အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်ခြင်းနှင့်စိစစ်အကဲဖြတ်ခြင်းသင်တန်းဖွင့်လှစ်

body

နေပြည်တော် ဩဂုတ် ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral System ( IFES ) တို့မှ ကြီးမှူး၍ လေ့လာစောင့်ကြည့်ခြင်းနှင့်စိစစ်အကဲဖြတ်ခြင်း ( Monitoring and Evaluation ) သင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ယနေ့နံနက် ၀၉:၀၀ နာရီချိန်တွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲအရာရှိများ၊ IFES မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင်ပို့ချမည့် နည်းစနစ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

သင်တန်းတွင် သင်တန်းသားများအား Monitoring and Evaluation ခြုံငုံသုံးသပ်ချက်၊ Quantiative Data Collection Tools ၊ Qualitative Data Collection Tools ၊ Project Management Plans အား ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက် ခြင်းတို့အား International Foundation for Electoral System ( IFES ) မှ Monitoring and Evaluation Director ဖြစ်သူ Mr.Rakesh Sharma က ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်ခြင်းနှင့်စိစစ်အကဲဖြတ်ခြင်းသင်တန်းဖွင့်လှစ်