အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း Danish Institute For Parties and Democracy (DIPD) အဖွဲ့မှ Senior Adviser Ms. Hanne Lund Madsen အားလက်ခံတွေ့ဆုံ

body

နေပြည်တော် မတ် ၁၃

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် Danish Institute For Parties and Democracy (DIPD) အဖွဲ့မှ Senior Adviser Ms. Hanne Lund Madsen အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် Ms. Hanne Lund Madsen က နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းသည့် သင်တန်းများပို့ချပေးခဲ့မှု၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခြင်းဆိုင်ရာ သင်တန်းပို့ချခဲ့မှု၊ DIPD ၏ ၂၀၁၆ ခုနှစ် ဆောင်ရွက်ချက် အစီရင်ခံစာ ပြုစုထားရှိမှု၊ တိုင်းဒေသကြီး/ ပြည်နယ် (၄)ခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံရေးပါတီများအား သင်တန်းပို့ချ ခဲ့မှု၊ ရွေးကောက်ပွဲတွင် အမျိုးသမီးများ၏အခန်းကဏ္ဍ ပိုမိုပါဝင်ရေး၊ အမျိုးသားအဆင့် မူဝါဒချမှတ် ရာတွင် လူငယ်များ၏ အခန်းကဏ္ဍပိုမိုပါဝင်ရေး၊ နိုင်ငံရေးပါတီများနှင့် မီဒီယာအကြား ပိုမိုနားလည်မှု ရှိစေရေးအတွက် ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းဆွေးနွေးပြီး ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်နှင့် အတွင်းရေးမှူးတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း Danish Institute For Parties and Democracy (DIPD) အဖွဲ့မှ Senior Adviser Ms. Hanne Lund Madsen အားလက်ခံတွေ့ဆုံ