အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆဋ္ဌမအကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ

body

နေပြည်တော် အောက်တိုဘာ ၃၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆဋ္ဌမအကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာကို ယနေ့နံနက် ၁၀ နာရီတွင် ကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ အဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများက နေပြည်တော်-ပျဉ်းမနားမြို့၊ မဟာ ဝိသုတာရာမ စျေးကုန်းကျောင်းတိုက်၊ ဦးစီးပဓာန မဟာနာယက နိုင်ငံတော် သြဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ကဝိသာရ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များကို ရွတ်ပွား သရဇ္စျာယ်တော်မူခဲ့သည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ကို ဆက်ကပ်လှူဒါန်းကြပြီးနောက် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆဋ္ဌမအကြိမ်မြောက် မဟာဘုံကထိန် အလှူတော်မင်္ဂလာ ကျင်းပ