အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွေ့ဆုံ

body

ရန်ကုန်-ဒီဇင်ဘာ ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းသည် ယနေ့နံနက်ပိုင်းတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (ရန်ကုန်) (NRPC) ၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပပြီးစီးခဲ့သော်လည်း အားနည်းချက်များ၊ အခက်အခဲများကြုံတွေ့ခဲ့ကြရမည် ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်(၄)နယ်နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁)နယ် လစ်လပ်လျှက်ရှိသဖြင့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်အားဖြင့်(၁၁)မြို့နယ်ဖြစ်ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်သောမြို့နယ်များအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အသေးစိတ်ဆောင်ရွက်ထားရှိရန်လိုအပ်ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ တွင်မပါဝင်သောမြို့နယ်များအနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲပါဝင်သော မြို့နယ်များအား ဝိုင်း၀န်းကူညီပေးလျှက် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွေ့အကြုံများကို ပြန်လည်သုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲများကို အများပြည်သူယုံကြည်လက်ခံသော ရွေးကောက်ပွဲအဖြစ် ကျင်းပပေး နိုင်ရန် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း၊ လုပ်ငန်း ဆောင်ရွက်မှုအခက်အခဲများနှင့်ပတ်သက်ပြီး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဆင့်ကဲဆင့်ကဲတင်ပြချက် များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း တင်ပြချက်ကိုသာ စောင့်ဆိုင်းမနေဘဲ မိမိ လက်အောက်ကိုလည်း မျက်ခြေမပြတ် ကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း တီထွင်ကြံဆပြီး စေတနာထားဆောင်ရွက်ရန်လိုကြောင်းနှင့် လေလွင့် ဆုံးရှုံးမှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားပါသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက် အခဲများကို တင်ပြကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အတွင်းရေးမှူးတို့ က ပြန်လည်ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ပါသည်။

တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက်ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွေ့ဆုံ