အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများအကြား တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ

body

နေပြည်တော်  အောက်တိုဘာ  ၂၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများအကြား တွေ့ဆုံညှိနှိုင်းအစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း နှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဦးတင်ထွန်းနှင့်တာဝန်ရှိသူများ၊ ဝန်ကြီးဌာန (၇) ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ(၁)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် (၁၈)နေရာကိုလည်း ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း ညောင်ရွှေမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကွယ်လွန်သွား၍ ၎င်းမဲဆန္ဒနယ်တွင် လည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးသွားမှာဖြစ်သဖြင့် မဲဆန္ဒနယ် (၁၉) နေရာဖြစ်မှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် အချိန်ဇယားကိုလည်း ထုတ်ပြန်ပေးပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ဆက်စပ်ပါဝင်နေသော ဝန်ကြီးဌာနများအနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်နိုင်ရန် ယနေ့အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုလက်ခံခဲ့ သော်လည်း လုပ်ငန်းစဉ်များတွင် အားသာချက် အားနည်းချက်များရှိခဲ့ကြောင်း၊ မဲစာရင်း အနေဖြင့့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကျင်းပချိန်တွင် ပြဿနာကြီးကြီးမားမား မရှိခဲ့သော်လည်း ရွေးကောက်ပွဲနေ့မတိုင်ခင်အထိ မဲစာရင်းမှားယွင်းသည်ဟု ဂယက်ရိုက်ခဲ့ကြောင်း၊ မဲစာရင်းနှင့် စပ်လျဉ်း၍ လုပ်ငန်းပိုင်းအားနည်းမှုများကို ပြန်လည်သုံးသပ်ပြီး ပြည့်စုံမှန်ကန်သည့် မဲစာရင်း ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲအတွက်မဲစာရင်းကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ မဲစာရင်းအား အခြေခံဆောင်ရွက်ရန် ဥပဒေတွင် ပြဌာန်း ထား၍ အဆိုပါမဲစာရင်းကိုအခြေခံပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် အနေဖြင့် Door to Door စိစစ်ကောက်ယူသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်းနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာခြင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ် ရက်သတ်မှတ်ချက်များကို ထုတ်ပြန် ထားပြီးဖြစ်ကြောင်း၊ သတ်မှတ်ရက်များအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် လိုအပ်ချက်များအပေါ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသည့်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၅ ရွေးကောက်ပွဲ၏ အားနည်းချက်များကိုသုံးသပ်ပြီး အဆင်ပြေချောမွေ့စေရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မဲရုံများအနေဖြင့် ၂၀၁၅ ခုနှစ်က အသုံးပြုခဲ့သည့် မဲရုံများအတိုင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မဲရုံအများစုအား စာသင်ကျောင်းများကိုသာ အသုံးပြုထား၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် လစ်လပ်မဲဆန္ဒနယ်များရှိ ယခင်မဲရုံပြုလုပ်ခဲ့သည့်စာသင်ကျောင်းများတွင် မဲရုံများပြုလုပ်နိုင်ရေး ဆောင်ရွက် ပေးစေလိုကြောင်း၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းအများစုကိုလည်း ပညာရေးဝန်ကြီးဌာနမှ ဆရာ/ ဆရာမများကိုသာ ခန့်ထားဆောင်ရွက်မှာဖြစ်၍ ကြိုတင်လျာထားဆောင်ရွက်ပေးစေလိုကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးစီမံခန့်ခွဲမှုကော်မတီနှင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း၊ ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း အဆိုပါကော်မတီနှစ်ရပ်နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး ပေးကြစေလိုကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်တွင်း/ ပြည်ပရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များကို စောင့်ကြည့်လေ့လာခွင့်ပြုသွားမှာဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို လွတ်လပ်တရားမျှပြီး ပြည်သူ့ဆန္ဒနှင့်အညီ ပွင့်လင်းမြင်သာမှုရှိသည့်ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးသွားမှာဖြစ်ပြီး ဝန်ကြီးဌာနများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကိုလည်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ရာ၌ ကြုံတွေ့ခဲ့ရသည့် အားသာချက် အားနည်းချက်များအား ရှင်းလင်းတင်ပြကာ အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသည့်မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးရာတွင် အဆင်ပြေ ချောမွေ့စွာမဲပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့်အစီအမံများအား အသေးစိတ် ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့်ဝန်ကြီးဌာနများမှတာဝန်ရှိသူများက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံခဲ့ရသည့်အားနည်းချက်များအား အကြံပြု ဆွေးနွေးတင်ပြ၍ ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာကဏ္ဍများ အလိုက် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်မည့်အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြပါသည်။

၎င်းနောက် ကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ဝန်ကြီးဌာနများအကြား တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ