အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံအဖွဲ့(၁) မှ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ လာရောက်စစ်ဆေးခြင်း

တောင်ကြီး ဇူလိုင် ၃၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌ၊ ဦးခင်မောင်သန်းနှင့် ဦးသန်းဝင်းတို့က အဖွဲ့ဝင်များအဖြစ်ဆောင်ရွက်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၁) သည် ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကန့်ကွက်လွှာအမှု (၂) မှုကို ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ တောင်ကြီးမြို့တွင် ယနေ့နံနက်(၁၀:၀၀) နာရီမှ စတင်၍ စစ်ဆေးခဲ့သည်။ အမှုစစ်ဆေးရာတွင် အများပြည်သူများ၊ စောင့်ကြည့်လေ့လာသူများနှင့် မီဒီယာများ လာရောက်လေ့လာခဲ့ကြသည်။

၎င်းကန့်ကွက်လွှာအမှုအမှတ် ( ၄/၂၀၁၇ )၊ လျှောက်ထားသူ ဒေါက်တာဝဏ္ဏစိုးနှင့် လျှောက်ထားခံရသူ ဦးရှာမွေလရှဲန်အမှု၊ ကန့်ကွက်လွှာအမှုအမှတ် ( ၅/၂၀၁၇ )၊ လျှောက်ထားသူ ဦးစံရွှေနှင့် လျှောက်ထားခံရသူ ဦးခင်မောင်ဝင်းအမှုတို့နှင်စပ်လျဉ်း၍ ကာယကံရှင်များ အမှုစရိတ် သက်သာစေရေး၊ တင်သွင်းလိုသော သက်သေအထောက်အထားများ စုံလင်စွာ စစ်ဆေးနိုင် စေရေးနှင့် အမှုများကြန့်ကြာမှုမရှိစေဘဲ မြန်ဆန်စေရန် ရည်ရွယ်၍ လာရောက်စစ်ဆေးခြင်းဖြစ်ပြီး ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများကို ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံအဖွဲ့(၁) မှ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ လာရောက်စစ်ဆေးခြင်း