အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်ချက်များ

ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်ချက်များ

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် (၂-၁၁-၂၀၁၆) ရက်နေ့မှစတင်၍ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများမှ ကြားဖြတ် ရွေးကောက်ပွဲအတွက် အသိအမှတ်ပြုလွှာလျှောက်ထားခြင်းကို လက်ခံစိစစ် ဆောင်ရွက်ပြီး တစ်ဦးချင်းသက်သေခံ ကဒ်ပြားထုတ်ပေးခြင်းကို ဆောင်ရွက် လျှက်ရှိသည်။

ပဲခူးတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့သည် (၆-၂-၂၀၁၇)ရက်နေ့ နေ့လည် ၂ နာရီတွင် ပဲခူးတိုင်းဒေသကြီး ရဲမှူးကြီး မျိုးမင်းထိုက်နှင့် ဝန်ကြီးချုပ်ရုံးခန်း၌ တွေ့ဆုံ၍ ကြားဖြတ်ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

bago

- (၇.၂.၂၀၁၇) ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် ညောင်လေးပင်မြို့နယ်၌ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးညီညီထွေး၏ "လွွှတ်တော်ကိုယ်စားလှယ်တစ်ဦးအ နေဖြင့် မဲဆွယ်စည်းရုံးရေးလိုက်ပါခွင့်ရှိ/မရှိ" တင်ပြစာနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးမှ "အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ တာဝန်ပေးချက်အရ လွှတ် တော်ကိုယ်စားလှယ်အား ပါတီဝင်အနေဖြင့်သာ လိုက်ပါစည်းရုံးခွင့်ပြုပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ အရှိန်အဝါ အဆောင်အယောင်များ မပါဝင်စေရ" ဟု ဆုံးဖြတ်ခဲ့ပြီး အစည်းအဝေးကို (၁၅:ဝ၀)နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

 chin

- ( ၈-၂-၂၀၁၇ ) ရက်နေ့ (၁၃၀၀) နာရီချိန်တွင် ချင်းပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်နယ်၊ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန် ရှိသူများသည် မဲရုံမှူး/ဒုမဲရုံမှူးဆိုင်ရာလုပ်ငန်းစဉ်သင်တန်းအား ထိရောက်စွာ သင်ကြားပို့ချပေးနိုင်ရေးနှင့်  ကြားဖြတ်ရွေးကောက်ပွဲနေ့မတိုင်မီ ( ၂၀-၃-၂၀၁၇ ) ရက်နေ့မှစ၍ ကွင်းဆင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ကြသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

- (၈-၂-၂၀၁၇) ရက်နေ့ (၁၀၀၀) နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကြားဖြတ်ရွေးကောက်ပွဲရှိသည့် ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲအသိပညာပေး ဆင့်ပွားသင်တန်းအတွက် သင်ခန်းစာ ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။ သင်တန်းကို ရပ်ကွက် / ကျေးရွာ အုပ်စု (၈၅) ခုမှ တစ်ခုလျှင် ကော်မရှင်အဖွဲ့ခွဲ့အဖွဲ့ဝင် (၂) ဦးစီဖြင့်            (၁၆-၂-၂၀၁၇) မှ (၂၁-၂-၂၀၁၇) ရက်နေ့အထိ သင်တန်းအမှတ်စဉ် (၃) ခုဖြင့် ဆောင်ရွက် သွားမည်ဖြစ်သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄

body-

body1

 

(၁၄-၂-၂၀၁၇) ရက်နေ့ နံနက် (၁၀၀၀)နာရီချိန်တွင် ချင်းပြည်နယ် ထန်တလန်မြို့ရှိ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဟားခါးခရိုင် နှင့် ထန်တလန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့မှ တာဝန်ရှိသူများသည် ရွေးကောက်ပွဲ ဆိုင်ရာ ပညာပေးသင်တန်း ဘာသာရပ်ဆိုင်ရာ အကြိုညှိနှိုင်းဆွေးနွေးခြင်း ပြုလုပ်ခဲ့သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

body

body1

- (၁၅-၂-၂၀၁၇) ရက်နေ့နှင့် (၁၆-၂-၂၀၁၇) ရက်နေ့တို့တွင် ပဲခူးတိုင်း ဒေသကြီး ညောင်လေးပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ကျေးရွာအုပ်စုအဆင့်  မဲရုံမှူး / ဒုမဲရုံမှူး ဆိုင်ရာ ဆင့်ပွားသင်တန်းအမှတ်စဉ်(၁) အား သင်တန်းသား ( ၄၂ ) ဦးဖြင့် လည်းကောင်း၊ ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ်ကွက်/ ကျေးရွာအုပ်စုအဆင့်  မဲရုံမှူး / ဒုမဲရုံမှူး ဆိုင်ရာ ဆင့်ပွားသင်တန်းအမှတ်စဉ် (၁)  အား သင်တန်းသား (၅၀)ဦးဖြင့် လည်းကောင်း နံနက် (၀၉၀၀) နာရီမှ ညနေ( ၁၆၀၀) နာရီအထိ သင်ကြား ပို့ချလျက်ရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၇

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် မြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်( ၂ )ကို  သင်တန်းသား ( ၅၀ ) ဦးဖြင့် (၁၇-၂-၂၀၁၇)ရက်နေ့မှ (၁၈-၂-၂၀၁၇)ရက်နေ့ထိ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်( ၃ )ကို  သင်တန်းသား ( ၂၂ ) ဦးဖြင့် (၁၉-၂-၂၀၁၇)ရက်နေ့မှ (၂၀-၂-၂၀၁၇)ရက်နေ့ထိ လည်းကောင်း သင်ကြားပို့ချလျက်ရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

body

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်( ၂ )ကို သင်တန်းသား ( ၄၄ ) ဦးဖြင့် (၂၀-၂-၂၀၁၇)ရက်နေ့မှ (၂၁-၂-၂၀၁၇)ရက်နေ့ထိ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်ကြားပို့ချလျက်ရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

body1

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက် ပွဲဆိုင်ရာမွမ်းမံသင်တန်းကို သင်တန်းသား ( ၇၂ ) ဦးဖြင့် ( ၂၀-၂-၂၀၁၇ ) ရက် နေ့မှ ( ၂၁-၂-၂၀၁၇ )ရက်နေ့ထိ ရွှေအမ်းတောင်ခန်းမ၌ သင်ကြားပို့ချလျက်ရှိသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

 body2

ယနေ့ နံနက် ၁၀ နာရီတွင် အမေရိကန်နိုင်ငံ Brennan Center for Justice မှ Mr.Plamen Tilemachos Tonchev က လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ (Right to Recall Law) နှင့် စပ်လျဉ်း၍ Right to Recall Law ကျင့်သုံးလျှက်ရှိသည့် နိုင်ငံများ၏အတွေ့အကြုံများအား ရှင်းလင်းဆွေးနွေးခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် မြို့နယ်များတွင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အတွက် ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံသင်တန်းများကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့တို့တွင် ပြုလုပ်ခဲ့သည်။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကနောင်ခန်းမတွင် သင်တန်းသား(၄၀)ဦးဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အ.ထ.က(၂) ကျောင်းတွင် သင်တန်းသား (၆၄) ဦးဖြင့် လည်းကောင်း၊ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် သင်တန်းသား (၅၈) ဦးဖြင့် လည်းကောင်း၊ လှိုင်မြို့နယ် လှိုင်မင်္ဂလာခန်းမတွင် သင်တန်းသား (၇၂) ဦးဖြင့် လည်းကောင်း၊ ကော့မှူးမြို့နယ် အားကစားခန်းမတွင် သင်တန်းသား (၆၂) ဦးဖြင့် လည်းကောင်း၊ အလုံမြို့ နယ်ခန်းမတွင် သင်တန်းသား (၆၆) ဦးဖြင့် လည်းကောင်း သင်တန်းများ အသီးသီးပို့ချခဲ့ကြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်

saik kan

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်

east dagon

လှိုင်သာယာမြို့နယ်

 hlaingtaryar

လှိုင်မြို့နယ်/ကမာရွတ်မြို့နယ်

hlaing

ကော့မှူးမြို့နယ်

kauhmu

အလုံမြို့နယ်/ကြည့်မြင်တိုင်မြို့နယ်

ahlone

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် မုံရွာမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရပ် ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအတွက် ရွေးကောက် ပွဲဆိုင်ရာ မွမ်းမံသင်တန်းများကို ပို့ချလျက်ရှိရာ သင်တန်းအမှတ်စဉ် (၁) အား (၁၆-၂-၂၀၁၇) ရက်နေ့နှင့် (၁၇-၂-၂၀၁၇) ရက်နေ့တွင် သင်တန်းသား(၅၈)ဦး ဖြင့် လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၂) အား (၁၈-၂-၂၀၁၇) ရက်နေ့နှင့် (၁၉-၂-၂၀၁၇) ရက်နေ့တွင် သင်တန်းသား (၅၆) ဦးဖြင့် လည်းကောင်း၊ သင်တန်းအမှတ်စဉ် (၃) အား (၂၀-၂-၂၀၁၇) ရက်နေ့နှင့် (၂၁-၂-၂၀၁၇) ရက် နေ့တွင် သင်တန်းသား (၅၆) ဦးဖြင့် လည်းကောင်း  အသီးသီးပို့ချခဲ့သည်။

မုံရွာမြို့နယ်

moneywa

 

ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိသည့် ပဲခူးတိုင်းဒေသကြီး ကျောက်တံ ခါးမြို့နယ်မှ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ အား ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်( ၃ )ကို  သင်တန်း သား ( ၄၂ ) ဦးဖြင့် (၂၃-၂-၂၀၁၇)ရက်နေ့မှ (၂၄-၂-၂၀၁၇)ရက်နေ့ထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်ကြားပို့ချ လျက်ရှိသည်။

ktk

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်ရှိ သည့် မုံရွာမြို့နယ်၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက် တွေ့ပို့ချမှုသင်တန်း အား (၁-၃-၂၀၁၇) ရက်နေ့မှ (၂-၃-၂၀၁၇) ရက်နေ့အထိ သင်တန်းအမှတ်စဉ် (၃) ခုဖြင့်စတင်ပို့ချလျက်ရှိရာ မုံရွာမြို့နယ်ခန်းမတွင် သင်တန်း အမှတ်စဉ်(၁) အား သင်တန်းသား ( ၅၆) ဦးဖြင့်လည်းကောင်း၊ အ.ထ.က(၁) အလုံတွင် သင်တန်းအမှတ်စဉ် (၂) အား သင်တန်းသား (၅၆) ဦးဖြင့်လည်းကောင်း၊ အ.ထ.က(ခွဲ) သာစည်တွင် သင်တန်းအမှတ်စဉ် (၃) အား သင်တန်းသား (၅၂) ဦးဖြင့် လည်းကောင်း အသီးသီးပို့ချလျက်ရှိသည်။

monywa

monwya1

monywa2

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အ.ထ.က(ခွဲ) ညောင်လေးပင် မြို့၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်း အမှတ်စဉ် (၁) အား သင်တန်းသား (၁၀၀) ဦးဖြင့် (၁-၃-၂၀၁၇) ရက်နေ့မှ  (၂-၃-၂၀၁၇) ရက်နေ့ အထိ ပို့ချလျက်ရှိသည်။ 

naunglaypin

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အ.ထ.က(ခွဲ) ညောင်လေးပင် မြို့၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်း အမှတ်စဉ် (၃) နှင့် (၄) အား သင်တန်းသား (၁၀၀) ဦးဖြင့် (၃-၃-၂၀၁၇) ရက်နေ့မှ  (၄-၃-၂၀၁၇) ရက်နေ့ အထိ ပို့ချလျက်ရှိသည်။

nlp

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်းအမှတ်စဉ် (၁) အား သင်တန်းသား (၅၀) ဦးဖြင့် လည်းကောင်း၊ မြို့နယ်အားကစားခန်းမ၌ သင်တန်းအမှတ်စဉ် (၂) အား သင် တန်းသား (၅၀) ဦးဖြင့် လည်းကောင်း (၃-၃-၂၀၁၇) ရက်နေ့မှ  (၄-၃-၂၀၁၇) ရက်နေ့ အထိ ပို့ချလျက်ရှိသည်။

ktk

ktk1

 

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အ.ထ.က(ခွဲ) ညောင်လေးပင် မြို့၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်း အမှတ်စဉ် (၅) နှင့် (၆) အား သင်တန်းသား (၁၀၀) ဦးဖြင့် (၅-၃-၂၀၁၇) ရက်နေ့မှ  (၆-၃-၂၀၁၇) ရက်နေ့ အထိ ပို့ချလျက်ရှိသည်။

သင်တန်းအမှတ်စဉ် (၅) နှင့် (၆) အ.ထ.က (ခွဲ) ညောင်လေးပင်

NLP

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ မဲရုံမှူး/ဒုတိယမဲရုံမှူး လုပ်ငန်းစဉ်ဆောင်ရွက်ပုံ လက်တွေ့ပို့ချမှု သင်တန်းအမှတ်စဉ် (၃) အား သင်တန်းသား (၅၀) ဦးဖြင့် လည်းကောင်း၊ မြို့နယ်အားကစားခန်းမ၌ သင်တန်းအမှတ်စဉ် (၄) အား သင် တန်းသား (၅၀) ဦးဖြင့်လည်းကောင်း (၅-၃-၂၀၁၇) ရက်နေ့မှ (၆-၃-၂၀၁၇) ရက်နေ့ အထိ ပို့ချလျက်ရှိသည်။

သင်တန်းအမှတ်စဉ် (၃) ကျောက်တခါးမြို့နယ် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ

 

KTK1

သင်တန်းအမှတ်စဉ် (၄) ကျောက်တခါးမြို့နယ် အားကစားခန်းမ

KTK1

 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ကြားဖြတ် ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်ချက်များ