အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ဒုတိယအကြိမ် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်

body1

နေပြည်တော် ဇန်နဝါရီ ၂၆

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ဒုတိယအကြိမ် ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံ သင်တန်းကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းကို သင်ရိုး ၇ ခုဖြင့် အုပ်စုနှစ်စုခွဲ၍ ၂ ကြိမ် သင်ကြားပို့ချခြင်းဖြစ်ပြီး ပထအကြိမ်ဖွင့်လှစ်ခဲ့သည့် သင်တန်းသို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ကိုယ်စားပြု သင်တန်းသား ၄၆ ဦး တက်ရောက်ခဲ့သည်။

ယနေ့ဖွင့်လှစ်သည့် ဒုတိယအကြိမ်သင်တန်းသို့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ကိုယ်စားပြုသင်တန်းသား ၄၀ ဦး တက်ရောက်သည်။

အဆိုပါသင်တန်းသားများသည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ဒေသများမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအားလည်းကောင်း၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအားလည်းကောင်း ဆင့်ပွားသင်တန်းများ ဆက်လက်ပို့ချသွားမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အတွက် ဒုတိယအကြိမ် ရွေးကောက်ပွဲဆိုင်ရာမွမ်းမံသင်တန်းဖွင့်လှစ်