အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

စုံညီခုံရုံးက အယူခံမှုအမှတ် (၁၉)၊(၂၀) နှင့် (၂၁) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်း

body

နေပြည်တော် နိုဝင်ဘာ ၁၇

၁။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးကျော်မြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)အပေါ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးအောင်မျိုးဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၁/၂၀၁၅) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၂ ရက် တွင် ရွေးကောက်ပွဲခုံအဖွဲ့(၄) က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အား ဦးအောင်မျိုးဦးက ကျေနပ်မှု မရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၉/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

၂။ ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးမှ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုကို စရိတ်နှင့်တကွခွင့်ပြုပြီး မူလရွေးကောက်ပွဲခုံအဖွဲ့(၄)၏ ကန့်ကွက်လွှာအမှုအမှတ်(၁၁/၂၀၁၅)တွင်(၂-၉-၂၀၁၆)ရက်နေ့ကချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမိန့်အား ပယ်ဖျက်၍(၈-၁၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဒုတိယခိုင်လုံမဲအများဆုံး ရရှိသူ ရမည်းသင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦး (အယူခံ လျှောက်ထားသူ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အား ယင်းမဲဆန္ဒနယ်အမှတ်(၂)၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရသူ ဖြစ်ကြောင်း၊ တရားစရိတ်ငွေကျပ်တစ်သိန်းနှင့်တကွ အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

၃။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးကိုကိုနိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)အပေါ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ်(၁၀/၂၀၁၅)ကို ၂၀၁၆ခုနှစ်၊စက်တင်ဘာ ၂ ရက်တွင် ရွေးကောက်ပွဲ ခုံအဖွဲ့(၄)ကချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးထွန်းထွန်းဝင်းက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၂၀/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

၄။ ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ဦးစိုးရယ်၊ဦးထွန်းခင်၊ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးမှ ရွေးကောက်ပွဲ ကန့်ကွက်လွှာအယူခံမှုကို စရိတ်နှင့်တကွခွင့်ပြုပြီး မူလရွေးကောက်ပွဲခုံအဖွဲ့(၄)၏ ကန့်ကွက်လွှာအမှုအမှတ်(၁၀/၂၀၁၅)တွင်(၂-၉-၂၀၁၆)ရက်နေ့ကချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမိန့်ကိုပယ်ဖျက်၍ (၈-၁၁-၂၀၁၅)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဒုတိယခိုင်လုံမဲအများဆုံးရရှိသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှအယူခံလျှောက်ထားသူဦးထွန်းထွန်းဝင်းအား ရမည်းသင်း မြို့နယ်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း၊ တရားစရိတ်ငွေကျပ် တစ်သိန်း နှင့်တကွ အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

၅။ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးလွင်စိုးမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၁၂/၂၀၁၅) ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၅ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၃) က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်)အား ဦးလွင်စိုးမင်းက ကျေနပ်မှု မရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၂၁/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

၆။ ယင်းအယူခံမှုအား ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးမှ အယူခံမှုကိုခွင့်ပြုပြီး ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၁၂/၂၀၁၅)တွင် ရွေးကောက်ပွဲခုံအဖွဲ့(၃)က ချမှတ်ခဲ့သည့် ၅-၉-၂၀၁၆ရက်စွဲပါ ဆုံးဖြတ်ချက်ကို ပယ်ဖျက်၍ ဦးမြင့်အောင်၏ ကန့်ကွက်လွှာကို တရားစရိတ်ကျပ်တစ်သိန်းနှင့်တကွ ပယ်သည့် အမိန့် ချမှတ်ခဲ့ကြောင်း သိရှိရသည်။

၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ နိုဝင်ဘာ ၁၇ ရက်နေ့ အထိ (၃၉) မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်း ကြေညာခဲ့သော အမှုပေါင်းမှာ (၃၃)မှု ရှိပြီးဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ စုံညီခုံရုံးက အယူခံမှုအမှတ် (၁၉)၊(၂၀) နှင့် (၂၁) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်း