အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ကယားပြည်နယ်မှ မဲဆန္ဒရှင်များ လာရောက်လေ့လာ

body

နေပြည်တော် ဖေဖော်ဝါရီ ၂၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက် လေ့လာသည့် ဦးရဲရင့်ဦး ဦးဆောင်သော ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ (၃၀၀) ဦးနှင့် ခွန်းဘားနဒ်ဘုတ် ဦးဆောင်သော ကယားပြည်နယ်မှ မဲဆန္ဒရှင်(၃၄) ဦးတို့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မိတ်ဆက်အမှာစကားပြောကြားရာတွင် ကော်မရှင်ဖွဲ့စည်းပုံ၊ မဲဆန္ဒနယ်သတ်မှတ်ကြေညာခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းနှင့် စိစစ်ခြင်း၊ ရွေးကောက်ပွဲရလဒ် ကြေညာခြင်း၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများအား စစ်ဆေးခြင်းနှင့် အယူခံမှုများအား စုံညီခုံရုံးဖြင့် စစ်ဆေးခြင်းတို့အား ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ အနေ ဖြင့် နောင်တစ်ချိန် နိုင်ငံတော်၏တာဝန်များကို ဆောင်ရွက်ကြရမှာဖြစ်၍ ကြိုးစားကြစေ လိုကြောင်း ပြောကြားပါသည်။
၎င်းနောက် ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆိုင်ရာများ၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အချက်အလက်များနှင့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများ စစ်ဆေးကြားနာခဲ့မှုတို့ကို ရှင်းလင်းပြောကြားပါသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် မဲဆန္ဒရှင်များ၏ မေးမြန်းချက်များကို ကော်မရှင်အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့မှ ပြန်လည်ရှင်းလင်းဖြေကြားပြီး ကော်မရှင်ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဒဂုံတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများနှင့် ကယားပြည်နယ်မှ မဲဆန္ဒရှင်များ လာရောက်လေ့လာ