အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၂၂) နှင့် (၂၃) တို့အား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

body

နေပြည်တော် နိုဝင်ဘာ ၁၆

၁။ ရခိုင်ပြည်နယ်၊ ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးကိုကိုနိုင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က ရခိုင်ပြည်နယ်၊ ချင်း တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၊လွှတ်တော်ကိုယ်စားလှယ် ဦးပုန်ဘွေ (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၂)က လျှောက်ထားခံရသူ ဦးပုန်ဘွေအား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်သည်ဟုဆုံးဖြတ်ပြီး လျှောက်ထားသူ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက်(အမိန့်)ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးကိုကိုနိုင်မှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၂၂/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။ ယင်းအမှုကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်၌ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက် (ဗုဒ္ဓဟူးနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စု ရှေ့နေ ချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း သိရှိရသည်။

၂။ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးမောင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုးရွှေ(ခ)ဒေါက်တာတင်ဌေးအောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၁) က လျှောက်ထား ခံရသူဦးတိုးရွှေ(ခ)ဒေါက်တာတင်ဌေးအောင်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်သည်ဟုဆုံးဖြတ်ပြီး လျှောက်ထားသူ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွ ပယ်ကြောင်း ဆုံးဖြတ်ချက်(အမိန့်)ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးစိုးမောင်မှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အယူခံမှုအမှတ် (၂၃/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။ ယင်းအမှုကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်၌ ၂၀၁၆ခုနှစ်၊နိုဝင်ဘာလ ၁၆ ရက် (ဗုဒ္ဓဟူးနေ့) တွင်နှစ်ဖက် လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပြီးသတ် အမိန့်ချမည်ဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၂၂) နှင့် (၂၃) တို့အား ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်