အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း The Carter Center အဖွဲ့မှ Field Office Director Mr. Stefan Krause အားလက်ခံတွေ့ဆုံ

body

နေပြည်တော် မတ် ၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် The Carter Center အဖွဲ့မှ Field Office Director Mr. Stefan Krause အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်း နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ ကြသည်။

ထိုသို့တွေ့ဆုံစဉ် Mr. Stefan Krause က အရပ်ဘက်အဖွဲ့အစည်းများအား ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးဆိုင်ရာသင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းဆွေးနွေးပြီး ကော်မရှင်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က မဲဆန္ဒရှင်သက်သေခံလက်မှတ်များ ကော်မရှင်မှထုတ်ပေးမည့် အစီအစဉ်၊ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်နှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၏ အားနည်းချက်များအား ပြုပြင်ပြောင်းလဲ၍ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အပေါ် အများပြည်သူယုံကြည်လက်ခံမှုရှိစေရေး ဆောင်ရွက်ထားသည့် အစီအစဉ်တို့ကို ရှင်းလင်း ဆွေးနွေးကာ Mr. Stefan Krause က အရပ်ဘက်အဖွဲ့အစည်းများအား Civic Education နှင့် Voter Education သင်တန်းများ ဆက်လက်ပို့ချမည့်အစီအမံများကို ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း The Carter Center အဖွဲ့မှ Field Office Director Mr. Stefan Krause အားလက်ခံတွေ့ဆုံ