အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

body

နေပြည်တော် မတ် ၁၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် သြစတြေးလျနိုင်ငံ အပြည်ပြည် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Ms. Concetta Fierravanti Wells နှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီး H.E. Mr. Nicholas Coppel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက သြစတြေးလျနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲများအား ကူညီထောက်ပံ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပြီး နိုင်ငံတကာရွေးကောက်ပွဲများအား သွားရောက်လေ့လာခဲ့မှု၊ မဲစာရင်းမှန်ကန်ရေးဆောင်ရွက်ခဲ့မှု၊ Voter Training ၊ Civic Education နှင့် Voter Education ဆောင်ရွက်ရာ၌ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး သြစတြေးလျဝန်ကြီးက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် ကူညီဆောင်ရွက်မည့်အစီအစဉ်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် သြစတြေးလျနိုင်ငံမှ ရွေးကောက်ပွဲဆိုင်ရာကျွမ်းကျင်သူများ ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်နှင့် ကော်မရှင်ရုံးဝန်ထမ်းများအား သင်ကြားလေ့ကျင့်ပေးမည့် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေး ခဲ့သည်။

ထို့အပြင် သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးက သြစတြေးလျ နိုင်ငံအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် ဆက်လက်ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ သြစတြေးလျနိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ