အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

စုံညီခုံရုံးက အယူခံမှုအမှတ် (၂၄)အား အပြီးသတ်အမိန့်ချမှတ်ခြင်း

body

နေပြည်တော် ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဦးမောင်မောင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)ကလျှောက်ထားသည့်ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ်(၄၂/၂၀၁၅)ကို၂၀၁၆ခုနှစ်၊အောက်တိုဘာ ၇ ရက်တွင် ရွေးကောက်ပွဲ ခုံအဖွဲ့(၄)၏ ချမှတ်ခဲ့သည့်စီရင်ချက်(အမိန့်)အားဦးစိုးစိုးက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အယူခံမှုအမှတ် (၂၄/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ဦးထွန်းခင်၊ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးမှ မူလရွေးကောက်ပွဲခုံအဖွဲ့(၄)၏ ၇-၁၀-၂၀၁၆ရက်နေ့ကချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အမိန့်ကိုအတည်ပြုပြီး အယူခံလျှောက် ထားသူ ဦးစိုးစိုး၏အယူခံကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း၊ တရားစရိတ် ငွေကျပ်-၁၀၀၀၀ဝိ/(ကျပ်တစ်သိန်းတိတိ)ကို အယူခံလျှောက်ထားသူကအယူခံလျှောက်ထားခံရသူအားပေးစေသည့် အမိန့်ချမှတ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ စုံညီခုံရုံးက အယူခံမှုအမှတ် (၂၄)အား အပြီးသတ်အမိန့်ချမှတ်ခြင်း