အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

Australian Election Commission (AEC) ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

body

နေပြည်တော် မတ် ၂၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Australian Election Commission ( AEC ) မှ First Assistance Commissioner Mr. Kevin Kiston ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင် များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် Mr. Kevin Kiston က ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအား လေ့လာခဲ့မှု၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ များတွင် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့မှုတို့အား ရှင်းလင်းပြောကြားပါသည်။


၎င်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက Australian Election Commission ၏ အစီအစဉ်ဖြင့် သြစတြေးလျနိုင်ငံရွေးကောက်ပွဲအား သွားရောက်လေ့လာခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ကော်မရှင်ရုံးဝန်ထမ်းများအား သင်ကြားလေ့ကျင့်ပေးခြင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် Voter Training ကိစ္စရပ်များတွင် AEC မှ ကူညီဆောင်ရွက်မည့် အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ Australian Election Commission (AEC) ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ