အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

EU Election Expert Team အဖွဲ့အား လက်ခံတွေ့ဆုံ

body

နေပြည်တော် ဧပြီ ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် EU Election Expert Team မှ Team Leader Mr. Mark Stevens ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌက ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ လေ့လာတွေ့ရှိ ချက်များအား အကြံပြုတင်ပြစေလိုကြောင်း ပြောကြားရာ EU အဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီး (၁၇) မြို့နယ်တွင်စောင့်ကြည့်လေ့လာခဲ့ပါကြောင်း၊ ကော်မရှင်ဝန်ထမ်းများအနေဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့သဖြင့် ရွေးကောက်ပွဲတည်ငြိမ်အေးချမ်းစွာ ပြီးစီးခဲ့ပါကြောင်း၊ မဲရလဒ်အားလုံးကို ဧပြီလ (၂) ရက်နေ့တွင် ကြေညာနိုင်ခဲ့ပြီး ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ မဲရလဒ်ပုံစံ (၁၉) ကို ပူးတွဲကြေညာခဲ့ခြင်းကြောင့် ပွင့်လင်းမြင်သာ၍ တာဝန်ယူမှု၊ တာဝန်ခံမှုရှိပါကြောင်း ပြောကြားပြီး ကြိုတင်မဲဆောင်ရွက်မှုအခြေအနေအား မေးမြန်းရာ ကော်မရှင်အတွင်းရေးမှူးက အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိ နေသူများ အဆင်ပြေလွယ်ကူစွာ ကြိုတင်မဲပေးနိုင် ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲပေးခြင်းကို ကော်မရှင်အဖွဲ့ခွဲများမှ ကြီးကြပ်ဆောင်ရွက်ပြီး ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအား လေ့လာခွင့်ပြုခဲ့မှု၊ မဲဆန္ဒနယ်အတွင်းကြိုတင်မဲပေးခြင်းအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ခဲ့မှုတို့အား ရှင်းလင်းဆွေးနွေးပါသည်။

၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား ရွေးကောက်ပွဲ ရလဒ်ကြေညာပြီးနောက် ၄၅ ရက်အထိ လက်ခံသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲခုံအဖွဲ့များအား ကန့်ကွက်လွှာအမှု အရေအတွက်ပေါ်မူတည်၍ ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်သွား မည်ဖြစ်ကြောင်းပြောကြားရာ EUအဖွဲ့က ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ပကြိုတင်မဲ ပေးခြင်း၊ မဲရုံဝန်ထမ်းခန့်ထားခြင်း၊ လုံခြုံရေးအစီအစဉ်နှင့် မဲစာရင်းကပ်ထားကြေညာခြင်းများကို စနစ်တကျဖြင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် EU အနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား ဆက်လက်ကူညီ ပံ့ပိုးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ EU Election Expert Team အဖွဲ့အား လက်ခံတွေ့ဆုံ