အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၄)၊(၁၅)နှင့်(၁၆)တို့ အား စီရင်ချက် (အမိန့်)များ ချမှတ်

body

နေပြည်တော် နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းတန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါရှိခဲ့သော် လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံးရရှိမည်ဖြစ်၍ လျှောက်ထားခံရသူအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်၍ လျှောက်ထားသူ ကိုသာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှု ကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၄/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ လက်ခံခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးတင်မြင့် နှင့် ဦးမောင်မောင်လေးမြင့်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်တွင် လျှောက်ထားသူ ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ဝင်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများမပါဝင်ပါက လျှောက်ထားသူသည်သာ မဲအများဆုံးရရှိ နိုင်မည်ဖြစ်၍ လျှောက်ထားခံရသူအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ပယ်ဖျက်ပြီး လျှောက်ထားသူအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆုံးဖြတ် ပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၅/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် ဦးတင်မြင့် နှင့်ဦးမောင်မောင်လေးမြင့် တို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၃)က ကြားနာ စစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ရက်တွင် လျှောက်ထားသူ ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းဒေါက်တာအောင်မြတ်သူ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ)က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပြီး လျှောက်ထားခံရသူ ရရှိသောမဲများတွင်တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသောမဲများမပါရှိခဲ့သော် လျှောက်ထားသူသာ မဲအများဆုံး ရရှိနိုင်မည်ဖြစ်၍ လျှောက်ထားသူအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၆/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် ဦးတင်မြင့် နှင့်ဦးမောင်မောင်လေးမြင့် တို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၃)က ကြားနာ စစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၈ရက်တွင် လျှောက်ထားသူ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၄)၊(၁၅)နှင့်(၁၆)တို့ အား စီရင်ချက် (အမိန့်)များ ချမှတ်