အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းမြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI)မှ ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ

body

နေပြည်တော် ဇန်နဝါရီ ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI) မှ ဦးနေလင်းစိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြ သော ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းတို့ တက်ရောက် ကြသည်။

MILI အဖွဲ့နှင့်တွေ့ဆုံစဉ် ၂၀၁၇ ခုနှစ် ဧပြီလ၌ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် MILI အဖွဲ့မှ ဦးဆောင်ပြုလုပ်မည့် မသန်စွမ်းမဲဆန္ဒရှင်များ၏ ပူးပေါင်းပါဝင်မှုတိုးမြှင့်ရေးဆိုင်ရာလုပ်ငန်းများ၊  မသန်စွမ်းမဲဆန္ဒရှင်များ၏ ပူးပေါင်း ပါဝင်မှုတိုးမြှင့်ရေးအတွက် စီမံကိန်းဦးတည်ဧရိယာများအဖြစ် သတ်မှတ်ဆောင်ရွက် သွားမည့် အခြေအနေများ၊ ရွေးကောက်ပွဲတွင် မသန်စွမ်းသူများ ပိုမိုပါဝင်လာနိုင်စေရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ပါဝင်သော ဖိုရမ်တစ်ခုကျင်းပနိုင်ရေး၊ မသန်စွမ်းမဲဆန္ဒရှင်များ၏ ဆန္ဒမဲပေးခြင်း
နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် နေသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းမြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI)မှ ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ