အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁)၊ (၂) နှင့် (၃) တို့အား အမိန့်များချမှတ်ခြင်း

body

နေပြည်တော် ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးဝင်းမင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ၄င်းမဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးတင်ယု(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁/၂၀၁၇)၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးနေကျော်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ၄င်းမဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးနေလင်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၂/၂၀၁၇) နှင့် ရန်ကုန်တိုင်း ဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဦးကျော်ဆွေဝင်း(ခ)ဦးအာလူး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ၄င်းမဲဆန္ဒနယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးကျော်ဇင်ဟိန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ကန့်ကွက်လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃/၂၀၁၇) တို့အား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်၊ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ဥပဒေကျွမ်းကျင်သူများဖြစ်သည့် ဦးမြဝင်းနှင့် ဦးဝင်းဆွေတို့ ခုံအဖွဲ့ဝင်များအဖြစ်ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၂) က ကြားနာမှုပြုခဲ့ပါသည်။

ဥပဒေဆိုင်ရာငြင်းချက်အား ကြားနာပြီးနောက် ကန့်ကွက်လျှောက်ထားရန်အကြောင်း မပေါ်ပေါက်သောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးတင်ယု၏ ကန့်ကွက်လျှောက်ထားမှု၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် လောင်းဖြစ်သူ ဦးနေလင်း၏ ကန့်ကွက်လျှောက်ထားမှုနှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးကျော်ဇင်ဟိန်း၏ ကန့်ကွက်လျှောက်ထားမှုတို့အား ပယ်ကြောင်း ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် အမိန့်များ ချမှတ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ၂၀၁၇ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁)၊ (၂) နှင့် (၃) တို့အား အမိန့်များချမှတ်ခြင်း