အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၃) အား စီရင်ချက် (အမိန့်) ချမှတ်

body

နေပြည်တော် အောက်တိုဘာ ၁၈

၁။ ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တန်းမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က ရန်ကုန် တိုင်းဒေသကြီး၊ကျောက်တန်းမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အေးမြမြမျိုး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများကို ပြန်လည်စိစစ် ပေးပါရန်နှင့် လျှောက်ထားခံရသူရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါရှိခဲ့သော် လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံးရရှိ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၃/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးတင်မြင့် နှင့် ဦးမောင်မောင်လေးမြင့်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် လျှောက်ထားသူ ဦးအုန်းမြင့် အနေဖြင့် တောင်းဆိုသည့်သက်သာခွင့်ကို ရထိုက်သူမဟုတ်၍ လျှောက်ထားသူ၏ကန့်ကွက်လျှောက် ထားလွှာအား စရိတ်နှင့်တကွပလပ်ကြောင်းနှင့် အမှုစရိတ် ငွေကျပ်နှစ်သိန်းတိတိကို လျှောက်ထားသူ က လျှောက်ထားခံရသူအားပေးစေရန် သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home သတင်းများ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၃) အား စီရင်ချက် (အမိန့်) ချမှတ်