အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း

နေပြည်တော် နိုဝင်ဘာ ၂

လာမည့် ၂၀၁၇ ခုနှစ် ဧပြီလတွင် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စောင့်ကြည့်လေ့လာလိုသည့် ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာခွင့်ကို ယနေ့မှ စတင်ကာ ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ ၁၀၀၀၀ ကျော်နှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူ ၁၀၀၀ ကျော်ရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် လစ်လပ်မဲဆန္ဒနယ်များကို ပြီးခဲ့သည့် အောက်တိုဘာ ၁၁ ရက်တွင် လည်းကောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် လျာထားလုပ်ငန်းစဉ် အချိန်စာရင်းကို ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက်တွင်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့ပြင် လွှတ်တော်ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရာတွင် ပြည်တွင်း စောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂၀၁၆) ဖြင့်လည်းကောင်း၊ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အမိန့်ကြော်ငြာစာအမှတ်၊ (၂/၂၀၁၆) ဖြင့် လည်းကောင်း ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ official website ဖြစ်သည့် http://uecmyanmar.org/ တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် Download ရယူနိုင်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့်လေ့လာခွင့်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း