အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း Asia Foundation အဖွဲ့အားလက်ခံတွေ့ဆုံ

body

body1

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Asia Foundation အဖွဲ့မှ Country Representative Dr. Kim N.B. Ninh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးလှတင့်နှင့် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် ကိုယ်စားလှယ်အဖွဲ့မှ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်ရေးအချက်အလက်များ၊ နိုင်ငံရေးပါတီ များ၏ အချက်အလက်များ၊ မဲရုံတည်နေရာများ၊ မဲဆန္ဒရှင်များ၏ ရွေးကောက်ပွဲဆိုင်ရာ မေးခွန်းများ နှင့် ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များ ပါဝင်သည့် M Voter 2017 Mobile Apps နှင့် Website အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း Asia Foundation အဖွဲ့အားလက်ခံတွေ့ဆုံ