အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း ANFRELအဖွဲ့အားလက်ခံတွေ့ဆုံ

body1

နေပြည်တော်မတ်၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် ANFREL အဖွဲ့မှ Executive Director ဖြစ်သူ Mr. Ichal Supriadi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်၂၀၁၇ ခုနှစ်ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား Timeline ဖြင့် ဆောင်ရွက် နေမှု၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် အသိအမှတ်ပြုလွှာများထုတ်ပေးနေမှု၊ စောင့်ကြည့် လေ့လာသူများအတွက် လုံခြုံရေးဆိုင်ရာ အခြေအနေတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ANFREL အနေဖြင့် စောင့်ကြည့်လေ့လာမည့်အစီအစဉ်၊ စောင့်ကြည့်လေ့လာရေးဆိုင်ရာ ကနဦး အစီရင်ခံစာနှင့် အပြီးသတ်အစီရင်ခံစာ တင်သွင်းမည့်အခြေအနေတို့နှင့်စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း ANFRELအဖွဲ့အားလက်ခံတွေ့ဆုံ