အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၄) အားစီရင်ချက် (အမိန့်) ချမှတ်ခြင်း

body

နေပြည်တော် ဇူလိုင် ၂၁

၁။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ ရခိုင်အမျိုးသား ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော ဦးခင်မောင်ဌေး အပေါ် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်အောင်က လျှောက်ထားခံရသူရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့်ရရှိသော မဲများမပါရှိခဲ့သော် လျှောက်ထားသူသည် ဆန္ဒမဲအများဆုံးရရှိ၍ ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ် ဖြစ်ကြောင်း ကြေညာပေးပါရန် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၆၇၊ ၆၈ နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ၈၇၊ ၈၈ တို့အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၄/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လက်ခံကြားနာခဲ့သည်။

၂။ အဆိုပါအမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဦးသောင်းလှိုင်နှင့် ဦးဇော်လင်းမောင်တို့ ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ဆက်လက်စစ်ဆေးကြားနာပြီးနောက် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် လျှောက်ထားခံရသူ ဦးခင်မောင်ဌေး အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်း ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၁ ရက် တွင် ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးတင်အောင်၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်လိုက် ကြောင်းနှင့် လျှောက်ထားခံရသူ ဦးခင်မောင်ဌေးအား တရားစရိတ် နှစ်သိန်းကျပ် ပေးစေရန် အမိန့်ချမှတ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၄) အားစီရင်ချက် (အမိန့်) ချမှတ်ခြင်း