အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း PACE အဖွဲ့အားလက်ခံတွေ့ဆုံ

body

နေပြည်တော် မတ် ၁၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် People’s Alliance for Credible Elections (PACE) မှ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် ဦးဆောင်သောအဖွဲ့ အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် ဦးစိုင်းရဲကျော်စွာမြင့်က ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုခြင်းအပေါ် လူထုအမြင်သဘောထား၊ မဲစာရင်းကပ်ထားကြေညာမှုအပေါ် စောင့်ကြည့် လေ့လာမှုအခြေအနေ၊ မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာမှုအခြေအနေ၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ပြုစုခြင်းတို့အား စောင့်ကြည့်လေ့လာမည့် အစီအစဉ်တို့ကို ရှင်းလင်း ဆွေးနွေးပြီး ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က မဲစာရင်းမှန်ကန်ရေး ဆောင်ရွက် ခဲ့မှု၊ နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ အဆင်ပြေစွာ ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ခဲ့မှုနှင့် Observers များအနေဖြင့် စောင့်ကြည့်လေ့လာရာတွင် အချက်အလက် ခိုင်ခိုင်မာမာ ရရှိအောင် ဆောင်ရွက်ပြီး အကြံပြုတင်ပြစေလိုကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း PACE အဖွဲ့အားလက်ခံတွေ့ဆုံ