အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း မန္တလေးတိုင်းဒေသကြီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ

body

မန္တလေး ဒီဇင်ဘာ ၁၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းသည် ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများအား ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်အနေနှင့် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အခက်အခဲမရှိ အောင်မြင်စွာဆောင်ရွက်နိုင်ရန် လိုအပ်ချက်များ ရှိပါက ဖြည့်ဆည်းပေးနိုင်ရန် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက ၂၀၁၅ ရွေးကောက်ပွဲ သည် ပြည်သူလူထုကရော နိုင်ငံတကာကပါလက်ခံသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ခဲ့သော်လည်း အနည်းနှင့်အများဆိုသလို အားနည်းချက်များ၊ အခက်အခဲများ ကြုံတွေ့မှုရှိခဲ့မှာဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် လစ်လပ်မဲဆန္ဒနယ်မရှိသည့်အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပ ပေးရန်မရှိသော်လည်း ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွေ့အကြုံများကို ပြန်လည် သုံးသပ်ပြီး လာမည့်ရွေးကောက်ပွဲများကို အများပြည်သူယုံကြည်လက်ခံသော ရွေးကောက်ပွဲအဖြစ် ကျင်းပပေးနိုင်ရန် အဖွဲ့ခွဲအဆင့်ဆင့်အနေနှင့် ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ အခက်အခဲများနှင့်ပတ်သက်ပြီး ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ ဆင့်ကဲဆင့်ကဲတင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် အချိန်နှင့်တပြေးညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း တင်ပြချက်ကိုသာ စောင့်ဆိုင်းမနေဘဲ လက်အောက်ကိုလည်း အမြဲကြီးကြပ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တီထွင်မှုရှိရန်နှင့် လေလွင့်မှုမရှိစေရန်လိုအပ်ကြောင်း ပြောကြားသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် စေတနာထားဆောင်ရွက်ရန်၊ တာဝန်ယူဖို့၊ တာဝန်ခံဖို့၊ ကြိုးစားဖို့၊ ရိုးသားဖို့လိုအပ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲမရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ ဝန်ထမ်းအချို့ကို ကြားဖြတ်ရွေးကောက်ပွဲရှိသည့်နေရာများသို့ စေလွှတ်ပြီး အတွေ့အကြုံ ရရှိအောင်ဆောင်ရွက်ထားပါကြောင်း မိမိတိုင်းဒေသကြီးတွင် ကြားဖြတ်ရွေးကောက်ပွဲမရှိသော်လည်း ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဆင့်ကဲဆင့်ကဲဆောင်ရွက်သွားရန် လိုကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှ တာဝန်ရှိသူများက ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသည့်အခက်အခဲများ၊ လတ်တလော ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့်အခက်အခဲ များကို တင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းနှင့် ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းတို့က ပြည်လည်ရှင်းလင်းပြောကြားပြီး တွေ့ဆုံပွဲကို ရုပ်သိမ်း လိုက်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း မန္တလေးတိုင်းဒေသကြီးရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ