ မရနိုင်ပါကြောင်း၊ ဖွံ့ဖြိုးဆဲ နိုင်ငံများအနေဖြင့် မိမိနိုင်ငံ အနေအထားနှင့် ကိုက်ညီသော ဒီမိုကရေစီ စနစ်ကို ရွေးချယ်ကျင့်သုံးပြီး ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်နိုင်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်ချောမောစွာ ကျင်းပနေသည်ကို ထောက်ခံ အားပေးသည့် အနေဖြင့် တရုတ်နိုင်ငံ အစိုးရက မိမိတို့ ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်လေ့လာ ခြင်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့်ပြည်သူလူထုကရွေးချယ်ထားသည့် ဖွံ့ဖြိုးတိုးတက်မှု ပုံစံကို မိမိတို့နိုင်ငံကအစဉ်အမြဲထောက်ခံလျက်ရှိပါကြောင်း၊ မိမိတို့ ကိုယ်စားလှယ်အဖွဲ့တွင် အစိုးရဝန်ထမ်းများပါရှိသကဲ့သို့ ပညာရှင်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ ပြည်နယ် အစိုးရ ကိုယ်စားလှယ်များနှင့် တပ်မတော်မှ ကိုယ်စားလှယ်များလည်း ပါရှိသဖြင့် ဘက်ပေါင်းစုံကို ကိုယ်စားပြုပါကြောင်း၊ ယခု ရွေးကောက်ပွဲသို့ လာရောက်လေ့လာမည့် ပြည်ပကိုယ်စားလှယ် ဦးရေနှင့် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲအား တစ်နိုင်ငံလုံးအနှံ့ ကျင်းပပေးမည့် အစီအစဉ်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။

    ထိုသို့ ဆွေးနွေးမေးမြန်းချက်များအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မိမိသည် နိုင်ငံတော်တွင် ကြီးမားသော တာဝန်ထမ်းဆောင်ခဲ့သဖြင့်တရုတ်-မြန်မာချစ်ကြည်ရေး အနေအထားကို ကောင်းစွာ သိရှိပါကြောင်း၊ အိမ်နီးနားချင်း နိုင်ငံဖြစ်သည့် အလျောက် အစိုးရ ချင်းသာမက ပြည်သူအချင်းချင်း တပ်မတော်အချင်းချင်း အကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ခိုင်မြဲမှုရှိပါကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံဘက်မှ အစဉ်အမြဲ ရပ်တည်ပေးခဲ့သည် ကိုလည်း အသိအမှတ်ပြု မှတ်သားထားပါကြောင်း၊ မိမိတို့အနေဖြင့် တရုတ်-မြန်မာချစ်ကြည်ရေး ခိုင်မြဲမှုကို အစဉ်အမြဲ အလေးထားပါကြောင်း ပြောကြားပြီးနောက် မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဖြစ်စဉ်၊ ကော်မရှင်ဖွဲ့စည်းမှု၊ ကော်မရှင်၏တာဝန်များ၊ လွှတ်တော် (၃) ရပ်ဖွဲ့စည်းမှုနှင့် သမ္မတ ရွေးချယ်မှု၊ ရွေးကောက်ပွဲစနစ်၊ မဲပေးပုံစနစ်၊ မဲစာရင်းပြုစုပုံ၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်၂၀၁၃ ခုနှစ်မှစ၍ Strategic Plan ရေးဆွဲဆောင်ရွက်ခဲ့မှု၊ မဲစာရင်း မှန်ကန်ရေးအတွက် ၂၀၁၄ ခုနှစ်မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အခြေခံ မဲစာရင်းပြုစုဆောင်ရွက်ခဲ့မှု၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် လုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ပြီးစီးမှုနှင့် ရွေးကောက်ပွဲ ရလဒ် ကြေညာမည့် လုပ်ငန်းစဉ်တို့အား ရှင်းလင်းပြောကြားကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ကြေညာချက်

    {edocs}photo/news_photos/3-11-2015/3-11-2015-announce.pdf,100%,900{/edocs}

  • သတင်းထုတ်ပြန်ချက်

    {edocs}photo/news_photos/2-11-2015/announce.pdf,100%,900{/edocs}

  • အာဆီယံနိုင်ငံများ၊ အခြားမိတ်ဆွေ နိုင်ငံများမှ ရွေးကောက်ပွဲ ကော်မရှင်များနှင့် အဖွဲ့အစည်းများ၏ လေ့လာရေး ခရီးစဉ်နှင့် ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

    body

    နေပြည်တော် နိုဝင်ဘာ ၂
    အာဆီယံနိုင်ငံများ၊ အခြားမိတ်ဆွေ နိုင်ငံများမှ ရွေးကောက်ပွဲ ကော်မရှင်များနှင့် အဖွဲ့အစည်းများ၏ လေ့လာရေး ခရီးစဉ်နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် အာဆီယံနိုင်ငံများမှ ရွေးကောက်ပွဲကျင်းပမှုများကို လာရောက်လေ့လာရန် ကော်မရှင်အား ဖိတ်ကြားခဲ့၍ သွားရောက် လေ့လာခဲ့ပါကြောင်း၊ ယခု ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲကိုလည်း အာဆီယံနိုင်ငံများ၏ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့များကို လာရောက်လေ့လာရန် ဖိတ်ကြားထားပါကြောင်း၊ ရွေးကောက်ပွဲအား လွတ်လပ်မျှတ၍ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲအဖြစ် မှတ်ကျောက်တင်ခံနိုင်ရေးအတွက် ပြည်တွင်း ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့များနှင့် နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများအား စောင့်ကြည့် လေ့လာစေမှာဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် အာဆီယံနိုင်ငံများ၏ ရွေးကောက်ပွဲများ သွားရောက် လေ့လာရာတွင် ၎င်းတို့အနေဖြင့် ဧည့်ဝတ် ကျေပွန်မှုများရှိခဲ့ပါကြောင်း၊ မိမိနိုင်ငံ ရွေးကောက်ပွဲသို့ လာရောက် လေ့လာသည့် အခါတွင်လည်း ဧည့်ဝတ် ကျေပွန်စေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားပါသည်။

    ယင်းနောက် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းထွန်းဦးက အာဆီယံ နိုင်ငံများနှင့် အခြား မိတ်ဆွေနိုင်ငံများအား ဖိတ်ကြားထားမှု၊ နိုင်ငံအလိုက် လာရောက်မည့် အရေအတွက်၊ နေ့စဉ် ဆောင်ရွက်မည့် အစီအစဉ်နှင့် လေ့လာရေးခရီးစဉ်တို့အား ရှင်းလင်းတင်ပြပါသည်။

    ၎င်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စောင့်ကြည့်လေ့လာရေး အဖွဲ့များရောက်ရှိချိန်၊ တည်းခိုနေချိန် နှင့် လေ့လာမည့် နေရာများသို့ သွားရောက်ရာတွင် ဆောင်ရွက်မည့် လုံခြုံရေး အစီအမံများအားလည်းကောင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဆက်ဆံရေးအရာရှိ စီစဉ်ထားရှိမှုကိုလည်းကောင်း၊ ယဉ်ကျေးမှု ဝန်ကြီးဌာနမှ လေ့လာရေး အဖွဲ့များအား ဖျော်ဖြေမည့် အစီအစဉ်ကိုလည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း မှတ်တမ်းရယူရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှ ခရီးစဉ်များအတွက် ယာဉ်များစီစဉ်မှု၊ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ လေ့လာရေးအဖွဲ့များ တည်းခိုနေထိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းတင်ပြပါသည်။

    ၎င်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် မီဒီယာစင်တာ ထားရှိဆောင်ရွက်မည့် အစီအမံအားလည်းကောင်း၊ ရွေးကောက်ပွဲရလဒ် ကြေညာမည့် အစီအစဉ် အားလည်းကောင်း ရှင်းလင်းပြောကြားပြီး ပြန်ကြားရေး ဝန်ကြီးဌာန အနေဖြင့် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ရလဒ်များ ထုတ်ပြန်ကြေညာမည့် အစီအစဉ်တို့အား ရွေးကောက်ပွဲ ကော်မရှင်၏ မီဒီယာ စင်တာနှင့် ပူးပေါင်း၍ သတင်းထုတ်လွှင့်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးရန်မှာကြားပါသည်။

    ၎င်းနောက် မီဒီယာစင်တာအား တာဝန်ယူဆောင်ရွက်မည့် IFES မှ မီဒီယာစင်တာ ဆောင်ရွက်မည့် အစီအစဉ်နှင့် လုပ်ငန်းစဉ်များအား Projector ဖြင့် ရှင်းလင်းတင်ပြပြီး ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သတင်း ထုတ်လွှင့်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ကြပါသည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ်ပြောကြားရာတွင် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးကြောင်း၊ ကမ္ဘာ့နိုင်ငံများကလည်း စိတ်ဝင်စားပြီး စောင့်ကြည့်နေပါကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်ရေး၊ လာရောက်လေ့လာရန် ဖိတ်ကြားထားသော ကိုယ်စားလှယ်များ အဆင်ပြေစွာ လေ့လာနိုင်ရေးနှင့် ရွေးကောက်ပွဲရလဒ် သတင်းများ အချိန်မီ ထုတ်ပြန်နိုင်ရေးအတွက် တာဝန်ရှိသော ဝန်ကြီးဌာန အသီးသီးနှင့် အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ် )

  • ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းတို့ကို ရပ်နားထားရမည့် နေ့ရက်နှင့် အချိန်ကို သတ်မှတ်ကြေညာခြင်း

    {edocs}photo/news_photos/1-11-2015/silent-day.pdf,100%,900{/edocs}

  • ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းချုပ်

    {edocs}photo/news_photos/3-11-2015/3-11-2015-candidate.pdf,100%,900{/edocs}

  • သတင်းထုတ်ပြန်ချက်

    {edocs}photo/news_photos/30-10-2015/30-10-2015-announce.pdf,100%,900{/edocs}

  • ဂျပန်နိုင်ငံအစိုးရမှ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် နေရောင်ခြည် စွမ်းအင်သုံးမီးအိမ်များ လဲွှပြောင်းလှူဒါန်းခြင်း အခမ်းအနားကျင်းပ

    body

    နေပြည်တော် အောက်တိုဘာ ၃၀

    ဂျပန်နိုင်ငံ အစိုးရမှ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် နေရောင်ခြည်စွမ်းအင် သုံး မီးအိမ်များ လဲွှပြောင်းလှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကြီး H.E. Mr. Tateshi HIGUCHI၊ UNDP ဌာနေညွှန်ကြားရေးမှူး Mr. Toily Kurbanov ၊ ကော်မရှင် အတွင်းရေးမှူး နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တစ်လျှောက်၌ လွတ်လပ်မျှတ၍ ပွင့်လင်း မြင်သာမှုရှိသော ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ဒီမိုကရေစီ နည်းကျ ကျင်းပပေးရာတွင် ကုလသမဂ္ဂ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း တရားဝင် ဖိတ်ကြားစာ ပေးပို့ခဲ့ပါကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် လိုအပ်ချက် လေ့လာဆန်းစစ် ရေး Mission တစ်ခုကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှ ၁၂ ရက်နေ့အထိ စေလွှတ်လေ့လာခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ကူညီပေးသင့်သည်ဟူသော အကြံပြုချက်အား လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်က ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့တွင် အတည်ပြုပေးခဲ့ပါကြောင်း။ကော်မရှင်နှင့် UNDP တို့ ဆွေးနွေးညှိနှိုင်းမှုအရ UNDP အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဆိုလာမီးအိမ်များ၊ ဖျက်၍မရသော မှင်များ ဝယ်ယူပေးရန်နှင့် ကိုယ်စားလှယ်လောင်းများအတွက် Information Session များ ပြုလုပ်ပေးရန် သဘောတူ ဆုံးဖြတ်ခဲ့ပါကြောင်း။ ဆိုလာမီးအိမ် ဝယ်ယူထောက်ပံ့ရေးအတွက် UNDP နှင့် ဂျပန်နိုင်ငံတို့ မိတ်ဖက်ပြုပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ လျှပ်စစ်မီး အချိန်ပြည့် မရသော မဲရုံများအတွက် နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်ပေါင်း (၅၁၂၉၈) လုံးကို ဝယ်ယူ၍ ရန်ကုန်နှင့် မန္တလေးမြို့များမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးပို့ပြီးဖြစ်ကြောင်း၊ ဆိုလာမီးအိမ်များ ပံ့ပိုးလှူဒါန်း ပေးသည့်အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ညလုံးပေါက် မဲရေတွက်ရသော မဲရုံများ၌ မဲလက်မှတ်များ ရေတွက်ရာတွင် များစွာ အထောက်အကူပြုမှာဖြစ်ကြောင်း။စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ထောင် နိုင်ရေးအတွက် လွတ်လပ်တရားမျှတပြီး အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲများ ကျင်းပရာတွင် UNDP နှင့် ဂျပန်နိုင်ငံတို့၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုအပေါ် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

    ၎င်းနောက် ဂျပန် သံအမတ်ကြီးက ဆိုလာ မီးအိမ်များအား ဂျပန်အစိုးရအနေဖြင့် UNDP မှတဆင့် လှူဒါန်းခဲ့ပါကြောင်း၊ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အားထုတ်ကြိုးပမ်းမှုသည် မြန်မာနိုင်ငံသားများ အတွက်သာမက နိုင်ငံတကာ အသိုက်အဝန်း အတွက်လည်း အရေးကြီးပါကြောင်း၊ ဆိုလာမီးအိမ်သည် ၁၂ နာရီ ကြာ အသုံးပြုနိုင်ပြီး နေရောင်ခြည် စွမ်းအင်သာမက ဓါတ်ခဲ၊ ဘက်ထရီဖြင့်လည်း ဆက်သွယ်ကာ မဲလက်မှတ် ရေတွက် စာရင်းပြုစုရာတွင် အသုံးပြုနိုင်မှာဖြစ်ကြောင်း ပြောကြားပါသည်။
    ယင်းနောက် ဂျပန် သံအမတ်ကြီးမှ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆိုလာမီးအိမ်များ အား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက လက်ခံရယူပါသည်။

    ၎င်းနောက် UNDP ဌာနေညွှန်ကြားရေးမှူးက ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရန်အတွက် အကြောင်းအရာများစွာကို အသေးစိတ် စဉ်းစားပြီး ဆိုလာမီးအိမ်များ လှူဒါန်းရရှိရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ လျှပ်စစ်မီး မရရှိသော ဒေသများတွင် မဲရေတွက်ရန် အတွက် ဆိုလာမီးအိမ်များ ဖြန့်ဝေထုတ်ပေးနိုင်မှုသည် ၎င်းဒေသများရှိ ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူများ၏ယုံကြည်မှုကို မြင့်မားစေမှာဖြစ်ကြောင်း၊ ရေဘေးသင့်ဒေသများတွင် အသုံးပြုရန်အတွက်လည်း ဆိုလာမီးအိမ်များ လှူဒါန်းပေးသည့် ဂျပန်ပြည်သူများကို ကျေးဇူး တင်ရှိပါကြောင်းနှင့် ရေရှည်ရည်မှန်းချက်အတွက် ဦးဆောင်မှုပေးကာ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော ကော်မရှင်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြားပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/ ၂၀၁၅) ကျင်းပ

    body

    နေပြည်တော် အောက်တိုဘာ ၂၉

    ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/ ၂၀၁၅) ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင် များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၇) ပါတီမှ တာဝန်ရှိသူများ၊ ကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာ၌ ကျေးသီးမြို့နယ်၊ မိုင်းရှူး မြို့နယ်နှင့် နယ်မြေဒေသ အချို့တွင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်တစ်ခု တည်းက ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် ဇွန်လကတည်းက လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ လက်နက်ဖြင့် ခြိမ်းခြောက်၍ မဲထည့်ခိုင်းခြင်း၊ မဲမထည့်ရန် လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း၊ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့များမှ ၎င်းဒေသများတွင် လုံခြုံရေး အခြေအနေအရ ရွှေ့ဆိုင်းပေးရန် တင်ပြခဲ့ကြောင်း၊ ကော်မရှင် အနေဖြင့်လည်း ဆန္ဒမဲလက်မှတ်များအား ၎င်းဒေသများသို့ တိုက်ပွဲများ ဖြစ်ပွားနေ၍ ပေးပို့နိုင်ခြင်း မရှိသေး၍ ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း၊ မဲလက်မှတ်များအား ကျေးသီးမြို့နယ် အတွက် ခိုလန်ရဲစခန်း၊ မိုင်းရှူးမြို့နယ်အတွက် ကွန်ဟိန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တို့တွင် လုံခြုံစွာ ထိန်းသိမ်းထားကြောင်း။ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ မဲဆွယ်စည်းရုံး ဟောပြောမှုများသည် အရှိန်အဟုန်မြင့်တက်လပြီး ပါတီတစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံရာမှ ပဋိပက္ခအသွင် မရောက်ရှိစေရန်နှင့် အေးချမ်းတည်ငြိမ်စေရေးအတွက် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် Code of Conduct နှင့် ညွှန်ကြားချက် (၁/၂၀၁၄) တို့အား လိုက်နာဆောင်ရွက်ပြီး မိမိတို့ ပါတီဝင်များနှင့် ထောက်ခံသူများအား ကြပ်မတ်ထိန်းသိမ်းသွားရန် အထူးလိုအပ်ပါကြောင်း ပြောကြားပါသည်။

    ၎င်းနောက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုဗဟိုကော်မတီမှ ရဲမှူးကြီးမျိုးသန်းက လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ဖွဲ့စည်းမှု၊ ရွေးကောက်ပွဲ လုံခြုံရေးနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲကာလ
    အပိုင်း (၄) ပိုင်း သတ်မှတ်၍ ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ရဲတပ်ဖွဲ့အင်အား စုဖွဲ့ထားမှုနှင့် ဆောင်ရွက်မည့် အစီအစဉ်များ၊ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်းဖြစ်ပွားခဲ့သော ရဲအရေးပိုင်အမှုများအား ရှင်းလင်းတင်ပြပါသည်။

    ယင်းနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပါတီများအနေဖြင့် ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းရေးအတွက် Code of Conduct နှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ်စည်းရုံးရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကယားပြည်နယ် ဖားဆောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၃) အုပ်စုတွင် မဲဆွယ်စည်းရုံးခြင်းမပြုရန် တားမြစ်ခံရမှုနှင့်စပ်လျဉ်း၍ စဉ်းစားပေးစေလိုကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲစာရင်းတွင် မြို့နယ်အချို့၌ နေထိုင်ခြင်းမရှိသူများပါဝင်နေမှု၊ သက်သေခံ လက်မှတ်ထုတ်ပေးမည့် အခြေအနေနှင့် မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ မဲရုံတွင်း ဝင်ရောက်ခွင့်၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပါတီများအနေဖြင့် မဲဆွယ် စည်းရုံးဆောင်ရွက်ရာတွင် တိုင်းပြည်အကျိုးကိုကြည့်ပြီး ဆောင်ရွက်သင့်ကြောင်း၊ အမျိုးသားတိုးတက်ရေးပါတီမှ Code of Conduct အရ ပါတီဝင်များအား ကြပ်မတ်ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲ လုံခြုံရေးစီမံချက်ကို အောက်ခြေအဆင့်အထိ ဖြန့်ဝေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။

    ၎င်းနောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က ရွေးကောက်ပွဲနေ့ တည်ငြိမ်အေးချမ်းရေးအတွက် မဲရုံပရဝုဏ်မှ ကိုက်(၅၀၀)အတွင်း ပါတီအမှတ်တံဆိပ်ပါ အဝတ်အစားများ၊ နဖူးစည်းများဝတ်ဆင်၍ အစုအဝေးမပြုရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရန် လည်းကောင်း၊ ကော်မရှင် အတွင်းရေးမှူးဦးတင်ထွန်းက ပြည်ပနိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ခဲ့မှုကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က မဲစာရင်းတွင် လူပိုများ ပါဝင်နေမှုနှင့် အိမ်ငှားနေထိုင်သူများ အနေဖြင့် ပြောင်းရွှေ့ သွားသည့်အခါ ပုံစံ(၆၆/ ၆) မပြောင်းရွေ့သည့်အတွက် မဲစာရင်းတွင်ပါဝင်နေမှု၊ ပြောင်းရွေ့သွားသူ အနေဖြင့် ရွေးကောက်ပွဲနေ့တွင် ၎င်း၏ပုံစံ(၆၆/ ၆) ရှိသည့်နေရာတွင် လာရောက်မဲပေးနိုင်သည့် အတွက် ပယ်ဖျက်ရေးမှာ သက်ဆိုင်ရာ ကာယကံရှင်က ပုံစံ (၄)ဖြင့် လျှောက်ထားမှသာ ပယ်ဖျက်ပေး နိုင်မှုကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးဝင်းကိုမှ ဟိုင်းကြီးကျွန်းရှိ တမ္ပဝတီ ရေတပ်စခန်းဌာနချုပ်မှ မဲစာရင်းများ ကိုကိုးကျွန်မြို့နယ် မဲစာရင်းတွင် ပါဝင်နေခြင်းမှာ ပုံစံ (၃-က) လျှောက်ထားမှုကြောင့် ဖြစ်ကြောင်း၊ သတင်းရယူမည့် မီဒီယာသမားများ အနေဖြင့် မဲရုံအတွင်း ဝင်ခွင့်မရှိကြောင်းကို ရှင်းလင်းပြောကြားပါသည်။

    အထွေထွေ ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲနေ့၌ ပါတီအမှတ်တံဆိပ်ပါ အဝတ်အစားများ ဝတ်ဆင်၍ စုရုံးခြင်းမပြုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးကြပါသည်။၎င်းနောက်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက နိုင်ငံရေးပါတီများ၏ ဆွေးနွေးချက် များအပေါ် ရှင်းလင်း ဆွေးနွေးပြီးနောက် နိဂုံးချုပ် ပြောကြားရာတွင် တပ်မတော် အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိ အစိုးရအနေဖြင့် လည်း ၄ နှစ်တာကာလအတွင်း တည်ငြိမ်အေးချမ်းစွာ ဖွံဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက် ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် အရေးကြီးကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းမှလည်း စောင့်ကြည့်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲအလွန် အပြောင်းအလဲတွင်လည်း တည်ငြိမ်အေးချမ်းစွာ ရှိစေလိုပါကြောင်း၊ ရွေးကောက်ပွဲအလွန် တည်ငြိမ်အေးချမ်းရေးမှာ ယခုမဲဆွယ် စည်းရုံးရေးကာလ တည်ငြိမ်အေးချမ်းမှုအပေါ် တည်မှီလျက်ရှိကြောင်း၊ အေးချမ်းစွာပြောင်းလဲပြီး ဖွံ့ဖြိုးတိုးတက်မှုအဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားစေလိုကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရေး ကာလအတွင်း ပဋိပက္ခများ မဖြစ်ပေါ်စေရေးအတွက် Code of Conduct နှင့် (၁/၂၀၁၄) တို့ကို လိုက်နာ ဆောင်ရွက်စေလိုကြောင်း၊ ရွေးကောက်ပွဲအလွန် ကာလတွင်လည်း အနိုင်ရ အာဏာရပါတီ အနေဖြင့် တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ကျန်ပါတီများ အနေဖြင့်လည်း တိုင်းပြည် တိုးတက်ရေးအတွက် အကြံပြုထောက်ကူ ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    ( သတင်းစဉ် )

     

  • မဲဆန္ဒနယ်ပြင်ပ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ကြေညာချက်

    {edocs}photo/news_photos/29-10-2015/ANNOUNCE.pdf,100%,900{/edocs}

  • ပြည်ပနိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပ

    BODY

    နေပြည်တော်၊ အောက်တိုဘာ ၂၇

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပြည်ပနိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာအဖွဲ့ ( ၃၂ ) ဖွဲ့မှ တာဝန်ရှိသူ( ၆၄ ) ဦး တက်ရောက်ခဲ့ကြသည်။

    ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးက အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသူများအနက် ကြိုတင် ဆန္ဒမဲပေးရန် ပုံစံ (၁၅) ဖြင့် တောင်းခံလာမှုအပေါ် ဆန္ဒမဲ လက်မှတ်များအား ပြည်ပနိုင်ငံ ၃၇ နိုင်ငံရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး ၄၄ ရုံးသို့ ပေးပို့ခဲ့မှု၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဆန္ဒပြုပြီး မဲလက်မှတ်များ ပြန်လည်ပေးပို့မှု အခြေအနေ၊ လျှောက်ထားလာသော ပုံစံ (၁၅) များအား စိစစ်ရာတွင် ပြည်တွင်း နေရပ်လိပ်စာ မပြည့်စုံခြင်းနှင့် ပြည်ပတွင် ရောက်ရှိ နေသော လိပ်စာဖော်ပြရာ၌ နိုင်ငံမပါရှိခြင်းတို့ကြောင့် မဲလက်မှတ်များ ပေးပို့နိုင်ခြင်း မရှိခဲ့မှု၊ ပြည်တွင်း ပြည်ပလိပ်စာများ မပြည့်စုံသော်လည်း အချို့ကို ကော်မရှင် အနေဖြင့် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့မှု၊ ပြည်ပနိုင်ငံများရှိ တက်ကြွလှုပ်ရှားသော အဖွဲ့များနှင့် ပူးပေါင်း၍ မဲမပေးခဲ့ရသော မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် စင်္ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ ဆန္ဒမဲလက်မှတ်များ ထပ်မံပေးပို့ခဲ့မှုတို့အား ရှင်းလင်းပြောကြားပါသည်။

    ၎င်းနောက် သတင်းမီဒီယာ အဖွဲ့များမှ မေးမြန်းသည့် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခဲ့မှုနှင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများအား ဆောင်ရွက်ခဲ့မှု၊ မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပေးမည့် အခြေအနေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းမှု အခြေအနေ၊ မဲဆွယ်စည်းရုံးရာတွင် အငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်မှု၊ မဲပေးရာတွင် အချိန် လုံလောက်မှုရှိစေရန် ဆောင်ရွက်ထားရှိမှု၊ ရွေးကောက်ပွဲဆိုင်ရာ ဘတ်ဂျက်သုံးစွဲမှု၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ငွေကြေးနှင့် အထောက်အကူပြု ပစ္စည်းများထောက်ပံ့မှု၊ မဲရေတွက်မှု စနစ်၊ မဲရုံလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှု၊ ကိုကိုးကျွန်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့် ရရှိရေး ဆောင်ရွက်ခဲ့မှုနှင့် ရွေးကောက်ပွဲရလဒ်အား ထုတ်ပြန် ကြေညာမည့်အခြေအနေ တို့ကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ ကြေညာချက်

    {edocs}photo/news_photos/27-10-2015/27-10-2015announce.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း

    {edocs}photo/news_photos/27-10-2015/announce67.pdf,100%,900{/edocs}

  • ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း

    {edocs}photo/news_photos/26-10-2015/26-10-2015-form3-a.pdf,100%,900{/edocs}

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ပြည်ထောင်စုနယ်မြေအတွင်း ဆန္ဒမဲလက်မှတ်များ ထိန်းသိမ်းထားရှိမှုနှင့် ဖြန့်ဝေမှုတို့အား သွားရောက်ကြည့်ရှု

    body

    နေပြည်တော် အောက်တိုဘာ ၂၆

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အဖွဲ့ဝင် ဦးအောင်မြင့်နှင့် ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ဆန္ဒမဲလက်မှတ်များ ထိန်းသိမ်းထားရှိမှုနှင့် ဖြန့်ဝေမှုတို့အား လိုက်လံကြည့်ရှုခဲ့သည်။

    ရှေးဦးစွာ တပ်ကုန်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်အတွင်း ဆန္ဒမဲလက်မှတ်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေးပါသည်။

    ၎င်းနောက် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲရုံအလိုက် မဲစာရင်းများ ဖြန့်ဝေရန် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ပေးရန် ဆောင်ရွက်ထားရှိမှု၊ မဲဆွယ် စည်းရုံးရာတွင် ထိပ်တိုက်တွေ့ဆုံမှုများ မဖြစ်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရေး၊ မဲပေးစဉ် ကာလအတွင်း မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ အနေဖြင့် လှည့်လည်ကြီးကြပ် ဆောင်ရွက်သွားရေး၊ မဲဆန္ဒရှင် ပြည်သူလူထုအား မဲပေးရမည့် လုပ်ငန်းစဉ်များ ပညာပေးရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲစာရင်း ကူးယူခွင့်ပြုရေး ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

    ယင်းနောက် လယ်ဝေးမြို့နယ် မြို့မရဲစခန်းတွင် ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲများသို့ ဖြန့်ဝေမှုအား ကြည့်ရှု စစ်ဆေးပြီးနောက် မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲ များ ထုတ်ပေးမှုနှင့် ပြန်လည်လက်ခံမှု၊ ပုံစံများတွင် မှတ်တမ်းတင်ထားရှိမှု၊ ကြိုတင်မဲပေးပြီးသူများ စာရင်းပုံစံများ ကပ်ထားကြေညာမှု၊ ခရီးလမ်းပန်း ခက်ခဲသည့် နေရာများတွင် မဲပေးနိုင်ရေးစီစဉ် ဆောင်ရွက်ထားမှု၊ ဆက်သွယ်ရေး စီစဉ်ထားရှိမှု၊ မဲစာရင်းနှင့် ပတ်သက်၍ မဲရုံအလိုက်ဖြန့်ခွဲရေး ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ထုတ်ပေးရန်ကိစ္စနှင့် မဲစာရင်းရလဒ်များ ကြေညာမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်မဲပေးသူများစာရင်း ပုံစံ (၁-၁) ၊ ပုံစံ (၁-၂) နှင့် ပုံစံ (၁-၃) ကပ်ထားကြေညာမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

     

  • ရွေးကောက်ပွဲစည်းရုံးဟောပြောမှုအား ဥပဒေနှင့်အညီ စည်းရုံးဟောပြောကြရန် သတင်းထုတ်ပြန်ခြင်း

    {edocs}photo/news_photos/26-10-2015/Announce.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကာလ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများသည် ၁၉၆၁ ဗီယင်နာကွန်ဗင်းရှင်းပါ အိမ်ရှင်နိုင်ငံ ပြည်တွင်းရေးနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရန်လိုအပ်

    body

    နေပြည်တော် အောက်တိုဘာ ၂၃


    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦး၀ဏ္ဏမောင်လွင်တို့သည် ရန်ကုန်အခြေစိုက်နှင့် မြန်မာနိုင်ငံ၌ သံတမန်ပူးတွဲတာ၀န်ထမ်းဆောင်လျက်ရှိသော သံတမန်အဖွဲ့၊ မြန်မာ နိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတကာမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ကိုယ်စားလှယ် များအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ တွေ့ဆုံ သည်။


    တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် (၆) ကြိမ်မြောက် ဖြစ်ကြောင်း၊ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဟာဗျူဟာစီမံကိန်းကိုရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း။


    ရွေးကောက်ပွဲအတွက် မဲစာရင်းကို စက်တင်ဘာလ ၁၄ နေ့ရက် မှ ၁၇ ရက်နေ့ထိ ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ ပြည်တွင်းရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန် ချက်အရ လာရောက်ကြည့်သူနည်းကြောင်း၊ မဲစာရင်းသည် အရေးကြီးပြီး မဲစာရင်းတွင် ပါဝင်မှသာ မဲပေးနိုင်မှာဖြစ်သကဲ့သို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိမှာဖြစ်ကြောင်း။


    ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို မြို့နယ် (၃၃၀) အား တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်စီ အဖြစ် သတ်မှတ်ပါကြောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီတွင် မဲဆန္ဒနယ်(၁၂)နယ်စီ သတ်မှတ်ပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်ကို မြို့နယ်တစ်မြို့နယ်စီတွင် မဲဆန္ဒနယ်နှစ်နယ်စီ သတ်မှတ်ပါကြောင်း၊ မဲဆန္ဒ နယ်မြေသတ်မှတ်ရာတွင် မဲဆန္ဒရှင်ဦးရေကို အခြေခံ၍သတ်မှတ်ခြင်းမဟုတ်ဘဲ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးတန်းတူညီမျှစွာရရှိစေရန် မြို့နယ်ကိုအခြေခံ၍ သတ်မှတ်ခြင်းဖြစ်ကြောင်း။


    လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူပေါင်း ၆၁၈၅ ဦးရှိပြီး အတည် ပြုသူ (၆၀၆၅) ဦးရှိကြောင်း၊ အမျိုးသား ကိုယ်စားလှယ်လောင်း ၅၂၇၄ ဦး (၈၆.၈%) နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၀ ဦး (၁၃.၂%) ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ခြင်း ကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေများမှာ မြို့နယ် (၅) မြို့နယ်၊ ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၈၈) အုပ်စု ဖြစ်ပါကြောင်း၊ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေး နိုင်ရေးအတွက် နိုင်ငံခြားရေး၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။


    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို မှန်ကန်မျှတပြီး ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေနှင့် အညီ အကောင်အထည်ဖော်ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်၍ တရားမျှတပြီး အများယုံကြည်လက်ခံသော ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများ၊ မီဒီယာများ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာမှမိတ်ဆွေအဖွဲ့အစည်းများကလည်း အားပေးကူညီကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းပြောကြားသည်။


    ထို့နောက် နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးက နိုင်ငံခြားရေး၀န်ကြီးဌာနမှ ပွင့်လင်းမြင်သာသော၊ လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအခြေစိုက်နှင့် ပူးတွဲ ထမ်းဆောင်သည့် သံတမန်များအား ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအဖြစ် ဖိတ်ခေါ် လေ့လာစေသည့်လုပ်ငန်းလည်းပါရှိကြောင်း၊ သံတမန်များအနေဖြင့် ရွေးကောက်ပွဲကြိုတင် ပြင်ဆင် မှုများကို မြန်မာနိုင်ငံအနှံ့သွားရောက်လေ့လာလျက်ရှိပါကြောင်း၊ ထိုသို့လေ့လာရာတွင် နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများ၊ မဲဆန္ဒရှင်များနှင့်လည်း တွေ့ဆုံလျက်ရှိကြောင်း၊ ရွေးကောက်ပွဲကာလတွင်လည်း နိုင်ငံတကာစောင့်ကြည့်လေ့လာသူများအဖြစ် ပါ၀င်ဆောင်ရွက် ရာတွင် ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ လိုက်နာရမည့်ကျင့်၀တ်များအပြင် သံတမန်ဆက်ဆံရေးဆိုင်ရာ ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းပါ အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးနှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များကို လေးစား လိုက်နာရန် တာ၀န်၀တ္တရားများရှိကြောင်း၊ တရားမျှတပြီး လွတ်လပ်   သည့်၊ ထင်သာမြင်သာရှိသည့်၊ ယုံကြည်ရသည့် ရွေးကောက်ပွဲများကို အေးအေးချမ်းချမ်းအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သံတမန်များအပါအ၀င် အားလုံး၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း၊ သံတမန်များ၏ လှုပ်ရှားမှု များသည် ရွေးကောက်ပွဲ၏တရားမျှတမှုကိုမထိခိုက်စေရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


    ယင်းနောက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု၀န်ကြီးတို့သည့် တက်ရောက် လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

  • ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်ရန် ပုံစံ (၃-က) ဖြင့် လျှောက်ထားလာမှု အခြေအနေအား သတင်းထုတ်ပြန်ခြင်း

    {edocs}photo/news_photos/23-10-2015/Form3-A.pdf,100%,900{/edocs}

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်

    {edocs}photo/news_photos/22-10-2015/peaceelection.pdf,100%,900{/edocs}

  • မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာချက်

    {edocs}photo/news_photos/22-10-2015/votingcard.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲနေ့တွင် သတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အကြောင်းကြားစာ

    {edocs}photo/news_photos/22-10-2015/press1.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲ ကျင်းပမည့်နေ့ မတိုင်မီ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ အတွက် တာဝန်ဖြင့် သွားရောက်မည့် ဝန်ထမ်းများ ကြိုတင် ဆန္ဒမဲ ပေးရန်ကိစ္စ

    {edocs}photo/news_photos/22-10-2015/prevote.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်းအား တွေ့ဆုံ

    body1

    ရန်ကုန် အောက်တိုဘာ ၂၀

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအား မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှ ဦးခင်မောင်လေး (ဖိုးသောကြာ)နှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲ ၂ နာရီတွင် Park Royal ဟိုတယ်၌ လာရောက် တွေ့ဆုံခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကို၊ ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ထို့သို့ တွေ့ဆုံ ဆွေးနွေးရာတွင် သတင်း မီဒီယာအဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များ ရယူနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် ဆက်သွယ် သတင်း ရယူနိုင်သည့် ပုဂ္ဂိုလ်များ သတ်မှတ်ပေးရန်နှင့် သတင်းစာ ဆရာများ အသင်းမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး ဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

  • မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်နှင့် တန့်ယန်းမြို့နယ်များတွင် ရွေးကောက်ပွဲအား ခေတ္တယာယီရပ်ဆိုင်းပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တင်ပြ

    {edocs}photo/news_photos/22-10-2015/sndp.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအား တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များလာရောက်တွေ့ဆုံ

    body

    ရန်ကုန် အောက်တိုဘာ ၂၀

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအား တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည့် အဖွဲ့ (၈) ဖွဲ့မှ တာဝန်ရှိသူ များသည် ယနေ့ နံနက် ၈ နာရီတွင် Park Royal ဟိုတယ်သို့ လာရောက် တွေ့ဆုံခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထို့သို့တွေ့ဆုံရာတွင် တက်ရောက်လာသည့် အဖွဲ့များမှ ဦးခွန်ဆိုင်းက ရွေးကောက်ပွဲ များ ကျင်းပခြင်းသည် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် အရေးကြီး သဖြင့် အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသည့် ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ရေးနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ လွတ်လပ်စွာ မဲဆွယ်စည်းရုံး ဆောင်ရွက်နိုင်ရန် ကိစ္စရပ် များအား တင်ပြခဲ့ပြီး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည့်အဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက တစ်နိုင်ငံလုံးတွင် မြို့နယ် ၃၃၀ ရှိသည့် အနက် ၅ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အချို့တွင်သာ ရွေးကောက်ပွဲ ကျင်းပရန် ရွှေ့ဆိုင်းထားကြောင်း၊ ရွှေ့ဆိုင်းထားသည့် ဒေသများမှာ ကော်မရှင် မဖွဲ့စည်းနိုင်ခြင်း၊ မဲစာရင်း ပြုစုခွင့် မရခြင်းနှင့် မဲရုံများဆောက်လုပ်ခွင့် မရရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးသွားမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းရေး အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်မှု များအား ကြိုဆို ဝမ်းမြောက်ပါကြောင်း၊ ကော်မရှင်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင်များ မဲပေးနိုင်ရေး အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ မကျင်းပ နိုင်သည့်နေရာဒေသများ၏ မကျင်းပနိုင်သည့် အကြောင်းအရင်း များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအကြားပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကျင်းပ

    body

    ရန်ကုန် အောက်တိုဘာ ၂၀

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ အကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီနှင့် မွန်းလွဲ ၂ နာရီတွင်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၅၆) ပါတီ၊ လူမှုအဖွဲ့အစည်း (၅၁) ဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း (၉) ဖွဲ့မှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မဲစာရင်း မှန်ကန်ရေးအတွက် ကော်မရှင်အနေဖြင့် အခြေခံမဲစာရင်းကို ပြုစုဆောင်ရွက်ခဲ့ပါကြောင်း၊ မဲစာရင်းပြုစု ကြေညာရန် ကော်မရှင်တွင် တာဝန်ရှိပြီး မဲစာရင်းမှန်ကန်ရေးမှာ ပြည်သူလူထု အနေဖြင့်ကြည့်၍ ဖြည့်စွက်ခြင်း ပယ်ဖျက်ခြင်း ပြင်ဆင်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်မှသာ မဲစာရင်း အမှန်ရရှိမှာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ မဲစာရင်းမှန်ကန်မှုသည် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု ပေါ်တွင်မူတည်ပါကြောင်း၊ မဲစာရင်းတွင်အမှား ပါရှိသော်လည်း မဲစာရင်းတွင် အမည်ပါရှိပါက မဲပေးခွင့်ရမှာ ဖြစ်ကြောင်း၊

    ရွေးကောက်ပွဲမတိုင်ခင် မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို ထုတ်ပေးသွားမှာဖြစ်ပြီး မဲစာရင်းတွင်ပါဝင်သည့် မဲပေးလိုသောမဲဆန္ဒရှင်များအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများထံတွင်ထုတ်ယူနိုင်ကြောင်း၊ မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ယူခြင်းဖြင့် (၁) မဲစာရင်း တွင်ပါဝင်ပြီး မဲပေးခွင့်ရရှိခြင်း၊ (၂) မည်သည့်မဲရုံတွင် မဲပေးရမည်ကိုသိရှိပြီး မဲပေးရန် လွယ်ကူစေခြင်း၊ (၃) သက်သေခံလက်မှတ်တွင် မဲစာရင်းအမှတ်ပါ၍ မဲစာရင်းရှာဖွေခြင်းနှင့် မဲလက်မှတ်ထုတ်ယူခြင်းကို လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း၊ (၄) မဲဆန္ဒရှင်အနေဖြင့် သက်သေခံကတ်တစ်ခုခု မပါခဲ့ပါက မဲဆန္ဒရှင်သက်သေခံလက်မှတ်အား သက်သေခံအထောက် အထားအဖြစ် ပြသ၍မဲပေးနိုင်ခြင်းနှင့် (၅) သက်သေခံလက်မှတ်ပါ အချက်အလက်များမှားယွင်း နေပါက ပြင်ဆင်ပေးခြင်းဖြင့် နောင်တွင် မဲစာရင်းအမှန်ရရှိမှာ ဖြစ်ပါကြောင်း၊

    ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသော မဲဆန္ဒရှင်များအနေဖြင့် နိုင်ငံခြားသံရုံးအသီးသီးတွင် ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ပြည်ပရောက်မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ အစွမ်းကုန်ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပြည်တွင်းတွင်လည်း အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ နိုဝင်ဘာ ၇ ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် ဆက်စပ်နေသော မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီ အတွင်း ကြိုတင်မဲပေးခွင့်ပြုထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ မီဒီယာများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲစောင့်ကြည့်ရေး ဆောင်ရွက်ကြမည့်ပုဂ္ဂိုလ်များ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တာဝန်ရှိသူမှ ထောက်ခံပေးပါက ၁၀ ရက် ကြိုတင်မဲပေးနိုင်မှာဖြစ်ကြောင်း၊ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် မဲဆန္ဒနယ်အတွင်းရှိ ကြိုတင်မဲပေးခွင့်ရှိသူများ ကြိုတင်မဲပေးနိုင်မှာဖြစ်ကြောင်း၊ ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပွင့်လင်းမြင်သာမှုရှိစေရန် တိတိကျကျဆောင်ရွက်ထားကြောင်း။

    ရွေးကောက်ပွဲတွင် တံဆိပ်တုံးနှိပ်ပြီးမဲပေးရမည်ဖြစ်၍ အခက်အခဲမရှိစေရန် မဲရုံဝင်ပေါက်၌ စမ်းသပ်ရိုက်နှိပ်နိုင်ရေး ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ မဲဆန္ဒရှင်တစ်ဦးတည်းက နှစ်ကြိမ် မဲပေးခြင်းမဖြစ်စေရန် လက်သန်း သို့မဟုတ် လက်ချောင်းတစ်ချောင်းချောင်းအား (၂) ရက်လောက် မပျက်သည့် မှင်အိုးထဲနှစ်သည့်စနစ်ပြုလုပ်ထားကြောင်း၊

    ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ ပုဂ္ဂိုလ်များအနေဖြင့် မဲရုံများကို စောင့်ကြည့်လေ့လာသည့်အခါ လျှို့ဝှက်မဲပေးမှုစနစ် မထိခိုက်အောင် မဲပေးခြင်းလုပ်ငန်းမှာ တာဝန်ယူဆောင်ရွက်သူများ၊ မဲဆန္ဒရှင်ပြည်သူများအတွက် အနှောက်အယှက်မဖြစ်အောင် သတ်မှတ်ထားသည့်ကျင့်ဝတ်များ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်မှာကြား လိုကြောင်း။

    ဆန္ဒမဲရေတွက်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စား လှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့် သက်သေများရှေ့ မဲရုံတွင်ပင် မဲရုံပိတ်ချိန် ဆန္ဒမဲပေးခြင်း ပြီးလျင်ပြီးခြင်း ဆောင်ရွက်မှာဖြစ်ပြီး ရလဒ်များကြေညာခြင်းကိုလည်း မဲရုံများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ရေတွက်ပြီးလျင်ပြီးခြင်း ကပ်ထားကြေညာမှာဖြစ်ပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ထားကြောင်း၊

    နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းနိုင်ရေးနှင့် လွတ်လပ်မျှတသည့်ရွေးကောက်ပွဲဖြစ်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများ၊ မီဒီယာများ၊ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ကြသူများအားလုံးနှင့် မဲဆန္ဒရှင်ပြည်သူလူထုအပေါင်းတို့က ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပါသည်။

    ယင်းနောက် IFES မှ Mr. Paul Guerin က မဲဆန္ဒရှင်အသိပညာပေး အစီအစဉ်တွင် အသုံးပြုမည့် ပညာပေးပစ္စည်း၊ ဗွီဒီယို၊ စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက မဲဆွယ်စည်းရုံးခြင်းဆိုင်ရာညွှန်ကြားချက်၊ လိုက်နာရန် အချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က တစ်နိုင်ငံလုံး အဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်ဒေါက်တာဒေါ်မြင့်ကြည်က ရွေးကောက်ပွဲရလဒ်များအား စီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်များအပေါ် တက်ရောက်လာသော နိုင်ငံရေးပါတီ များမှ မေးမြန်းဆွေးနွေးကြပါသည်။

    နေ့လည် ၂ နာရီတွင် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး IFES မှ Mr. Paul Guerin က မဲဆန္ဒရှင်အသိပညာပေး အစီအစဉ်တွင် အသုံးပြုမည့် ပညာပေးပစ္စည်း၊ ဗွီဒီယို၊ စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။

    ၎င်းနောက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့်သူများ အသိအမှတ်ပြုခြင်းလုပ်ငန်း စဉ်နှင့်ကျင့်ဝတ်ဆိုင်ရာများကို ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်မှလည်းကောင်း၊ တစ်နိုင်ငံလုံး အဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ ကော်မရှင် အဖွဲ့ဝင်ဦးဝင်းကြည်မှလည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်မှလည်းကောင်း၊ ရွေးကောက်ပွဲရလဒ်များအား စီမံခန့်ခွဲ ခြင်းနှင့်ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင်ဒေါက်တာဒေါ်မြင့်ကြည်မှလည်းကောင်း ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာသော လူမှုအဖွဲ့အစည်းများမှ ပြန်လည်မေးမြန်းဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

  • ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်းသည့် ကြေညာချက်

    {edocs}photo/news_photos/19-10-2015/advanceannounce.pdf,100%,900{/edocs}

  • ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများတွင် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးလျက်ရှိ

    {edocs}photo/news_photos/19-10-2015/Advance in foreign.pdf,100%,900{/edocs}

  • မီဒီယာများအတွက် သတင်းထုတ်ပြန်ချက်

    {edocs}photo/news_photos/19-10-2015/mediaethic.pdf,100%,900{/edocs}

  • ဆန္ဒမဲလက်မှတ်များကို အမှန်အမှတ်အသား၊ တံဆိပ်တုံးဖြင့် ရိုက်နှိပ်၍ ဆန္ဒပြုရာတွင် ခိုင်လုံမဲနမူနာများ၊ ပယ်မဲနမူနာများ ထုတ်ပြန်ကြေညာခြင်း

    {edocs}photo/news_photos/19-10-2015/Pollingstation.pdf,100%,900{/edocs}

  • ကြိုတင်ဆန္ဒမဲလက်မှတ် ခိုင်လုံမဲနမူနာများ၊ ပယ်မဲနမူနာများ ထုတ်ပြန်ကြေညာခြင်း

    {edocs}photo/news_photos/19-10-2015/advance.pdf,100%,900{/edocs}

  • ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ အနေဖြင့် အောက်တိုဘာလ ၂၄ ရက် မတိုင်မီတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက် လျှောက်ထားနိုင်ပါရန် တိုက်တွန်း နှိုးဆော်ခြင်း

    {edocs}photo/news_photos/16-10-2015/mmvs_Press Release_Oct 6.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Patrick အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် အောက်တိုဘာ ၁၆

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် မြန်မာ နိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး H.E. Mr. Andrew Patrick အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်း ရေးမှူးနှင့် ကော်မရှင် ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံ ရာတွင် ဗြိတိန် သံအမတ် ကြီးက မဲစာရင်း ဆောင်ရွက် နေမှု၊ ကြိုတင် မဲပေး ခြင်းကိစ္စ ရပ်များ၊ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေး ခြင်းကိစ္စ ရပ်များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင် အနေဖြင့် မဲစာရင်းကို ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ရုံးရှိ အိမ်ထောင်စု စာရင်းနှင့် လူဦးရေ စာရင်း အပေါ် အခြေခံ၍ မဲစာရင်း ပြုစု ကြောင်း၊ မဲစာရင်း အားသတ်မှတ် ရက်တွင် ကပ်၍ ကြေညာ ကြောင်း၊ မဲဆန္ဒရှင်မှ လာရောက် ကြည့်ရှု၍ တောင်းခံခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင် ခြင်းပြုလုပ်၍ မဲဆန္ဒ ရှင်များက ပူးပေါင်း ဆောင်ရွက် ရမှာ ဖြစ်ကြောင်း၊ မဲစာရင်း မှန်ကန်ရန် ဆောင်ရွက် ရမည့် လုပ်ငန်း စဉ်တွင် ပူးပေါင်း ဆောင်ရွက်မှု မရှိဘဲ အပြစ်တင် ပြောဆို နေမှုသာ ရှိကြောင်း၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွင် မဲလက်မှတ် များဖယောင်း သုတ်ထား သည်ဟု အကြောင်း ပြ ပြဿနာ ပေါ်ပေါက် ရန် ဖန်တီး ခဲ့ကြောင်း၊ ယခုလည်း မဲစာရင်းမှားသည်ဆိုပြီး အကြောင်းပြ နေကြောင်း၊ ယခုလိုဆောင်ရွက်နေခြင်းမှာလည်း လိုချင်သည့်ရလဒ်မရရှိပါက ပြည်တွင်း၊ ပြည်ပ ဖိအားကို အသုံးပြု၍
    ရလဒ်ကိုငြင်းပယ်ရန် ဆောင်ရွက်နေသည်ဟု ယူဆရကြောင်း၊ ကော်မရှင် အနေဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်အောင် ဥပဒေနှင့်အညီသာ ဆောင်ရွက် ကျင်းပမှာဖြစ်ကြောင်း၊

    ကြိုတင်မဲပေးမည့်သူများစာရင်းနှင့် ပတ်သက်၍ မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခွင့်ရှိသည့် နာမကျန်းသူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ မီးဖွားနေသူများ ကြိုတင်မဲကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲမှ ကာယကံရှင်ထံ သွားရောက် ဆောင်ရွက်ပါကြောင်း၊ ၎င်းကြိုတင်မဲစာရင်းကို ပုံစံ (၁၃) ဖြင့် ပြုစုပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ခရီးသွားလာရန်ရှိသူများလည်း ကြိုတင်မဲပေးနိုင်သည့် ရွေးကောက်ပွဲနေ့ မတိုင်မီ (၂) ရက်တွင်ပေးနိုင်ကြောင်း၊ ၎င်းတို့၏ကြိုတင်မဲပေးပြီးသည့် စာရင်းကိုလည်း ပုံစံ (၁၃) ဖြင့်ပင် ပြုစုပါကြောင်း၊ မဲဆန္ဒနယ်ပြင်ပရောက်သင်တန်းသားများ၊ ကျောင်းသားများ၊ ဆေးရုံတက်ရောက်နေသူများ၊ အချုပ်သားများအနေဖြင့် ကြိုတင်မဲပေးလိုပါက ပုံစံ (၁၅) ဖြင့်တောင်းခံရကြောင်း၊ ၎င်းတို့စာရင်းကို ပုံစံ (၁-၁) ဖြင့် ပြုစုပါကြောင်း၊ တပ်မတော်သား များနှင့် အိမ်ထောင်စုဝင်မိသားစုများအတွက်ကြိုတင်မဲပေးမည့်စာရင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာတပ်မှူးထံမှ တောင်းခံပါကြောင်း၊ ၎င်းစာရင်းကို ပုံစံ (၁-၂) ဖြင့်ပြုစုထားပါကြောင်း၊ အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးလိုပါက ပုံစံ (၁၅) ဖြင့်တောင်းခံပါကြောင်း၊ ၎င်းကြိုတင် ဆန္ဒမဲပေးသူများ စာရင်းကို ပုံစံ (၁-၃) ဖြင့် ပြုစုပါကြောင်း၊ ပုံစံ (၁၃)၊ ပုံစံ (၁-၁)၊ ပုံစံ (၁- ၂)၊ ပုံစံ (၁-၃) များရှိ ကြိုတင်ဆန္ဒမဲပေးသူများစာရင်းကို မဲစာရင်းတွင်လည်း ကြိုတင်မဲပေးပြီးကြောင်း မှတ်သား ပါကြောင်း၊ ပုံစံ (၁၃) များကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် မဲရုံများတွင် ကပ်ထားကြေညာမှာဖြစ်ကြောင်း၊ ပုံစံ (၁-၁)၊ ပုံစံ (၁-၂)၊ ပုံစံ (၁-၃) များကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာမှာဖြစ်ကြောင်း၊ မဲပေးသည့်နေ့တွင် ကြိုတင်မဲပေးပြီးသူများ ထပ်မံမဲပေးခြင်းရှိ/မရှိကို ကြိုတင်မဲပေးပြီးသူများစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးဆောင်ရွက် နိုင်ကြောင်း၊ သံရုံးများရှိဝန်ထမ်းများအနက် တာဝန်ဖြင့်သွားရောက်ရန်ရှိသူများသည် သံရုံး၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ၁၀ ရက် ကြိုတင်၍ ကြိုတင်မဲပေးနိုင်ပါကြောင်း၊

    မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပေးခြင်းနှင့်ပတ်သက်၍ မဲပေးလိုသူများအား ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ မဲပေးခြင်းမှာ မပေးမနေရစနစ် မဟုတ်သဖြင့် မဲပေးလိုသူများအနေဖြင့် မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ယူနိုင် ပါကြောင်း၊ မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းဖြင့် မဲစာရင်းတွင်ပါဝင်ပြီး မဲပေးခွင့် ရရှိခြင်းသေချာစေကြောင်း၊ မည်သည့်မဲရုံတွင်မဲပေးရမည်ကို အလွယ်တကူသိရှိစေမှာ ဖြစ်ကြောင်း၊ သက်သေခံကတ်တစ်ခုခုမပါရှိသော်လည်း ယခုမဲဆန္ဒရှင်သက်သေခံလက်မှတ်ဖြင့် မဲပေးနိုင်မှာဖြစ်ကြောင်း၊ သက်သေခံလက်မှတ်တွင် မဲစာရင်းအမှတ်ပါသဖြင့် မဲလက်မှတ် ထုတ်ယူရာတွင် အမည်စာရင်းရှာရန်လွယ်ကူပြီး မဲပေးမှုကို လျင်မြန်စွာဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ သက်သေခံလက်မှတ်ပါ အချက်အလက်များမှားယွင်းနေပါက ပြင်ဆင်ပေး လိုက်လျှင် နောင်မဲစာရင်းအမှန်ရရှိမှာဖြစ်ကြောင်း ရည်ရွယ်ချက် (၅) ချက်ဖြင့်ဆောင်ရွက်ခြင်း ဖြစ်ပြီးအကျိုးရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

  • ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

    {edocs}photo/news_photos/16-10-2015/16-10-2015-Announce.pdf,100%,900{/edocs}

  • အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် ကြိုတင်ဆန္ဒမဲမပေးဖြစ်ခဲ့ပါကဆောင်ရွက်ရန်နည်းလမ်း

    {edocs}photo/news_photos/15-10-2015/oversea.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/ ၂၀၁၅) ကျင်းပ

    body

    နေပြည်တော် အောက်တိုဘာ ၁၃

    ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/ ၂၀၁၅) ကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၇) ပါတီမှ တာဝန်ရှိသူများ၊ ကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတစ်ဝန်းလုံး တွင် ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီး (၃) ခုနှင့် ပြည်နယ်(၂) ခုတွင်လည်းကောင်း၊ ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ တိုင်းဒေသကြီး (၆) ခုနှင့် ပြည်နယ် (၆) ခုတို့တွင်လည်းကောင်း သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ရာမှာ အိမ်ထောင်စု လေးသိန်းခြောက်သောင်းကျော်မှ လူဦးရေ တစ်သန်းခြောက်သိန်းကျော် ဘေးသင့်ခဲ့ပြီး ၁၃၂ ဦးသေဆုံးခဲ့ပါကြောင်း။

    ချင်းပြည်နယ်တွင်လည်း မြေပြိုမှုကြောင့် ဆက်လက်နေထိုင်ရန် မသင့်သဖြင့် မြို့ပေါ် ၆၇၆ အိမ်နှင့်ကျေးလက်တွင် ၁၁၄၉ အိမ်၊ စုစုပေါင်း ၁၈၂၅ အိမ်အား ရွေ့ပြောင်းရေးဆောင်ရွက်နေရ ကြောင်း၊ အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ကိုင်း တိုင်း၊ ကောလင်းမြို့တွင် လူနေအိမ်များရေနစ်မြုပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း များရှိနေပြီး ဒေသခံများအား ရေဘေးလွတ်ကင်းရာဒေသများသို့ ပြောင်းရွှေ့နေရပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ရေဝင်ခဲ့သော်လည်း အချိန်မီရွှေ့ပြောင်းနိုင်သဖြင့် ဆုံးရှုံးမှုမရှိ သော်လည်း မဲစာရင်းပြင်ဆင်နေမှုအား အချိန်မီပြီးစီးရေးအတွက် ဆက်လက်ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ မဲရုံပစ္စည်းများကို အချိန်မီပေးပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဇူလိုင်လ ၂၁ ရက်နေ့ ကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လမ်းပြကြယ်ပါတီတို့မှ အခြေခံ မဲစာရင်းများထုတ်ပြန်ရာတွင် မှာယွင်းမှုများရှိခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုကြောင့် မဲပေးပိုင်ခွင့် ဆုံးရှုံးပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲမဖြစ်နိုင်သဖြင့် မဲစာရင်းများမှန်ကန်စွာပြုစုနိုင်ရန် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းသင့်ကြောင်းကို တင်ပြမှုရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့ ကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ချင်းတိုးတက်ရေးပါတီမှ ချင်းပြည်နယ်တွင် ရေကြီး မြေပြိုမှုများ ဖြစ်ပွားခဲ့သဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကို ဆောင်ရွက်နေ ရကြောင်း၊ ပြည်သူများအနေဖြင့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်နေချိန်တွင် နှစ်သိမ့်အားပေး ရမည့်အစား ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆောင်ရွက်ရန်မှာ မဖြစ်သင့်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်နေသဖြင့် နယ်လှည့်စည်းရုံးရန် အခက်အခဲရှိကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအား အချိန်အတိုင်းအတာတစ်ခု ယူရမည်ဖြစ်၍ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းစေချင်ကြောင်းကိုလည်း တင်ပြခဲ့ပါကြောင်း၊ ချင်းပြည်နယ် ဟားခါး မြို့နယ် အီးအက်ဘီစီ အထွေထွေအတွင်းရေးမှူး ဆရာတော်မှ တနင်္ဂနွေနေ့သည် ခရစ်ယာန် ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သဖြင့် ရွေးကောက်ပွဲကျင်းပသည့်ရက်အား တနင်္ဂနွေနေ့ကို ရှောင်လွှဲသင့်ကြောင်း အကြံပြုမှုရှိခဲ့ပါကြောင်း။

    ရွေးကောက်ပွဲနီးလာချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးကိုလည်း စဉ်းစားသုံးသပ်ရမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချို့တွင် လုံခြုံရေးအခြေအနေအရ နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်နိုင်ခြင်းမရှိပဲ ရပ်တန့်လျက်ရှိကြောင်း၊ ကိုးကိုးကျွန်းမဲဆန္ဒနယ်တွင်လည်း ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခွင့်မရသေးဟုသိရကြောင်း၊ မဲဆွယ်စည်းရုံးမှုအခြေအနေ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုပေါ်မူတည်၍ ရွေးကောက်ပွဲရွှေ့ဆိုင်းသင့်သည်ဟု ယူဆရသဖြင့် တက်ရောက်လာသောနိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲကျင်းပမည့်ရက်အား ရွှေ့ဆိုင်းသင့်/ မသင့် သုံးသပ်အကြုံပြုစေလိုပါကြောင်း ပြောကြားပါသည်။

    ၎င်းနောက် ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ရွေးကောက်ပွဲအငြင်းပွားမှုနှင့်ပတ်သက်၍ တိုင်ကြားခဲ့မှုများနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့်ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့မှ ညှိနှိုင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်ဦးဝင်းကိုက ရွေးကောက်ပွဲအား တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု ကာလအတွင်း အငြင်းပွားမှုများကို ကြီးမားသောပဋိပက္ခအသွင် မရောက်ရှိရေးနှင့်ဥပဒေအရ အရေးယူရခြင်းမျိုးမရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် (၁/၂၀၁၄) နှင့် နိုင်ငံရေးပါတီများသဘောတူရေးဆွဲထားသည့် ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လွတ်လပ်မျှတ၍ တည်ငြိမ် အေးချမ်းသော ရွေးကောက်ပွဲဖြစ်စေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။

    ယင်းနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သဘာဝဘေးဖြစ်စဉ်များ ဆက်တိုက်ကျရောက်မှုကြောင့် ပြည်သူလူထုအတွက် အခက်အခဲရှိပါက ရွေးကောက်ပွဲရွှေ့ဆိုင်းရေးကို စဉ်းစားဆောင်ရွက်သင့်ပါကြောင်း၊ ပါတီများအနေဖြင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ပါက ဥပဒေကြောင်းအရ ဖြစ်စရာမရှိသဖြင့် Code of Conduct ကို ပါတီများ အားလုံးကလိုက်နာဆောင်ရွက်ကြဖို့လိုကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးပါတီများအနေဖြင့်မဲဆွယ်စည်းရုံးရာတွင် သဘာဝဘေးအန္တရာယ်များကြောင့် ကျေးရွာ လူထုအထိ စည်းရုံးဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အချို့ဒေသများတွင် တိုက်ပွဲများဖြစ်နေ၍ မဲဆွယ်စည်းရုံးမှုများကို ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ သို့ဖြစ်၍ရွေးကောက်ပွဲရက် ရွှေ့ပြောင်းသင့်ကြောင်းကို သုံးသပ်တင်ပြလိုပါကြောင်းနှင့် ပုဂ္ဂိုလ်ရေး ထိခိုက်စေသည့် ဗီဒီယိုထုတ်လွှင့်မှုများကို ပါတီများမှ ထိန်းကျောင်းပေးစေလိုပါကြောင်း၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ရွေးကောက်ပွဲရက်ရွှေ့မည့်ကိစ္စနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ် များကျရောက်နေမှုနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးမှုအပေါ် အကျိုးအပြစ်သက်ရောက်နိုင်မှုရှိ/ မရှိကို သုံးသပ်ရန်လိုကြောင်း၊ စည်းရုံးရေးကာလအတွင်း ပါတီတစ်ခုနှင့်တစ်ခု နှောက်ယှက်မှု မရှိအောင် Code of Conduct နှင့် ညွှန်ကြားချက် (၁/၂၀၁၄)နှင့် အညီဆောင်ရွက်ရေး တိုက်တွန်း ပေးစေလိုပါကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ Code of Conduct နှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်းများအား ရှင်းပြဆွေးနွေးခဲ့ပါကြောင်း၊ မဲဆွယ်စည်းရုံးရာတွင်လည်း ပါတီ အချင်းချင်း ထိပ်တိုက်တွေ့ဆုံပြဿနာမဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲရက်ရွှေ့ခြင်းနှင့်စပ်လျဉ်း၍ သဘာဝဘေးကျရောက်မှုမှာ ဒေသဆိုင်ရာဖြစ်သည့် အသေးအဖွဲကိစ္စဖြစ်၍ ရက်ရွှေ့ခြင်းကိုသဘောမတူပါကြောင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရွေးကောက်ပွဲရက်ရွှေ့ခြင်းနှင့်စပ်လျဉ်း၍ ယခင်ကတည်းက တင်ပြခဲ့ ပါကြောင်း၊ သို့ဖြစ်၍ ရွှေ့ဆိုင်းမှုကိုထောက်ခံပါကြောင်း၊ ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် တွင်လည်း သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် မငြိမ်းချမ်းမှုများကြောင့် စစ်ဘေးရှောင်ကိစ္စများ ရှိခဲ့ပါကြောင်း၊ ရွှေ့ဆိုင်းခဲ့ပါက အငြင်းပွားမှုများ ပြဿနာများ ဆွဲဆန့်သကဲ့သို့ဖြစ်မဖြစ်ကို စဉ်းစား သင့်ပါကြောင်း၊ ရွှေ့ဆိုင်းပါက အပိုင်းလိုက်ကျင်းပခြင်းမပြုလုပ်ဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီရွှေ့ဆိုင်း စေလိုကြောင်း၊ အမျိုးသားတိုးတက်ရေးပါတီက ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းခြင်းနှင့် ပတ်သက်၍ ကော်မရှင်၏အဆုံးအဖြတ်ကို နာယူမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် အချိန်ကြာလာသည် နှင့်အမျှ ဖြစ်လာမည့်အကျိုးဆက်များကို စဉ်းစားဆောင်ရွက်စေလိုကြောင်း တင်ပြဆွေးနွေး ကြပါသည်။

    ၎င်းနောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများကရွေးကောက်ပွဲအတွက်ဆောင် ရွက်နေမှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်ပြောကြားရာတွင် မဲဆွယ်စည်းရုံးခြင်းနှင့်ပတ်သက်၍ ပါတီများတွေ့ရှိသည့် ပြဿနာများ အပေါ် အချင်းချင်းနားလည်မှုရှိစွာဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ပွဲတည်ငြိမ် အေးချမ်းရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် Code of Conduct ကို လိုက်နာ ဆောင်ရွက်ဖို့လိုကြောင်း၊ Code of Conduct စောင့်ကြည့်ရေးကော်မတီ (MCOM) အနေဖြင့် စောင့်ကြည့်ပြီး ထိန်းကျောင်းပေးဖို့လိုကြောင်း၊ မရပါက စေ့စပ်ညှိနှိုင်းရေးကော်မတီအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်း၍မရမှသာ ဥပဒေနှင့်အညီထိရောက်စွာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းသည်အရေးကြီးပါကြောင်း၊ ကော်မရှင်မှ မဲစာရင်းပြုစုပြီး မဲဆန္ဒရှင်ပြည်သူမှလာရောက် ကြည့်ရှု၍ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း ဆောင်ရွက်မှ မှန်ကန်သောမဲစာရင်းရမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များပူးပေါင်းဆောင်ရွက်မှုမရှိပဲ မဲစာရင်းမှန်ကန်မှုအပေါ် အာမခံပြောကြားရန် မဖြစ်နိုင်ပါကြောင်း၊ ကော်မရှင်က ရာနှုန်းပြည့် အာမခံ နိုင်သည်မှာ မဲစာရင်းတွင်အမည်ပါက မဲပေးခွင့်ရမည်ဟု အာမခံပါကြောင်း၊ ဒါ့ကြောင့် မဲစာရင်း တွင်အမည်ပါရေး ပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းပါကြောင်း၊ ရွေးကောက်ပွဲ ရွှေ့ရန် မရွှေ့ရန်နှင့်ပတ်သက်၍ ယနေ့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၏ ဆွေးနွေးချက် များအပေါ် ကော်မရှင်အနေဖြင့် စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း တည်ငြိမ်အေးချမ်းစွာ အောင်မြင်ပြီးစီး စေရေးအတွက် ပါတီများအနေဖြင့် ထိန်းသိမ်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

  • ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/ ၂၀၁၅) သတင်းထုတ်ပြန်ချက်

    {edocs}photo/news_photos/13-10-2015/aaaaa.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း

    {edocs}photo/news_photos/12-10-2015/blackarea.pdf,100%,900{/edocs}

  • မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲလက်မှတ် ခိုင်လုံမဲနမူနာများနှင့် ပယ်မဲနမူနာများ

    {edocs}photo/news_photos/12-10-2015/validinvalid.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲဆိုင်ရာ Web နှင့် Mobile Apps များကို ရယူနည်းအဆင့်ဆင့်

    {edocs}photo/news_photos/8-10-2015/mpsapps.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကပ်ထား ကြေညာမှုများ လိုက်လံကြည့်ရှုစစ်ဆေး

    body

    body1

    ကလေး၊ အောက်တိုဘာ ၇

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယနေ့နံနက် (ဝ၈:ဝဝ)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးတင်လှိုင်မြင့်၊ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ်အောင်သူဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ရှိသူ များနှင့် အတူ ကလေးမြို့နယ်အတွင်းရှိ လှိုင်သာယာရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ကြို့သုံးပင်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် အောင်ဇေယျ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်ခဲ့ပြီး မဲစာရင်းကပ်ထား ကြေညာထားမှု၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားမှုအခြေအနေနှင့် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ ရောက်ရှိနေ သည့် မဲဆန္ဒရှင်များ ကြိုတင်မဲစာရင်း ပုံစံ(၁-၃) များ ကပ်ထားမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

    ရှေးဦးစွာ လှိုင်သာယာရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေးအတွက် စီမံချက်ချမှတ်လုပ်ဆောင်ခဲ့ပြီး အခြေခံမဲစာရင်းများ ပြုစုဆောင်ရွက် ခဲ့ကြောင်း၊ မဲစာရင်းများကြေညာချိန် လာရောက်ကြည့်ရှုပြီး ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ) တို့ဖြင့် ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်မှုများ ပြုလုပ်ပါက မှန်ကန်သော မဲစာရင်းများ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ပုံစံ(၃-က)ဖြင့် တင်ပြလာမှုများကိုလည်း စနစ်တကျ မှတ်ပုံတင်ထားရှိလျက် မဲစာရင်းတွင် ဖော်ပြပေးမှ ပြည့်စုံသော မဲစာရင်းဖြစ်ပြီး မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်မည်ဖြစ်၍ အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

    ဆက်လက်ထွက်ခွာရာ ကြို့သုံးပင်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိခဲ့ပြီး အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့သွားရောက်နေသူများ ကြိုတင်မဲစာရင်း ပုံစံ(၁-၃) ကပ်ထားမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို ရည်ရွယ်ချက် (၅)ရပ် ဖြစ်သည့် (၁) မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ယူခြင်းဖြင့် မဲစာရင်း တွင်ပါပြီး မဲပေးခွင့် ရရှိကြောင်း ခိုင်လုံစေရန်၊ (၂) မိမိမဲပေးရမည့်မဲရုံကို အလွယ်တကူသိရှိ နိုင်ရန်၊ (၃) မဲပေးရာတွင် လွယ်ကူ မြန်ဆန်စေရန်၊ (၄) မှတ်ပုံတင်နှင့် အခြား သက်သေခံကတ် များ ပျောက်ဆုံးပါက မဲပေးနိုင်ရန်၊ (၅) အမှားပြင်ပေးခြင်းဖြင့် နောင်ရွေးကောက်ပွဲများအတွက် မှန်ကန်သောမဲစာရင်း ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူလိုသူများအား စိစစ်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ မဲဆန္ဒရှင် သက်သေခံလက်မှတ် မထုတ်ဘဲလည်း ပုံမှန်အတိုင်း မဲပေးနိုင်ပါကြောင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များကိုလည်း စနစ်တကျ သင်တန်းများပို့ချပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွန်များနှင့် အညီ လုပ်ဆောင်တတ်စေရန် လေ့ကျင့်သင်ကြားပေး ရမည်ဖြစ်ကြောင်း၊ မဲရုံများ တည်ဆောက် ရာတွင် မသန်စွမ်းသူများ လွယ်ကူစွာမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မဲရုံသို့ Wheel Chair ဖြင့် လွယ်ကူချောမွေ့စွာ တက်နိုင်ရန် ဆင်ခြေလျှောလမ်း ပြုလုပ်ပေးရန်နှင့် မဲပုံး များအကြား သွားလာနိုင်ရန် (၃)ပေခန့် အကျယ်အဝန်း ရှိရမည်ဖြစ်ကြောင်း၊ မျက်မမြင်များ လွယ်ကူအဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သည်။

    ဆက်လက်၍ အောင်ဇေယျရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက် ကြည့်ရှုခဲ့ရာ တပ်မတော်သားများနှင့် အိမ်ထောင်စုဝင်များ မဲဆန္ဒရှင်အရေအတွက် (၈၁ဝ)ဦးရှိ သဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြိုတင်မဲတောင်းခံမှု အခြေအနေ၊ ၎င်းကြိုတင်မဲ စာရင်းများ ရောက်ရှိလာပါက ပုံစံ(၁-၂)များ ကပ်ထားရန်၊ အမှန်တကယ်လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကိုသာ ကြိုတင်မဲပေးစေရန်နှင့် ကျန်တပ်မတော်သားများနှင့် အိမ်ထောင်စု ဝင်များ မဲရုံသို့ ကိုယ်တိုင် လာရောက်မဲပေးကြစေရန် လိုအပ်ကြောင်းနှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်မှုသည် ကောင်းမွန်ပါကြောင်း၊ ရွေးကောက်ပွဲနေ့တွင် မဲပေး ပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ပွဲကာလ တစ်လျှောက် စိတ်ရှည်၊ သီးခံပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စေတနာထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နိုင်ငံရေးပါတီများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

    body

    body1

    body2

    body3

    ဟားခါး၊ အောက်တိုဘာ ၆

    ချင်းပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြို မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အဦနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှုများ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများ ပြန်လည်ထူထောင်ရေးဆောင်ရွက်ထားရှိမှုများအပေါ် မူတည်၍ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်အဖွဲ့ သည် နံနက်(၁၁:၂ဝ)နာရီအချိန်တွင် ကလေးမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာရာ ချင်းပြည်နယ်၊ ဟားခါးမြို့သို့ (၁၂:ဝဝ)နာရီ အချိန်တွင်ရောက်ရှိလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးဟာကီး၊ ပြည်နယ်လွတ်တောဥက္ကဋ္ဌ ဦးဟောက်ခင်းခမ်၊ ပြည်နယ်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ကြပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယနေ့မွန်းလွဲ (၁၂:၃ဝ)နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အတွင်း ရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လွတ်တော် ကိုယ်စားလှယ်လောင်းများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေနှင့်အညီ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးမှာကြားပါသည်။

    ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူလူထု၏ အချုပ်အခြာအာဏာကို နိုင်ငံအဝန်းပျံ့နှံ့စေရန်အတွက် လူထုဆန္ဒနှင့်အညီ လူထု ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် ပြည်သူတို့ထံမှဆင်းသက်ပြီး ထိုအချုပ်အခြာအာဏာ နိုင်ငံတစ်ဝှမ်းလုံးသို့ပျံ့နှံ့စေရန်အတွက် ရွေးကောက်ပွဲနည်းလမ်းဖြင့် ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တွင် အချုပ်အခြာအာဏာ(၃)ရပ်ကို ကျင့်သုံး နိုင်ရန် စတင်အခြေခံလာခြင်းမှာ ရွေးကောက်ပွဲပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း များသည် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးသည့် လုပ်ငန်းကြီးတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူ့ လွတ်တော်၊ အမျိုးသားလွတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွတ်တော် ကိုယ်စားလှယ် များကိုရွေးချယ်ပေးရသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်နေထိုင်သော လူမျိုးစုများ အတွက် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ပေးပြီး အုပ်ချုပ်ရေးကိစ္စများတွင် ပါဝင် နိုင်အောင် ဆောင်ရွက်ပေးရကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထမ်းဆောင်ရမည့် လွတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အရည်အချင်းရှိသူများ ဖြစ်ရန်လို သဖြင့် နှလုံးသားနှင့်အသိတရားပေါင်းစပ်ပြီး လူတော်လူကောင်းများကို ရွေးချယ်တင်မြှောက် ကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက လူတော်လူကောင်းများကို ရွေးချယ်မှသာလျှင် နိုင်ငံတော် ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများတွင် ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း၊

    မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး (၆၇)နှစ်ရှိပြီ ဖြစ်သော်လည်း ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် (၆)ကြိမ် သာရှိသေးကြောင်း၊ သို့ဖြစ်၍ ရွေးကောက်ပွဲအရေးကြီးပုံ နှင့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို ပြည်သူလူထုအနေဖြင့် သိရန်လိုအပ်ပါကြောင်း။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နို်င်ငံတော်သမ္မတကရွေးချယ်ပြီး လွတ်တော်က အတည်ပြုပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ တာဝန် (၁၃)ရပ်ရှိပြီး လွတ်တော်အသီးသီး အတွက် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးဆုံးဖြတ်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်းခြင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် အညီ နိုင်ငံရေးပါတီများကိုမှတ်ပုံတင်ခြင်း၊ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းတို့ ဖြစ်ပါကြောင်း။

    ရွေးကောက်ပွဲတွင်အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးမှာ မဲစာရင်းမှန်ကန်ပြည့်စုံ ရေးပင်ဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်ရန်အတွက် ရွေးကောက်ပွဲကော်မရှင် တစ်ခုထဲဖြင့် အောင်မြင်အောင် ဆောင်ရွက် နိုင်မှာမဟုတ်ဘဲ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများ၊ မီဒီယာများ မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိမှာဖြစ်ကြောင်း၊ မဲစာရင်း တွင် အမည်ပါဝင်မှသာ မဲပေးနိုင်မှာဖြစ်ပါကြောင်း၊ မဲစာရင်းတွင်မိမိအမည် ပါ/မပါ သွားရောက် ကြည့်ရှုပြီး ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ရန် မဲဆန္ဒရှင် များတွင် တာဝန်ရှိပါကြောင်း၊ မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်အောင် ကော်မရှင်အနေဖြင့် ဆောင်ရွက်နေပါကြောင်း၊ မဲစာရင်းမှားသော်လည်း မဲပေးခွင့်မဆုံးရှုံးကြောင်း၊ မဲပေးခွင့်ရှိသူ ဖြစ်ကြောင်း တာဝန်ခံပြောကြားသူရှိလျှင် ပြင်ဆင်ရေးမှတ်၍ မဲပေးခွင့်ပြုရမည်ဟု လွတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၅ဝ(ဂ)တွင် အတိအလင်း ပြဌာန်းထားပါကြောင်း၊ မဲဆန္ဒရှင်များ မဲပေးရာတွင် လွယ်ကူလျှင်မြန်စွာ မဲပေးနိုင်ရန်အတွက် မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒရှင်များအား သက်သေခံ လက်မှတ်များ ထုတ်ပေးရန်စီစဉ်ထားပါကြောင်း၊ ကြိုတင်မဲ ပေးရာတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် နည်းဥပဒေများကိုလည်း ပြင်ဆင်ပေးထားပါကြောင်း၊ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အများစု နိုင်သောပါတီသည် အာဏာရပါတီဖြစ်ပြီး မိမိပါတီအာဏာရရှိပါက နို်င်ငံတော် တည်ဆောက်ရေးအတွက် မူဝါဒများ ချမှတ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အတိုက်အခံပါတီအနေဖြင့် အာဏာရ ပါတီ၏ လိုအပ်ချက်ကို ထောက်ပြ၊ တည့်မတ် ပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ပြောကြားပါသည်။

    ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများ၏မေးမြန်းချက်များကို ပြန်လည် ဖြေကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် Voter Education လုပ်ငန်းများအား ပါတီများ၊ လူမှုအဖွဲ့အစည်း CSO များဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာကျင်းပပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါကြောင်း ပါတီများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံ လိုကြောင်း၊ ရွေးကောက်ပွဲတွင် အရွေးအချယ် ခံရသော ကိုယ်စားလှယ်များနှင့် ပါတီများအနေ ဖြင့်လည်း နိုင်ငံတော်ကြီး တိုးတက်အောင် ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြား သွားပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ချင်းပြည်နယ် အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် မြို့ဟောင်း ရပ်ကွက်ရှိ ခွာရုံတောင်တန်းသာသနာပြုဘုန်းတော်ကြီးကျောင်းနှင့် ရုန်းတောင် ပြိုကျခဲ့မှု အခြေ အနေတို့အား လှည့်လည်ကြည့်ရှုပြီး ဟားခါးမြို့မှ ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ ကလေးမြို့သို့ ညနေ (၃:၅ဝ)ချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ကလေးမြို့၊ ကျီကုန်း ကျေးရွာ၊ ရာဇဂီရီကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော မဟာသာကပဋိမာ ရေဆန်ကျွန်းမြတ် ရုပ်ပွားတော်အားဖူးမြှော်ကာ အလှုငွေများလှူဒါန်းခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

  • မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူအခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကျင်းပ

    body

    body1

     

    နေပြည်တော် အောက်တိုဘာ ၈

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူအခွင့်အရေးဆိုင်ရာ အသိပညာ ပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး သင်တန်းခန်းမတွင်ပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်းများနှင့် အမှုထမ်းများတက်ရောက်ကြသည်။

    အစီအစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်ဦးမြင့်နိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က လူအခွင့်အရေး၏ သဘောသဘာဝ၊ သမိုင်းကြောင်းနှင့်အနှစ်သာရ လူ့အခွင့်အရေးကော်မရှင်ဥပဒေ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စုံစမ်းစစ်ဆေးခြင်းနှင့် တိုင်ကြားနိုင် သည့်နည်းလမ်းများအားရှင်းလင်းဆွေးနွေးပြီး ကော်မရှင်အဖွဲ့ဝင်ဒေါ်မြမြက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများပေါ်ပေါက်လာပုံအဆင့်ဆင့်၊ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ၊ လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားချက်များနှင့်တိုင်ကြား ချက်များအပေါ်ဖြေရှင်းဆောင်ရွက်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးပါသည်။

    ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများမှ သိရှိ လိုသည်များကိုမေးမြန်းဆွေးနွေးကြပြီး ဆွေးနွေးဟောပြောပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

  • ရွေးကောက်ပွဲ အား လွတ်လပ် တရား မျှတ မှုနှင့် ပွင့်လင်း မြင်သာ မှုကို မှတ်ကျောက် တင်နိုင်ရန် အားလုံး ပူးပေါင်း ဆောင်ရွက် သွားရန်လို

    kalay-body

    kalay-body1

    kalay-body2

    kalay-body3

    ကလေး၊ အောက်တိုဘာ ၅

    စစ်ကိုင်း တိုင်းဒေ သကြီး၊ ကလေး မြို့နယ် အတွင်း သဘာဝ ဘေး အန္တရာယ် ကြောင့် ရေကြီး ရေလျှံ မှုများ ဖြစ်ပေါ် ခဲ့ပြီးနောက် မြို့နယ် အလိုက် အဆောက် အဦ နှင့် စာသင် ကျောင်းများ ပျက်စီး ဆုံးရှုံး မှုများ၊ လမ်းပန်း ဆက်သွယ် ရေးအခြေ အနေများ ၊ ပြန်လည် ထူထောင်ရေး ဆောင်ရွက် ထားရှိ မှုများ အပေါ် မူတည်၍ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် လိုအပ် သည်များ ညှိနှိုင်း ဖြေရှင်း ဆောင်ရွက် ပေးရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နှင့် အဖွဲ့ သည် ယနေ့ နံနက် (ဝ၉:၄၅)ချိန်တွင် ကလေး လေဆိပ် သို့ ရောက်ရှိရာ ကလေး တပ်နယ်မှ ဗိုလ်မှူးချုပ် အောင်သူဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ စည်ပင် သာယာရေး ဝန်ကြီး ဦးတင်လှိုင်မြင့်၊ စစ်ကိုင်း တိုင်းဒေ သကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ခရိုင် ကော်မရှင် အဖွဲ့ခွဲ အသီးသီးမှ တာဝန် ရှိသူများ၊ ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များမှ ကြိုဆို နှုတ်ဆက် ကြပါသည်။ ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့သည် မော်တော် ယာဉ်များဖြင့် ကလေး မြို့နယ် အတွင်း ရေကြီး နစ်မြုပ်မှု ဖြစ်ပွားခဲ့သော ကျောက္ကာ ကျေးရွာ နှင့် အေးသာယာ ကျေးရွာ တို့သို့ သွားရောက် ကြည့်ရှုပြီး ဒေသခံ ရွာသူ/ရွာသား များအား ရင်းရင်း နှီးနှီး တွေ့ဆုံကာ နေအိမ် အသစ်များ ဆောက်လုပ် နေမှုများကို လိုက်လံ ကြည့်ရှုပြီး လိုအပ် သည်များ မှာကြား ခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် ယနေ့ မွန်းလွဲ (၂)နာရီတွင် ကလေးမြို့၊ မြို့တော် ခန်းမ၌ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီး သီးမှ တာဝန် ရှိသူများ၊ ကလေး၊ တမူး၊ မော်လိုက် ခရိုင်များ အတွင်း ရုံးခွဲ ဖွင့်လှစ် ထားသော နိုင်ငံရေး ပါတီများ၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံ၍ လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ ကြီးကို ပွင့်လင်း မြင်သာ စွာဖြင့် ဥပဒေ နှင့်အညီ ကျင်းပ နိုင်ရေး ညှိနှိုင်း ဆွေးနွေး မှာကြား ပါသည်။ တွေ့ဆုံပွဲ သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတူ စစ်ကိုင်း တိုင်းဒေ သကြီး အစိုးရ အဖွဲ့ စည်ပင် သာယာ ရေးဝန်ကြီး ဦးတင်လှိုင်မြင့်၊ ကလေး တပ်နယ်မှ ဗိုလ်မှူးချုပ် အောင်သူဦး၊ စစ်ကိုင်း တိုင်းဒေ သကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ခရိုင် နှင့်မြို့နယ် ကော်မရှင် အဖွဲ့ခွဲ အသီးသီး နှင့် ခရိုင်၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာ တာဝန် ရှိသူများ၊ ခရိုင် အတွင်း ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

    ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှ ရွေးကောက်ပွဲ သည် မြန်မာ နိုင်ငံ အတွက် အလွန် အရေးကြီး ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ(၄)တွင် နိုင်ငံတော်၏ အချုပ် အခြာ အာဏာ သည် နိုင်ငံသား များထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်း လုံး၌တည် သည်ဟု ပြဌာန်း ထားပြီး ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ဆိုသည်မှာ ပြည်သူ လူထုက ရွေးချယ် ပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် များမှ တစ်ဆင့် အနိုင် ရရှိသည့် ပါတီက အစိုးရ အဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး အာဏာ ကျင့်သုံးပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် များနဲ့ ဖွဲ့စည်း ထားတဲ့ လွှတ်တော် များကတော့ ဥပဒေ ပြုရေး အာဏာကို ကျင့်သုံးပြီး တရား လွှတ်တော်ချုပ်က တရား စီရင်ရေး အာဏာ ကျင့်သုံး ပါကြောင်း၊ အာဏာ(၃)ရပ် ကျင့်သုံးသည့် အစိုးရနှင့် လွှတ်တော် များ ပေါ်ပေါက် နိုင်ရန် အတွက် လွှတ်တော် အတွင်း အရည် အချင်း ရှိသူ များဖြစ်ရန် ရွေးကောက်ပွဲ တွင် မဲဆန္ဒရှင် ပြည်သူ များက ရွေးချယ် ပေးရန် လိုအပ်ပါကြောင်း။

    ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှ ဆက်လက် ပြောကြား ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး နိုင်ငံတော် သမ္မတမှ ရွေးချယ်ပြီး ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ များပြဌာန်း၍ တာဝန် များအပ်နှင်း ထားပါကြောင်း၊ အဓိက တာဝန်မှာ ရွေးကောက်ပွဲ များကျင်းပခြင်း၊ သဘာဝ ဘေးအန္တရာယ်နှင့် လုံခြုံရေး အခြေ အနေအရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း၊ ကြီးကြပ် ခြင်းနှင့် ကြီးကြပ် စေခြင်းတို့ ဖြစ်ပါကြောင်း၊ နိုင်ငံရေး ပါတီ များကို ကြီးကြပ် ခြင်းနှင့် ကြီးကြပ် စေခြင်းတို့ ဆောင်ရွက် ရာတွင် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေ သကြီးနှင့် ခရိုင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ အဆင့် ဆင့်တို့ မှလည်း ကြီးကြပ် စေရန် ဥပဒေ အရ ပြဌာန်း ထားပါကြောင်း၊ နိုင်ငံရေး ပါတီများ အနေဖြင့် လည်း ဥပဒေကို လေ့လာရန်၊ လိုက်နာ ရန်နှင့် ဥပဒေ၏ အကာ အကွယ် ကိုရယူရန် တိုက်တွန်း လိုပါကြောင်း။

    မြန်မာ နိုင်ငံ တွင် လွတ်လပ်ရေး ရပြီး (၆၇)နှစ် အတွင်း၌ ရွေးကောက်ပွဲ အတွေ့ အကြုံ(၅) ကြိမ်သာ ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲ နှင့်ပတ်သက် သည့် ဗဟုသုတ နည်းပါး သည့် အပြင် ရွေးကောက်ပွဲ အရေး ကြီးပုံနှင့် အနှစ် သာရကို တိတိ ကျကျ သိရှိ နားလည်ခြင်း မရှိကြ ပါကြောင်း၊ ယခင် ရွေးကောက်ပွဲ အတွေ့ အကြုံ များကို သုံးသပ်၍ မဲစာရင်း ပြည့်စုံ မှန်ကန် စေရေး အတွက် စီမံချက်ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်း အမှားအယွင်းများ ပြင်ဆင် နိုင်ရန် အချိန်ကန့်သတ်ချက်ရှိနိုင်သဖြင့် အခြေခံမဲစာရင်းကို ကြိုတင်ပြုစု၍ မှန်ကန်သော မဲစာရင်းရရှိရေး ကြိုးစား ဆောင်ရွက် ခဲ့ကြောင်း၊ မဲစာရင်း များကြေညာ ချိန်လာရောက် ကြည့်ရှုပြီး ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) များနဲ့ ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက် မှုများ ပြုလုပ်က မှန်ကန်သော မဲစာရင်းများ ဖြစ်လာ မည်ဖြစ်၍ အပြုသဘော ဆောင်သော ပူးပေါင်း ဆောင်ရွက်မှု များကို ဖိတ်ခေါ် ဆောင်ရွက် ခဲ့ပါကြောင်း၊ မဲစာရင်း မှားယွင်း သဖြင့် မဲပေးခွင့် မဆုံးရှုံး နိုင်ပါကြောင်း၊ မဲပေး ပိုင်ခွင့် ရှိသူ အမှန် ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ဖွံ့ဖြိုးရေး အထောက် အကူပြု ကော်မတီနှင့် တာဝန်ခံ ပြောကြားသူ ရှိလျှင် ပြင်ဆင် ရေးမှတ်၍ မဲပေးခွင့် ပြုရမည်ဟု ပြဋ္ဌာန်း ထားပြီး ဖြစ်ကြောင်း၊ သို့သော် မဲစာရင်း တွင် ပါဝင်မှသာ မဲပေးခွင့်၊ ရွေးကောက်ခံ ပိုင်ခွင့်ရှိပါကြောင်း။
    ကြိုတင်မဲ ပေးခြင်းတွင် မဲဆန္ဒနယ် အတွင်းရှိ မဲဆန္ဒရှင်များ ကြိုတင်မဲ ပေးခြင်းနှင့် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲ ပေးခြင်း တို့ရှိပြီး ပွင့်လင်း မြင်သာစွာ ဆောင်ရွက် ခဲ့ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေ များကို သိရှိပြီး လိုက်နာ အကာ အကွယ်ယူ ပါက ကြိုတင်မဲ ပေးခြင်း အပေါ် သံသယ ဖြစ်ဖွယ် မရှိပါကြောင်း၊ မဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးအတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ် များကို မဲစာရင်းကို အခြေခံ၍ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မဲစာရင်း တွင် ပါရှိသူ အားလုံးကို ထုတ်ပေး သွားမည်ဖြစ်ကြောင်း။ မဲပေး လိုသူများ သည် မဲဆန္ဒ သက်သေခံ လက်မှတ် ထုတ်ယူပါက မိမိ မဲပေး ရမည့် မဲရုံ အလွယ် တကူ ရှာဖွေ သိရှိ နိုင်ရန်၊ မဲပေးရာတွင် လွယ်ကူ လျင်မြန်စေရန်၊ သက်သေခံ လက်မှတ်များ ပျောက်ဆုံးပါက မဲပေး နိုင်ရန်နှင့် နောင်ရွေးကောက်ပွဲ များအတွက် မှန်ကန်သော မဲစာရင်း ပြုစုနိုင်ရန် ရည်ရွယ်ချက် (၄)ချက်ဖြင့် ဆောင်ရွက် ခဲ့ကြောင်း၊ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ပျောက်ဆုံး သော်လည်း မဲစာရင်း တွင် ပါရှိပြီး ဖြစ်၍ မဲပေး နိုင်ပါကြောင်း၊ သက်သေခံ လက်မှတ် မထုတ်ဘဲ ပုံမှန်အတိုင်း မဲရုံ သွားရောက် မဲပေးလိုက မဲပေးနိုင် ပါကြောင်း။

    မဲဆန္ဒရှင်ပညာပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ ပါဝင် ပူးပေါင်းကြရန် ဖိတ်ခေါ်ပါကြောင်း၊ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတမှုနှင့် ပွင့်လင်း မြင်သာမှုကို မှတ်ကျောက် တင်နိုင်ရန် အတွက် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် အာဆီယံ နိုင်ငံများမှ ရွေးကောက်ပွဲ ဆိုင်ရာ အဖွဲ့အစည်း များအပါအဝင် ပြည်တွင်း/ ပြည်ပ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များကို ဖိတ်ခေါ် ထားပါကြောင်း။

    မဲဆွယ် စည်းရုံးရေး ကာလတွင် လိုက်နာရန် ညွန်ကြားချက် (၁/၂ဝ၁၄) ထုတ်ပြန် ထားပါကြောင်း၊ ပါတီများ ကိုယ်တိုင် ရေးဆွဲထားပြီး လက်မှတ် ရေးထိုး ထားသည့် နိုင်ငံရေးပါတီများ လိုက်နာရမည့် ကျင့်ဝတ် Code of Conduct များအား လိုက်နာပြီး ရွေးကောက်ပွဲဟောပြောစည်းရုံးခြင်းများ ပြုလုပ်နိုင်ပါကြောင်း၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဥပဒေ အခန်း(၁၃) ပါ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှု ပြစ်ဒဏ်များ၊ အခန်း(၁၄) ပါ တရားမဲ့ပြုကျင့်မှုများကို လိုက်နာ ကျင့်သုံးပြီး ဥပဒေ၏ အကာကွယ်ကို ရယူရန်နှင့် ဥပဒေ၊ စည်းမျဉ်း၊ ကျင့်ဝတ်များကို အသိ တရားနှင့်ယှဉ်ပြီး လေးစား လိုက်နာ ကြရန် တိုက်တွန်း ပြောကြားသည်။

    ထို့နောက် တက်ရောက် လာသည့် နိုင်ငံရေး ပါတီများမှ တာဝန် ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း များက ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် မဲစာရင်း တွင်အမည် မပါဝင်က ပုံစံ(၃)ဖြင့် လျှောက်ထား ရမည် ဖြစ်ကြောင်း၊ သတ်မှတ်ချိန် ကျော်လွန်ပြီးမှ မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုပါက လက်ခံ၍ မရပါကြောင်း၊ မဲဆွယ် စည်းရုံး ဟောပြော ရာတွင် နိုင်ငံရေး ပါတီများ ကလက်မှတ် ရေးထိုး ထားသည့် Code of Conduct အတိုင်း သဘောတူ လက်ခံ ဆောင်ရွက် ကြရန်လိုကြောင်း၊ လွှတ်တော် ကိုယ်စား လှယ်လောင်း များက ဗီနိုင်း ပိုစတာ ဆိုင်းဘုတ်များ အသုံးပြုရာတွင် သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီ တွင် လျှောက်ထား ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံ ဆွေးနွေး ပွဲကို ညနေ(ဝ၅:ဝဝ) ချိန်တွင် ရုပ်သိမ်း ခဲ့ပါသည်။

  • ရှမ်းပြည်နယ်လွှတ်တော် မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တို့အား ပြောင်းလဲပြင်ဆင်သတ်မှတ်ကြေညာခြင်း

    {edocs}photo/news_photos/6-10-2015/changeconstuency1.pdf,100%,900{/edocs}

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နိုင်ငံရေး ပါတီများ၊ လွတ်တော် ကိုယ်စားလှယ် လောင်းများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီးသီးမှ တာဝန် ရှိသူများနှင့်တွေ့ဆုံ၊ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များရှင်းလင်း

    body-myintkyina

    body-myintkyina1

    body-myintkyina2

    မြစ်ကြီးနား/ အောက်တိုဘာ(၂)

    ၂ဝ၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေ နှင့်အညီ ကျင်းပဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယနေ့ နံနက်(ဝ၉:ဝဝ) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှတာဝန်ရှိသူများ၊ ပါတီရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများ ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ် တာဝန်ခံ ဦးအင်ဇော်နော်၊ ကချင်ပြည်နယ်လွတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှု အဖွဲ့ အစည်းများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားရာတွင် ရွေးကောက်ပွဲသည် နိုင်ငံတော် အတွက် အရေးကြီးသည့်လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ပြည်သူလူထုကိုယ်စား တိုင်းပြည်ရဲ့ တရား ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာအား ကျင့်သုံး နိုင်ရန် ကိုယ်စားလှယ် ရွေးချယ်ခြင်းလုပ်ငန်းဖြစ်ကြောင်း၊ ၎င်းရွေးချယ်ခြင်းလုပ်ငန်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်မှာ မဲအများဆုံးရသူအနိုင်ယူစနစ် (First Past The Post – FPTP)ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မဲပေးသည့် စနစ်မှာ အချို့သောနိုင်ငံများကဲ့သို့ မဲမပေးမနေရစနစ် မဟုတ်ကြောင်း၊ မိမိဆန္ဒအလျောက် မဲပေးလိုက ပေးနိုင် ပြီး မဲမပေးလိုက နေနိုင်သည့်စနစ်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများ ပြဌာန်း၍ တာဝန်များအပ်နှင်းထားကြောင်း၊ အဓိက တာဝန် များမှာ လွတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကျင်းပခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲရွေ့ဆိုင်းခြင်း၊ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ လွတ်တော်ကိုယ်စားလှယ်တစ်ဦးအား တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း ကော်မရှင်သို့ တိုင်ကြားလာက စစ်ဆေးခြင်းနှင့် ပြဌာန်းမည့်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း။

    ရွေးကောက်ပွဲတွင် မဲစာရင်းသည်လွန်စွာမှ အရေးကြီးကြောင်း၊ မှန်ကန်သောမဲစာရင်းရရှိရေး အခြေခံ မဲစာရင်းကောက်ခံပြီး ဆန္ဒမဲ ပေးပိုင် ခွင့် ရှိသူအားလုံး မဲပေးနိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်း မှန်ကန်ရေးအား မဲဆန္ဒရှင်များနှင့် ပါတီများမှ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှသာ မှန်ကန် သောမဲစာရင်း ရရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနေ့တွင် ပယ်မဲမဖြစ်ရေး ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း၊ မဲရုံတိုင်းတွင် မဲပေးပုံလုပ်ငန်းလမ်းညွန်ဗီနိုင်းများ၊ မဲပေးရန် တံဆိပ်တုံးနှိပ်ရမည့် ပညာပေးဗီနိုင်းများ၊ ပယ်မဲမဖြစ်ရန်နှင့် သတ်မှတ်ရန် ပညာပေးဗီနိုင်းများ စသည်တို့ကို ကပ်ထားမည် ဖြစ်ကြောင်း၊ ကြိုတင်မဲများ ဥပဒေနှင့်အညီပေးရန်နှင့် ကြိုတင်မဲပေးသည့် ပြည်တွင်း/ပြည်ပ မဲပေးသူစာရင်း အားလည်း ပုံစံအသီးသီးဖြင့် ကပ်ထားပြီး ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်စေမှာဖြစ်ကြောင်း၊ မဲပေးပြီး မဲရေတွက်ရာတွင်လည်း လေ့လာစောင့်ကြည့်နိုင်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျောက်လုံး ပြည်တွင်း/ပြည်ပမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့များအား လျှို့ဝှက်မဲပေးမှုစနစ်ထိခိုက်မှုမရှိက လေ့လာခွင့် ပြုသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသွားပါသည်။

    ၎င်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသော ပါတီကိုယ်စားလှယ်များ၊ လွတ်တော် ကိုယ်စားလှယ်လောင်းများက တင်ပြကြပါသည်။ တင်ပြဆွေးနွေးချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့်အား ပိတ်ပင်ခြင်းသည် လွတ်တော်ဥပဒေ အခန်း ၁၃ ပါ ဥပဒေများနှင့် ငြိစွန်းမှုရှိကြောင်း၊ ရဲအရေးပိုင်သောဥပဒေဖြစ်ပြီး အရေးယူ အပြစ်ပေးခံရနိုင်ကြောင်း၊ ရွေးကောက်ပွဲအပြီး ကန့်ကွက်လွာတင်လာကလည်း တရားမဲ့ပြုကျင့်ကြောင်း သက်သေထင်ရှားက အနိုင်/အရှုံး ပြောင်းလဲသွားနိုင်ကြောင်း၊ နယ်မြေလုံခြုံမှုမရှိကလည်း ရွေးကောက်ပွဲ ရွေ့ဆိုင်းရမှာဖြစ်ကြောင်း၊ IDP Camp စစ်ဘေးရှောင်စခန်းမှ မဲဆန္ဒရှင်များလည်း စခန်းရှိလူဦးရေစာရင်းအား မဲစာရင်းအဖြစ်ပြုစုပြီး ဆိုင်ရာမဲဆန္ဒ နယ်မြေအလိုက် မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ရက်ပေါင်း (၁၈ဝ)အထက် ရောက်ရှိ နေသော မဲဆန္ဒရှင်များအားလည်း ပုံစံ(၃-က)ဖြင့် လျှောက်ထားလာက ရောက်ရှိနေရာတွင် မဲပေးခွင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိပြီး ရှင်းလင်းအောင် နည်းဥပဒေများရေးဆွဲထားပြီးဖြစ်ကြောင်း၊ ဥပဒေအား သိရှိအောင်ဆောင်ရွက်ရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် စောင့်ကြည့်တည့်မတ်၍ ဥပဒေနှင့်မညီကလည်း ကန့်ကွက်ရန်ဖြစ်ကြောင်း၊ လုံခြုံရေးအရ မဲရုံမဖွင့်နိုင်သော မဲစာရင်းပြုစုရရှိပြီး မဲဆန္ဒရှင်များအား လုံခြုံသောနေရာတွင် မဲရုံဖွင့်လှစ်၍ ရွေးကောက်ပွဲ ပြုလုပ်နိုင်ပါကြောင်း ရှင်းလင်း ပြောကြားပါသည်။

    နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌမှ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ အငြင်းပွားမှုများပေါ်ပေါက်လာပါက ညှိနှိုင်းဖြေရှင်းရေးကော်မတီမှ စေ့စပ်ညှိနှိုင်းပေးမှာဖြစ်ကြောင်း၊ လက်ခံခြင်းမရှိက လုံခြုံရေးကောက်မတီမှ အရေးယူဆောင်ရွက်သွားစေမှာဖြစ်ကြောင်း၊ လွတ်လပ် တရား မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲကြီးအား အေးချမ်းစွာကျင်းပနိုင်ရေး လွတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီများ၊ မီဒီယာများနှင့် ပြည်သူလူထုအပေါင်းမှ ပူးပေါင်းကြပါရန် မေတ္တာရပ်ခံ ပြောကြားသွားပါသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပူတာအို ခရိုင် အတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီးသီးနှင့် နိုင်ငံရေး ပါတီများ၊ လွတ်တော် ကိုယ်စားလှယ်လောင်း များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံ

    body

    body1

    body2

    body3

    မြစ်ကြီးနား၊ ပူတာအို အောက်တိုဘာ ၁

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၁ဝ:ဝဝ) ချိန်တွင် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် မြစ်ကြီးနားလေဆိပ်သို့ရောက်ရှိလာရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးအင်ဇော်နော်၊ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများမှကြိုဆိုနှုတ်ဆက်ကြပါသည်။

    ထို့နောက် မြစ်ကြီးနားလေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးအင်ဇော်နော်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့မှ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် သွားလာရန်ခက်ခဲသည့် ပူတာအိုခရိုင်အတွင်းရှိ နောင်မွန်း၊ ခေါင်လန်ဖူး၊ မချမ်းဘော မြို့နယ်များရှိ မဲရုံများတွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်း (၃.၃)တန် အား မြစ်ကြီးနား မှ ပူတာအို သို့ တပ်မတော်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 ဖြင့် သယ်ယူပို့ဆောင်မည့်အခြေအနေနှင့် ပူတာအိုမှ တစ်ဆင့် တပ်မတော်ရဟတ်ယာဉ်များဖြင့် သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ပို့ဆောင်မည့် အခြေအနေ တို့ကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ လိုအပ်သည်များမှာကြားပြီး မဲရုံသုံး ပစ္စည်းများပို့ဆောင်မှုကို တစ်ပါတည်းလိုက်ပါကြည့်ရှုရန် မြစ်ကြီးနား လေတပ်စခန်းမှ တပ်မတော်လေယာဉ် ဖြင့် နံနက်(၁၁:ဝဝ)ချိန်တွင် ထွက်ခွာခဲ့ရာ ပူတာအို လေဆိပ်သို့ (၁၁:၄ဝ)ချိန်တွင် ရောက်ရှိခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နံနက်(၁၂:ဝဝ)နာရီ အချိန်တွင် ပူတာအိုမြို့၊ ဖုန်ကန်ရာဇီခန်းမ၌ ပူတာအိုတပ်နယ်မှဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းမြင့်၊ ပူတာအို ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ လူမှုအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအား ရင်းနှီးပွင့်လင်းစွာတွေ့ဆုံပါသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တွင် အာဏာကြီးသုံးရပ်ကို ကျင့်သုံးနိုင်ရန် စတင်အခြေခံ လာခြင်းမှာ ရွေးကောက်ပွဲမှ မြစ်ဖျားခံလာခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများသည် နိုင်ငံတော်အတွက်လွန်စွာအရေးကြီးသည့် လုပ်ငန်းကြီးတစ်ခုလည်းဖြစ်ပါကြောင်း၊ ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ပေးရသည့်အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေထိုင်သော လူမျိုးစုများတွင် လူဦးရေ၏ (ဝ.၁)ရာခိုင်နှုန်းထက် များသော လူမျိုးစုများကိုလည်း တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ပေးရပြီး အုပ်ချုပ်ရေးကိစ္စ များတွင် ပါဝင်နိုင်အောင် ဆောင်ရွက်ပေးရကြောင်း၊ အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် လွန်စွာ အရေးကြီးပြီး ကော်မရှင်အနေနှင့်လည်း တာဝန်ကြီးမားပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ကြီး(၈)ရပ်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရလည်း တာဝန်(၁၃)ရပ် သတ်မှတ်ပြဌာန်းထားပါကြောင်း၊ အနှစ်ချုပ်လိုက်လျင် အဓိက တာဝန် (၃)ခုသာရှိကြောင်း၊ (၁)လွတ်တော်အသီးသီးအတွက် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပေးခြင်း၊ (၂) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်းခြင်း၊ (၃) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းတို့ ဖြစ်ပါကြောင်း။

    ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ဆက်လက်ပြောကြားရာတွင် ပါတီဆိုသည်မှာ ကိုယ့်ဒေသရပ်ရွာ ကောင်းကျိုးအတွက် ဆောင်ရွက်ရန် တူညီသောသဘောထားရှိသူများ စုစည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်း ပင်ဖြစ်ကြောင်း၊ ပါတီဖြစ်၍ ပြည်သူနှင့်တစ်သားတည်းရှိပြီး လူထုကို အစဉ်စည်းရုံးနေဖို့လိုကြောင်း၊ ဒါမှသာ လူထု၏ ယုံကြည်လေးစားအားကိုးမှုကို ရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင်အနိုင်ရပါက ဒေသနှင့်နိုင်ငံအကျိုး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လွတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ပါက လွတ်တော်တွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို အကောင် အထည်ဖော် ဆောင်ရွက်ကြရမည့်သူများဖြစ်ကြောင်း၊ လွတ်တော်အတွင်းလူတော်လူကောင်းများ ရောက်ရှိ မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများကို (၅)နှစ်တစ်ကြိမ် ကျင်းပပေးရမည်ဖြစ်ပြီး ပထအကြိမ် လွတ်တော်အသီးသီး၏ သက်တမ်းသည် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ (၃ဝ)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်၍ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း (၉ဝ)အတွင်း ရွေးကောက်ပွဲကျင်းပပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသောပါတီ သည် အာဏာရပါတီဖြစ်ပြီး နိုင်ငံတော်ကို ဦးဆောင်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရပါကြောင်း၊ အနိုင်မရတဲ့ ပါတီ များကလည်း အတိုက်အခံပါတီအဖြစ် ကောင်းမွန်သော စိတ်ထားဖြင့် အစဉ်စောင့်ကြည့်ပြီး တည့်မတ် ထိန်းကြောင်းရန် များစွာလိုအပ်ပါကြောင်း၊ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ အောင်မြင်စွာကျင်းပပေးနိုင်ရေးအတွက် ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ Observer များနှင့် မီဒီယာများ အပြုသဘောဆောင် ပူပေါင်းဆောင်ရွက်သွားကြရန်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲကြီးဖြစ်ရန် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

    ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော နိုင်ငံရေးပါတီများ၊ လွတ်တော် ကိုယ်စားလှယ် လောင်းများ၏ ရွေးကောက်ပွဲရလဒ်အပေါ် လေးစားလိုက်နာနိုင်မှုရှိ/မရှိ၊ အစိုးရစီမံကိန်းအပေါ် ပါတီများမှ အမြတ်ထုတ်မှု၊ ပြည်ပရောက်မဲဆန္ဒရှင်များ၏ မဲပေးမှုအခြေအနေ၊ ပူတာအို အမျိုးသားလွတ်တော် မဲဆန္ဒ နယ်မြေသတ်မှတ်ပေးရန် ဆောင်ရွက်မှုအခြေအနေ၊ ဘာသာရေးအဆောက်အဦများ အသုံးပြုမဲဆွယ် စည်းရုံးခွင့် ရှိ/မရှိ၊ စစ်ဘေးရှောင် IDP စခန်းများမှ မဲဆန္ဒရှင်များမဲပေးခွင့် အခြေအနေများကို မေးမြန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာ စကားပြောကြားပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပူတာအိုလေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် (ဝ၃:၃ဝ)ချိန်တွင် ပြန်လည်ထွက်ခွာလာရာ မြစ်ကြီးနားလေတပ်စခန်း ဌာနချုပ်သို့ ညနေ (ဝ၄:၁၅)အချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

  • နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များ ပေးပို့မှုဆောင်ရွက်ခြင်းအားအသိပေးခြင်း

    {edocs}photo/news_photos/1-10-2015/form15.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ Ms. Kristen Bauer နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body-american

    နေပြည်တော်  အောက်တိုဘာ ၁

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ Ms. Kristen Bauer နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြား

     body4

    body5

    ကျိုင်းတုံ၊ တာချီလိတ် စက်တင်ဘာ ၂၉

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယနေ့နံနက် (ဝ၇:၃ဝ) နာရီတွင် ကျိုင်းတုံမြို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ရွေတြိဂံဧည့်ရိပ်သာ၌ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးပွင့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံ၍ ပြည်ပစောင့်ကြည့်လေ့လာရေး အဖွဲ့(၃)ဖွဲ့ဖြစ်သည့် Carter Center/ EU/ ANFREL အဖွဲ့များအား လာရောက်လေ့လာခွင့်ပြုထားသည့်ကိစ္စ၊ မဲစာရင်းမှန်ကန်ရေး၊ မဲဆန္ဒရှင် သက်သေခံလက်မှထုတ်ပေးရေးကိစ္စ၊ ကြိုတင်ဆန္ဒမဲ ပေးခြင်းနှင့်ပတ်သက်၍ ပုံစံ(၁၅)များဖြင့် တောင်းဆိုခြင်း၊ ကပ်ထားကြေညာရမည့် ပုံစံ(၁-၁)၊ (၁-၂)၊ (၁-၃)များ ကိစ္စများဆွေးနွေး ပြောကြားပြီး အစည်းဝေးအား (ဝ၈:၃ဝ)ချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ရဟတ် ယာဉ်ဖြင့် တာချီလိတ်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ တာချီလိတ်လေဆိပ်သို့ (ဝ၉:ဝဝ)ချိန်တွင် ရောက်ရှိပြီး ဆက်လက်ထွက်ခွာလာရာ နံနက်(ဝ၉:၃ဝ)ချိန်တွင် တာချီလိတ်မြို့နယ် နဂါး နှစ်ကောင်ကျောင်းတိုက် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သြဝါဒ စရိယ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တ ဒေါက်တာဓမ္မသီရိအား ဖူးမြှော်ကြည်ညိုပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။

    ထို့နောက် (ဝ၉:၄၅)ချိန်တွင် တာချီလိတ်မြို့ရှိ ရွေတိဂုံစေတီတော်အား ဖူးမြှော်ကြည်ညို ကာ ဓမ္မာရုံ၌ စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်လေးနှင့် အဖွဲ့ဝင်များအား အလှူငွေများ ပေးအပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် နံနက်(၁ဝ:ဝဝ)နာရီအချိန် တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အောင်မြတ်ခန်းမ၌ ကျင်းပသည့် တာချီလိတ် ခရိုင်အတွင်း ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများလွတ်တော်ကိုယ်စားလှယ်လောင်းများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင် အတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

    အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် အတူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း၊ တာချီလိတ် တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်း၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင် အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အတွင်း ရုံးခွဲ ဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ၊ လွတ်တော်ကိုယ်စား လှယ်လောင်းများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂ဝ၁၅ ရွေးကောက်ပွဲကြီးကို လွတ်လပ် တရားမျှတပြီးပွင့်လင်းမြင်သာစွာ ကျင်းပဆောင်ရွက်ပေးနိုင်ရေးအတွက် ယခင်ရွေးကောက်ပွဲ အတွေ့အကြုံများကို သုံးသပ်၍ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် စီမံချက်ချဆောင်ရွက် ခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ် နှစ်စပိုင်းမှစ၍ မဲစာရင်းများကို (၄)ကြိမ်တိုင်ကပ်ထားကြေညာ ခဲ့ကြောင်း၊

    နောက်ဆုံးမဲစာရင်းများကို စက်တင်ဘာလ (၁၄) ရက်နေ့မှ စက်တင်ဘာ (၂၇) ရက်နေ့အထိ ကပ်ထားပြီးဖြစ်ရာ မဲစာရင်းများ လာရောက်ကြည့်ရှုပြီး မဲစာရင်း အမှန်ရရှိရေး အတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများသာမက အုပ်ချုပ်ရေး အဖွဲ့များ၏အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖိတ်ခေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲစနစ်၊ မဲပေးပုံစနစ်၊ မဲစာရင်းပြုစုပုံ၊ မြန်မာနိုင်ငံရွေးကောက်ပွဲဖြစ်စဉ်၊ ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပြီးနောက် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်တွင်း၊ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအား လေ့လာခွင့်ပြုမည်ဖြစ်ကြောင်းပြည်တွင်းစောင့်ကြည့် လေ့လာရေးအဖွဲ့များအား လူမှုအဖွဲ့အစည်းများကို လေ့လာစောင့်ကြည့်ခွင့်ပြုမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများ၏ ရွေးကောက်ပွဲကော်မရှင်များကို ကော်မရှင်အနေဖြင့် ဖိတ်ကြားလေ့လာ စောင့်ကြည့်စေမှာ ဖြစ်ကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်ရွေးကောက်ပွဲနှင့် ၂ဝ၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲကဲ့သို့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများကိုလည်း လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပြီး နိဂုံးချုပ်အနေဖြင့် နိုင်ငံရေးပါတီများသည် ပြည်သူလူထုအတွင်း စိမ့်ဝင်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်စည်းရုံးနေရမည်ဖြစ်ကြောင်း၊ ဒါမှသာလူထုက ချစ်ခင်လေးစားယုံကြည်ပြီး ရွေးကောက်ပွဲတွင် မဲပေးထောက်ခံမည် ဖြစ်ကြောင်း၊ ကိုယ်စားလှယ် အများစုရသောပါတီသည် အာဏာရပါတီအဖြစ် တိုင်းပြည် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အများစုအနိုင်မရသောပါတီများ အနေဖြင့်လည်း အတိုက်အခံပါတီအနေအဖြစ် တိုင်းပြည်တိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အာဏာရပါတီအနေဖြင့် နိုင်ငံတော်တိုးတက်အောင် လုပ်နိုင်စွမ်းမရှိပါက နောင်ပြည်သူလူထု၏ ထောက်ခံမဲရနိုင်တော့မှာမဟုတ်ကြောင်း၊ထို့အတူအတိုက်အခံပါတီအနေဖြင့်လည်း အပြု သဘောဆောင်သော ပူးပေါင်းမှုမရှိက ပြည်သူလူထုအနေဖြင့် ယုံကြည်မှုအရ ထောက်ခံမှာ မဟုတ်ကြောင်း၊ ဒီမိုကရေစီအတွေ့အကြုံ ရင့်သန်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပြည်သူလူထုမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုအပေါ်မှတ်ကျောက်တင်မဲပေးရွေးချယ်သွားမှာ ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကြီးအား ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် ပါတီများ၊ လွတ်တော်ကိုယ်စားလှယ် လောင်းများ၊ လူမှုအဖွဲ့အစည်းများနှင့် မီဒီယာများမှ အပြုသဘောဆောင် ပူးပေါင်း ဆောင်ရွက် ကြပါရန်နှင့် ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသော လွတ်တော်ကိုယ်စားလှယ် များအနေဖြင့်လည်း အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံတော်ကြီး ဖြစ်အောင်ကြိုးစား လုပ်ဆောင်ကြရန် ဆန္ဒပြုတိုက်တွန်း ပြောကြားလိုပါကြောင်းနှင့် ယခုလို အခမ်းအနားကို တက်ရောက်ဆွေးနွေးခဲ့ကြသည့် နိုင်ငံရေးပါတီများ၊ ကော်မရှင်အဖွဲ့ခွဲများနှင့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် စိတ်ရောကိုယ်ပါ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့အစည်း အားလုံးကိုလည်းပဲ ကျေးဇူးတင် ရှိပါကြောင်း ပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၃ဝ)ချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နိုင်ငံရေးပါတီများ၊ လွတ်တော် ကိုယ် စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များရှင်းလင်းပြောကြား

    body

    body1

    ကျိုင်းတုံ၊ စက်တင်ဘာ ၂၈

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် ဥပဒေနှင့်အညီ ကျင်းပဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း။ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲကို ကော်မရှင်တစ်ခုတည်းဖြင့်သာ ဆောင်ရွက်၍ မရနိုင်ဘဲ နိုင်ငံရေး ပါတီများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ မီဒီယာများနှင့် ပြည်သူလူထုအားလုံးမှ ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ယနေ့မွန်းလွဲ (၃)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် နိုင်ငံရေးပါတီများ၊ လွတ်တော် ကိုယ်စားလှယ်လောင်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကျိုင်းတုံခရိုင်နှင့် ခရိုင်အတွင်းရှိရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများနှင့်တွေဆုံပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

    အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်အတူ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် အောင်ဇော်အေး ၊ ရှမ်းပြည်နယ် လွတ်တော် ဥက္ကဋ ဦးစိုင်းလုံးဆိုင်၊ ရှမ်းပြည်နယ်စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်း၊ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျိုင်းတုံခရိုင်နှင့် မက်မန်းခရိုင်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင် အတွင်း ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများမှတာဝန်ရှိသူများ၊ လွတ်တော် ကိုယ်စား လှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

    ထိုကဲ့သို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပတော့မည်ဖြစ် ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများသည် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးသည့်လုပ်ငန်းကြီး တစ်ခုဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုသည်မှာပြည်သူလူထု၏ အချုပ်အခြာ အာဏာကို နိုင်ငံအဝန်း ပျံနှံ့စေရန်အတွက် လူထုဆန္ဒနှင့်အညီ လူထုကိုယ်စားလှယ် ရွေးချယ် တင်မြှောက်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် အလွန်ပင်အရေးကြီးပြီးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထမ်းဆောင်ရမည့် လွတ်တော်ကိုယ်စားလှယ်လောင်းများ သည် အရည်အချင်းရှိသည့် လူတော်လူကောင်းများ ဖြစ်ရန်လိုကြောင်း၊ ပြည်သူလူထုကလည်း လူတော်လူကောင်းများကို နှလုံးသားနှင့်ဦးနှောက် ပေါင်းစပ်ပြီး ရွေးချယ်တင်မြှောက်ရမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွေးချယ်နိုင်ရန် မီဒီယာများသည် ပါတီများ၏ မူဝါဒများနှင့် လွတ်တော် ကိုယ်စားလှယ်လောင်းများ၏ ဟောပြောကတိပြုချက်များကို ထုတ်လွင့် ဖော်ပြရာတွင် ဘက်လိုက်မှုမရှိဘဲ မှန်မှန်ကန်ကန် မျှမျှတတဖော်ပြရန် လိုကြောင်း၊သို့မှသာ လူထုအနေဖြင့် အရည်အချင်းရှိသော လွတ်တော်ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန်ရွေးချယ်နိုင်မှာ ဖြစ်ကြောင်း။

    ရွေးကောက်ပွဲတွင် အများစုနိုင်သောပါတီသည် အာဏာရပါတီဖြစ်လာမည်ဖြစ်ကြောင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအာဏာကို မှန်မှန်ကန်ကန်ကျင့်သုံးပြီး နိုင်ငံတော်တည်ဆောက်ရေး အတွက် မူဝါဒများချမှတ်ပြီး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊အတိုက်အခံ ပါတီအနေဖြင့် အာဏာရပါတီ၏ လုပ်ဆောင်ချက်ကိုစောင့်ကြည့်ပြီး လိုအပ်ချက်ကို ထောက်ပြ တည့်မတ် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အာဏာရပါတီ၏ လုပ်ဆောင်ချက်ကို အဆိုး မြင်ဆန့်ကျင်ပြီး ပူးပေါင်းဆောင်ရွက်မှုမရှိပါကနိုင်ငံဖွံ့ဖြိုးတိုးတက်မှုရှိမည် မဟုတ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အတွေ့အကြုံ အားနည်းကြောင်း၊ လွတ်လပ်ရေးရပြီး ၆၇ နှစ်အတွင်းတွင် ရွေးကောက်ပွဲအတွေ့အကြုံ (၅) ကြိမ်သာ ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲအရေးကြီးပုံနှင့် အနှစ်သာရကိုတိတိကျကျသိရှိနားလည်ခြင်းမရှိသေးကြောင်း၊ ယခင် ရွေးကောက်ပွဲအတွေ့အကြုံများကို သုံးသပ်၍ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် စီမံချက်ချ ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်း အမှားအယွင်း များပြင်ဆင်ရန် အချိန်ကန့်သတ်ချက် ရှိနိုင်သဖြင့် အခြေခံမဲစာရင်းကိုကြိုတင်ပြုစုဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်းများကြေညာချိန် လာရောက်ကြည့်ရှုပြီး ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်မှုများပြုလုပ်က မှန်ကန်သောမဲစာရင်း ဖြစ်လာမည်ဖြစ်၍ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုကို ဖိတ်ခေါ်ဆောင်ရွက်ခဲ့ ပါကြောင်း၊ မဲစာရင်းမှားယွင်းသဖြင့် မဲပေးခွင့် မဆုံးရှုံးနိုင်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ အမှန်ဖြစ်ကြောင်း တာဝန်ခံ ပြောကြားသူရှိလျှင် ပြင်ဆင်ရေးမှတ်၍ မဲပေးခွင့်ပြုရမည်ဟု လွတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ၅ဝ (ဂ) တွင် အတိအလင်း ပြဌာန်း ထားပြီးဖြစ် ကြောင်း၊ သို့သော်မဲစာရင်းတွင်ပါဝင်မှသာ မဲပေးခွင့်၊ ရွေးကောက်ခံပိုင်ခွင့်ရှိပါကြောင်း၊

    ကြိုတင်မဲပေးခြင်းတွင် အပိုင်းနှစ်ပိုင်းရှိကြောင်း၊ မဲဆန္ဒနယ်အတွင်းရှိ မဲဆန္ဒရှင် များ ကြိုတင်မဲပေးခြင်းနှင့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းကို ပွင့်လင်းမြင်သာမှုရှိအောင် နည်းဥပဒေ၊ လုပ်ငန်းလမ်းညွန်များကို ပြင်ဆင်၍ နိုင်ငံရေးပါတီများ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများသို့ ချပြပြီးအကြံပြုချက်များ ရယူဆောင်ရွက်ခဲ့ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေများကို သိရှိပြီး လိုက်နာအကာအကွယ်ယူပါက ကြိုတင်မဲပေးခြင်းအပေါ် သံသယဖြစ်ဖွယ် မရှိပါကြောင်း၊မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက်မဲဆန္ဒရှင်သက်သေခံ လက်မှတ်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲစာရင်းတွင် ပါရှိသူအားလုံးကို ထုတ်ပေး သွားမည်ဖြစ်ကြောင်း၊ မိမိမဲပေးရမည့် မဲရုံအလွယ်တကူ ရှာဖွေသိရှိနိုင်ရန် မဲပေးရာတွင် လွယ်ကူလျှင်မြန်စေရန်နှင့် သက်သေခံ လက်မှတ်များပျောက်ဆုံး ပါကလည်း မဲပေးနိုင်ရန်နှင့် နောင်ရွေးကောက်ပွဲများအတွက် မှန်ကန်သော မဲစာရင်းပြုစုနိုင်ရန် ရည်ရွယ်ချက်(၄)ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင်သက်သေခံလက်မှတ် ပျောက်ဆုံးသော်လည်း မဲစာရင်း တွင်ပါရှိက မဲဆန္ဒရှင်မှန်ကန်ကြောင်းပြောကြားနိုင်လျှင် မဲပေးနိုင်ကြောင်း၊ မဲဆန္ဒရှင် ပညာ ပေးခြင်းလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ရာ ပါဝင်ပူးပေါင်း ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း၊

    ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတမှုနှင့် ပွင့်လင်း မြင်သာမှုကို မှတ်ကျောက်တင်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အာဆီယံနိုင်ငံများ၏ ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် ပြည်တွင်း/ ပြည်ပရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ခေါ်ထားကြောင်း၊ နိုင်ငံသားတိုင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ပြဋာန်းထားသော ဥပဒေများကို လေးစားလိုက်နာရမည် ဖြစ်ကြောင်း၊ မဲဆွယ် စည်းရုံးရေးကာလတွင် လိုက်နာရန် ညွန်ကြားချက် (၁/၂ဝ၁၄)ကို ထုတ်ပြန်ထားပြီးဖြစ်ကြာင်း၊ ပါတီများ ကိုယ်တိုင်ရေးဆွဲထားပြီး လက်မှတ်ရေးထိုးထားသည့် နိုင်ငံရေးပါတီများလိုက်နာရမည့် ကျင့်ဝတ် Code of Conduct များရှိကြောင်း၊ လွတ်တော်အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေအခန်း(၁၃) ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ပြစ်ဒဏ်များ၊ အခန်း (၁၄) တရားမဲ့ ပြုကျင့်မှု များကို သိရှိအောင်လေ့လာ၍ လိုက်နာကျင့်သုံးပြီး ဥပဒေ၏ အကာကွယ်ကိုရယူရန်နှင့် ဥပဒေ၊ စည်းမျဉ်း၊ ကျင့်ဝတ်များကို အသိတရားနှင့်ယှဉ်ပြီး လေးစားလိုက်နာကြရန် တိုက်တွန်း ပြောကြားသွားပါသည်။

    ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လွတ်တော် ကိုယ်စားလှယ်လောင်းများမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်း ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်ဖြေကြားခဲ့ပြီးနိဂုံးချုပ် အနေဖြင့် နိုင်ငံရေးပါတီများ လွတ်တော်ကိုယ်စားလှယ်လောင်းများ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ မီဒီယာများနှင့် ပြည်သူများအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကြီးကို ဥပဒေ နှင့်အညီကျင်းပနိုင်ရေး အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်၊ အေးချမ်းပြီးလွတ်လပ်တရားမျှတသော ရွေးကောက်ပွဲ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲသည် လွန်စွာ အရေးကြီးပြီး နိုင်ငံတော်၏သိက္ခာနှင့်နိုင်ငံတော်၏ပုံရိပ်တိုးတက်ရန်မှာ ရွေးကောက်ပွဲ အပေါ်တွင် တည်မှီနေခြင်းကြောင့် အသိတရားနှင့်ယှဉ်သော စည်းကမ်းလိုက်နာမှု ကျင့်ဝတ်များ နှင့်အညီ အပြန်အလှန် လေးစားလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို ညနေ (ဝ၅:၁၅) တွင်ရုပ်သိမ်းခဲ့ပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးKonrad Adenauer Stiftung က ကျင်းပသည့် Election and Ethics Conference သို့ တက်ရောက်အမှာစကားပြောကြား

    body

    နေပြည်တော် စက်တင်ဘာ ၂၅

    Konrad Adenauer Stiftung က ကျင်းပသည့် Election and Ethics Conference ကို နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ယနေ့ မွန်းလွဲ ၁ နာရီတွင်ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံရေးပါတီများမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမည့် အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် Konrad Adenauer Stiftung မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် Election and Ethics Conference ကိုကျင်းပသည့် ရည်ရွယ်ချက်မှာ ရွေးကောက်ပွဲတွင် ပါဝင်ပ