အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုအမှတ် (၁/၂၀၁၇) အား ဧပြီ ၁၁ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

body

နေပြည်တော် မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂)မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ယင်းမဲဆန္ဒ နယ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ)အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့ ပြီး ရွေးကောက်ပွဲခုံအဖွဲ့(၄)ဖြင့် ကြားနာစစ်ဆေးခဲ့ရာ လျှောက်ထားသူ၏ ကန့်ကွက်လွှာ အား စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်)ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက် (အမိန့်) အပေါ် လျှောက်ထားသူ ဦးလှဆွေမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှု လျှောက်ထား တင်ပြ လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁/၂၀၁၇) ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။

ယင်းအမှုကို အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံး ရှေ့မှောက်၌၂၀၁၇ ခုနှစ်၊ မတ် ၂၄ ရက် (သောကြာနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာ ပြီး ၂၀၁၇ခုနှစ်၊ဧပြီ ၁၁ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုအမှတ် (၁/၂၀၁၇) အား ဧပြီ ၁၁ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်