အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

မဲပေးစို့ Mobile Application ရှင်းလင်းအသိပေးပွဲကျင်းပ

body1

ရန်ကုန်၊ မတ် ၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် Asia Foundation တို့ ပူးပေါင်းဆောင်ရွက် သည့် မဲပေးစို့ Mobile Application ရှင်းလင်းအသိပေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန် မြို့ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်း ရေးမှူး ဦးတင်ထွန်း၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ နှင့် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများတက်ရောက်ခဲ့ ကြသည်။

အခမ်းအနားတွင် အတွင်းရေးမှူး ဦးတင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး Asia Foundation မှ Dr. Kim N.B. Ninh နှင့် ဒေါ်မီကီကျော်မြင့်တို့က ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ၊ နိုင်ငံရေး ပါတီများ၏ အချက်အလက်များ၊ မဲရုံတည်နေရာများ၊ မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲ ဆိုင်ရာ မေးခွန်းများနှင့် ရွေးကောက်ပွဲဆိုင်ရာသတင်းအချက် အလက်များ ပါဝင်သည့် မဲပေးစို့ M Voter 2017 Mobile Application နှင့် Website အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုအခြေ အနေများအား ရှင်းလင်းအသိပေးခဲ့ပြီး အဆိုပါ Application အား www.maepaysoh.org webpage တွင် Download ရယူနိုင်ကြောင်းနှင့် အဆိုပါ Application အား အသုံးပြုခြင်းဖြင့် မဲဆန္ဒရှင်များသည် မည်သို့မဲပေးရမည်ကို လည်းကောင်း၊ ကိုယ်စားလှယ်လောင်းများ၏အကြောင်း၊ နိုင်ငံရေးပါတီများ၏ မူဝါဒနှင့် ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များအား သိရှိနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ မဲပေးစို့ Mobile Application ရှင်းလင်းအသိပေးပွဲကျင်းပ