အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း DFID အဖွဲ့အား လက်ခံတွေ့ဆုံ

body

နေပြည်တော် ဇန်နဝါရီ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Department for International Development (DFID) ၏ ရွေးကောက်ပွဲဆိုင်ရာ ကူညီဆောင်ရွက်ပေးမှုများ နှင့်လုပ်ငန်းဆောင်ရွက်မှုများကို ပြန်လည်လေ့လာသုံးသပ်မည့် Ms. Alice Burt ဦးဆောင် သောအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်နှင့် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ DFID မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကူညီဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် DFID တို့ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း DFID အဖွဲ့အား လက်ခံတွေ့ဆုံ