အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

body

နေပြည်တော် မတ် ၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Roland Kobia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ်ဧပြီလ (၁) ရက်နေ့တွင် ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်များအား Timeline ဖြင့် ဆောင်ရွက်နေမှု၊ မဲစာရင်းမှန်ကန်ရေးဆောင်ရွက်ခဲ့မှုနှင့် Voter Trainingဆောင်ရွက်ခဲ့မှု၊ CSOအဖွဲ့များဖြင့်Civic Education နှင့် Voter Education ဆောင်ရွက်မည့်အစီအစဉ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအတွက် အသိအမှတ်ပြုလွှာများ ထုတ်ပေးနေမှုအခြေအနေ၊ စောင့်ကြည့်လေ့လာသူများအတွက် လုံခြုံရေးဆိုင်ရာများဆောင်ရွက်ထား ရှိမှုတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဥရောပသမဂ္ဂသံအမတ်ကြီးက ဥရောပသမဂ္ဂအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကြီး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ