အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် Media တွေ့ဆုံပွဲ ကျင်းပ

body

နေပြည်တော် ဧပြီ ၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် Media တွေ့ဆုံပွဲကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့(၉)ဖွဲ့နှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများ အား ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် အရပ်ဘက်လူမှုအဖွဲ့အစည်း (၂) ဖွဲ့မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာအဖွဲ့ ( ၁၈ ) ဖွဲ့မှ တာဝန်ရှိသူ( ၃၃ ) ဦး တို့တက်ရောက်ခဲ့ ကြသည်။

ရှေးဦးစွာ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းတို့မှ တာဝန်ရှိသူများက ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာ ခဲ့မှုများနှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းဆွေးနွေးပါသည်။

၎င်းနောက် သတင်းမီဒီယာအဖွဲ့များမှ မေးမြန်းသည့် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒ နယ်များအား စောင့်ကြည့်လေ့လာမှုအပေါ် သဘောထားအမြင်၊ မသန်စွမ်းသူများအတွက် မဲပေး နိုင်ရေး ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် မဲပေးမှုအခြေအနေ၊ လွတ်လပ်တရားမျှတ၍ ပွင့်လင်းမြင်သာမှုရှိသောရွေးကောက်ပွဲ ကျင်းပနိုင်ရေးဆောင်ရွက်ခဲ့မှု၊ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၏ အားသာချက်/ အားနည်းချက်များ၊ ဆက်သွယ်ရေး ဖုန်းလိုင်းနှင့် သွားလာရေး အခက်အခဲရှိသော မြို့နယ်များအား အဆင်ပြေစေရန် ဆောင်ရွက်ပေးခဲ့မှု၊ ကြားဖြတ် ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာခဲ့သော ပြည်တွင်း/ ပြည်ပ အဖွဲ့အစည်း အရေအတွက် နှင့်အင်အားတို့အား ကော်မရှင်အတွင်းရေးမှူး၊ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့များနှင့်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များနှင့် Media တွေ့ဆုံပွဲ ကျင်းပ