အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ANFREL အဖွဲ့အား လက်ခံတွေ့ဆုံ

body

နေပြည်တော် ဧပြီ ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Asian Network for Free Elections ( ANFREL Foundation ) မှ Chairperson Mr. Damaso G. Magbual ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြ သော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအား လွတ်လပ်မျှတ၍ အများ ယုံကြည်လက်ခံသည့် ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာကျင်းပနိုင်ခဲ့မှု၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မကျင်းပနိုင်ခဲ့သည့် ကျေးသီးမြို့နယ်နှင့် မိုင်းရှူးမြို့နယ်များ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ANFREL အဖွဲ့မှ ၎င်းတို့၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များအနေဖြင့် တပ်တွင်းမဲရုံများအား လေ့လာခဲ့မှု၊ ကော်မရှင်အဖွဲ့ခွဲ များအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို စနစ်တကျဆောင်ရွက်နိုင်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ပါသည်။

၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် Door to Door စနစ်အား ဆက်လက်အသုံးပြုသွားမည်ဖြစ်ပြီး တက္ကသိုလ် ကျောင်းပိတ်ရက်များ၌ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့်ပူးပေါင်း၍ စာရင်းပြုစု သွားမည်ဖြစ်ကြောင်းဆွေးနွေးရာ ANFREL အဖွဲ့မှ တာဝန်ရှိသူများက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ မဲစာရင်းပြုစုရာတွင် Door to Door စနစ် ကျင့်သုံးနေမှု၊ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ များ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း ဆောင်ရွက်နေမှုနှင့် ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် အထက်တန်းကျောင်းသား၊ ကျောင်းသူများမှ Observers များအား ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များ ရှင်းလင်းမှုတို့နှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ANFREL အဖွဲ့အား လက်ခံတွေ့ဆုံ