အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ကျားမတန်းတူညီမျှမှုနှင့်နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်

body1

ကျားမတန်းတူညီမျှမှုနှင့်နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲ
ဆိုင်ရာသတင်းထုတ်ပြန်ချက် (၂၁.၇.၂၀၁၇) ရက်နေ့
ကျားမတန်းတူညီမျှမှုရှိစေရေးအတွက် လက်တွေ့အကောင်အထည်ဖော်ခြင်း

၂၀၁၇ ခုနှစ် ကျားမတန်းတူညီမျှမှုနှင့် နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရောင်ခြည်သစ်အရပ်ဖက်လူမှု အဖွဲ့အစည်း၊ IFES အဖွဲ့တို့နှင့်ပူးပေါင်းကာ ၂၁.၇.၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ဥပဒေမူဘောင်၊ နိုင်ငံရေးပါတီဦးဆောင်မှုနှင့် မဲဆွယ် စည်းရုံးရေး အသုံးစရိတ်၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်း၊ ရွေးကောက်ပွဲ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့်လုံခြုံရေး၊ အသိပညာပေးခြင်း၊ စည်းရုံးဆော်သြခြင်းနှင့် အနာဂတ်အတွက်အပြောင်းအလဲကိုဆောင်ကြဉ်းဖော်ဆောင်ခြင်း စသည့်ကဏ္ဍများကို စုပေါင်း ဆွေးနွေးခဲ့ကြပါသည်။

ယနေ့ဆွေးနွေးပွဲ၌ တက်ရောက်လာသူ (၁၄၀) ဦးခန့်ရှိပြီး မြန်မာနိုင်ငံတွင်လာမည့် ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကျားမတန်းတူညီမျှမှုရှိစေရေးလုပ်ငန်းများကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် ကျားမတန်းတူညီမျှမှု ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (Joint Gender Working Group) ကိုဖွဲ့စည်းဆောင်ရွက်သွားရန် ဆွေးနွေးပွဲတွင် ပါဝင် တက်ရောက်ဆွေးနွေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကဆွေးနွေး သဘောတူခဲ့ကြပါသည်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် Joint Gender Working Group ၏ မြန်မာနိုင်ငံအတွင်း ကျားမတန်းတူညီမျှမှုရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းကူညီပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ကျားမတန်းတူညီမျှစွာ ပါဝင်လာစေရေး အတွက် လက်တွေ့တွင်ခိုင်ခိုင်မာမာ အကောင်အထည်ဖော်ဆောင်မှု ရှိရန်လိုအပ်ကြောင်း” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားခဲ့ပါသည်။

၂၀၁၇ ခုနှစ် ကျားမတန်းတူညီမျှမှုနှင့် နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲ၏ အကြုံပြုတင်ပြချက်များကို အကောင်အထည်ဖော်ရာတွင် Joint Gender Working Group က ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

“အနာဂတ်ရွေးကောက်ပွဲများတွင် အားလုံးပါဝင်လာစေရေးအတွက် လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း” ကော်မရှင်ညွှန်ကြားရေးမှူးချုပ် က ပြောကြားပါသည်။

၂၀၁၇ ခုနှစ်ကျားမတန်းတူညီမျှမှုနှင့်နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်သူအားလုံးက အရေးကြီးသော ကျားမတန်းတူညီမျှမှု ရည်မှန်းချက်အတွက် ပါဝင် ဆွေးနွေးပေးခဲ့ကြပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆွေးနွေးပွဲ၌ အားတက်သရောပါဝင် ဆွေးနွေးပေးခဲ့သော ကိုယ်စားလှယ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ၂၀၂၀ ခုနှစ်တွင် ကျားမတန်းတူညီမျှမှုရှိစေရေး အတူတကွ ပိုမိုပူးပေါင်း ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ပါသည်။

သိလိုသည်များရှိပါက ဆက်သွယ်ရန်- This email address is being protected from spambots. You need JavaScript enabled to view it.

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ကျားမတန်းတူညီမျှမှုနှင့်နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်