အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၂၇) အား ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

body

နေပြည်တော် နိုဝင်ဘာ ၂၈

၁။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသက်ထွန်း (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ယင်းမဲဆန္ဒနယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် လက်ခံခဲ့ပြီးရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲ ခုံအဖွဲ့(၃)က လျှောက်ထားသူဦးသက်ထွန်းသည် တောင်းဆိုသည့် သက်သာခွင့်ကို ရထိုက်သည် မဟုတ်၍ လျှောက်ထားသူ၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအား စရိတ်နှင့်တကွပလပ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့သည်။ ယင်းအမိန့်အပေါ် လျှောက်ထားသူ ဦးသက်ထွန်းမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က အယူခံမှုအမှတ် (၂၇/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။ ယင်းအမှုကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်၌ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက် (တနင်္လာနေ့)တွင် နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ဥပဒေအကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ်အမိန့် ချမှတ်မည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၂၇) အား ဒီဇင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်