အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း NIMD နှင့် DEMO Finland မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Bram Steenhuisen အား လက်ခံတွေ့ဆုံ

body

body1

body2

နေပြည်တော် ဒီဇင်ဘာ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Netherlands Institute for Multiparty Democracy (NIMD) နှင့် DEMO Finland မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Bram Steenhuisen အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ ဧည့်ခန်း မဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်နှင့် ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံစဉ် လာမည့် ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် NIMD တို့ ပူးပေါင်းကာ ဆောင်ရွက်သွားမည့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ယခုနှစ်အတွင်း NIMD မှ ဆောင်ရွက်လျက်ရှိသော ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ NIMD ၏ ၂၀၁၇-၂၀၂၀ ခုနှစ် ကာလအတွင်း ဆောင်ရွက်သွားမည့်လုပ်ငန်း အစီအစဉ် များနှင့် ၂၀၁၇ ခုနှစ်တွင် ဦးစားပေး ဆောင်ရွက်သွားမည့် ပါတီစုံပါဝင်သော တွေ့ဆုံ ဆွေးနွေးပွဲများပြုလုပ်နိုင်ရေးအတွက် လျာထားဆောင်ရွက်ချက်များကို ဆွေးနွေးကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း NIMD နှင့် DEMO Finland မှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Bram Steenhuisen အား လက်ခံတွေ့ဆုံ