အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲလက်မှတ်များ ထုတ်ပေးခြင်း

body

body1

body6

body7

body8

body9

body10

body11

body12

body13

body14

body15

body16

body17

နေပြည်တော် ဖေဖော်ဝါရီ ၂

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအတွက် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိ နေသော မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြည်ပမဲဆန္ဒရှင်များရှိသည့် မြို့နယ် (၁၈) မြို့နယ်၏ တာဝန်ရှိသူများမှ မဲလက်မှတ်များ ထုတ်ယူခြင်း၊ တံဆိပ်တုံးရိုက် လက်မှတ်ရေးထိုးခြင်းတို့ကို ဖေဖော်ဝါရီ (၁) ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်ခဲ့ပါသည်။

မဲလက်မှတ်များထုတ်ပေးခြင်းမပြုမီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းမှ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှ အတွေ့ အကြုံနှင့်အကြံပြုချက်များအပေါ် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းပြောကြားပါသည်။

၄င်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက ဆန္ဒမဲလက်မှတ်စာအုပ်များအား စနစ်တကျလွှဲပြောင်း လက်ခံခြင်း၊ မဲလက်မှတ်များအား တံဆိပ်တုံးရိုက်နှိပ်ခြင်းနှင့် လက်မှတ်ရေးထိုး ခြင်း၊ စာအိတ်ငယ်နှင့်စာအိတ်ကြီးအတွင်းသို့ ထည့်သွင်းခြင်းနှင့် အပ်နှံခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ကြပါသည်။

အဆိုပါ ပြည်ပကြိုတင်မဲဆန္ဒမဲလက်မှတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ထံသို့ လွှဲပြောင်းခြင်းကို (၂.၂.၂၀၁၇) ရက်နေ့တွင် ပြုလုပ်ရာ သက်ဆိုင်ရာနိုင်ငံအလိုက် စာအိတ် ကြီးများအား ကော်မရှင်ရုံးမှ တာဝန်ရှိသူများက စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း (၁၈) မြို့နယ်မှ နိုင်ငံပြင်ပရောက်ရှိ နေသူ (၃၃၉) ဦးသည် သက်ဆိုင်ရာ မြန်မာသံရုံး၊ ကောင်စစ်ဝန်ရုံး၊ ကိုယ်စားလှယ်ရုံး (၂၈) ရုံးတွင် (၂၈.၂.၂၀၁၇) ရက်နေ့မတိုင်မီ ကြိုတင်ဆန္ဒမဲပေးကြမည်ဖြစ်သည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မဲလက်မှတ်များ ထုတ်ပေးခြင်း