အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ

body

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက် လေ့လာသော မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာ ဒေါ်သီတာထွန်း ဦးဆောင်သည့် ဆရာ၊ ဆရာမ (၄)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၆၁)ဦးတို့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မိတ်ဆက်အမှာစကားပြောကြားရာတွင် ကော်မရှင်ဖွဲ့စည်းပုံ၊ မဲဆန္ဒနယ်သတ်မှတ်ကြေညာခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် စိစစ်ခြင်း၊ ရွေးကောက်ပွဲရလဒ် ကြေညာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား စစ်ဆေးခြင်းနှင့် အယူခံမှုများအား စုံညီခုံရုံးဖြင့် စစ်ဆေးခြင်းတို့အား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ အနေ ဖြင့် နောင်တစ်ချိန် နိုင်ငံတော်၏တာဝန်များကို ဆောင်ရွက်ကြရမှာဖြစ်၍ ကြိုးစားကြစေ လိုကြောင်း ပြောကြားပါသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လွှတ်တော် (၃) ရပ်ဖွဲ့စည်းမှု၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်မှုတို့နှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေးကြားနာခြင်းနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြား ပါသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့မှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ မန္တလေးတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာ