အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့
Filter
  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၅) အား စီရင်ချက် (အမိန့်) ချမှတ်

    body

     

    နေပြည်တော် အောက်တိုဘာ ၂၁

    ၁။ ပဲခူးတိုင်းဒေသကြီး၊ကျောက်ကြီးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသက်ထွန်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ပဲခူးတိုင်း ဒေသကြီး၊ကျောက်ကြီးမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစည်သူလွင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)ရရှိသော ခိုင်လုံမဲ၊ပယ်မဲများအား ပြန်လည်စိစစ် ရေတွက်ပေးပါရန်နှင့် လျှောက်ထားခံရသူရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသော မဲများမပါရှိခဲ့သော် ခိုင်လုံမဲအများဆုံးရရှိသူ လျှောက်ထားသူအား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်ကြေညာပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၃၅/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးတင်မြင့်နှင့် ဦးမောင်မောင်လေးမြင့်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃) က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်တွင် လျှောက်ထားသူ ဦးသက်ထွန်းသည် တောင်းဆိုသည့် သက်သာခွင့်ကိုရထိုက်သည်မဟုတ်၍ လျှောက်ထားသူ၏ ရွေးကောက်ပွဲကန့်ကွက်လျှောက်ထားလွှာအမှုအား စရိတ်နှင့်တကွပလပ်ကြောင်း ဆုံးဖြတ်ပြီးအမှု စရိတ်ငွေ ကျပ်နှစ်သိန်းတိတိကို လျှောက်ထားသူမှ လျှောက်ထားခံရသူအား ပေးစေသည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ အောက်တိုဘာ ၂၁ ရက်နေ့ အထိ (၃၉) မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းကြေညာခဲ့သော အမှုပေါင်းမှာ (၂၇) မှု ရှိပြီးဖြစ်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၃) အား စီရင်ချက် (အမိန့်) ချမှတ်

    body

    နေပြည်တော် အောက်တိုဘာ ၁၈

    ၁။ ရန်ကုန်တိုင်းဒေသကြီး၊ကျောက်တန်းမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းမြင့်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က ရန်ကုန် တိုင်းဒေသကြီး၊ကျောက်တန်းမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်အေးမြမြမျိုး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများကို ပြန်လည်စိစစ် ပေးပါရန်နှင့် လျှောက်ထားခံရသူရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါရှိခဲ့သော် လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံးရရှိ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကြေညာပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၁၃/၂၀၁၅) ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးထွန်းခင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးတင်မြင့် နှင့် ဦးမောင်မောင်လေးမြင့်တို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၃)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်တွင် လျှောက်ထားသူ ဦးအုန်းမြင့် အနေဖြင့် တောင်းဆိုသည့်သက်သာခွင့်ကို ရထိုက်သူမဟုတ်၍ လျှောက်ထားသူ၏ကန့်ကွက်လျှောက် ထားလွှာအား စရိတ်နှင့်တကွပလပ်ကြောင်းနှင့် အမှုစရိတ် ငွေကျပ်နှစ်သိန်းတိတိကို လျှောက်ထားသူ က လျှောက်ထားခံရသူအားပေးစေရန် သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက ရွေးကောက်ပွဲအယူခံမှုအမှတ် (၁၉) (၂၀) နှင့် (၂၁) တို့အား နိုဝင်ဘာ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်မည်

    body

     

    နေပြည်တော် အောက်တိုဘာ ၁၇

    ၁။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်မျိုးဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၄)က လျှောက်ထား ခံရသူ ဦးကျော်မြင့်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်သည်ဟု ဆုံးဖြတ်ပြီးလျှောက်ထားသူ၏ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ် ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးအောင်မျိုးဦးမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှု အမှတ် (၁၉/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၂။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၁၉/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် (တနင်္လာနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက် နေ့တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည်ဖြစ်ကြောင်း သိရှိရသည်။

    ၃။ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းထွန်းဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ)ကမန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းမြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင် (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၄) က လျှောက်ထား ခံရသူ ဦးကိုကိုနိုင်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်သည်ဟု ဆုံးဖြတ်ပြီးလျှောက်ထားသူ ၏ ကန့်ကွက်လွှာကို စရိတ်နှင့်တကွပယ်ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားသူ ဦးထွန်းထွန်းဝင်းမှ ကျေနပ်မှု မရှိသဖြင့် အယူခံမှုလျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အယူခံမှု အမှတ် (၂၀/၂၀၁၆) ဖြင့် လက်ခံခဲ့ပြီး ဖြစ်သည်။

    ၄။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၂၀/၂၀၁၆)ကို၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် (တနင်္လာနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ၏ ဥပဒေ အကြံဉာဏ် ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ယင်းအယူခံမှု အတွက် အပြီးသတ်အမိန့် ချမည်ဖြစ်ကြောင်း သိရှိရသည်။

    ၅။ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) က ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) အပေါ် ကန့်ကွက်လွှာတင်သွင်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ခံခဲ့ပြီး ရွေးကောက်ပွဲခုံအဖွဲ့ဖြင့် ကြားနာစစ်ဆေးစေခဲ့သည်။ ရွေးကောက်ပွဲခုံအဖွဲ့ (၃)က တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်အား အဆိုပါမဲဆန္ဒနယ်၏ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုကြေညာပေးစေရန် စရိတ်နှင့်တကွ ဆုံးဖြတ် ကြောင်း ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ခဲ့ခြင်းအပေါ် လျှောက်ထားခံရသူ ဦးလွင်စိုးမင်းမှ ကျေနပ်မှုမရှိသဖြင့် အယူခံမှု လျှောက်ထားတင်ပြလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၂၁/၂၀၁၆)ဖြင့် လက်ခံခဲ့ပြီးဖြစ်သည်။

    ၆။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀၁ အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့် တို့ပါဝင်သည့် စုံညီခုံရုံးရှေ့မှောက်တွင် အယူခံမှုအမှတ် (၂၁/၂၀၁၆) ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက် (တနင်္လာနေ့)တွင် နှစ်ဖက်လျှောက်လဲချက်များနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ရုံးတော်သဟာယ ၏ ဥပဒေအကြံဉာဏ်ပေးချက်များကို ကြားနာပြီး ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ယင်းအယူခံမှုအတွက် အပြီးသတ်အမိန့် ချမည်ဖြစ်သည်။

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၃၉) နှင့် (၄၀) အား စီရင်ချက် (အမိန့်) များချမှတ်

    body

    နေပြည်တော် အောက်တိုဘာ ၁၄

    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဦးဝင်းဆွေ (မဲဆန္ဒရှင်)က စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် မှပျက်ပြယ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၃၉/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်းနှင့်ဦးကျော်သူတို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၄)က ကြားနာ စစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၄ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဒေါ်ခင်စန်းလှိုင်အား ရွေးကောက် တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းနှင့် တရားစရိတ် ကျပ်တစ်သိန်း သတ်မှတ် သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ပုလဲမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ဆွေ(ခ)ဦးတင့်ဆွေ(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) က စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်ထက်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ပေးပါရန်နှင့် လျှောက်ထားသူသာလျှင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူဖြစ်ကြောင်း ဆုံးဖြတ်ပေးပါရန် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၄၀/၂၀၁၅) ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်းနှင့်ဦးကျော်သူတို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့(၄)က ကြားနာ စစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၄ရက် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးဇော်ထက်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည် ဖြစ်ကြောင်းနှင့် တရားစရိတ် ကျပ်တစ်သိန်း သတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

     

  • ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄၂)၊(၄၃)နှင့်(၄၄) အား စီရင်ချက် (အမိန့်) များချမှတ်

    body1

    နေပြည်တော် အောက်တိုဘာ ၇

    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းဦးစိုးစိုး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က စစ်ကိုင်း တိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ပြုကျင့်မှု ကြောင့် ရရှိသောမဲများ မပါဝင်ပါက လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံး ရရှိနိုင်မည်ဖြစ်၍ လျှောက်ထားခံရသူအား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ်ကြောင်းနှင့် လျှောက်ထားသူအား ရွေးကောက်တင်မြှောက်ခံရသူဖြစ်ကြောင်း ကြေညာပေးပါရန် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကန့်ကွက်လွှာ တင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ်(၄၂/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခဲ့သည်။

    ၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်းနှင့် ဦးကျော်သူ တို့ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဦးမောင်မောင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ)အားရွေးကောက်တင်မြှောက်ခြင်းသည်တရားဝင်အတည်ဖြစ်ကြောင်း ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိုးစိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ၏ ကန့်ကွက်လွှာကို တရား စရိတ်နှင့်တကွပယ်ကြောင်း နှင့် တရားစရိတ် ကျပ်တစ်သိန်း သတ်မှတ်သည့် စီရင်ချက် ( အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိန်ကြိုင် (ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ) က စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်မော်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသောမဲများ မပါဝင်ပါက လျှောက်ထားသူသာ ခိုင်လုံမဲအများဆုံး ရရှိနိုင်မည်ဖြစ်၍ လျှောက်ထားခံရသူအား ရွေးကောက်တင်မြှောက်ခံရခြင်းသည် ပျက်ပြယ် ကြောင်းနှင့် ဆန္ဒမဲအများဆုံးရသူ လျှောက်ထားသူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြေညာပေးရန် တိုင်းဒေသကြီးလွှတ်တော်( သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအမှတ် (၄၃/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ လက်ခံခဲ့သည်။

    ၄။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်း နှင့် ဦးကျော်သူတို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အဖြစ် ဦးမြင့်မော် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင် အတည်ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစိန်ကြိုင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ၏ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်းနှင့် တရားစရိတ် ကျပ်တစ်သိန်းသတ်မှတ်သည့် စီရင်ချက် (အမိန့်) ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၅။ စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)၊တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစန်းမောင် (ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ) က စစ်ကိုင်းတိုင်းဒေသကြီး၊ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဟန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ရရှိသောမဲများတွင် တရားမဲ့ ပြုကျင့်မှုကြောင့် ရရှိသော မဲများမပါရှိပါက လျှောက်ထားသူသာ မဲအများဆုံး ရရှိ၍ လျှောက်ထားခံရသူ၏ရွေးကောက်တင်မြှောက်ခံရခြင်းသည်ပျက်ပြယ်ကြောင်းနှင့် လျှောက်ထား သူအား လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကြေညာပေးပါရန် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၇၊ ၆၈ အရ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကန့်ကွက်လွှာတင်သွင်းထားမှုကို ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၄၄/၂၀၁၅)ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ လက်ခံ ခဲ့သည်။

    ၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ခုံအဖွဲ့ဝင်များအဖြစ် ဦးခင်မောင်ဝင်း နှင့် ဦးကျော်သူတို့ ပါဝင်သည့် ရွေးကောက်ပွဲခုံအဖွဲ့ (၄)က ကြားနာစစ်ဆေးပြီးနောက် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးသိန်းဟန် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်ကြောင်းဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးစန်းမောင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)၏ကန့်ကွက်လွှာကို တရားစရိတ်နှင့်တကွ ပယ်ကြောင်း နှင့် တရားစရိတ် ကျပ်တစ်သိန်းသတ်မှတ်သည့် စီရင်ချက်(အမိန့်) ချမှတ်ခဲ့သည်။

  • စုံညီခုံရုံးက အယူခံမှုအမှတ် (၁၆)၊(၁၇) နှင့် (၁၈) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် အောက်တိုဘာ ၆

    ၁။ မကွေးတိုင်းဒေသကြီး၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၁၂)၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးပြူးလွင်(အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)အပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှဆွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ် (၁၇) ကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၄ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ချမှတ် ခဲ့သည့် စီရင်ချက် (အမိန့်)အား ဦးလှဆွေက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၆/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၂။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များဖြစ် ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့က ခုံအဖွဲ့ဝင်များအဖြစ် ပါဝင်သည့် စုံညီခုံရုံးက အယူခံလျှောက်ထားသူ ဦးလှဆွေ၏ အယူခံလျှောက်ထားမှုကိုခွင့်ပြု၍ မူလ ရွေးကောက်ပွဲခုံအဖွဲ့ (၁)၏ ၄-၈-၂၀၁၆ရက်နေ့တွင် ချမှတ်ခဲ့သော အမိန့်ကို ပယ်ဖျက်ပြီး ကျန်ရှိသည့်ငြင်းချက်များကို ကြားနာစစ်ဆေးပြီးမှ ဆုံးဖြတ်သွားရန်၊ မူလရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ်(၁၇/၂၀၁၅)ကို ဆက်လက်စစ်ဆေးသွားရန် အမိန့်ချမှတ်ခဲ့ပြီး ရှေ့နေ စရိတ်ကျပ် သုံးသောင်းသတ်မှတ်သည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၃။ စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးဆားမူ ( ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အပေါ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကယ် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအမှတ် (၂၄)ကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၈ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့(၄) ကချမှတ်ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးဆားမူက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်း လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၇/၂၀၁၆) ဖြင့် လက်ခံ ခဲ့သည်။

    ၄။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ပါဝင်သည့် စုံညီခုံရုံးက စစ်ကိုင်း တိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဆားမူသည် ရွေးကောက်ပွဲ၌ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက် ပွဲဥပဒေ ပုဒ်မ ၇၁ (က) နှင့် (ဃ)တို့အရ ပျက်ပြယ်ကြောင်း ၊ဦးကယ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဖြစ်ကြောင်း မူလရွေးကောက်ပွဲ ခုံအဖွဲ့(၄)က ၈-၈-၂၀၁၆ရက်နေ့တွင် ချမှတ် ခဲ့သော ဆုံးဖြတ်ချက်အမိန့်အား ဆက်လက်အတည်ပြုပြီး အယူခံလျှောက်ထားမှုအား စရိတ် နှင့်တကွပယ်ကြောင်း နှင့် အယူခံအမှုစရိတ် ငွေကျပ်တစ်သိန်းတိတိကို အယူခံ လျှောက်ထား သူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။

    ၅။ ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးညီစိန်[တအာင်း(ပလောင်) အမျိုးသားပါတီ]အပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းဆာလူ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ်(၁)ကို ၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၀ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၁) က ချမှတ် ခဲ့သည့် စီရင်ချက်(အမိန့်)အား ဦးစိုင်းဆာလူက ကျေနပ်မှုမရှိသဖြင့် အယူခံမှု တင်သွင်း လာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အယူခံမှုအမှတ် (၁၈/၂၀၁၆) ဖြင့် လက်ခံ ခဲ့သည်။

    ၆။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ ၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ဦးညီစိန်အား ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်းသည် ပျက်ပြယ်ခြင်းမရှိ၊ တရားဝင် အတည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည့် မူလရွေးကောက်ပွဲခုံအဖွဲ့ (၁)၏၁၀-၈-၂၀၁၆ ရက်စွဲပါ ဆုံးဖြတ်ချက်အား ဆက်လက်အတည်ပြုကြောင်းနှင့် အယူခံလျှောက်ထားသူ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ၏ အယူခံလျှောက်ထားလွှာကို စရိတ်နှင့် တကွ
    ပယ်ကြောင်း၊ အယူခံမှု အမှုစရိတ်ငွေကျပ် တစ်သိန်းတိတိကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရ သည်။

    ၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ရွေးကောက်ပွဲခုံရုံးများမှ ဆုံးဖြတ်ချက် (အမိန့်) ချမှတ်ပြီးသော ရွေးကောက်ပွဲကန့်ကွက်လွှာအမှုပေါင်းမှာ အောက်တိုဘာ ၆ ရက်နေ့ အထိ (၃၃) မှုရှိပြီး အပြီးသတ်အမိန့်ချမှတ်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်း ကြေညာခဲ့သော အမှုပေါင်းမှာ (၂၆)မှု ရှိပြီးဖြစ်သည်။

  • စုံညီခုံရုံးက အယူခံမှုအမှတ် (၁၄) နှင့် (၁၅) တို့အား အပြီးသတ်အမိန့်ချမှတ်ခြင်း

    body

    နေပြည်တော် အောက်တိုဘာ ၄

    ၁။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးကျော်ရွှေ(ရခိုင်အမျိုးသားပါတီ) အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်ခင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အား ဦးကျော်ခင်က ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၄/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၂။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဦးကျော်ရွှေသည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တရားဝင်အတည်ဖြစ်သည်ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးကျော်ခင်၏ ကန့်ကွက်လျှောက်ထားလွှာကို စရိတ်နှင့်တကွပယ်ကြောင်း ချမှတ်ခဲ့သည့် မူလခုံအဖွဲ့(၂)၏ ဆုံးဖြတ်ချက်ကို ဆက်လက်အတည်ပြု၍ အယူခံလျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့် တကွပယ်ကြောင်း၊ အမှုစရိတ်ငွေကျပ်တစ်သိန်းကို အယူခံလျှောက်ထားသူက အယူခံ လျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့် ချမှတ်ခဲ့ကြောင်းသိရှိရသည်။

    ၃။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသူ ဦးစစ်နိုင်(ရခိုင်အမျိုးသားပါတီ) အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသခင်ချို(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)က လျှောက်ထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် ရွေးကောက်ပွဲခုံအဖွဲ့ (၂)က ချမှတ်ခဲ့သည့် စီရင်ချက် (အမိန့်) အား ဦးသခင်ချိုက ကျေနပ်မှုမရှိသဖြင့် အယူခံမှုတင်သွင်းလာရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အယူခံမှုအမှတ် (၁၅/၂၀၁၆) ဖြင့် လက်ခံခဲ့သည်။

    ၄။ အယူခံမှုတင်သွင်းခြင်းကိစ္စနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဥက္ကဋ္ဌ၊ ခုံအဖွဲ့ဝင်များအဖြစ် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်တို့ ပါဝင်သည့် စုံညီခုံရုံးက ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးစစ်နိုင်အား ရွေးကောက်တင်မြှောက်ခြင်းသည် တရားဝင်အတည်ဖြစ်သည် ဟု ဆုံးဖြတ်ပြီး လျှောက်ထားသူ ဦးသခင်ချို၏ ကန့်ကွက်လွှာကိုစရိတ်နှင့်တကွပယ်ကြောင်း ချမှတ်ခဲ့သည့် မူလခုံအဖွဲ့ (၂)၏ ဆုံးဖြတ်ချက်အမိန့်အား ဆက်လက်အတည်ပြု၍ အယူခံလျှောက်ထားသူ၏ အယူခံမှုကို စရိတ်နှင့် တကွပယ်ကြောင်း၊ အယူခံမှုအမှုစရိတ်ငွေကျပ် တစ်သိန်း တိတိကို အယူခံလျှောက်ထားသူက အယူခံလျှောက်ထားခံရသူအား ပေးစေသည့် အပြီးသတ်အမိန့် ချမှတ်ခဲ့သည်။

  • သတင်းထုတ်ပြန်ချက်

    {edocs}photo/news_photos/30-10-2015/30-10-2015-announce.pdf,100%,900{/edocs}

  • ဂျပန်နိုင်ငံအစိုးရမှ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် နေရောင်ခြည် စွမ်းအင်သုံးမီးအိမ်များ လဲွှပြောင်းလှူဒါန်းခြင်း အခမ်းအနားကျင်းပ

    body

    နေပြည်တော် အောက်တိုဘာ ၃၀

    ဂျပန်နိုင်ငံ အစိုးရမှ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် နေရောင်ခြည်စွမ်းအင် သုံး မီးအိမ်များ လဲွှပြောင်းလှူဒါန်းခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကြီး H.E. Mr. Tateshi HIGUCHI၊ UNDP ဌာနေညွှန်ကြားရေးမှူး Mr. Toily Kurbanov ၊ ကော်မရှင် အတွင်းရေးမှူး နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မြန်မာနိုင်ငံ၏ သမိုင်းကြောင်း တစ်လျှောက်၌ လွတ်လပ်မျှတ၍ ပွင့်လင်း မြင်သာမှုရှိသော ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းနှင့်အညီ ဒီမိုကရေစီ နည်းကျ ကျင်းပပေးရာတွင် ကုလသမဂ္ဂ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း တရားဝင် ဖိတ်ကြားစာ ပေးပို့ခဲ့ပါကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် လိုအပ်ချက် လေ့လာဆန်းစစ် ရေး Mission တစ်ခုကို ၂၀၁၄ ခုနှစ် စက်တင်ဘာ ၄ ရက်နေ့မှ ၁၂ ရက်နေ့အထိ စေလွှတ်လေ့လာခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ကူညီပေးသင့်သည်ဟူသော အကြံပြုချက်အား လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ်က ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့တွင် အတည်ပြုပေးခဲ့ပါကြောင်း။ကော်မရှင်နှင့် UNDP တို့ ဆွေးနွေးညှိနှိုင်းမှုအရ UNDP အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဆိုလာမီးအိမ်များ၊ ဖျက်၍မရသော မှင်များ ဝယ်ယူပေးရန်နှင့် ကိုယ်စားလှယ်လောင်းများအတွက် Information Session များ ပြုလုပ်ပေးရန် သဘောတူ ဆုံးဖြတ်ခဲ့ပါကြောင်း။ ဆိုလာမီးအိမ် ဝယ်ယူထောက်ပံ့ရေးအတွက် UNDP နှင့် ဂျပန်နိုင်ငံတို့ မိတ်ဖက်ပြုပြီး နိုင်ငံတစ်ဝှမ်းလုံးရှိ လျှပ်စစ်မီး အချိန်ပြည့် မရသော မဲရုံများအတွက် နေရောင်ခြည် စွမ်းအင်သုံး မီးအိမ်ပေါင်း (၅၁၂၉၈) လုံးကို ဝယ်ယူ၍ ရန်ကုန်နှင့် မန္တလေးမြို့များမှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခွဲဝေပေးပို့ပြီးဖြစ်ကြောင်း၊ ဆိုလာမီးအိမ်များ ပံ့ပိုးလှူဒါန်း ပေးသည့်အတွက် ရွေးကောက်ပွဲ ကျင်းပသည့်နေ့ ညလုံးပေါက် မဲရေတွက်ရသော မဲရုံများ၌ မဲလက်မှတ်များ ရေတွက်ရာတွင် များစွာ အထောက်အကူပြုမှာဖြစ်ကြောင်း။စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ထောင် နိုင်ရေးအတွက် လွတ်လပ်တရားမျှတပြီး အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲများ ကျင်းပရာတွင် UNDP နှင့် ဂျပန်နိုင်ငံတို့၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုအပေါ် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါသည်။

    ၎င်းနောက် ဂျပန် သံအမတ်ကြီးက ဆိုလာ မီးအိမ်များအား ဂျပန်အစိုးရအနေဖြင့် UNDP မှတဆင့် လှူဒါန်းခဲ့ပါကြောင်း၊ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အားထုတ်ကြိုးပမ်းမှုသည် မြန်မာနိုင်ငံသားများ အတွက်သာမက နိုင်ငံတကာ အသိုက်အဝန်း အတွက်လည်း အရေးကြီးပါကြောင်း၊ ဆိုလာမီးအိမ်သည် ၁၂ နာရီ ကြာ အသုံးပြုနိုင်ပြီး နေရောင်ခြည် စွမ်းအင်သာမက ဓါတ်ခဲ၊ ဘက်ထရီဖြင့်လည်း ဆက်သွယ်ကာ မဲလက်မှတ် ရေတွက် စာရင်းပြုစုရာတွင် အသုံးပြုနိုင်မှာဖြစ်ကြောင်း ပြောကြားပါသည်။
    ယင်းနောက် ဂျပန် သံအမတ်ကြီးမှ ရွေးကောက်ပွဲတွင် အသုံးပြုမည့် ဆိုလာမီးအိမ်များ အား ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက လက်ခံရယူပါသည်။

    ၎င်းနောက် UNDP ဌာနေညွှန်ကြားရေးမှူးက ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်ရန်အတွက် အကြောင်းအရာများစွာကို အသေးစိတ် စဉ်းစားပြီး ဆိုလာမီးအိမ်များ လှူဒါန်းရရှိရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ လျှပ်စစ်မီး မရရှိသော ဒေသများတွင် မဲရေတွက်ရန် အတွက် ဆိုလာမီးအိမ်များ ဖြန့်ဝေထုတ်ပေးနိုင်မှုသည် ၎င်းဒေသများရှိ ကိုယ်စားလှယ်လောင်းများနှင့် ပြည်သူများ၏ယုံကြည်မှုကို မြင့်မားစေမှာဖြစ်ကြောင်း၊ ရေဘေးသင့်ဒေသများတွင် အသုံးပြုရန်အတွက်လည်း ဆိုလာမီးအိမ်များ လှူဒါန်းပေးသည့် ဂျပန်ပြည်သူများကို ကျေးဇူး တင်ရှိပါကြောင်းနှင့် ရေရှည်ရည်မှန်းချက်အတွက် ဦးဆောင်မှုပေးကာ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့သော ကော်မရှင်အတွက် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း ပြောကြားပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/ ၂၀၁၅) ကျင်းပ

    body

    နေပြည်တော် အောက်တိုဘာ ၂၉

    ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/ ၂၀၁၅) ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင် များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၇) ပါတီမှ တာဝန်ရှိသူများ၊ ကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက အမှာစကား ပြောကြားရာ၌ ကျေးသီးမြို့နယ်၊ မိုင်းရှူး မြို့နယ်နှင့် နယ်မြေဒေသ အချို့တွင် ရွေးကောက်ပွဲ ရွှေ့ဆိုင်းခဲ့ခြင်းနှင့် စပ်လျဉ်း၍ ကော်မရှင်တစ်ခု တည်းက ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် ဇွန်လကတည်းက လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ လက်နက်ဖြင့် ခြိမ်းခြောက်၍ မဲထည့်ခိုင်းခြင်း၊ မဲမထည့်ရန် လုပ်ဆောင်မှုများ ရှိခဲ့ကြောင်း၊ သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့များမှ ၎င်းဒေသများတွင် လုံခြုံရေး အခြေအနေအရ ရွှေ့ဆိုင်းပေးရန် တင်ပြခဲ့ကြောင်း၊ ကော်မရှင် အနေဖြင့်လည်း ဆန္ဒမဲလက်မှတ်များအား ၎င်းဒေသများသို့ တိုက်ပွဲများ ဖြစ်ပွားနေ၍ ပေးပို့နိုင်ခြင်း မရှိသေး၍ ရွှေ့ဆိုင်းခြင်းဖြစ်ကြောင်း၊ မဲလက်မှတ်များအား ကျေးသီးမြို့နယ် အတွက် ခိုလန်ရဲစခန်း၊ မိုင်းရှူးမြို့နယ်အတွက် ကွန်ဟိန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တို့တွင် လုံခြုံစွာ ထိန်းသိမ်းထားကြောင်း။ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ မဲဆွယ်စည်းရုံး ဟောပြောမှုများသည် အရှိန်အဟုန်မြင့်တက်လပြီး ပါတီတစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ဆုံရာမှ ပဋိပက္ခအသွင် မရောက်ရှိစေရန်နှင့် အေးချမ်းတည်ငြိမ်စေရေးအတွက် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် Code of Conduct နှင့် ညွှန်ကြားချက် (၁/၂၀၁၄) တို့အား လိုက်နာဆောင်ရွက်ပြီး မိမိတို့ ပါတီဝင်များနှင့် ထောက်ခံသူများအား ကြပ်မတ်ထိန်းသိမ်းသွားရန် အထူးလိုအပ်ပါကြောင်း ပြောကြားပါသည်။

    ၎င်းနောက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုဗဟိုကော်မတီမှ ရဲမှူးကြီးမျိုးသန်းက လုံခြုံရေး စီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ဖွဲ့စည်းမှု၊ ရွေးကောက်ပွဲ လုံခြုံရေးနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲကာလ
    အပိုင်း (၄) ပိုင်း သတ်မှတ်၍ ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် ရဲတပ်ဖွဲ့အင်အား စုဖွဲ့ထားမှုနှင့် ဆောင်ရွက်မည့် အစီအစဉ်များ၊ မဲဆွယ်စည်းရုံးစဉ်ကာလအတွင်းဖြစ်ပွားခဲ့သော ရဲအရေးပိုင်အမှုများအား ရှင်းလင်းတင်ပြပါသည်။

    ယင်းနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ပါတီများအနေဖြင့် ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းရေးအတွက် Code of Conduct နှင့်အညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ်စည်းရုံးရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ ကယားပြည်နယ် ဖားဆောင်းမြို့နယ်ရှိ ကျေးရွာအုပ်စု (၃) အုပ်စုတွင် မဲဆွယ်စည်းရုံးခြင်းမပြုရန် တားမြစ်ခံရမှုနှင့်စပ်လျဉ်း၍ စဉ်းစားပေးစေလိုကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲစာရင်းတွင် မြို့နယ်အချို့၌ နေထိုင်ခြင်းမရှိသူများပါဝင်နေမှု၊ သက်သေခံ လက်မှတ်ထုတ်ပေးမည့် အခြေအနေနှင့် မဲရုံကိုယ်စားလှယ်၊ အကူကိုယ်စားလှယ်များ မဲရုံတွင်း ဝင်ရောက်ခွင့်၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပါတီများအနေဖြင့် မဲဆွယ် စည်းရုံးဆောင်ရွက်ရာတွင် တိုင်းပြည်အကျိုးကိုကြည့်ပြီး ဆောင်ရွက်သင့်ကြောင်း၊ အမျိုးသားတိုးတက်ရေးပါတီမှ Code of Conduct အရ ပါတီဝင်များအား ကြပ်မတ်ဆောင်ရွက်နေမှုနှင့် ရွေးကောက်ပွဲ လုံခြုံရေးစီမံချက်ကို အောက်ခြေအဆင့်အထိ ဖြန့်ဝေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါသည်။

    ၎င်းနောက် တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲအတွက် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်က ရွေးကောက်ပွဲနေ့ တည်ငြိမ်အေးချမ်းရေးအတွက် မဲရုံပရဝုဏ်မှ ကိုက်(၅၀၀)အတွင်း ပါတီအမှတ်တံဆိပ်ပါ အဝတ်အစားများ၊ နဖူးစည်းများဝတ်ဆင်၍ အစုအဝေးမပြုရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရန် လည်းကောင်း၊ ကော်မရှင် အတွင်းရေးမှူးဦးတင်ထွန်းက ပြည်ပနိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ခဲ့မှုကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က မဲစာရင်းတွင် လူပိုများ ပါဝင်နေမှုနှင့် အိမ်ငှားနေထိုင်သူများ အနေဖြင့် ပြောင်းရွှေ့ သွားသည့်အခါ ပုံစံ(၆၆/ ၆) မပြောင်းရွေ့သည့်အတွက် မဲစာရင်းတွင်ပါဝင်နေမှု၊ ပြောင်းရွေ့သွားသူ အနေဖြင့် ရွေးကောက်ပွဲနေ့တွင် ၎င်း၏ပုံစံ(၆၆/ ၆) ရှိသည့်နေရာတွင် လာရောက်မဲပေးနိုင်သည့် အတွက် ပယ်ဖျက်ရေးမှာ သက်ဆိုင်ရာ ကာယကံရှင်က ပုံစံ (၄)ဖြင့် လျှောက်ထားမှသာ ပယ်ဖျက်ပေး နိုင်မှုကိုလည်းကောင်း၊ အဖွဲ့ဝင်ဦးဝင်းကိုမှ ဟိုင်းကြီးကျွန်းရှိ တမ္ပဝတီ ရေတပ်စခန်းဌာနချုပ်မှ မဲစာရင်းများ ကိုကိုးကျွန်မြို့နယ် မဲစာရင်းတွင် ပါဝင်နေခြင်းမှာ ပုံစံ (၃-က) လျှောက်ထားမှုကြောင့် ဖြစ်ကြောင်း၊ သတင်းရယူမည့် မီဒီယာသမားများ အနေဖြင့် မဲရုံအတွင်း ဝင်ခွင့်မရှိကြောင်းကို ရှင်းလင်းပြောကြားပါသည်။

    အထွေထွေ ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲနေ့၌ ပါတီအမှတ်တံဆိပ်ပါ အဝတ်အစားများ ဝတ်ဆင်၍ စုရုံးခြင်းမပြုရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးကြပါသည်။၎င်းနောက်ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက နိုင်ငံရေးပါတီများ၏ ဆွေးနွေးချက် များအပေါ် ရှင်းလင်း ဆွေးနွေးပြီးနောက် နိဂုံးချုပ် ပြောကြားရာတွင် တပ်မတော် အစိုးရအနေဖြင့် တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိ အစိုးရအနေဖြင့် လည်း ၄ နှစ်တာကာလအတွင်း တည်ငြိမ်အေးချမ်းစွာ ဖွံဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက် ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် အရေးကြီးကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းမှလည်း စောင့်ကြည့်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲအလွန် အပြောင်းအလဲတွင်လည်း တည်ငြိမ်အေးချမ်းစွာ ရှိစေလိုပါကြောင်း၊ ရွေးကောက်ပွဲအလွန် တည်ငြိမ်အေးချမ်းရေးမှာ ယခုမဲဆွယ် စည်းရုံးရေးကာလ တည်ငြိမ်အေးချမ်းမှုအပေါ် တည်မှီလျက်ရှိကြောင်း၊ အေးချမ်းစွာပြောင်းလဲပြီး ဖွံ့ဖြိုးတိုးတက်မှုအဟုန်မပျက် ဆက်လက် ဆောင်ရွက်သွားစေလိုကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် မဲဆွယ်စည်းရုံးရေး ကာလအတွင်း ပဋိပက္ခများ မဖြစ်ပေါ်စေရေးအတွက် Code of Conduct နှင့် (၁/၂၀၁၄) တို့ကို လိုက်နာ ဆောင်ရွက်စေလိုကြောင်း၊ ရွေးကောက်ပွဲအလွန် ကာလတွင်လည်း အနိုင်ရ အာဏာရပါတီ အနေဖြင့် တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ ကျန်ပါတီများ အနေဖြင့်လည်း တိုင်းပြည် တိုးတက်ရေးအတွက် အကြံပြုထောက်ကူ ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    ( သတင်းစဉ် )

     

  • မဲဆန္ဒနယ်ပြင်ပ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ကြေညာချက်

    {edocs}photo/news_photos/29-10-2015/ANNOUNCE.pdf,100%,900{/edocs}

  • ပြည်ပနိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကျင်းပ

    BODY

    နေပြည်တော်၊ အောက်တိုဘာ ၂၇

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပြည်ပနိုင်ငံရောက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း အခမ်းအနားကို နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာအဖွဲ့ ( ၃၂ ) ဖွဲ့မှ တာဝန်ရှိသူ( ၆၄ ) ဦး တက်ရောက်ခဲ့ကြသည်။

    ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးက အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသူများအနက် ကြိုတင် ဆန္ဒမဲပေးရန် ပုံစံ (၁၅) ဖြင့် တောင်းခံလာမှုအပေါ် ဆန္ဒမဲ လက်မှတ်များအား ပြည်ပနိုင်ငံ ၃၇ နိုင်ငံရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး ၄၄ ရုံးသို့ ပေးပို့ခဲ့မှု၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဆန္ဒပြုပြီး မဲလက်မှတ်များ ပြန်လည်ပေးပို့မှု အခြေအနေ၊ လျှောက်ထားလာသော ပုံစံ (၁၅) များအား စိစစ်ရာတွင် ပြည်တွင်း နေရပ်လိပ်စာ မပြည့်စုံခြင်းနှင့် ပြည်ပတွင် ရောက်ရှိ နေသော လိပ်စာဖော်ပြရာ၌ နိုင်ငံမပါရှိခြင်းတို့ကြောင့် မဲလက်မှတ်များ ပေးပို့နိုင်ခြင်း မရှိခဲ့မှု၊ ပြည်တွင်း ပြည်ပလိပ်စာများ မပြည့်စုံသော်လည်း အချို့ကို ကော်မရှင် အနေဖြင့် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့မှု၊ ပြည်ပနိုင်ငံများရှိ တက်ကြွလှုပ်ရှားသော အဖွဲ့များနှင့် ပူးပေါင်း၍ မဲမပေးခဲ့ရသော မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် စင်္ကာပူ၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ ဆန္ဒမဲလက်မှတ်များ ထပ်မံပေးပို့ခဲ့မှုတို့အား ရှင်းလင်းပြောကြားပါသည်။

    ၎င်းနောက် သတင်းမီဒီယာ အဖွဲ့များမှ မေးမြန်းသည့် နောက်ဆုံးအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခဲ့မှုနှင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများအား ဆောင်ရွက်ခဲ့မှု၊ မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပေးမည့် အခြေအနေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းမှု အခြေအနေ၊ မဲဆွယ်စည်းရုံးရာတွင် အငြင်းပွားမှုများအား ဖြေရှင်းဆောင်ရွက်မှု၊ မဲပေးရာတွင် အချိန် လုံလောက်မှုရှိစေရန် ဆောင်ရွက်ထားရှိမှု၊ ရွေးကောက်ပွဲဆိုင်ရာ ဘတ်ဂျက်သုံးစွဲမှု၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ငွေကြေးနှင့် အထောက်အကူပြု ပစ္စည်းများထောက်ပံ့မှု၊ မဲရေတွက်မှု စနစ်၊ မဲရုံလုံခြုံရေး စီမံဆောင်ရွက်ထားရှိမှု၊ ကိုကိုးကျွန်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့် ရရှိရေး ဆောင်ရွက်ခဲ့မှုနှင့် ရွေးကောက်ပွဲရလဒ်အား ထုတ်ပြန် ကြေညာမည့်အခြေအနေ တို့ကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

  • မဲဆန္ဒနယ်အတွင်း ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ ကြေညာချက်

    {edocs}photo/news_photos/27-10-2015/27-10-2015announce.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း

    {edocs}photo/news_photos/27-10-2015/announce67.pdf,100%,900{/edocs}

  • ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များနှင့် ပတ်သက်၍ အသိပေးကြေညာခြင်း

    {edocs}photo/news_photos/26-10-2015/26-10-2015-form3-a.pdf,100%,900{/edocs}

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးတင်အေး ပြည်ထောင်စုနယ်မြေအတွင်း ဆန္ဒမဲလက်မှတ်များ ထိန်းသိမ်းထားရှိမှုနှင့် ဖြန့်ဝေမှုတို့အား သွားရောက်ကြည့်ရှု

    body

    နေပြည်တော် အောက်တိုဘာ ၂၆

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အဖွဲ့ဝင် ဦးအောင်မြင့်နှင့် ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်အတူ တပ်ကုန်းမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း ဆန္ဒမဲလက်မှတ်များ ထိန်းသိမ်းထားရှိမှုနှင့် ဖြန့်ဝေမှုတို့အား လိုက်လံကြည့်ရှုခဲ့သည်။

    ရှေးဦးစွာ တပ်ကုန်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ် ငွေတိုက်အတွင်း ဆန္ဒမဲလက်မှတ်များ စနစ်တကျ ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေးပါသည်။

    ၎င်းနောက် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် မဲရုံအလိုက် မဲစာရင်းများ ဖြန့်ဝေရန် ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင် သက်သေခံ လက်မှတ်များ ထုတ်ပေးရန် ဆောင်ရွက်ထားရှိမှု၊ မဲဆွယ် စည်းရုံးရာတွင် ထိပ်တိုက်တွေ့ဆုံမှုများ မဖြစ်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရေး၊ မဲပေးစဉ် ကာလအတွင်း မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ အနေဖြင့် လှည့်လည်ကြီးကြပ် ဆောင်ရွက်သွားရေး၊ မဲဆန္ဒရှင် ပြည်သူလူထုအား မဲပေးရမည့် လုပ်ငန်းစဉ်များ ပညာပေးရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲစာရင်း ကူးယူခွင့်ပြုရေး ကိစ္စရပ်များကို ဆွေးနွေးပြီးနောက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

    ယင်းနောက် လယ်ဝေးမြို့နယ် မြို့မရဲစခန်းတွင် ဆန္ဒမဲလက်မှတ်များကို ရပ်ကွက်/ကျေးရွာ အုပ်စု ကော်မရှင် အဖွဲ့ခွဲများသို့ ဖြန့်ဝေမှုအား ကြည့်ရှု စစ်ဆေးပြီးနောက် မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲ များ ထုတ်ပေးမှုနှင့် ပြန်လည်လက်ခံမှု၊ ပုံစံများတွင် မှတ်တမ်းတင်ထားရှိမှု၊ ကြိုတင်မဲပေးပြီးသူများ စာရင်းပုံစံများ ကပ်ထားကြေညာမှု၊ ခရီးလမ်းပန်း ခက်ခဲသည့် နေရာများတွင် မဲပေးနိုင်ရေးစီစဉ် ဆောင်ရွက်ထားမှု၊ ဆက်သွယ်ရေး စီစဉ်ထားရှိမှု၊ မဲစာရင်းနှင့် ပတ်သက်၍ မဲရုံအလိုက်ဖြန့်ခွဲရေး ဆောင်ရွက်နေမှု၊ မဲဆန္ဒရှင် သက်သေခံလက်မှတ်များ ထုတ်ပေးရန်ကိစ္စနှင့် မဲစာရင်းရလဒ်များ ကြေညာမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး၌ ကြိုတင်မဲပေးသူများစာရင်း ပုံစံ (၁-၁) ၊ ပုံစံ (၁-၂) နှင့် ပုံစံ (၁-၃) ကပ်ထားကြေညာမှုအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
    (သတင်းစဉ်)

     

  • ရွေးကောက်ပွဲစည်းရုံးဟောပြောမှုအား ဥပဒေနှင့်အညီ စည်းရုံးဟောပြောကြရန် သတင်းထုတ်ပြန်ခြင်း

    {edocs}photo/news_photos/26-10-2015/Announce.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲကာလ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများသည် ၁၉၆၁ ဗီယင်နာကွန်ဗင်းရှင်းပါ အိမ်ရှင်နိုင်ငံ ပြည်တွင်းရေးနှင့် စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရန်လိုအပ်

    body

    နေပြည်တော် အောက်တိုဘာ ၂၃


    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦး၀ဏ္ဏမောင်လွင်တို့သည် ရန်ကုန်အခြေစိုက်နှင့် မြန်မာနိုင်ငံ၌ သံတမန်ပူးတွဲတာ၀န်ထမ်းဆောင်လျက်ရှိသော သံတမန်အဖွဲ့၊ မြန်မာ နိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတကာမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ကိုယ်စားလှယ် များအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ တွေ့ဆုံ သည်။


    တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ယခုကျင်းပမည့် ရွေးကောက်ပွဲသည် (၆) ကြိမ်မြောက် ဖြစ်ကြောင်း၊ရွေးကောက်ပွဲအား အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဟာဗျူဟာစီမံကိန်းကိုရေးဆွဲဆောင်ရွက်ခဲ့ကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဘက်လိုက်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ကျင်းပဆောင်ရွက် သွားမည်ဖြစ်ကြောင်း။


    ရွေးကောက်ပွဲအတွက် မဲစာရင်းကို စက်တင်ဘာလ ၁၄ နေ့ရက် မှ ၁၇ ရက်နေ့ထိ ထုတ်ပြန် ကြေညာခဲ့ကြောင်း၊ ပြည်တွင်းရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန် ချက်အရ လာရောက်ကြည့်သူနည်းကြောင်း၊ မဲစာရင်းသည် အရေးကြီးပြီး မဲစာရင်းတွင် ပါဝင်မှသာ မဲပေးနိုင်မှာဖြစ်သကဲ့သို့ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိမှာဖြစ်ကြောင်း။


    ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို မြို့နယ် (၃၃၀) အား တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်စီ အဖြစ် သတ်မှတ်ပါကြောင်း၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီတွင် မဲဆန္ဒနယ်(၁၂)နယ်စီ သတ်မှတ်ပါကြောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်ကို မြို့နယ်တစ်မြို့နယ်စီတွင် မဲဆန္ဒနယ်နှစ်နယ်စီ သတ်မှတ်ပါကြောင်း၊ မဲဆန္ဒ နယ်မြေသတ်မှတ်ရာတွင် မဲဆန္ဒရှင်ဦးရေကို အခြေခံ၍သတ်မှတ်ခြင်းမဟုတ်ဘဲ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးတန်းတူညီမျှစွာရရှိစေရန် မြို့နယ်ကိုအခြေခံ၍ သတ်မှတ်ခြင်းဖြစ်ကြောင်း။


    လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူပေါင်း ၆၁၈၅ ဦးရှိပြီး အတည် ပြုသူ (၆၀၆၅) ဦးရှိကြောင်း၊ အမျိုးသား ကိုယ်စားလှယ်လောင်း ၅၂၇၄ ဦး (၈၆.၈%) နှင့် အမျိုးသမီး ကိုယ်စားလှယ်လောင်း ၈၀၀ ဦး (၁၃.၂%) ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်ခြင်း ကို ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ကျင်းပခြင်း မပြုနိုင်သည့် နယ်မြေများမှာ မြို့နယ် (၅) မြို့နယ်၊ ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၈၈) အုပ်စု ဖြစ်ပါကြောင်း၊ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေး နိုင်ရေးအတွက် နိုင်ငံခြားရေး၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။


    ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို မှန်ကန်မျှတပြီး ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေနှင့် အညီ အကောင်အထည်ဖော်ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်၍ တရားမျှတပြီး အများယုံကြည်လက်ခံသော ရွေးကောက်ပွဲဖြစ်ရန် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့ အစည်းများ၊ မီဒီယာများ၊ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာမှမိတ်ဆွေအဖွဲ့အစည်းများကလည်း အားပေးကူညီကြမည်ဟု ယုံကြည်မျှော်လင့်ပါကြောင်းပြောကြားသည်။


    ထို့နောက် နိုင်ငံခြားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးက နိုင်ငံခြားရေး၀န်ကြီးဌာနမှ ပွင့်လင်းမြင်သာသော၊ လွတ်လပ်သော၊ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအခြေစိုက်နှင့် ပူးတွဲ ထမ်းဆောင်သည့် သံတမန်များအား ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအဖြစ် ဖိတ်ခေါ် လေ့လာစေသည့်လုပ်ငန်းလည်းပါရှိကြောင်း၊ သံတမန်များအနေဖြင့် ရွေးကောက်ပွဲကြိုတင် ပြင်ဆင် မှုများကို မြန်မာနိုင်ငံအနှံ့သွားရောက်လေ့လာလျက်ရှိပါကြောင်း၊ ထိုသို့လေ့လာရာတွင် နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများ၊ မဲဆန္ဒရှင်များနှင့်လည်း တွေ့ဆုံလျက်ရှိကြောင်း၊ ရွေးကောက်ပွဲကာလတွင်လည်း နိုင်ငံတကာစောင့်ကြည့်လေ့လာသူများအဖြစ် ပါ၀င်ဆောင်ရွက် ရာတွင် ရွေးကောက်ပွဲကော်မရှင်မှထုတ်ပြန်ထားသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ လိုက်နာရမည့်ကျင့်၀တ်များအပြင် သံတမန်ဆက်ဆံရေးဆိုင်ရာ ၁၉၆၁ ခုနှစ် ဗီယင်နာကွန်ဗင်းရှင်းပါ အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးနှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များကို လေးစား လိုက်နာရန် တာ၀န်၀တ္တရားများရှိကြောင်း၊ တရားမျှတပြီး လွတ်လပ်   သည့်၊ ထင်သာမြင်သာရှိသည့်၊ ယုံကြည်ရသည့် ရွေးကောက်ပွဲများကို အေးအေးချမ်းချမ်းအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သံတမန်များအပါအ၀င် အားလုံး၏ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်း၊ သံတမန်များ၏ လှုပ်ရှားမှု များသည် ရွေးကောက်ပွဲ၏တရားမျှတမှုကိုမထိခိုက်စေရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။


    ယင်းနောက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် ပြည်ထောင်စု၀န်ကြီးတို့သည့် တက်ရောက် လာသူများ၏ မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

  • ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်ရန် ပုံစံ (၃-က) ဖြင့် လျှောက်ထားလာမှု အခြေအနေအား သတင်းထုတ်ပြန်ခြင်း

    {edocs}photo/news_photos/23-10-2015/Form3-A.pdf,100%,900{/edocs}

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်

    {edocs}photo/news_photos/22-10-2015/peaceelection.pdf,100%,900{/edocs}

  • မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ကြေညာချက်

    {edocs}photo/news_photos/22-10-2015/votingcard.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲနေ့တွင် သတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အကြောင်းကြားစာ

    {edocs}photo/news_photos/22-10-2015/press1.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲ ကျင်းပမည့်နေ့ မတိုင်မီ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ အတွက် တာဝန်ဖြင့် သွားရောက်မည့် ဝန်ထမ်းများ ကြိုတင် ဆန္ဒမဲ ပေးရန်ကိစ္စ

    {edocs}photo/news_photos/22-10-2015/prevote.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မြန်မာနိုင်ငံသတင်းစာဆရာအသင်းအား တွေ့ဆုံ

    body1

    ရန်ကုန် အောက်တိုဘာ ၂၀

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအား မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းမှ ဦးခင်မောင်လေး (ဖိုးသောကြာ)နှင့် တာဝန်ရှိသူများက ယနေ့ မွန်းလွဲ ၂ နာရီတွင် Park Royal ဟိုတယ်၌ လာရောက် တွေ့ဆုံခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကို၊ ရန်ကုန်တိုင်း ဒေသကြီးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ထို့သို့ တွေ့ဆုံ ဆွေးနွေးရာတွင် သတင်း မီဒီယာအဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်း အချက်အလက်များ ရယူနိုင်ရေးအတွက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်တွင် ဆက်သွယ် သတင်း ရယူနိုင်သည့် ပုဂ္ဂိုလ်များ သတ်မှတ်ပေးရန်နှင့် သတင်းစာ ဆရာများ အသင်းမှ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး ဆောင်ရွက်လိုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

  • မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်နှင့် တန့်ယန်းမြို့နယ်များတွင် ရွေးကောက်ပွဲအား ခေတ္တယာယီရပ်ဆိုင်းပေးရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ တင်ပြ

    {edocs}photo/news_photos/22-10-2015/sndp.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအား တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များလာရောက်တွေ့ဆုံ

    body

    ရန်ကုန် အောက်တိုဘာ ၂၀

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအား တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည့် အဖွဲ့ (၈) ဖွဲ့မှ တာဝန်ရှိသူ များသည် ယနေ့ နံနက် ၈ နာရီတွင် Park Royal ဟိုတယ်သို့ လာရောက် တွေ့ဆုံခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ထို့သို့တွေ့ဆုံရာတွင် တက်ရောက်လာသည့် အဖွဲ့များမှ ဦးခွန်ဆိုင်းက ရွေးကောက်ပွဲ များ ကျင်းပခြင်းသည် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် အရေးကြီး သဖြင့် အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသည့် ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပပေးနိုင်ရေးနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ လွတ်လပ်စွာ မဲဆွယ်စည်းရုံး ဆောင်ရွက်နိုင်ရန် ကိစ္စရပ် များအား တင်ပြခဲ့ပြီး အပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး ထားသည့်အဖွဲ့များ အနေဖြင့် ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက တစ်နိုင်ငံလုံးတွင် မြို့နယ် ၃၃၀ ရှိသည့် အနက် ၅ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အချို့တွင်သာ ရွေးကောက်ပွဲ ကျင်းပရန် ရွှေ့ဆိုင်းထားကြောင်း၊ ရွှေ့ဆိုင်းထားသည့် ဒေသများမှာ ကော်မရှင် မဖွဲ့စည်းနိုင်ခြင်း၊ မဲစာရင်း ပြုစုခွင့် မရခြင်းနှင့် မဲရုံများဆောက်လုပ်ခွင့် မရရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးသွားမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ တည်ငြိမ် အေးချမ်းရေး အတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်မှု များအား ကြိုဆို ဝမ်းမြောက်ပါကြောင်း၊ ကော်မရှင်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင်များ မဲပေးနိုင်ရေး အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ မကျင်းပ နိုင်သည့်နေရာဒေသများ၏ မကျင်းပနိုင်သည့် အကြောင်းအရင်း များကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများအကြားပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးကျင်းပ

    body

    ရန်ကုန် အောက်တိုဘာ ၂၀

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ အကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုဆိုင်ရာအစည်းအဝေးကို ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်၌ ယနေ့ နံနက် ၉ နာရီနှင့် မွန်းလွဲ ၂ နာရီတွင်ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၅၆) ပါတီ၊ လူမှုအဖွဲ့အစည်း (၅၁) ဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း (၉) ဖွဲ့မှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် မဲစာရင်း မှန်ကန်ရေးအတွက် ကော်မရှင်အနေဖြင့် အခြေခံမဲစာရင်းကို ပြုစုဆောင်ရွက်ခဲ့ပါကြောင်း၊ မဲစာရင်းပြုစု ကြေညာရန် ကော်မရှင်တွင် တာဝန်ရှိပြီး မဲစာရင်းမှန်ကန်ရေးမှာ ပြည်သူလူထု အနေဖြင့်ကြည့်၍ ဖြည့်စွက်ခြင်း ပယ်ဖျက်ခြင်း ပြင်ဆင်ခြင်းတို့ကို ပူးပေါင်းဆောင်ရွက်မှသာ မဲစာရင်း အမှန်ရရှိမှာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ မဲစာရင်းမှန်ကန်မှုသည် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှု ပေါ်တွင်မူတည်ပါကြောင်း၊ မဲစာရင်းတွင်အမှား ပါရှိသော်လည်း မဲစာရင်းတွင် အမည်ပါရှိပါက မဲပေးခွင့်ရမှာ ဖြစ်ကြောင်း၊

    ရွေးကောက်ပွဲမတိုင်ခင် မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို ထုတ်ပေးသွားမှာဖြစ်ပြီး မဲစာရင်းတွင်ပါဝင်သည့် မဲပေးလိုသောမဲဆန္ဒရှင်များအနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများထံတွင်ထုတ်ယူနိုင်ကြောင်း၊ မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ယူခြင်းဖြင့် (၁) မဲစာရင်း တွင်ပါဝင်ပြီး မဲပေးခွင့်ရရှိခြင်း၊ (၂) မည်သည့်မဲရုံတွင် မဲပေးရမည်ကိုသိရှိပြီး မဲပေးရန် လွယ်ကူစေခြင်း၊ (၃) သက်သေခံလက်မှတ်တွင် မဲစာရင်းအမှတ်ပါ၍ မဲစာရင်းရှာဖွေခြင်းနှင့် မဲလက်မှတ်ထုတ်ယူခြင်းကို လွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း၊ (၄) မဲဆန္ဒရှင်အနေဖြင့် သက်သေခံကတ်တစ်ခုခု မပါခဲ့ပါက မဲဆန္ဒရှင်သက်သေခံလက်မှတ်အား သက်သေခံအထောက် အထားအဖြစ် ပြသ၍မဲပေးနိုင်ခြင်းနှင့် (၅) သက်သေခံလက်မှတ်ပါ အချက်အလက်များမှားယွင်း နေပါက ပြင်ဆင်ပေးခြင်းဖြင့် နောင်တွင် မဲစာရင်းအမှန်ရရှိမှာ ဖြစ်ပါကြောင်း၊

    ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပ ရောက်ရှိနေသော မဲဆန္ဒရှင်များအနေဖြင့် နိုင်ငံခြားသံရုံးအသီးသီးတွင် ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ပြည်ပရောက်မဲဆန္ဒရှင်များ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ အစွမ်းကုန်ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ပြည်တွင်းတွင်လည်း အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ နိုဝင်ဘာ ၇ ရက်နေ့အထိ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့် ဆက်စပ်နေသော မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲရုံးများတွင် နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီ အတွင်း ကြိုတင်မဲပေးခွင့်ပြုထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ မီဒီယာများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲစောင့်ကြည့်ရေး ဆောင်ရွက်ကြမည့်ပုဂ္ဂိုလ်များ ခိုင်လုံသော အကြောင်းပြချက်ဖြင့် တာဝန်ရှိသူမှ ထောက်ခံပေးပါက ၁၀ ရက် ကြိုတင်မဲပေးနိုင်မှာဖြစ်ကြောင်း၊ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်များတွင် မဲဆန္ဒနယ်အတွင်းရှိ ကြိုတင်မဲပေးခွင့်ရှိသူများ ကြိုတင်မဲပေးနိုင်မှာဖြစ်ကြောင်း၊ ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ပွင့်လင်းမြင်သာမှုရှိစေရန် တိတိကျကျဆောင်ရွက်ထားကြောင်း။

    ရွေးကောက်ပွဲတွင် တံဆိပ်တုံးနှိပ်ပြီးမဲပေးရမည်ဖြစ်၍ အခက်အခဲမရှိစေရန် မဲရုံဝင်ပေါက်၌ စမ်းသပ်ရိုက်နှိပ်နိုင်ရေး ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ မဲဆန္ဒရှင်တစ်ဦးတည်းက နှစ်ကြိမ် မဲပေးခြင်းမဖြစ်စေရန် လက်သန်း သို့မဟုတ် လက်ချောင်းတစ်ချောင်းချောင်းအား (၂) ရက်လောက် မပျက်သည့် မှင်အိုးထဲနှစ်သည့်စနစ်ပြုလုပ်ထားကြောင်း၊

    ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ၊ ပုဂ္ဂိုလ်များအနေဖြင့် မဲရုံများကို စောင့်ကြည့်လေ့လာသည့်အခါ လျှို့ဝှက်မဲပေးမှုစနစ် မထိခိုက်အောင် မဲပေးခြင်းလုပ်ငန်းမှာ တာဝန်ယူဆောင်ရွက်သူများ၊ မဲဆန္ဒရှင်ပြည်သူများအတွက် အနှောက်အယှက်မဖြစ်အောင် သတ်မှတ်ထားသည့်ကျင့်ဝတ်များ၊ တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ကြရန်မှာကြား လိုကြောင်း။

    ဆန္ဒမဲရေတွက်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စား လှယ်များ၊ မဲရုံကိုယ်စားလှယ်များနှင့် သက်သေများရှေ့ မဲရုံတွင်ပင် မဲရုံပိတ်ချိန် ဆန္ဒမဲပေးခြင်း ပြီးလျင်ပြီးခြင်း ဆောင်ရွက်မှာဖြစ်ပြီး ရလဒ်များကြေညာခြင်းကိုလည်း မဲရုံများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ရေတွက်ပြီးလျင်ပြီးခြင်း ကပ်ထားကြေညာမှာဖြစ်ပြီး ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ထားကြောင်း၊

    နိုဝင်ဘာ (၈) ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းနိုင်ရေးနှင့် လွတ်လပ်မျှတသည့်ရွေးကောက်ပွဲဖြစ်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ နိုင်ငံရေး ပါတီများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများ၊ မီဒီယာများ၊ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ကြသူများအားလုံးနှင့် မဲဆန္ဒရှင်ပြည်သူလူထုအပေါင်းတို့က ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပါသည်။

    ယင်းနောက် IFES မှ Mr. Paul Guerin က မဲဆန္ဒရှင်အသိပညာပေး အစီအစဉ်တွင် အသုံးပြုမည့် ပညာပေးပစ္စည်း၊ ဗွီဒီယို၊ စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက မဲဆွယ်စည်းရုံးခြင်းဆိုင်ရာညွှန်ကြားချက်၊ လိုက်နာရန် အချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကြည်က တစ်နိုင်ငံလုံး အဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်ဒေါက်တာဒေါ်မြင့်ကြည်က ရွေးကောက်ပွဲရလဒ်များအား စီမံခန့်ခွဲခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်များအပေါ် တက်ရောက်လာသော နိုင်ငံရေးပါတီ များမှ မေးမြန်းဆွေးနွေးကြပါသည်။

    နေ့လည် ၂ နာရီတွင် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး IFES မှ Mr. Paul Guerin က မဲဆန္ဒရှင်အသိပညာပေး အစီအစဉ်တွင် အသုံးပြုမည့် ပညာပေးပစ္စည်း၊ ဗွီဒီယို၊ စာရွက်စာတမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။

    ၎င်းနောက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့်သူများ အသိအမှတ်ပြုခြင်းလုပ်ငန်း စဉ်နှင့်ကျင့်ဝတ်ဆိုင်ရာများကို ကော်မရှင်အဖွဲ့ဝင် ဦးညွန့်တင်မှလည်းကောင်း၊ တစ်နိုင်ငံလုံး အဆင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းဆိုင်ရာအခြေအနေများနှင့်ပတ်သက်၍ ကော်မရှင် အဖွဲ့ဝင်ဦးဝင်းကြည်မှလည်းကောင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်မှလည်းကောင်း၊ ရွေးကောက်ပွဲရလဒ်များအား စီမံခန့်ခွဲ ခြင်းနှင့်ပတ်သက်၍ ကော်မရှင်အဖွဲ့ဝင်ဒေါက်တာဒေါ်မြင့်ကြည်မှလည်းကောင်း ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာသော လူမှုအဖွဲ့အစည်းများမှ ပြန်လည်မေးမြန်းဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

  • ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်းသည့် ကြေညာချက်

    {edocs}photo/news_photos/19-10-2015/advanceannounce.pdf,100%,900{/edocs}

  • ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများတွင် မြန်မာနိုင်ငံသားများ ကြိုတင်မဲပေးလျက်ရှိ

    {edocs}photo/news_photos/19-10-2015/Advance in foreign.pdf,100%,900{/edocs}

  • မီဒီယာများအတွက် သတင်းထုတ်ပြန်ချက်

    {edocs}photo/news_photos/19-10-2015/mediaethic.pdf,100%,900{/edocs}

  • ဆန္ဒမဲလက်မှတ်များကို အမှန်အမှတ်အသား၊ တံဆိပ်တုံးဖြင့် ရိုက်နှိပ်၍ ဆန္ဒပြုရာတွင် ခိုင်လုံမဲနမူနာများ၊ ပယ်မဲနမူနာများ ထုတ်ပြန်ကြေညာခြင်း

    {edocs}photo/news_photos/19-10-2015/Pollingstation.pdf,100%,900{/edocs}

  • ကြိုတင်ဆန္ဒမဲလက်မှတ် ခိုင်လုံမဲနမူနာများ၊ ပယ်မဲနမူနာများ ထုတ်ပြန်ကြေညာခြင်း

    {edocs}photo/news_photos/19-10-2015/advance.pdf,100%,900{/edocs}

  • ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ အနေဖြင့် အောက်တိုဘာလ ၂၄ ရက် မတိုင်မီတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လာရောက် လျှောက်ထားနိုင်ပါရန် တိုက်တွန်း နှိုးဆော်ခြင်း

    {edocs}photo/news_photos/16-10-2015/mmvs_Press Release_Oct 6.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး H.E. Mr. Andrew Patrick အား လက်ခံတွေ့ဆုံ

    body

    နေပြည်တော် အောက်တိုဘာ ၁၆

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် မြန်မာ နိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး H.E. Mr. Andrew Patrick အား ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံရာ ကော်မရှင် အဖွဲ့ဝင်များ၊ အတွင်း ရေးမှူးနှင့် ကော်မရှင် ရုံးမှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

    ထိုသို့ တွေ့ဆုံ ရာတွင် ဗြိတိန် သံအမတ် ကြီးက မဲစာရင်း ဆောင်ရွက် နေမှု၊ ကြိုတင် မဲပေး ခြင်းကိစ္စ ရပ်များ၊ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ထုတ်ပေး ခြင်းကိစ္စ ရပ်များနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ကော်မရှင် အနေဖြင့် မဲစာရင်းကို ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ် ရေးမှူး ရုံးရှိ အိမ်ထောင်စု စာရင်းနှင့် လူဦးရေ စာရင်း အပေါ် အခြေခံ၍ မဲစာရင်း ပြုစု ကြောင်း၊ မဲစာရင်း အားသတ်မှတ် ရက်တွင် ကပ်၍ ကြေညာ ကြောင်း၊ မဲဆန္ဒရှင်မှ လာရောက် ကြည့်ရှု၍ တောင်းခံခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင် ခြင်းပြုလုပ်၍ မဲဆန္ဒ ရှင်များက ပူးပေါင်း ဆောင်ရွက် ရမှာ ဖြစ်ကြောင်း၊ မဲစာရင်း မှန်ကန်ရန် ဆောင်ရွက် ရမည့် လုပ်ငန်း စဉ်တွင် ပူးပေါင်း ဆောင်ရွက်မှု မရှိဘဲ အပြစ်တင် ပြောဆို နေမှုသာ ရှိကြောင်း၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွင် မဲလက်မှတ် များဖယောင်း သုတ်ထား သည်ဟု အကြောင်း ပြ ပြဿနာ ပေါ်ပေါက် ရန် ဖန်တီး ခဲ့ကြောင်း၊ ယခုလည်း မဲစာရင်းမှားသည်ဆိုပြီး အကြောင်းပြ နေကြောင်း၊ ယခုလိုဆောင်ရွက်နေခြင်းမှာလည်း လိုချင်သည့်ရလဒ်မရရှိပါက ပြည်တွင်း၊ ပြည်ပ ဖိအားကို အသုံးပြု၍
    ရလဒ်ကိုငြင်းပယ်ရန် ဆောင်ရွက်နေသည်ဟု ယူဆရကြောင်း၊ ကော်မရှင် အနေဖြင့် လွတ်လပ်မျှတသော ရွေးကောက်ပွဲဖြစ်အောင် ဥပဒေနှင့်အညီသာ ဆောင်ရွက် ကျင်းပမှာဖြစ်ကြောင်း၊

    ကြိုတင်မဲပေးမည့်သူများစာရင်းနှင့် ပတ်သက်၍ မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခွင့်ရှိသည့် နာမကျန်းသူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ မီးဖွားနေသူများ ကြိုတင်မဲကို ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲမှ ကာယကံရှင်ထံ သွားရောက် ဆောင်ရွက်ပါကြောင်း၊ ၎င်းကြိုတင်မဲစာရင်းကို ပုံစံ (၁၃) ဖြင့် ပြုစုပါကြောင်း၊ ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ခရီးသွားလာရန်ရှိသူများလည်း ကြိုတင်မဲပေးနိုင်သည့် ရွေးကောက်ပွဲနေ့ မတိုင်မီ (၂) ရက်တွင်ပေးနိုင်ကြောင်း၊ ၎င်းတို့၏ကြိုတင်မဲပေးပြီးသည့် စာရင်းကိုလည်း ပုံစံ (၁၃) ဖြင့်ပင် ပြုစုပါကြောင်း၊ မဲဆန္ဒနယ်ပြင်ပရောက်သင်တန်းသားများ၊ ကျောင်းသားများ၊ ဆေးရုံတက်ရောက်နေသူများ၊ အချုပ်သားများအနေဖြင့် ကြိုတင်မဲပေးလိုပါက ပုံစံ (၁၅) ဖြင့်တောင်းခံရကြောင်း၊ ၎င်းတို့စာရင်းကို ပုံစံ (၁-၁) ဖြင့် ပြုစုပါကြောင်း၊ တပ်မတော်သား များနှင့် အိမ်ထောင်စုဝင်မိသားစုများအတွက်ကြိုတင်မဲပေးမည့်စာရင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာတပ်မှူးထံမှ တောင်းခံပါကြောင်း၊ ၎င်းစာရင်းကို ပုံစံ (၁-၂) ဖြင့်ပြုစုထားပါကြောင်း၊ အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင် ဆန္ဒမဲပေးလိုပါက ပုံစံ (၁၅) ဖြင့်တောင်းခံပါကြောင်း၊ ၎င်းကြိုတင် ဆန္ဒမဲပေးသူများ စာရင်းကို ပုံစံ (၁-၃) ဖြင့် ပြုစုပါကြောင်း၊ ပုံစံ (၁၃)၊ ပုံစံ (၁-၁)၊ ပုံစံ (၁- ၂)၊ ပုံစံ (၁-၃) များရှိ ကြိုတင်ဆန္ဒမဲပေးသူများစာရင်းကို မဲစာရင်းတွင်လည်း ကြိုတင်မဲပေးပြီးကြောင်း မှတ်သား ပါကြောင်း၊ ပုံစံ (၁၃) များကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများနှင့် မဲရုံများတွင် ကပ်ထားကြေညာမှာဖြစ်ကြောင်း၊ ပုံစံ (၁-၁)၊ ပုံစံ (၁-၂)၊ ပုံစံ (၁-၃) များကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာမှာဖြစ်ကြောင်း၊ မဲပေးသည့်နေ့တွင် ကြိုတင်မဲပေးပြီးသူများ ထပ်မံမဲပေးခြင်းရှိ/မရှိကို ကြိုတင်မဲပေးပြီးသူများစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးဆောင်ရွက် နိုင်ကြောင်း၊ သံရုံးများရှိဝန်ထမ်းများအနက် တာဝန်ဖြင့်သွားရောက်ရန်ရှိသူများသည် သံရုံး၏ ထောက်ခံချက်ဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ၁၀ ရက် ကြိုတင်၍ ကြိုတင်မဲပေးနိုင်ပါကြောင်း၊

    မဲဆန္ဒရှင် သက်သေခံလက်မှတ် ထုတ်ပေးခြင်းနှင့်ပတ်သက်၍ မဲပေးလိုသူများအား ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ မဲပေးခြင်းမှာ မပေးမနေရစနစ် မဟုတ်သဖြင့် မဲပေးလိုသူများအနေဖြင့် မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ထုတ်ယူနိုင် ပါကြောင်း၊ မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူခြင်းဖြင့် မဲစာရင်းတွင်ပါဝင်ပြီး မဲပေးခွင့် ရရှိခြင်းသေချာစေကြောင်း၊ မည်သည့်မဲရုံတွင်မဲပေးရမည်ကို အလွယ်တကူသိရှိစေမှာ ဖြစ်ကြောင်း၊ သက်သေခံကတ်တစ်ခုခုမပါရှိသော်လည်း ယခုမဲဆန္ဒရှင်သက်သေခံလက်မှတ်ဖြင့် မဲပေးနိုင်မှာဖြစ်ကြောင်း၊ သက်သေခံလက်မှတ်တွင် မဲစာရင်းအမှတ်ပါသဖြင့် မဲလက်မှတ် ထုတ်ယူရာတွင် အမည်စာရင်းရှာရန်လွယ်ကူပြီး မဲပေးမှုကို လျင်မြန်စွာဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ သက်သေခံလက်မှတ်ပါ အချက်အလက်များမှားယွင်းနေပါက ပြင်ဆင်ပေး လိုက်လျှင် နောင်မဲစာရင်းအမှန်ရရှိမှာဖြစ်ကြောင်း ရည်ရွယ်ချက် (၅) ချက်ဖြင့်ဆောင်ရွက်ခြင်း ဖြစ်ပြီးအကျိုးရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

  • ၂၀၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူ မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

    {edocs}photo/news_photos/16-10-2015/16-10-2015-Announce.pdf,100%,900{/edocs}

  • အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် ကြိုတင်ဆန္ဒမဲမပေးဖြစ်ခဲ့ပါကဆောင်ရွက်ရန်နည်းလမ်း

    {edocs}photo/news_photos/15-10-2015/oversea.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/ ၂၀၁၅) ကျင်းပ

    body

    နေပြည်တော် အောက်တိုဘာ ၁၃

    ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၂/ ၂၀၁၅) ကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင် များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ (၇) ပါတီမှ တာဝန်ရှိသူများ၊ ကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံတစ်ဝန်းလုံး တွင် ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ တိုင်းဒေသကြီး (၃) ခုနှင့် ပြည်နယ်(၂) ခုတွင်လည်းကောင်း၊ ဇူလိုင် ၁၆ ရက်မှ စက်တင်ဘာ ၂၇ ရက်အထိ တိုင်းဒေသကြီး (၆) ခုနှင့် ပြည်နယ် (၆) ခုတို့တွင်လည်းကောင်း သဘာဝဘေးအန္တရာယ်များကျရောက်ခဲ့ရာမှာ အိမ်ထောင်စု လေးသိန်းခြောက်သောင်းကျော်မှ လူဦးရေ တစ်သန်းခြောက်သိန်းကျော် ဘေးသင့်ခဲ့ပြီး ၁၃၂ ဦးသေဆုံးခဲ့ပါကြောင်း။

    ချင်းပြည်နယ်တွင်လည်း မြေပြိုမှုကြောင့် ဆက်လက်နေထိုင်ရန် မသင့်သဖြင့် မြို့ပေါ် ၆၇၆ အိမ်နှင့်ကျေးလက်တွင် ၁၁၄၉ အိမ်၊ စုစုပေါင်း ၁၈၂၅ အိမ်အား ရွေ့ပြောင်းရေးဆောင်ရွက်နေရ ကြောင်း၊ အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်ကိုင်း တိုင်း၊ ကောလင်းမြို့တွင် လူနေအိမ်များရေနစ်မြုပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း များရှိနေပြီး ဒေသခံများအား ရေဘေးလွတ်ကင်းရာဒေသများသို့ ပြောင်းရွှေ့နေရပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ရေဝင်ခဲ့သော်လည်း အချိန်မီရွှေ့ပြောင်းနိုင်သဖြင့် ဆုံးရှုံးမှုမရှိ သော်လည်း မဲစာရင်းပြင်ဆင်နေမှုအား အချိန်မီပြီးစီးရေးအတွက် ဆက်လက်ကြိုးစားဆောင်ရွက် လျက်ရှိပါကြောင်း၊ မဲရုံပစ္စည်းများကို အချိန်မီပေးပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ဇူလိုင်လ ၂၁ ရက်နေ့ ကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် လမ်းပြကြယ်ပါတီတို့မှ အခြေခံ မဲစာရင်းများထုတ်ပြန်ရာတွင် မှာယွင်းမှုများရှိခဲ့ကြောင်း၊ မဲစာရင်းမှားယွင်းမှုကြောင့် မဲပေးပိုင်ခွင့် ဆုံးရှုံးပြီး လွတ်လပ်မျှတသော ရွေးကောက်ပွဲမဖြစ်နိုင်သဖြင့် မဲစာရင်းများမှန်ကန်စွာပြုစုနိုင်ရန် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းသင့်ကြောင်းကို တင်ပြမှုရှိခဲ့ကြောင်း၊ စက်တင်ဘာလ ၁ ရက်နေ့ ကော်မရှင်နှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲတွင် ချင်းတိုးတက်ရေးပါတီမှ ချင်းပြည်နယ်တွင် ရေကြီး မြေပြိုမှုများ ဖြစ်ပွားခဲ့သဖြင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကို ဆောင်ရွက်နေ ရကြောင်း၊ ပြည်သူများအနေဖြင့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်နေချိန်တွင် နှစ်သိမ့်အားပေး ရမည့်အစား ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆောင်ရွက်ရန်မှာ မဖြစ်သင့်ကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်နေသဖြင့် နယ်လှည့်စည်းရုံးရန် အခက်အခဲရှိကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအား အချိန်အတိုင်းအတာတစ်ခု ယူရမည်ဖြစ်၍ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းစေချင်ကြောင်းကိုလည်း တင်ပြခဲ့ပါကြောင်း၊ ချင်းပြည်နယ် ဟားခါး မြို့နယ် အီးအက်ဘီစီ အထွေထွေအတွင်းရေးမှူး ဆရာတော်မှ တနင်္ဂနွေနေ့သည် ခရစ်ယာန် ဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သဖြင့် ရွေးကောက်ပွဲကျင်းပသည့်ရက်အား တနင်္ဂနွေနေ့ကို ရှောင်လွှဲသင့်ကြောင်း အကြံပြုမှုရှိခဲ့ပါကြောင်း။

    ရွေးကောက်ပွဲနီးလာချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းရေးကိုလည်း စဉ်းစားသုံးသပ်ရမှာ ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချို့တွင် လုံခြုံရေးအခြေအနေအရ နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးဆောင်ရွက်နိုင်ခြင်းမရှိပဲ ရပ်တန့်လျက်ရှိကြောင်း၊ ကိုးကိုးကျွန်းမဲဆန္ဒနယ်တွင်လည်း ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆွယ်စည်းရုံးခွင့်မရသေးဟုသိရကြောင်း၊ မဲဆွယ်စည်းရုံးမှုအခြေအနေ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုနှင့် နယ်မြေတည်ငြိမ်အေးချမ်းမှုပေါ်မူတည်၍ ရွေးကောက်ပွဲရွှေ့ဆိုင်းသင့်သည်ဟု ယူဆရသဖြင့် တက်ရောက်လာသောနိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲကျင်းပမည့်ရက်အား ရွှေ့ဆိုင်းသင့်/ မသင့် သုံးသပ်အကြုံပြုစေလိုပါကြောင်း ပြောကြားပါသည်။

    ၎င်းနောက် ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က ရွေးကောက်ပွဲအငြင်းပွားမှုနှင့်ပတ်သက်၍ တိုင်ကြားခဲ့မှုများနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီနှင့်ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့မှ ညှိနှိုင်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင်ဦးဝင်းကိုက ရွေးကောက်ပွဲအား တည်ငြိမ် အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှု ကာလအတွင်း အငြင်းပွားမှုများကို ကြီးမားသောပဋိပက္ခအသွင် မရောက်ရှိရေးနှင့်ဥပဒေအရ အရေးယူရခြင်းမျိုးမရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် (၁/၂၀၁၄) နှင့် နိုင်ငံရေးပါတီများသဘောတူရေးဆွဲထားသည့် ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လွတ်လပ်မျှတ၍ တည်ငြိမ် အေးချမ်းသော ရွေးကောက်ပွဲဖြစ်စေရန်အတွက် ထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။

    ယင်းနောက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သဘာဝဘေးဖြစ်စဉ်များ ဆက်တိုက်ကျရောက်မှုကြောင့် ပြည်သူလူထုအတွက် အခက်အခဲရှိပါက ရွေးကောက်ပွဲရွှေ့ဆိုင်းရေးကို စဉ်းစားဆောင်ရွက်သင့်ပါကြောင်း၊ ပါတီများအနေဖြင့် ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်ပါက ဥပဒေကြောင်းအရ ဖြစ်စရာမရှိသဖြင့် Code of Conduct ကို ပါတီများ အားလုံးကလိုက်နာဆောင်ရွက်ကြဖို့လိုကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးပါတီများအနေဖြင့်မဲဆွယ်စည်းရုံးရာတွင် သဘာဝဘေးအန္တရာယ်များကြောင့် ကျေးရွာ လူထုအထိ စည်းရုံးဆောင်ရွက်နိုင်ခြင်း မရှိသေးပါကြောင်း၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အချို့ဒေသများတွင် တိုက်ပွဲများဖြစ်နေ၍ မဲဆွယ်စည်းရုံးမှုများကို ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း၊ သို့ဖြစ်၍ရွေးကောက်ပွဲရက် ရွှေ့ပြောင်းသင့်ကြောင်းကို သုံးသပ်တင်ပြလိုပါကြောင်းနှင့် ပုဂ္ဂိုလ်ရေး ထိခိုက်စေသည့် ဗီဒီယိုထုတ်လွှင့်မှုများကို ပါတီများမှ ထိန်းကျောင်းပေးစေလိုပါကြောင်း၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ရွေးကောက်ပွဲရက်ရွှေ့မည့်ကိစ္စနှင့်ပတ်သက်၍ သဘာဝဘေးအန္တရာယ် များကျရောက်နေမှုနှင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးမှုအပေါ် အကျိုးအပြစ်သက်ရောက်နိုင်မှုရှိ/ မရှိကို သုံးသပ်ရန်လိုကြောင်း၊ စည်းရုံးရေးကာလအတွင်း ပါတီတစ်ခုနှင့်တစ်ခု နှောက်ယှက်မှု မရှိအောင် Code of Conduct နှင့် ညွှန်ကြားချက် (၁/၂၀၁၄)နှင့် အညီဆောင်ရွက်ရေး တိုက်တွန်း ပေးစေလိုပါကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ Code of Conduct နှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်းများအား ရှင်းပြဆွေးနွေးခဲ့ပါကြောင်း၊ မဲဆွယ်စည်းရုံးရာတွင်လည်း ပါတီ အချင်းချင်း ထိပ်တိုက်တွေ့ဆုံပြဿနာမဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲရက်ရွှေ့ခြင်းနှင့်စပ်လျဉ်း၍ သဘာဝဘေးကျရောက်မှုမှာ ဒေသဆိုင်ရာဖြစ်သည့် အသေးအဖွဲကိစ္စဖြစ်၍ ရက်ရွှေ့ခြင်းကိုသဘောမတူပါကြောင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ရွေးကောက်ပွဲရက်ရွှေ့ခြင်းနှင့်စပ်လျဉ်း၍ ယခင်ကတည်းက တင်ပြခဲ့ ပါကြောင်း၊ သို့ဖြစ်၍ ရွှေ့ဆိုင်းမှုကိုထောက်ခံပါကြောင်း၊ ရခိုင်အမျိုးသားပါတီမှ ရခိုင်ပြည်နယ် တွင်လည်း သဘာဝဘေးအန္တရာယ်ကျရောက်မှုနှင့် မငြိမ်းချမ်းမှုများကြောင့် စစ်ဘေးရှောင်ကိစ္စများ ရှိခဲ့ပါကြောင်း၊ ရွှေ့ဆိုင်းခဲ့ပါက အငြင်းပွားမှုများ ပြဿနာများ ဆွဲဆန့်သကဲ့သို့ဖြစ်မဖြစ်ကို စဉ်းစား သင့်ပါကြောင်း၊ ရွှေ့ဆိုင်းပါက အပိုင်းလိုက်ကျင်းပခြင်းမပြုလုပ်ဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီရွှေ့ဆိုင်း စေလိုကြောင်း၊ အမျိုးသားတိုးတက်ရေးပါတီက ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းခြင်းနှင့် ပတ်သက်၍ ကော်မရှင်၏အဆုံးအဖြတ်ကို နာယူမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကျင်းပရန် အချိန်ကြာလာသည် နှင့်အမျှ ဖြစ်လာမည့်အကျိုးဆက်များကို စဉ်းစားဆောင်ရွက်စေလိုကြောင်း တင်ပြဆွေးနွေး ကြပါသည်။

    ၎င်းနောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများကရွေးကောက်ပွဲအတွက်ဆောင် ရွက်နေမှုများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်ပြောကြားရာတွင် မဲဆွယ်စည်းရုံးခြင်းနှင့်ပတ်သက်၍ ပါတီများတွေ့ရှိသည့် ပြဿနာများ အပေါ် အချင်းချင်းနားလည်မှုရှိစွာဖြင့် ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးကောက်ပွဲတည်ငြိမ် အေးချမ်းရေးအတွက် နိုင်ငံရေးပါတီများအနေဖြင့် Code of Conduct ကို လိုက်နာ ဆောင်ရွက်ဖို့လိုကြောင်း၊ Code of Conduct စောင့်ကြည့်ရေးကော်မတီ (MCOM) အနေဖြင့် စောင့်ကြည့်ပြီး ထိန်းကျောင်းပေးဖို့လိုကြောင်း၊ မရပါက စေ့စပ်ညှိနှိုင်းရေးကော်မတီအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်း၍မရမှသာ ဥပဒေနှင့်အညီထိရောက်စွာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် မဲစာရင်းသည်အရေးကြီးပါကြောင်း၊ ကော်မရှင်မှ မဲစာရင်းပြုစုပြီး မဲဆန္ဒရှင်ပြည်သူမှလာရောက် ကြည့်ရှု၍ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း ဆောင်ရွက်မှ မှန်ကန်သောမဲစာရင်းရမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များပူးပေါင်းဆောင်ရွက်မှုမရှိပဲ မဲစာရင်းမှန်ကန်မှုအပေါ် အာမခံပြောကြားရန် မဖြစ်နိုင်ပါကြောင်း၊ ကော်မရှင်က ရာနှုန်းပြည့် အာမခံ နိုင်သည်မှာ မဲစာရင်းတွင်အမည်ပါက မဲပေးခွင့်ရမည်ဟု အာမခံပါကြောင်း၊ ဒါ့ကြောင့် မဲစာရင်း တွင်အမည်ပါရေး ပါတီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်တိုက်တွန်းပါကြောင်း၊ ရွေးကောက်ပွဲ ရွှေ့ရန် မရွှေ့ရန်နှင့်ပတ်သက်၍ ယနေ့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများ၏ ဆွေးနွေးချက် များအပေါ် ကော်မရှင်အနေဖြင့် စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကာလအတွင်း တည်ငြိမ်အေးချမ်းစွာ အောင်မြင်ပြီးစီး စေရေးအတွက် ပါတီများအနေဖြင့် ထိန်းသိမ်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်းပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

  • ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးဗဟိုကော်မတီ အစည်းအဝေးအမှတ်စဉ်(၂/ ၂၀၁၅) သတင်းထုတ်ပြန်ချက်

    {edocs}photo/news_photos/13-10-2015/aaaaa.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း

    {edocs}photo/news_photos/12-10-2015/blackarea.pdf,100%,900{/edocs}

  • မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲလက်မှတ် ခိုင်လုံမဲနမူနာများနှင့် ပယ်မဲနမူနာများ

    {edocs}photo/news_photos/12-10-2015/validinvalid.pdf,100%,900{/edocs}

  • ရွေးကောက်ပွဲဆိုင်ရာ Web နှင့် Mobile Apps များကို ရယူနည်းအဆင့်ဆင့်

    {edocs}photo/news_photos/8-10-2015/mpsapps.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် အတွင်း ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းကပ်ထား ကြေညာမှုများ လိုက်လံကြည့်ရှုစစ်ဆေး

    body

    body1

    ကလေး၊ အောက်တိုဘာ ၇

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယနေ့နံနက် (ဝ၈:ဝဝ)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးတင်လှိုင်မြင့်၊ ကလေးတပ်နယ်မှ ဗိုလ်မှူးချုပ်အောင်သူဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ရှိသူ များနှင့် အတူ ကလေးမြို့နယ်အတွင်းရှိ လှိုင်သာယာရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ကြို့သုံးပင်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးနှင့် အောင်ဇေယျ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်ခဲ့ပြီး မဲစာရင်းကပ်ထား ကြေညာထားမှု၊ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားမှုအခြေအနေနှင့် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့ ရောက်ရှိနေ သည့် မဲဆန္ဒရှင်များ ကြိုတင်မဲစာရင်း ပုံစံ(၁-၃) များ ကပ်ထားမှုအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ ပါသည်။

    ရှေးဦးစွာ လှိုင်သာယာရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲစာရင်းများ ပြည့်စုံ မှန်ကန်စေရေးအတွက် စီမံချက်ချမှတ်လုပ်ဆောင်ခဲ့ပြီး အခြေခံမဲစာရင်းများ ပြုစုဆောင်ရွက် ခဲ့ကြောင်း၊ မဲစာရင်းများကြေညာချိန် လာရောက်ကြည့်ရှုပြီး ပုံစံ(၃)၊ ပုံစံ(၄)နှင့် ပုံစံ(၄-ဂ) တို့ဖြင့် ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက်မှုများ ပြုလုပ်ပါက မှန်ကန်သော မဲစာရင်းများ ဖြစ်လာမည် ဖြစ်ပါကြောင်း၊ ပုံစံ(၃-က)ဖြင့် တင်ပြလာမှုများကိုလည်း စနစ်တကျ မှတ်ပုံတင်ထားရှိလျက် မဲစာရင်းတွင် ဖော်ပြပေးမှ ပြည့်စုံသော မဲစာရင်းဖြစ်ပြီး မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်မည်ဖြစ်၍ အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

    ဆက်လက်ထွက်ခွာရာ ကြို့သုံးပင်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိခဲ့ပြီး အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံခြားသို့သွားရောက်နေသူများ ကြိုတင်မဲစာရင်း ပုံစံ(၁-၃) ကပ်ထားမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်သက်သေခံလက်မှတ်များကို ရည်ရွယ်ချက် (၅)ရပ် ဖြစ်သည့် (၁) မဲဆန္ဒရှင်သက်သေခံလက်မှတ်ထုတ်ယူခြင်းဖြင့် မဲစာရင်း တွင်ပါပြီး မဲပေးခွင့် ရရှိကြောင်း ခိုင်လုံစေရန်၊ (၂) မိမိမဲပေးရမည့်မဲရုံကို အလွယ်တကူသိရှိ နိုင်ရန်၊ (၃) မဲပေးရာတွင် လွယ်ကူ မြန်ဆန်စေရန်၊ (၄) မှတ်ပုံတင်နှင့် အခြား သက်သေခံကတ် များ ပျောက်ဆုံးပါက မဲပေးနိုင်ရန်၊ (၅) အမှားပြင်ပေးခြင်းဖြင့် နောင်ရွေးကောက်ပွဲများအတွက် မှန်ကန်သောမဲစာရင်း ရရှိစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မဲဆန္ဒရှင်သက်သေခံလက်မှတ် ထုတ်ယူလိုသူများအား စိစစ်ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါကြောင်း၊ မဲဆန္ဒရှင် သက်သေခံလက်မှတ် မထုတ်ဘဲလည်း ပုံမှန်အတိုင်း မဲပေးနိုင်ပါကြောင်း၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များကိုလည်း စနစ်တကျ သင်တန်းများပို့ချပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွန်များနှင့် အညီ လုပ်ဆောင်တတ်စေရန် လေ့ကျင့်သင်ကြားပေး ရမည်ဖြစ်ကြောင်း၊ မဲရုံများ တည်ဆောက် ရာတွင် မသန်စွမ်းသူများ လွယ်ကူစွာမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မဲရုံသို့ Wheel Chair ဖြင့် လွယ်ကူချောမွေ့စွာ တက်နိုင်ရန် ဆင်ခြေလျှောလမ်း ပြုလုပ်ပေးရန်နှင့် မဲပုံး များအကြား သွားလာနိုင်ရန် (၃)ပေခန့် အကျယ်အဝန်း ရှိရမည်ဖြစ်ကြောင်း၊ မျက်မမြင်များ လွယ်ကူအဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရန်အတွက်လည်း စီစဉ်ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားခဲ့သည်။

    ဆက်လက်၍ အောင်ဇေယျရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက် ကြည့်ရှုခဲ့ရာ တပ်မတော်သားများနှင့် အိမ်ထောင်စုဝင်များ မဲဆန္ဒရှင်အရေအတွက် (၈၁ဝ)ဦးရှိ သဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြိုတင်မဲတောင်းခံမှု အခြေအနေ၊ ၎င်းကြိုတင်မဲ စာရင်းများ ရောက်ရှိလာပါက ပုံစံ(၁-၂)များ ကပ်ထားရန်၊ အမှန်တကယ်လုံခြုံရေးတာဝန် ထမ်းဆောင်နေသူများကိုသာ ကြိုတင်မဲပေးစေရန်နှင့် ကျန်တပ်မတော်သားများနှင့် အိမ်ထောင်စု ဝင်များ မဲရုံသို့ ကိုယ်တိုင် လာရောက်မဲပေးကြစေရန် လိုအပ်ကြောင်းနှင့် ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်မှုသည် ကောင်းမွန်ပါကြောင်း၊ ရွေးကောက်ပွဲနေ့တွင် မဲပေး ပိုင်ခွင့်ရှိသူများအားလုံး မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ပွဲကာလ တစ်လျှောက် စိတ်ရှည်၊ သီးခံပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စေတနာထား ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နိုင်ငံရေးပါတီများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

    body

    body1

    body2

    body3

    ဟားခါး၊ အောက်တိုဘာ ၆

    ချင်းပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြို မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အဦနှင့် စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးမှုများ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေများ ပြန်လည်ထူထောင်ရေးဆောင်ရွက်ထားရှိမှုများအပေါ် မူတည်၍ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည်များ ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်အဖွဲ့ သည် နံနက်(၁၁:၂ဝ)နာရီအချိန်တွင် ကလေးမြို့မှ တပ်မတော်ရဟတ်ယာဉ်ဖြင့် ထွက်ခွာလာရာ ချင်းပြည်နယ်၊ ဟားခါးမြို့သို့ (၁၂:ဝဝ)နာရီ အချိန်တွင်ရောက်ရှိလာရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးဟာကီး၊ ပြည်နယ်လွတ်တောဥက္ကဋ္ဌ ဦးဟောက်ခင်းခမ်၊ ပြည်နယ်တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများမှ ကြိုဆိုနှုတ်ဆက်ကြပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယနေ့မွန်းလွဲ (၁၂:၃ဝ)နာရီအချိန်တွင် ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ပြည်နယ်/ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးမှ တာဝန်ရှိသူများ၊ ချင်းပြည်နယ်အတွင်း ရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လွတ်တော် ကိုယ်စားလှယ်လောင်းများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲကြီးကို ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေနှင့်အညီ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးမှာကြားပါသည်။

    ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူလူထု၏ အချုပ်အခြာအာဏာကို နိုင်ငံအဝန်းပျံ့နှံ့စေရန်အတွက် လူထုဆန္ဒနှင့်အညီ လူထု ကိုယ်စားလှယ်ရွေးချယ်တင်မြှောက်သည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် ပြည်သူတို့ထံမှဆင်းသက်ပြီး ထိုအချုပ်အခြာအာဏာ နိုင်ငံတစ်ဝှမ်းလုံးသို့ပျံ့နှံ့စေရန်အတွက် ရွေးကောက်ပွဲနည်းလမ်းဖြင့် ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တွင် အချုပ်အခြာအာဏာ(၃)ရပ်ကို ကျင့်သုံး နိုင်ရန် စတင်အခြေခံလာခြင်းမှာ ရွေးကောက်ပွဲပင်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း များသည် နိုင်ငံတော်အတွက် လွန်စွာအရေးကြီးသည့် လုပ်ငန်းကြီးတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူ့ လွတ်တော်၊ အမျိုးသားလွတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွတ်တော် ကိုယ်စားလှယ် များကိုရွေးချယ်ပေးရသည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်နေထိုင်သော လူမျိုးစုများ အတွက် တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ပေးပြီး အုပ်ချုပ်ရေးကိစ္စများတွင် ပါဝင် နိုင်အောင် ဆောင်ရွက်ပေးရကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထမ်းဆောင်ရမည့် လွတ်တော်ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အရည်အချင်းရှိသူများ ဖြစ်ရန်လို သဖြင့် နှလုံးသားနှင့်အသိတရားပေါင်းစပ်ပြီး လူတော်လူကောင်းများကို ရွေးချယ်တင်မြှောက် ကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထုက လူတော်လူကောင်းများကို ရွေးချယ်မှသာလျှင် နိုင်ငံတော် ၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများတွင် ထိထိရောက်ရောက် ဆောင်ရွက် နိုင်မည် ဖြစ်ပါကြောင်း၊

    မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီး (၆၇)နှစ်ရှိပြီ ဖြစ်သော်လည်း ပါတီစုံဒီမို ကရေစီရွေးကောက်ပွဲ၊ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲအပါအဝင် (၆)ကြိမ် သာရှိသေးကြောင်း၊ သို့ဖြစ်၍ ရွေးကောက်ပွဲအရေးကြီးပုံ နှင့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို ပြည်သူလူထုအနေဖြင့် သိရန်လိုအပ်ပါကြောင်း။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို နို်င်ငံတော်သမ္မတကရွေးချယ်ပြီး လွတ်တော်က အတည်ပြုပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ တာဝန် (၁၃)ရပ်ရှိပြီး လွတ်တော်အသီးသီး အတွက် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပေးခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးဆုံးဖြတ်နိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်းခြင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် အညီ နိုင်ငံရေးပါတီများကိုမှတ်ပုံတင်ခြင်း၊ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းတို့ ဖြစ်ပါကြောင်း။

    ရွေးကောက်ပွဲတွင်အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးမှာ မဲစာရင်းမှန်ကန်ပြည့်စုံ ရေးပင်ဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်ရန်အတွက် ရွေးကောက်ပွဲကော်မရှင် တစ်ခုထဲဖြင့် အောင်မြင်အောင် ဆောင်ရွက် နိုင်မှာမဟုတ်ဘဲ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီများ၊ မီဒီယာများ မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာ ပြည့်စုံမှန်ကန်သော မဲစာရင်းရရှိမှာဖြစ်ကြောင်း၊ မဲစာရင်း တွင် အမည်ပါဝင်မှသာ မဲပေးနိုင်မှာဖြစ်ပါကြောင်း၊ မဲစာရင်းတွင်မိမိအမည် ပါ/မပါ သွားရောက် ကြည့်ရှုပြီး ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ရန် မဲဆန္ဒရှင် များတွင် တာဝန်ရှိပါကြောင်း၊ မဲပေးခွင့်ရှိသူအားလုံး မဲပေးနိုင်အောင် ကော်မရှင်အနေဖြင့် ဆောင်ရွက်နေပါကြောင်း၊ မဲစာရင်းမှားသော်လည်း မဲပေးခွင့်မဆုံးရှုံးကြောင်း၊ မဲပေးခွင့်ရှိသူ ဖြစ်ကြောင်း တာဝန်ခံပြောကြားသူရှိလျှင် ပြင်ဆင်ရေးမှတ်၍ မဲပေးခွင့်ပြုရမည်ဟု လွတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၅ဝ(ဂ)တွင် အတိအလင်း ပြဌာန်းထားပါကြောင်း၊ မဲဆန္ဒရှင်များ မဲပေးရာတွင် လွယ်ကူလျှင်မြန်စွာ မဲပေးနိုင်ရန်အတွက် မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒရှင်များအား သက်သေခံ လက်မှတ်များ ထုတ်ပေးရန်စီစဉ်ထားပါကြောင်း၊ ကြိုတင်မဲ ပေးရာတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် နည်းဥပဒေများကိုလည်း ပြင်ဆင်ပေးထားပါကြောင်း၊ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် အများစု နိုင်သောပါတီသည် အာဏာရပါတီဖြစ်ပြီး မိမိပါတီအာဏာရရှိပါက နို်င်ငံတော် တည်ဆောက်ရေးအတွက် မူဝါဒများ ချမှတ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အတိုက်အခံပါတီအနေဖြင့် အာဏာရ ပါတီ၏ လိုအပ်ချက်ကို ထောက်ပြ၊ တည့်မတ် ပူးပေါင်း ဆောင်ရွက်ပြီး နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ပြောကြားပါသည်။

    ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများ၏မေးမြန်းချက်များကို ပြန်လည် ဖြေကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် Voter Education လုပ်ငန်းများအား ပါတီများ၊ လူမှုအဖွဲ့အစည်း CSO များဖြင့် ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာကျင်းပပေးနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါကြောင်း ပါတီများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံ လိုကြောင်း၊ ရွေးကောက်ပွဲတွင် အရွေးအချယ် ခံရသော ကိုယ်စားလှယ်များနှင့် ပါတီများအနေ ဖြင့်လည်း နိုင်ငံတော်ကြီး တိုးတက်အောင် ဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြား သွားပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ချင်းပြည်နယ် အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် မြို့ဟောင်း ရပ်ကွက်ရှိ ခွာရုံတောင်တန်းသာသနာပြုဘုန်းတော်ကြီးကျောင်းနှင့် ရုန်းတောင် ပြိုကျခဲ့မှု အခြေ အနေတို့အား လှည့်လည်ကြည့်ရှုပြီး ဟားခါးမြို့မှ ရဟတ်ယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ ကလေးမြို့သို့ ညနေ (၃:၅ဝ)ချိန်တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌသည် ကလေးမြို့၊ ကျီကုန်း ကျေးရွာ၊ ရာဇဂီရီကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသော မဟာသာကပဋိမာ ရေဆန်ကျွန်းမြတ် ရုပ်ပွားတော်အားဖူးမြှော်ကာ အလှုငွေများလှူဒါန်းခဲ့ပြီး ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

  • မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူအခွင့်အရေးဆိုင်ရာ အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကျင်းပ

    body

    body1

     

    နေပြည်တော် အောက်တိုဘာ ၈

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူအခွင့်အရေးဆိုင်ရာ အသိပညာ ပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး သင်တန်းခန်းမတွင်ပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်းများနှင့် အမှုထမ်းများတက်ရောက်ကြသည်။

    အစီအစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကိုယ်စား အဖွဲ့ဝင်ဦးမြင့်နိုင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က လူအခွင့်အရေး၏ သဘောသဘာဝ၊ သမိုင်းကြောင်းနှင့်အနှစ်သာရ လူ့အခွင့်အရေးကော်မရှင်ဥပဒေ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ စုံစမ်းစစ်ဆေးခြင်းနှင့် တိုင်ကြားနိုင် သည့်နည်းလမ်းများအားရှင်းလင်းဆွေးနွေးပြီး ကော်မရှင်အဖွဲ့ဝင်ဒေါ်မြမြက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများပေါ်ပေါက်လာပုံအဆင့်ဆင့်၊ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းပုံနှင့်လုပ်ငန်းတာဝန်များ၊ လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားချက်များနှင့်တိုင်ကြား ချက်များအပေါ်ဖြေရှင်းဆောင်ရွက်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးပါသည်။

    ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများမှ သိရှိ လိုသည်များကိုမေးမြန်းဆွေးနွေးကြပြီး ဆွေးနွေးဟောပြောပွဲအား ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

  • ရွေးကောက်ပွဲ အား လွတ်လပ် တရား မျှတ မှုနှင့် ပွင့်လင်း မြင်သာ မှုကို မှတ်ကျောက် တင်နိုင်ရန် အားလုံး ပူးပေါင်း ဆောင်ရွက် သွားရန်လို

    kalay-body

    kalay-body1

    kalay-body2

    kalay-body3

    ကလေး၊ အောက်တိုဘာ ၅

    စစ်ကိုင်း တိုင်းဒေ သကြီး၊ ကလေး မြို့နယ် အတွင်း သဘာဝ ဘေး အန္တရာယ် ကြောင့် ရေကြီး ရေလျှံ မှုများ ဖြစ်ပေါ် ခဲ့ပြီးနောက် မြို့နယ် အလိုက် အဆောက် အဦ နှင့် စာသင် ကျောင်းများ ပျက်စီး ဆုံးရှုံး မှုများ၊ လမ်းပန်း ဆက်သွယ် ရေးအခြေ အနေများ ၊ ပြန်လည် ထူထောင်ရေး ဆောင်ရွက် ထားရှိ မှုများ အပေါ် မူတည်၍ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် လိုအပ် သည်များ ညှိနှိုင်း ဖြေရှင်း ဆောင်ရွက် ပေးရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နှင့် အဖွဲ့ သည် ယနေ့ နံနက် (ဝ၉:၄၅)ချိန်တွင် ကလေး လေဆိပ် သို့ ရောက်ရှိရာ ကလေး တပ်နယ်မှ ဗိုလ်မှူးချုပ် အောင်သူဦး၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့ စည်ပင် သာယာရေး ဝန်ကြီး ဦးတင်လှိုင်မြင့်၊ စစ်ကိုင်း တိုင်းဒေ သကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ခရိုင် ကော်မရှင် အဖွဲ့ခွဲ အသီးသီးမှ တာဝန် ရှိသူများ၊ ခရိုင် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များမှ ကြိုဆို နှုတ်ဆက် ကြပါသည်။ ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့သည် မော်တော် ယာဉ်များဖြင့် ကလေး မြို့နယ် အတွင်း ရေကြီး နစ်မြုပ်မှု ဖြစ်ပွားခဲ့သော ကျောက္ကာ ကျေးရွာ နှင့် အေးသာယာ ကျေးရွာ တို့သို့ သွားရောက် ကြည့်ရှုပြီး ဒေသခံ ရွာသူ/ရွာသား များအား ရင်းရင်း နှီးနှီး တွေ့ဆုံကာ နေအိမ် အသစ်များ ဆောက်လုပ် နေမှုများကို လိုက်လံ ကြည့်ရှုပြီး လိုအပ် သည်များ မှာကြား ခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် ယနေ့ မွန်းလွဲ (၂)နာရီတွင် ကလေးမြို့၊ မြို့တော် ခန်းမ၌ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီး သီးမှ တာဝန် ရှိသူများ၊ ကလေး၊ တမူး၊ မော်လိုက် ခရိုင်များ အတွင်း ရုံးခွဲ ဖွင့်လှစ် ထားသော နိုင်ငံရေး ပါတီများ၊ လွှတ်တော် ကိုယ်စားလှယ် လောင်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံ၍ လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ ကြီးကို ပွင့်လင်း မြင်သာ စွာဖြင့် ဥပဒေ နှင့်အညီ ကျင်းပ နိုင်ရေး ညှိနှိုင်း ဆွေးနွေး မှာကြား ပါသည်။ တွေ့ဆုံပွဲ သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အတူ စစ်ကိုင်း တိုင်းဒေ သကြီး အစိုးရ အဖွဲ့ စည်ပင် သာယာ ရေးဝန်ကြီး ဦးတင်လှိုင်မြင့်၊ ကလေး တပ်နယ်မှ ဗိုလ်မှူးချုပ် အောင်သူဦး၊ စစ်ကိုင်း တိုင်းဒေ သကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ခရိုင် နှင့်မြို့နယ် ကော်မရှင် အဖွဲ့ခွဲ အသီးသီး နှင့် ခရိုင်၊ မြို့နယ် အဆင့် ဌာန ဆိုင်ရာ တာဝန် ရှိသူများ၊ ခရိုင် အတွင်း ပါတီရုံးခွဲဖွင့်လှစ်ထားသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

    ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှ ရွေးကောက်ပွဲ သည် မြန်မာ နိုင်ငံ အတွက် အလွန် အရေးကြီး ပါကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ(၄)တွင် နိုင်ငံတော်၏ အချုပ် အခြာ အာဏာ သည် နိုင်ငံသား များထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်း လုံး၌တည် သည်ဟု ပြဌာန်း ထားပြီး ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ဆိုသည်မှာ ပြည်သူ လူထုက ရွေးချယ် ပေးလိုက်တဲ့ လွှတ်တော် ကိုယ်စားလှယ် များမှ တစ်ဆင့် အနိုင် ရရှိသည့် ပါတီက အစိုးရ အဖွဲ့ ဖွဲ့စည်းပြီး အုပ်ချုပ်ရေး အာဏာ ကျင့်သုံးပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ် များနဲ့ ဖွဲ့စည်း ထားတဲ့ လွှတ်တော် များကတော့ ဥပဒေ ပြုရေး အာဏာကို ကျင့်သုံးပြီး တရား လွှတ်တော်ချုပ်က တရား စီရင်ရေး အာဏာ ကျင့်သုံး ပါကြောင်း၊ အာဏာ(၃)ရပ် ကျင့်သုံးသည့် အစိုးရနှင့် လွှတ်တော် များ ပေါ်ပေါက် နိုင်ရန် အတွက် လွှတ်တော် အတွင်း အရည် အချင်း ရှိသူ များဖြစ်ရန် ရွေးကောက်ပွဲ တွင် မဲဆန္ဒရှင် ပြည်သူ များက ရွေးချယ် ပေးရန် လိုအပ်ပါကြောင်း။

    ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှ ဆက်လက် ပြောကြား ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး နိုင်ငံတော် သမ္မတမှ ရွေးချယ်ပြီး ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင် အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ များပြဌာန်း၍ တာဝန် များအပ်နှင်း ထားပါကြောင်း၊ အဓိက တာဝန်မှာ ရွေးကောက်ပွဲ များကျင်းပခြင်း၊ သဘာဝ ဘေးအန္တရာယ်နှင့် လုံခြုံရေး အခြေ အနေအရ ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်း၊ နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း၊ ကြီးကြပ် ခြင်းနှင့် ကြီးကြပ် စေခြင်းတို့ ဖြစ်ပါကြောင်း၊ နိုင်ငံရေး ပါတီ များကို ကြီးကြပ် ခြင်းနှင့် ကြီးကြပ် စေခြင်းတို့ ဆောင်ရွက် ရာတွင် သက်ဆိုင်ရာ ပြည်နယ်/ တိုင်းဒေ သကြီးနှင့် ခရိုင်၊ မြို့နယ် ကော်မရှင် အဖွဲ့ခွဲ အဆင့် ဆင့်တို့ မှလည်း ကြီးကြပ် စေရန် ဥပဒေ အရ ပြဌာန်း ထားပါကြောင်း၊ နိုင်ငံရေး ပါတီများ အနေဖြင့် လည်း ဥပဒေကို လေ့လာရန်၊ လိုက်နာ ရန်နှင့် ဥပဒေ၏ အကာ အကွယ် ကိုရယူရန် တိုက်တွန်း လိုပါကြောင်း။

    မြန်မာ နိုင်ငံ တွင် လွတ်လပ်ရေး ရပြီး (၆၇)နှစ် အတွင်း၌ ရွေးကောက်ပွဲ အတွေ့ အကြုံ(၅) ကြိမ်သာ ရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲ နှင့်ပတ်သက် သည့် ဗဟုသုတ နည်းပါး သည့် အပြင် ရွေးကောက်ပွဲ အရေး ကြီးပုံနှင့် အနှစ် သာရကို တိတိ ကျကျ သိရှိ နားလည်ခြင်း မရှိကြ ပါကြောင်း၊ ယခင် ရွေးကောက်ပွဲ အတွေ့ အကြုံ များကို သုံးသပ်၍ မဲစာရင်း ပြည့်စုံ မှန်ကန် စေရေး အတွက် စီမံချက်ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်း အမှားအယွင်းများ ပြင်ဆင် နိုင်ရန် အချိန်ကန့်သတ်ချက်ရှိနိုင်သဖြင့် အခြေခံမဲစာရင်းကို ကြိုတင်ပြုစု၍ မှန်ကန်သော မဲစာရင်းရရှိရေး ကြိုးစား ဆောင်ရွက် ခဲ့ကြောင်း၊ မဲစာရင်း များကြေညာ ချိန်လာရောက် ကြည့်ရှုပြီး ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) များနဲ့ ဖြည့်စွက်၊ ပြင်ဆင်၊ ပယ်ဖျက် မှုများ ပြုလုပ်က မှန်ကန်သော မဲစာရင်းများ ဖြစ်လာ မည်ဖြစ်၍ အပြုသဘော ဆောင်သော ပူးပေါင်း ဆောင်ရွက်မှု များကို ဖိတ်ခေါ် ဆောင်ရွက် ခဲ့ပါကြောင်း၊ မဲစာရင်း မှားယွင်း သဖြင့် မဲပေးခွင့် မဆုံးရှုံး နိုင်ပါကြောင်း၊ မဲပေး ပိုင်ခွင့် ရှိသူ အမှန် ဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ ဖွံ့ဖြိုးရေး အထောက် အကူပြု ကော်မတီနှင့် တာဝန်ခံ ပြောကြားသူ ရှိလျှင် ပြင်ဆင် ရေးမှတ်၍ မဲပေးခွင့် ပြုရမည်ဟု ပြဋ္ဌာန်း ထားပြီး ဖြစ်ကြောင်း၊ သို့သော် မဲစာရင်း တွင် ပါဝင်မှသာ မဲပေးခွင့်၊ ရွေးကောက်ခံ ပိုင်ခွင့်ရှိပါကြောင်း။
    ကြိုတင်မဲ ပေးခြင်းတွင် မဲဆန္ဒနယ် အတွင်းရှိ မဲဆန္ဒရှင်များ ကြိုတင်မဲ ပေးခြင်းနှင့် မဲဆန္ဒနယ် ပြင်ပရောက် မဲဆန္ဒရှင်များ ကြိုတင်မဲ ပေးခြင်း တို့ရှိပြီး ပွင့်လင်း မြင်သာစွာ ဆောင်ရွက် ခဲ့ပါကြောင်း၊ ဥပဒေ၊ နည်းဥပဒေ များကို သိရှိပြီး လိုက်နာ အကာ အကွယ်ယူ ပါက ကြိုတင်မဲ ပေးခြင်း အပေါ် သံသယ ဖြစ်ဖွယ် မရှိပါကြောင်း၊ မဲပေးပိုင်ခွင့် မဆုံးရှုံး စေရေးအတွက် မဲဆန္ဒရှင် သက်သေခံ လက်မှတ် များကို မဲစာရင်းကို အခြေခံ၍ တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မဲစာရင်း တွင် ပါရှိသူ အားလုံးကို ထုတ်ပေး သွားမည်ဖြစ်ကြောင်း။ မဲပေး လိုသူများ သည် မဲဆန္ဒ သက်သေခံ လက်မှတ် ထုတ်ယူပါက မိမိ မဲပေး ရမည့် မဲရုံ အလွယ် တကူ ရှာဖွေ သိရှိ နိုင်ရန်၊ မဲပေးရာတွင် လွယ်ကူ လျင်မြန်စေရန်၊ သက်သေခံ လက်မှတ်များ ပျောက်ဆုံးပါက မဲပေး နိုင်ရန်နှင့် နောင်ရွေးကောက်ပွဲ များအတွက် မှန်ကန်သော မဲစာရင်း ပြုစုနိုင်ရန် ရည်ရွယ်ချက် (၄)ချက်ဖြင့် ဆောင်ရွက် ခဲ့ကြောင်း၊ မဲဆန္ဒရှင် သက်သေခံ လက်မှတ် ပျောက်ဆုံး သော်လည်း မဲစာရင်း တွင် ပါရှိပြီး ဖြစ်၍ မဲပေး နိုင်ပါကြောင်း၊ သက်သေခံ လက်မှတ် မထုတ်ဘဲ ပုံမှန်အတိုင်း မဲရုံ သွားရောက် မဲပေးလိုက မဲပေးနိုင် ပါကြောင်း။

    မဲဆန္ဒရှင်ပညာပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ရာ ပါဝင် ပူးပေါင်းကြရန် ဖိတ်ခေါ်ပါကြောင်း၊ ရွေးကောက်ပွဲအား လွတ်လပ်တရားမျှတမှုနှင့် ပွင့်လင်း မြင်သာမှုကို မှတ်ကျောက် တင်နိုင်ရန် အတွက် နိုင်ငံတကာ အဖွဲ့ အစည်းများနှင့် အာဆီယံ နိုင်ငံများမှ ရွေးကောက်ပွဲ ဆိုင်ရာ အဖွဲ့အစည်း များအပါအဝင် ပြည်တွင်း/ ပြည်ပ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့များကို ဖိတ်ခေါ် ထားပါကြောင်း။

    မဲဆွယ် စည်းရုံးရေး ကာလတွင် လိုက်နာရန် ညွန်ကြားချက် (၁/၂ဝ၁၄) ထုတ်ပြန် ထားပါကြောင်း၊ ပါတီများ ကိုယ်တိုင် ရေးဆွဲထားပြီး လက်မှတ် ရေးထိုး ထားသည့် နိုင်ငံရေးပါတီများ လိုက်နာရမည့် ကျင့်ဝတ် Code of Conduct များအား လိုက်နာပြီး ရွေးကောက်ပွဲဟောပြောစည်းရုံးခြင်းများ ပြုလုပ်နိုင်ပါကြောင်း၊ လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဥပဒေ အခန်း(၁၃) ပါ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှု ပြစ်ဒဏ်များ၊ အခန်း(၁၄) ပါ တရားမဲ့ပြုကျင့်မှုများကို လိုက်နာ ကျင့်သုံးပြီး ဥပဒေ၏ အကာကွယ်ကို ရယူရန်နှင့် ဥပဒေ၊ စည်းမျဉ်း၊ ကျင့်ဝတ်များကို အသိ တရားနှင့်ယှဉ်ပြီး လေးစား လိုက်နာ ကြရန် တိုက်တွန်း ပြောကြားသည်။

    ထို့နောက် တက်ရောက် လာသည့် နိုင်ငံရေး ပါတီများမှ တာဝန် ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်လောင်း များက ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်း ဖြေကြားရာတွင် မဲစာရင်း တွင်အမည် မပါဝင်က ပုံစံ(၃)ဖြင့် လျှောက်ထား ရမည် ဖြစ်ကြောင်း၊ သတ်မှတ်ချိန် ကျော်လွန်ပြီးမှ မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုပါက လက်ခံ၍ မရပါကြောင်း၊ မဲဆွယ် စည်းရုံး ဟောပြော ရာတွင် နိုင်ငံရေး ပါတီများ ကလက်မှတ် ရေးထိုး ထားသည့် Code of Conduct အတိုင်း သဘောတူ လက်ခံ ဆောင်ရွက် ကြရန်လိုကြောင်း၊ လွှတ်တော် ကိုယ်စား လှယ်လောင်း များက ဗီနိုင်း ပိုစတာ ဆိုင်းဘုတ်များ အသုံးပြုရာတွင် သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီ တွင် လျှောက်ထား ဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ တွေ့ဆုံ ဆွေးနွေး ပွဲကို ညနေ(ဝ၅:ဝဝ) ချိန်တွင် ရုပ်သိမ်း ခဲ့ပါသည်။

  • ရှမ်းပြည်နယ်လွှတ်တော် မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)နှင့် မိုင်းဖြတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တို့အား ပြောင်းလဲပြင်ဆင်သတ်မှတ်ကြေညာခြင်း

    {edocs}photo/news_photos/6-10-2015/changeconstuency1.pdf,100%,900{/edocs}

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး နိုင်ငံရေး ပါတီများ၊ လွတ်တော် ကိုယ်စားလှယ် လောင်းများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၊ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီးသီးမှ တာဝန် ရှိသူများနှင့်တွေ့ဆုံ၊ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ်များရှင်းလင်း

    body-myintkyina

    body-myintkyina1

    body-myintkyina2

    မြစ်ကြီးနား/ အောက်တိုဘာ(၂)

    ၂ဝ၁၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာစွာဖြင့် ဥပဒေ နှင့်အညီ ကျင်းပဆောင်ရွက်သွားနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယနေ့ နံနက်(ဝ၉:ဝဝ) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးမှတာဝန်ရှိသူများ၊ ပါတီရုံးခွဲဖွင့်လှစ်ထားသည့် နိုင်ငံရေး ပါတီများမှ တာဝန်ရှိသူများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများ ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ပါသည်။

    ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ် တာဝန်ခံ ဦးအင်ဇော်နော်၊ ကချင်ပြည်နယ်လွတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူမှု အဖွဲ့ အစည်းများ နှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောကြားရာတွင် ရွေးကောက်ပွဲသည် နိုင်ငံတော် အတွက် အရေးကြီးသည့်လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ကြောင်း၊ ပြည်သူလူထုကိုယ်စား တိုင်းပြည်ရဲ့ တရား ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာအား ကျင့်သုံး နိုင်ရန် ကိုယ်စားလှယ် ရွေးချယ်ခြင်းလုပ်ငန်းဖြစ်ကြောင်း၊ ၎င်းရွေးချယ်ခြင်းလုပ်ငန်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသော ရွေးကောက်ပွဲစနစ်မှာ မဲအများဆုံးရသူအနိုင်ယူစနစ် (First Past The Post – FPTP)ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ မဲပေးသည့် စနစ်မှာ အချို့သောနိုင်ငံများကဲ့သို့ မဲမပေးမနေရစနစ် မဟုတ်ကြောင်း၊ မိမိဆန္ဒအလျောက် မဲပေးလိုက ပေးနိုင် ပြီး မဲမပေးလိုက နေနိုင်သည့်စနစ်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများ ပြဌာန်း၍ တာဝန်များအပ်နှင်းထားကြောင်း၊ အဓိက တာဝန် များမှာ လွတ်တော်အသီးသီးအတွက် ရွေးကောက်ပွဲများကျင်းပခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို စစ်ဆေးခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲရွေ့ဆိုင်းခြင်း၊ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်း၊ လွတ်တော်ကိုယ်စားလှယ်တစ်ဦးအား တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုကြောင်း ကော်မရှင်သို့ တိုင်ကြားလာက စစ်ဆေးခြင်းနှင့် ပြဌာန်းမည့်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း။

    ရွေးကောက်ပွဲတွင် မဲစာရင်းသည်လွန်စွာမှ အရေးကြီးကြောင်း၊ မှန်ကန်သောမဲစာရင်းရရှိရေး အခြေခံ မဲစာရင်းကောက်ခံပြီး ဆန္ဒမဲ ပေးပိုင် ခွင့် ရှိသူအားလုံး မဲပေးနိုင်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ မဲစာရင်း မှန်ကန်ရေးအား မဲဆန္ဒရှင်များနှင့် ပါတီများမှ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှသာ မှန်ကန် သောမဲစာရင်း ရရှိမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနေ့တွင် ပယ်မဲမဖြစ်ရေး ပညာပေးလုပ်ငန်းများလည်း ဆောင်ရွက်နေကြောင်း၊ မဲရုံတိုင်းတွင် မဲပေးပုံလုပ်ငန်းလမ်းညွန်ဗီနိုင်းများ၊ မဲပေးရန် တံဆိပ်တုံးနှိပ်ရမည့် ပညာပေးဗီနိုင်းများ၊ ပယ်မဲမဖြစ်ရန်နှင့် သတ်မှတ်ရန် ပညာပေးဗီနိုင်းများ စသည်တို့ကို ကပ်ထားမည် ဖြစ်ကြောင်း၊ ကြိုတင်မဲများ ဥပဒေနှင့်အညီပေးရန်နှင့် ကြိုတင်မဲပေးသည့် ပြည်တွင်း/ပြည်ပ မဲပေးသူစာရင်း အားလည်း ပုံစံအသီးသီးဖြင့် ကပ်ထားပြီး ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်စေမှာဖြစ်ကြောင်း၊ မဲပေးပြီး မဲရေတွက်ရာတွင်လည်း လေ့လာစောင့်ကြည့်နိုင်ကြောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်လျောက်လုံး ပြည်တွင်း/ပြည်ပမှ လေ့လာစောင့်ကြည့်ရေးအဖွဲ့များအား လျှို့ဝှက်မဲပေးမှုစနစ်ထိခိုက်မှုမရှိက လေ့လာခွင့် ပြုသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသွားပါသည်။

    ၎င်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသော ပါတီကိုယ်စားလှယ်များ၊ လွတ်တော် ကိုယ်စားလှယ်လောင်းများက တင်ပြကြပါသည်။ တင်ပြဆွေးနွေးချက်များအပေါ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးခွင့်အား ပိတ်ပင်ခြင်းသည် လွတ်တော်ဥပဒေ အခန်း ၁၃ ပါ ဥပဒေများနှင့် ငြိစွန်းမှုရှိကြောင်း၊ ရဲအရေးပိုင်သောဥပဒေဖြစ်ပြီး အရေးယူ အပြစ်ပေးခံရနိုင်ကြောင်း၊ ရွေးကောက်ပွဲအပြီး ကန့်ကွက်လွာတင်လာကလည်း တရားမဲ့ပြုကျင့်ကြောင်း သက်သေထင်ရှားက အနိုင်/အရှုံး ပြောင်းလဲသွားနိုင်ကြောင်း၊ နယ်မြေလုံခြုံမှုမရှိကလည်း ရွေးကောက်ပွဲ ရွေ့ဆိုင်းရမှာဖြစ်ကြောင်း၊ IDP Camp စစ်ဘေးရှောင်စခန်းမှ မဲဆန္ဒရှင်များလည်း စခန်းရှိလူဦးရေစာရင်းအား မဲစာရင်းအဖြစ်ပြုစုပြီး ဆိုင်ရာမဲဆန္ဒ နယ်မြေအလိုက် မဲပေးခွင့်ရရှိအောင် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း၊ ရက်ပေါင်း (၁၈ဝ)အထက် ရောက်ရှိ နေသော မဲဆန္ဒရှင်များအားလည်း ပုံစံ(၃-က)ဖြင့် လျှောက်ထားလာက ရောက်ရှိနေရာတွင် မဲပေးခွင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကြိုတင်မဲပေးခြင်းလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိပြီး ရှင်းလင်းအောင် နည်းဥပဒေများရေးဆွဲထားပြီးဖြစ်ကြောင်း၊ ဥပဒေအား သိရှိအောင်ဆောင်ရွက်ရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်စေရန် စောင့်ကြည့်တည့်မတ်၍ ဥပဒေနှင့်မညီကလည်း ကန့်ကွက်ရန်ဖြစ်ကြောင်း၊ လုံခြုံရေးအရ မဲရုံမဖွင့်နိုင်သော မဲစာရင်းပြုစုရရှိပြီး မဲဆန္ဒရှင်များအား လုံခြုံသောနေရာတွင် မဲရုံဖွင့်လှစ်၍ ရွေးကောက်ပွဲ ပြုလုပ်နိုင်ပါကြောင်း ရှင်းလင်း ပြောကြားပါသည်။

    နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်ဥက္ကဋ္ဌမှ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ အငြင်းပွားမှုများပေါ်ပေါက်လာပါက ညှိနှိုင်းဖြေရှင်းရေးကော်မတီမှ စေ့စပ်ညှိနှိုင်းပေးမှာဖြစ်ကြောင်း၊ လက်ခံခြင်းမရှိက လုံခြုံရေးကောက်မတီမှ အရေးယူဆောင်ရွက်သွားစေမှာဖြစ်ကြောင်း၊ လွတ်လပ် တရား မျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲကြီးအား အေးချမ်းစွာကျင်းပနိုင်ရေး လွတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီများ၊ မီဒီယာများနှင့် ပြည်သူလူထုအပေါင်းမှ ပူးပေါင်းကြပါရန် မေတ္တာရပ်ခံ ပြောကြားသွားပါသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ပူတာအို ခရိုင် အတွင်းရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အသီးသီးနှင့် နိုင်ငံရေး ပါတီများ၊ လွတ်တော် ကိုယ်စားလှယ်လောင်း များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း များနှင့် တွေ့ဆုံ

    body

    body1

    body2

    body3

    မြစ်ကြီးနား၊ ပူတာအို အောက်တိုဘာ ၁

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် (၁ဝ:ဝဝ) ချိန်တွင် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် မြစ်ကြီးနားလေဆိပ်သို့ရောက်ရှိလာရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးအင်ဇော်နော်၊ ကချင်ပြည်နယ် ရွေးကောက်ပွဲကော်ရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမောင်မောင်ကွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးမှ တာဝန်ရှိသူများမှကြိုဆိုနှုတ်ဆက်ကြပါသည်။

    ထို့နောက် မြစ်ကြီးနားလေဆိပ်ဧည့်ခန်းမဆောင်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးအင်ဇော်နော်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတို့မှ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် သွားလာရန်ခက်ခဲသည့် ပူတာအိုခရိုင်အတွင်းရှိ နောင်မွန်း၊ ခေါင်လန်ဖူး၊ မချမ်းဘော မြို့နယ်များရှိ မဲရုံများတွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်း (၃.၃)တန် အား မြစ်ကြီးနား မှ ပူတာအို သို့ တပ်မတော်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် Y-8 ဖြင့် သယ်ယူပို့ဆောင်မည့်အခြေအနေနှင့် ပူတာအိုမှ တစ်ဆင့် တပ်မတော်ရဟတ်ယာဉ်များဖြင့် သက်ဆိုင်ရာမြို့နယ်များသို့ ဆက်လက်ပို့ဆောင်မည့် အခြေအနေ တို့ကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ လိုအပ်သည်များမှာကြားပြီး မဲရုံသုံး ပစ္စည်းများပို့ဆောင်မှုကို တစ်ပါတည်းလိုက်ပါကြည့်ရှုရန် မြစ်ကြီးနား လေတပ်စခန်းမှ တပ်မတော်လေယာဉ် ဖြင့် နံနက်(၁၁:ဝဝ)ချိန်တွင် ထွက်ခွာခဲ့ရာ ပူတာအို လေဆိပ်သို့ (၁၁:၄ဝ)ချိန်တွင် ရောက်ရှိခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် နံနက်(၁၂:ဝဝ)နာရီ အချိန်တွင် ပူတာအိုမြို့၊ ဖုန်ကန်ရာဇီခန်းမ၌ ပူတာအိုတပ်နယ်မှဒုတိယဗိုလ်မှူးကြီး ထွန်းထွန်းမြင့်၊ ပူတာအို ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လွတ်တော်ကိုယ်စားလှယ်လောင်းများ၊ လူမှုအဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအား ရင်းနှီးပွင့်လင်းစွာတွေ့ဆုံပါသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အဖွင့်အမှာစကားပြောကြားရာ၌ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်တွင် အာဏာကြီးသုံးရပ်ကို ကျင့်သုံးနိုင်ရန် စတင်အခြေခံ လာခြင်းမှာ ရွေးကောက်ပွဲမှ မြစ်ဖျားခံလာခြင်းဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများသည် နိုင်ငံတော်အတွက်လွန်စွာအရေးကြီးသည့် လုပ်ငန်းကြီးတစ်ခုလည်းဖြစ်ပါကြောင်း၊ ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ပေးရသည့်အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေထိုင်သော လူမျိုးစုများတွင် လူဦးရေ၏ (ဝ.၁)ရာခိုင်နှုန်းထက် များသော လူမျိုးစုများကိုလည်း တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးကောက်ပေးရပြီး အုပ်ချုပ်ရေးကိစ္စ များတွင် ပါဝင်နိုင်အောင် ဆောင်ရွက်ပေးရကြောင်း၊ အထွေထွေရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် လွန်စွာ အရေးကြီးပြီး ကော်မရှင်အနေနှင့်လည်း တာဝန်ကြီးမားပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ကြီး(၈)ရပ်ရှိပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေအရလည်း တာဝန်(၁၃)ရပ် သတ်မှတ်ပြဌာန်းထားပါကြောင်း၊ အနှစ်ချုပ်လိုက်လျင် အဓိက တာဝန် (၃)ခုသာရှိကြောင်း၊ (၁)လွတ်တော်အသီးသီးအတွက် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပေးခြင်း၊ (၂) ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို စစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲခုံအဖွဲ့များဖွဲ့စည်းခြင်း၊ (၃) နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ ပါတီများကို မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့် ကြီးကြပ်စေခြင်းတို့ ဖြစ်ပါကြောင်း။

    ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ဆက်လက်ပြောကြားရာတွင် ပါတီဆိုသည်မှာ ကိုယ့်ဒေသရပ်ရွာ ကောင်းကျိုးအတွက် ဆောင်ရွက်ရန် တူညီသောသဘောထားရှိသူများ စုစည်းတည်ထောင်ထားတဲ့ အဖွဲ့အစည်း ပင်ဖြစ်ကြောင်း၊ ပါတီဖြစ်၍ ပြည်သူနှင့်တစ်သားတည်းရှိပြီး လူထုကို အစဉ်စည်းရုံးနေဖို့လိုကြောင်း၊ ဒါမှသာ လူထု၏ ယုံကြည်လေးစားအားကိုးမှုကို ရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲတွင်အနိုင်ရပါက ဒေသနှင့်နိုင်ငံအကျိုး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လွတ်တော်ကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ပါက လွတ်တော်တွင် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို အကောင် အထည်ဖော် ဆောင်ရွက်ကြရမည့်သူများဖြစ်ကြောင်း၊ လွတ်တော်အတွင်းလူတော်လူကောင်းများ ရောက်ရှိ မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲများကို (၅)နှစ်တစ်ကြိမ် ကျင်းပပေးရမည်ဖြစ်ပြီး ပထအကြိမ် လွတ်တော်အသီးသီး၏ သက်တမ်းသည် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ (၃ဝ)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်၍ သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း (၉ဝ)အတွင်း ရွေးကောက်ပွဲကျင်းပပေးရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အနိုင်ရသောပါတီ သည် အာဏာရပါတီဖြစ်ပြီး နိုင်ငံတော်ကို ဦးဆောင်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရပါကြောင်း၊ အနိုင်မရတဲ့ ပါတီ များကလည်း အတိုက်အခံပါတီအဖြစ် ကောင်းမွန်သော စိတ်ထားဖြင့် အစဉ်စောင့်ကြည့်ပြီး တည့်မတ် ထိန်းကြောင်းရန် များစွာလိုအပ်ပါကြောင်း၊ လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲကြီးကို ဥပဒေနှင့်အညီ အောင်မြင်စွာကျင်းပပေးနိုင်ရေးအတွက် ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ Observer များနှင့် မီဒီယာများ အပြုသဘောဆောင် ပူပေါင်းဆောင်ရွက်သွားကြရန်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်လည်း လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲကြီးဖြစ်ရန် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

    ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသော နိုင်ငံရေးပါတီများ၊ လွတ်တော် ကိုယ်စားလှယ် လောင်းများ၏ ရွေးကောက်ပွဲရလဒ်အပေါ် လေးစားလိုက်နာနိုင်မှုရှိ/မရှိ၊ အစိုးရစီမံကိန်းအပေါ် ပါတီများမှ အမြတ်ထုတ်မှု၊ ပြည်ပရောက်မဲဆန္ဒရှင်များ၏ မဲပေးမှုအခြေအနေ၊ ပူတာအို အမျိုးသားလွတ်တော် မဲဆန္ဒ နယ်မြေသတ်မှတ်ပေးရန် ဆောင်ရွက်မှုအခြေအနေ၊ ဘာသာရေးအဆောက်အဦများ အသုံးပြုမဲဆွယ် စည်းရုံးခွင့် ရှိ/မရှိ၊ စစ်ဘေးရှောင် IDP စခန်းများမှ မဲဆန္ဒရှင်များမဲပေးခွင့် အခြေအနေများကို မေးမြန်းရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာ စကားပြောကြားပါသည်။

    ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ပူတာအိုလေဆိပ်မှ တပ်မတော်လေယာဉ်ဖြင့် (ဝ၃:၃ဝ)ချိန်တွင် ပြန်လည်ထွက်ခွာလာရာ မြစ်ကြီးနားလေတပ်စခန်း ဌာနချုပ်သို့ ညနေ (ဝ၄:၁၅)အချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

  • နိုင်ငံတော်အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များသို့ ကြိုတင်ဆန္ဒမဲလက်မှတ်များ ပေးပို့မှုဆောင်ရွက်ခြင်းအားအသိပေးခြင်း

    {edocs}photo/news_photos/1-10-2015/form15.pdf,100%,900{/edocs}

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ Ms. Kristen Bauer နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

    body-american

    နေပြည်တော်  အောက်တိုဘာ ၁

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံ Ms. Kristen Bauer နှင့်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

  • ကန့်ကွက် နိုင်ကြောင်း အများ သိစေရန် ကြေညာခြင်း

    logo

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်း (၉၁ လမ်းထိပ်)၊ အမှတ် (၁၀၆/၁၀၈)တွင် ပါတီရုံးချုပ်တည်ရှိသော  လူ့ဘောင်သစ်ပါတီ က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ  နိုင်ငံရေးပါတီအဖြစ်   မှတ်ပုံတင်ခွင့်ပြုရန် ၉-၃-၂၀၁၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊  အလံနှင့် တံဆိပ်တို့.........

    Register to read more...

  • ကန့်ကွက် နိုင်ကြောင်း အများ သိစေရန် ကြေညာခြင်း

    fr-logo

    နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ အရ နိုင်ငံရေး ပါတီ အဖြစ် မှတ်ပုံတင် ခွင့်ပြု ထားပြီး ဖြစ်သည့် ရန်ကုန် တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၊ တာမွေကြီး (က+ဂ) ရပ်ကွက်၊ (၁၆၁) လမ်း၊ အမှတ် (၁၄)တွင် ပါတီ ရုံးချုပ် တည်ရှိသော ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ သည်.........

    Register to read more...

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး အမေရိကန် နိုင်ငံ၊ ပရင်စတန် တက္ကသိုလ်မှ မဟာဘွဲ့ သင်တန်း သားများ နှင့်တွေ့ဆုံ

    body1

    body2

    နေပြည်တော် အောက်တိုဘာလ ၃၀ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် အမေရိကန် နိုင်ငံ၊ ပရင်စတန် တက္ကသိုလ် မှ Ms. Vanesa Sanchec ဦးဆောင်သည့်  မဟာဘွဲ့ သင်တန်းသား (၅) ဦးအား ယနေ့နံနက် ၁၀:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံ ရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးသည့် အချိန်မှ စ၍ လက်ရှိ အချိန် အထိ မြန်မာ နိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ်များ၊ ရွေးကောက်ပွဲ ဆိုင်ရာ အတွေ့ အကြုံ များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြား ပါသည်။ ဆက်လက်၍ သင်တန်းသား (၅) ဦးမှ ရွေးကောက်ပွဲ များအတွက် မဟာဗျူဟာ စီမံချက်(Strategic Plan) ရေးဆွဲ ဆောင်ရွက် ထားရှိ မှုနှင့် မဟာ ဗျူဟာ စီမံချက်အား အကောင် အထည်ဖော် ဆောင်ရွက် နေမှု အခြေ အနေများ၊ ကြိုတင်မဲ နှင့် စပ်လျဉ်း၍ သိရှိ လိုသည့် အချက်များ၊ ရွေးကောက်ပွဲ များအတွက် မဲဆန္ဒနယ်များ ပြင်ဆင် သတ်မှတ်ခြင်း ဆိုင်ရာများ၊ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ဆိုင်ရာ ဆောင်ရွက် နေမှုများ၊ ရွေးကောက်ပွဲ စနစ်များ၊ ရွေးကောက်ပွဲ ဆိုင်ရာ တိုင်ကြား မှုများ၊ ကန့်ကွက်လွှာ များအတွက် စစ်ဆေး ဆုံးဖြတ် ပေးမှုများ၊ ပြည်တွင်း ပြည်ပ လေ့လာ စောင့်ကြည့်သူ များအား ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ ခွင့်ပြုမည့် အခြေ အနေများ၊ ရွေးကောက်ပွဲများတွင် အမျိုးသမီးများ၊ တိုင်းရင်းသားလူမျိုးများ ပါဝင်နိုင်မှု အခန်းကဏ္ဍနှင့် Conflict ဖြစ်ပွားနေသည့် ဒေသများတွင် ရွေးကောက်ပွဲကျင်းပပေးနိုင်မည့် အခြေ အနေများ၊ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်း များတွင် အရပ်ဖက် လူမှု အဖွဲ့ အစည်း (CSO) များနှင့် ပူးပေါင်း ဆောင်ရွက် နေမှုများ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံး၏ လူ့စွမ်းအား အရင်းအမြစ် နှင့် ဘဏ္ဍာငွေ အရင်း အမြစ် သုံးစွဲနိုင်မှု အခြေအနေ များ၊ ရွေးကောက်ပွဲ ဆိုင်ရာ မဲဆွယ် စည်းရုံး မှုများနှင့် စပ်လျဉ်း၍ မေးမြန်းကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက ပြန်လည် ရှင်းလင်း ဖြေကြားသည်။

    နိဂုံးချုပ် အနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက မြန်မာနိုင်ငံ အနေဖြင့် စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်သို့ ပြုပြင် ပြောင်းလဲ ဆောင်ရွက် နေသည့်  အခြေ အနေများ၊ တည်ငြိမ် အေးချမ်းမှု ရှိမှသာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မည် ဖြစ်၍ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်း ဆောင်ရွက် နေသည့် အခြေအနေ များအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

    ယင်းသို့ တွေ့ဆုံ ရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်၊ အတွင်းရေးမှူး ဦးတင်ထွန်း နှင့် ကော်မရှင် ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြသည်။

    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ဥရောပ သမဂ္ဂ အဖွဲ့ရုံး မှ သံအမတ်ကြီး နှင့် အဖွဲ့အား လက်ခံ တွေ့ဆုံ

    body

    နေပြည်တော် အောက်တိုဘာလ ၂၇ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် ရန်ကုန်မြို့ ရှိ ဥရောပ သမဂ္ဂ အဖွဲ့ရုံးမှ သံအမတ်ကြီး  H.E Mr.Roland Kobia နှင့် အဖွဲ့အား ယနေ့ နေ့လည် ၁၄:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို တွေ့ဆုံ ရာ၌ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အား လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲ အဖြစ်  ကျင်းပ ပေးနိုင်ရေး အတွက် ပြင်ဆင် ဆောင်ရွက် နေမှု၊ ဥရောပ သမဂ္ဂ အဖွဲ့မှ ရွေးကောက်ပွဲ ဆိုင်ရာ ကိစ္စရပ် များအတွက် နည်းပညာများ၊ ရန်ပုံ ငွေများ ကူညီ ထောက်ပံ့ ပေးမည့် ကိစ္စနှင့် ရွေးကောက်ပွဲ အကူ အညီ ပေးသည့်  နိုင်ငံ တကာ အဖွဲ့ များနှင့် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက် သွားမည့် ကိစ္စများ၊ မဲစာရင်း ပြုစုခြင်း လုပ်ငန်း များအား IFES  အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည့် ကိစ္စများ၊ မဲဆန္ဒရှင် ပညာ ပေးခြင်း နှင့် မဲရုံ ဝန်ထမ်းများ သင်တန်း ပေးခြင်း  လုပ်ငန်း များတွင် ဥရောပ သမဂ္ဂ အဖွဲ့နှင့် ပူးပေါင်း ညှိနှိုင်း သွားမည့် ကိစ္စများ၊ Observer များအတွက် Code of Conduct ရေးဆွဲခြင်း လုပ်ငန်းတွင် ပူးပေါင်း ညှိနှိုင်း ဆောင်ရွက် သွားမည့် ကိစ္စများ၊ ဥရောပ သမဂ္ဂ၏ ရွေးကောက်ပွဲ  စောင့်ကြည့် လေ့လာရေး (EUEOM) အဖွဲ့များ စေလွှတ်ရေး ကိစ္စရပ်များ အပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ကြသည်။

    ယင်းသို့ တွေ့ဆုံ ရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော  ဦးမြင့်နိုင်၊ ဒေါက်တာဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်၊ ဦးဝင်းကို၊ အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံး မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပွဲ

    bodyPress

    ရန်ကုန် အောက်တိုဘာ ၂၂

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နေ့လည် ၂ နာရီက ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်း ရှိ ပန်ဒါ ဟိုတယ်၌ ကျင်းပခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲ သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး နှင့် အဖွဲ့၀င်များ ၊ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) မှ ဒုဥက္ကဌ ဦးခင်မောင်လေး(ဖိုးသောကြာ၊ ခေတ်မိုး) နှင့်အတူ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း၊ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ မှ တာ၀န် ရှိသူများ တက်ရောက်ကြသည်။

    ယင်းဆွေးနွေးပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ ပြောကြားသည်မှာ ယနေ့ ဆွေးနွေးပွဲ သို့ တက်ရောက်လာသော မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)၊ မြန်မာနိုင်ငံ သတင်းစာ ဆရာ အသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ တို့နှင့် တွေ့ဆုံရသည့် အတွက် ၀မ်းမြောက် ပါကြောင်း၊ ယခု အချိန်အသည် ဒုတိယ အကြိမ် တွေ့ဆုံပွဲ ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှသော ရွေးကောက်ပွဲ ဖြစ်ရန် လိုအပ်ပါကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အဓိက တာ၀န်ရှိ ပါကြောင်း၊ ထို့အပြင် နိုင်ငံရေး ပါတီများ၊ အရပ်ဖက် ဆိုင်ရာလူမှု အဖွဲ့အစည်းများ၊ မီဒီယာ အဖွဲ့အစည်း များမှ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထု နှင့် မဲဆန္ဒရှင်များအား ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာ ပေးရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် သက်တမ်းသည် ယင်းလွှတ်တော်၏ ပထမ အကြိမ် အစည်းအဝေး စတင် ကျင်းပသည့် နေ့ရက်မှ စ၍ ငါးနှစ် ဖြစ်ပါကြောင်း၊ လွှတ်တော်၏ သက်တမ်း တစ်ရပ် စတင်သော ပထမ အကြိမ် ပုံမှန် အစည်း အဝေးကို အထွေထွေ ရွေးကောက်ပွဲ စတင် ကျင်းပသည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမည် ဖြစ်ပါကြောင်း၊ ပထမအကြိမ် ပြည်သူ့ လွှတ်တော် အစည်း အဝေး ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်နေ့တွင် ကျင်းပ ပြုလုပ် ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လွှတ်တော် သက်တမ်း ငါးနှစ် ပြည့်မြောက်မည် ဖြစ်ပါကြောင်း၊ ဒုတိယ အကြိမ် လွှတ်တော် အစည်း အဝေး များ ကျင်းပရန် အတွက် ရက်ပေါင်း ၉၀ ကြိုတင်၍ ရွေးကောက်ပွဲ ကျင်းပ ပေးရမည် ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် ရွေးကောက်ပွဲ ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ် သို့မဟုတ် နို၀င်ဘာလ ပထမ ပတ်တွင် ကျင်းပ ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

    ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င် ဒေါက်တာ ဒေါ်မြင့်ကြည့် မှ ရှင်းလင်း ဆွေးနွေး သည်မှာ မဲဆန္ဒရှင် အသိ ပညာ ပေးခြင်း ၊ ရွေးကောက်ပွဲ ဆိုင်ရာ ကျင့်၀တ်များ လိုက်နာ ဆောင်ရွက် စေရေး နှင့် ရွေးကောက်ပွဲ ဆိုင်ရာ သတင်းများ ကို ထုတ်ပြန် ပေးရန် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) ကူညီပံ့ပိုး စေလိုကြောင်း ဆွေးနွေးခဲ့သည်။

    ယင်းနောက် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) ဒုဥက္ကဌ ဦးခင်မောင်လေး (ဖိုးသောကြာ၊ ခေတ်မိုး)၊ အတွင်းရေးမှူး ဦးကျော်မင်းဆွေ ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ဥက္ကဌ ဦးကိုကို တို့မှ ပြန်လည် ဆွေးနွေး ပါသည်။

    ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င် ဦး၀င်းကြည် နှင့် ဦး၀င်းကို တို့က ဥပဒေများ ၊ နည်းဥပဒေများ ပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ် များနှင့် ပက်သက်၍ ရှင်းလင်း ဆွေးနွေးပါသည်။

    မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ၀င် ဒေါက်တာမျိုးသန့်တင်၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း မှ ဦးဖေမြင့်၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ဒုဥက္ကဌ ဦးသီဟစော၊ မြန်မာနိုင်ငံ စာနယ်ဇင်း သမဂ္ဂ ဦးဆောင် ကော်မတီ၀င် ဦးချစ်၀င်းမောင် တို့မှ ပြန်လည် ဆွေးနွေး ပါသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ပြောကြား ခဲ့သည့် အတွက် ကျေးဇူး တင်ရှိ ပါကြောင်း၊ ရွေးကောက်ပွဲ များကို ကျင်းပရာတွင် လွတ်လပ် တရား မျှတမှု ရှိအောင် ပွင့်လင်း မြင်သာမှု ရှိစေရန် အများ ယုံကြည် လက်ခံ နိုင်အောင် ကျင်းပရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီ ၊ လူမှု အဖွဲ့အစည်း များ၊ မီဒီယာ တို့ပူးပေါင်းပြီး လူထုကို ပညာပေး ၊ လူထု စွမ်းအားကို ရယူကာ ဆောင်ရွက်မှသာ အောင်မြင်မှု ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ လူထုကို ပညာပေး ရာတွင် မှန်ကန်သော သတင်းများ ကို အချိန်နှင့် တပြေးညီ ရရှိရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ပက်သက်သော သတင်းများကို ပေးပို့သွားမည် ဖြစ်ကြောင်း၊ ယနေ့ တက်ရောက်လာကြသော အဖွဲ့အစည်း အသီးသီးမှ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ကူညီပံ့ပိုး ပေးစေလိုကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

    ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) မှ ဒုဥက္ကဌ ဦးခင်မောင်လေး(ဖိုးသောကြာ၊ ခေတ်မိုး) တို့မှ ပူးတွဲ၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် ခဲ့ကြပြီး မွန်းလွဲ ၄ နာရီ ၃၀ မိနစ်တွင် ပြီးဆုံး ခဲ့ပါသည်။


    (သတင်းစဉ်)

     

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ကျား၊မ ရေးရာ မူဝါဒ ဆိုင်ရာ အလုပ်ရုံ ဆွေးပွဲ

    bodyGen

    ရန်ကုန် အောက်တိုဘာ ၂၂

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ကျား၊ မ ရေးရာ ဆိုင်ရာ အရပ်ဖက် လူမှု အဖွဲ့ အစည်းများ နှင့် ကျား၊ မ ရေးရာ မူဝါဒ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်း ရှိ ပန်ဒါ ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး တက်ရောက် ကြည့်ရှု့အား ပေးသည်။ အခမ်းအနား သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င်များ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ကော်မရှင် အဖွဲ့ခွဲ များမှ တာ၀န်ရှိသူများ ကျား၊မ ရေးရာ ဆိုင်ရာ အရပ်ဖက် လူမှုအဖွဲ့အစည်း (၁၇) ဖွဲ့ မှ အမျိုးသမီး ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

    အဆိုပါ ဆွေးနွေးပွဲ တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င် ဒေါက်တာ ဒေါ်မြင့်ကြည့် က အဖွင့်အမှာ စကား ပြောကြား ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင် လုပ်ငန်စဉ် များကို ဖွံ့ဖြိုး တိုးတက်ရန် မဟာ ဗျူဟာ စီမံကိန်း တစ်ခု ရေးဆွဲ ထားကြောင်း၊ မဟာဗျူဟာ စီမံကိန်းတွင် ပန်းတိုင် (၁၂) ခု ပါရှိကြောင်း ၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ် များတွင် အမျိုးသမီးများ မည်သို့ ပါ၀င် နိုင်သည် များကို ဝိုင်း၀န်း ဆွေးနွေး ကြရန် ဖြစ်ကြောင်းဖြင့် အဖွင့်အမှာ စကား ပြောကြား ခဲ့သည်။

    ဆက်လက်၍ အုပ်စု (၄) စု ဖွဲ့၍ တက်ရောက် လာသူများက မဟာ ဗျူဟာ စီမံကိန်းတွင် ပါ၀င်သော ပန်းတိုင်များ ဖြစ်သည့် ဥပဒေ ရေးရာ မူဘောင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းပုံ၊ လူ့စွမ်းအား အရင်းအမြစ် နှင့် ကျွမ်းကျင်မှု စွမ်းရည် ပျိုးထောင် တည်ဆောက်ခြင်း၊ ပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင် စာရင်း ပြုစုခြင်း၊ သတင်း အချက်အလက် နှင့် ဆက်သွယ်ရေး နည်းပညာ၊ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်း ဆောင်ရွက် မှုများ၊ ကဏ္ဍ စုံမှ ပါ၀င် ပက်သက်သူများ နှင့် ဆက်ဆံရေး၊ ပြည်သူများ နှင့် မဲဆန္ဒရှင် များအား အသိပညာပေးခြင်း၊ အားလုံး ပါ၀င် ဆောင်ရွက်မှု မြှင့်တင်ခြင်း၊ နိုင်ငံရေး ပါတီများ နှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများ ဥပဒေ စည်းမျဉ်း စည်းကမ်းများ နှင့် အညီ လိုက်နာ ဆောင်ရွက်ခြင်း၊ ရွေးကောက်ပွဲ ဆိုင်ရာ အငြင်းပွားမှု စသည် တို့တွင် အမျိုးသမီးများ ပါ၀င် ဆောင်ရွက် နိုင်ရေးတို့ကို ဆွေးနွေး ကြသည်။

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်ရှင် အဖွဲ့၀င် ဒေါက်တာ ဒေါ်မြင့်ကြည့် က နိဂုံးချုပ် အမှာစကား ပြောကြားရာတွင် တိုင်းရင်းသား မျိုးနွယ်ပေါင်းစုံ၊ မသန်စွမ်းသူများ ၊ အမျိုးသမီးများ အနေဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် များတွင် ပါ၀င် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေများ တွင် ကျား၊မ အားလုံးတန်းတူ မဲပေးခွင့်၊ တန်းတူ ၀င်ရောက်ယှဉ်ပြိုင် ခွင့်တို့ကို ပေးအပ် ထားသော်လည်း လက်ရှိ အချိန်တွင် အမျိုးသမီး ပါ၀င်မှု ရာခိုင်နှုန်း နိမ့်ကျနေသည်ကို တွေ့မြင်ရကြောင်း၊ ယနေ့ အစည်း အဝေး မှ ရရှိသော ဆွေးနွေး ချက်များ အပေါ် မူတည်၍ အမျိုးသမီး အဖွဲ့အစည်း အသီးသီး အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပါက အနာဂါတ်တွင် အမျိုးသမီးများ နိုင်ငံရေး လုပ်ငန်း၊ ရွေးကောက်ပွဲ လုပ်ငန်း စဉ်များတွင် ၊ ပိုမိုပါ၀င် လာနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသမီး အဖွဲ့အစည်း အသီးသီးက ပူးပေါင်း ပါ၀င် ဆောင်ရွက်ကြပါရန် တိုက်တွန်းကြောင်း ပြောကြားသွားပြီး အလုပ်ရုံ ဆွေးနွေးပွဲသည် မွန်းလွဲ ၄ နာရီတွင် ပြီးဆုံးခဲ့ပါသည်။

    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေး ပါတီများ အကြား ရွေးကောက်ပွဲ ဆိုင်ရာ ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှု အစည်းအဝေး ကျင်းပ

    body1

    body2

    ရန်ကုန် အောက်တိုဘာ ၂၁

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေး ပါတီများ အကြား ပူးပေါင်း ညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်၌ ကျင်းပ ခဲ့သည်။

    ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က အဖွင့်အမှာ စကား ပြောကြား ရာတွင် ယနေ့ ပြုလုပ်သော အစည်း အဝေး သည် ၂၀၁၅ ခုနှစ် တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲ အတွက် ပြုလုပ်ရမည့် လုပ်ငန်းစဉ် များအတွက် ညှိနှိုင်း ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ ပြည့်စုံ မှန်ကန်သော မဲစာရင်း ကောက်ခံ ရရှိ ရေးတွင် မည်သို့ ဆောင်ရွက်မည်၊ ရွေးကောက်ပွဲ အတွက် ပြည်သူများ နှင့် မဲဆန္ဒရှင် များအား အသိပညာ ပေးရေး ဆောင်ရွက်ရာတွင် ပြီးပြည့်စုံသော အသိပညာ ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက် နိုင်မည် မဟုတ် သဖြင့် မဲဆန္ဒရှင် အသိပညာ ပေးရေး လုပ်ငန်း မည်သို့ ဆောင်ရွက်မည်၊ အဆင့်ဆင့်သော ကော်မရှင် အဖွဲ့ခွဲများ နှင့် မဲရုံ၀န်ထမ်း များအား မည်သို့ လေ့ကျင့် ပေးမည်၊ အေးချမ်း မျှတစွာ မဲဆွယ် စည်းရုံးရေး လုပ်ငန်းများ မည်သို့ ဆောင်ရွက်မည်၊ မဲပေးရာတွင် ကြိုတင်မဲများ ပွင့်လင်း မြင်သာမှု ရှိအောင် ဆောင်ရွက်မည့် စနစ်များ ပယ်မဲများ မဖြစ်စေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ မဲရေတွက် ရာတွင် ပွင့်လင်း မြင်သာစွာ သက်သေ များနှင့် မဲဆန္ဒရှင်များ ရှေ့မှောက်တွင် ရေတွက်ခြင်း လုပ်ငန်းများ စသည်ဖြင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် များအား ဆွေးနွေးသွား မည်ဖြစ်၍ တက်ရောက် လာသော ပါတီများ အနေဖြင့်လည်း ဝိုင်း၀န်း ဆွေးနွေး သွားကြရန် နှင့် နိုင်ငံတော် သမ္မတက လက်မှတ် ရေးထိုးပြီး ပြည်ထောင်စု လွှတ်တော် က ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြဌာန်း ခဲ့သည့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် (၃၈) နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ် ဥပဒေတွင် ပါရှိသည့် စကားရပ် အစားထိုးခြင်း၊ ဖြည့်စွက်ခြင်းများကိုလည်း နိုင်ငံရေးပါတီများမှ လိုက်နာဆောင်ရွက်ကြစေရန် ပြောကြားပါသည်။

    ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ အနေဖြင့် အုပ်စုငယ်များ ခွဲ၍ မဲဆွယ် စည်းရုံး ရာတွင် လိုက်နာ ဆောင်ရွက် သင့်သည့် စည်းကမ်းများ၊ နိုင်ငံရေး ပါတီများ လိုက်နာ သင့်သည့် ကျင့်၀တ်များ၊ နိုင်ငံရေး ပါတီ များ၏ ရံပုံငွေ ဘဏ္ဍာရေး ဆိုင်ရာ ကိစ္စရပ် များအား ဝိုင်း၀န်း ဆွေးနွေး အကြံပြုခြင်း များဆောင်ရွက် ခဲ့ကြပါသည်၊

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ က နိဂုံးချုပ် အမှာစကား ပြောကြား ရာတွင် နိုင်ငံရေး ပါတီများ အနေဖြင့် တက်ကြွစွာ ဆွေးနွေး သွားသည့် အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ နိုင်ငံရေး ပါတီများမှ ရွေးကောက်ပွဲ တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း များသည် ရွေးကောက်ပွဲ တွင် အနိုင် ရရှိပြီး လွှတ်တော် အတွင်း ရောက်ရှိ ပါက ဥပဒေ ပြုရေး အာဏာ အုပ်ချုပ်ရေး အာဏာ တရား စီရင်ရေး အာဏာ တို့ကို အကောင်အထည် ဖော်ဆောင်ရွက် ရမည့် ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ အာဏာ သုံးရပ်ကို တာ၀န် ယူရမည့် ပုဂ္ဂိုလ်များ အနေဖြင့် စီးပွားရေး အမြင် အုပ်ချုပ်ရေး အမြင် လုံခြုံရေး အမြင် နိုင်ငံရေး အမြင် တို့သာမက နိုင်ငံတကာ အမြင်ပါ ရှိရန် လိုအပ်ကြောင်း ၊ နိုင်ငံရေး ပါတီများ အနေဖြင့် ထုတ်ပြန် ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်များ ကိုလည်း သိရှိအောင် လေ့လာ ထားစေလိုကြောင်း နိုင်ငံရေး ပါတီ အချင်းချင်း အပြန် အလှန် ထိန်းကျောင်း စေလိုကြောင်း၊ ဥပဒေ၏ အကာကွယ် ကိုလည်း ရယူ၍ ဆောင်ရွက်ကြ စေလိုကြောင်း၊ ကောင်းသော အကြံ ဉာဏ်များ ရှိလျှင်လည်း အကြံ ပြုကြ ပါရန် နှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် နိုင်ငံရေး ပါတီများ မှ ပူးပေါင်း ဆောင်ရွက် စေလိုကြောင်း ဖြင့် ပြောကြား ခဲ့သည်။

    အဆိုပါ ဆွေးနွေး ပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ တာ၀န် ရှိသူများ၊ နိုင်ငံရေး ပါတီ များမှ ကိုယ်စားလှယ်များ၊ နိုင်ငံတကာ ရွေးကောက်ပွဲ စနစ်များ ဆိုင်ရာ ဖောင်ဒေးရှင်း(IFES) နှင့် INGO (၃) ဖွဲ့တို့ မှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရှိရပါသည်။

     

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူမှု အဖွဲ့အစည်း များအကြား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်

    body1

    body2

    ရန်ကုန် အောက်တိုဘာ ၂၀

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူမှု အဖွဲ့အစည်း များအကြား ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်မှု ဆိုင်ရာ တတိယ အကြိမ် အလုပ်ရုံ ဆွေးနွေးပွဲ ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မီကာဆာ ဟိုတယ်၌ ကျင်းပခဲ့သည်။

    အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ သည် ၂၀၁၅ ခုနှစ် တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများအတွက် ကြိုတင် ပြင်ဆင်သည့် လုပ်ငန်း တစ်ရပ် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် မှ သိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နှင့် ချင်းပြည်နယ် တို့တွင် ပြုလုပ်ခဲ့သည့် မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ရှေ့ပြေးစီမံချက်မှ ရရှိခဲ့သော အတွေ့အကြုံ သင်ခန်းစာများကို မျှေ၀ရန်နှင့် တစ်နိုင်ငံ လုံးအဆင့် မဲဆန္ဒရှင် စာရင်း ပြုစုခြင်း လုပ်ငန်း ဆောင်ရွက်မည့် အစီအစဉ် များကို အရပ်ဘက် လူမှု အဖွဲ့ အစည်း များနှင့် တွေ့ဆုံ၍ အသိပေး ရှင်းလင်း ခြင်းပင် ဖြစ်ကြောင်း၊

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရေးဆွဲထားသည့် မဟာဗျူဟာ စီမံကိန်း (၂၀၁၄-၂၀၁၈) ရည်မှန်းချက် တွင် ပါ၀င်သည့် မဟာ ဗျူဟာ အနေဖြင့် ကဏ္ဍစုံမှ ပါ၀င် ပတ်သတ် နေသူများ၏ ထောက်ပံ့ ကူညီမှု ကို ရယူခြင်း၊ မဲဆန္ဒရှင် စာရင်း ဆိုင်ရာ အချက်အလက် များကို ကွန်ပျူတာ၊ အင်တာနက် စသည့် နည်းပညာ များ အသုံး ပြုကာ တစ်နေရာ တည်းတွင် ပေါင်းစည်းခြင်း နှင့် နောက်ဆုံး အခြေအနေ နှင့် ကိုက်ညီသည့် အချက်လက် များကို စုစည်းကာ ပိုမိုပြည့်စုံ မှန်ကန်သော မဲဆန္ဒရှင် စာရင်း ပြုစုရန်ပင် ဖြစ်ကြောင်း၊

    ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် ပြည်သူများ နှင့် မဲဆန္ဒရှင် များအား အသိပညာပေး လုပ်ငန်းများကို နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့စည်း များ၊ မီဒီယာများနှင့် နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှုကို ရယူ သွားမည် ဖြစ် သောကြောင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ပူးပေါင်း ဆောင်ရွက် နိုင်သော နည်းလမ်း များနှင့် အကြံဉာဏ် များကို ပါ၀င် ဆွေးနွေး စေလို ပါကြောင်းဖြင့် ပြောကြားသည်။

    ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့၀င် ဦး၀င်းကြည်က မြန်မာ တစ်နိုင်ငံလုံး ၌ အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုရန် လျာထားသည့် လုပ်ငန်း အစီအစဉ်၊ အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း လက်စွဲစာဆောင်နှင့် ပက်သက်ပြီး ရှင်းလင်း ပြောကြားသည်။ ယင်းနောက် အရပ်ဘက် လူမှု အဖွဲ့အစည်း ဖြစ်သည့် PACE မှ ဦးစိုင်းရဲကျော်စွာမြင့် က ရွေးကောက်ပွဲ စောင့်ကြည့် အကဲခတ်သူများ လိုက်နာရမည့် ကျင့်၀တ် ရေးဆွဲနိုင်ရေး အတွက် ဆွေးနွေး တင်ပြခဲ့ပြီး တက်ရောက်လာကြသူ များမှ ပူးပေါင်း ဆွေးနွေး ခဲ့ကြသည်။

    ဆက်လက်၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက နိဂုံးချုပ် အမှာစကား ပြောကြား ရာတွင် ရွေးကောက်ပွဲ ကျင်းပ ချိန်တွင် CSO များ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း နှင့် စောင့်ကြည့်လေ့လာခြင်း နှစ်ပိုင်း ရှိကြောင်း၊ မဲစာရင်း ကောက်ယူခြင်းနှင့် မဲဆန္ဒရှင် ပညာပေးရေး လုပ်ငန်းများ တွင်လည်း ပူးပေါင်း ဆောင်ရွက် ရန်လို ကြောင်း၊ ရွေးကောက်ပွဲ သည် အရေးကြီးပြီး လူတော် လူကောင်းများ လွှတ်တော် တွင်း ရောက်ရှိရန် လိုကြောင်း၊ ကြိုတင် မဲပေးစနစ် နှင့်ပက်သက်၍ ကြိုတင် ပြင်ဆင် ထားရှိမှု အခြေအနေ များအား ရှင်းလင်းခဲ့ပြီး၊ Observer များ အနေဖြင့် သိက္ခာ သမာဓိ ရှိသော ဘက်မလိုက်သော ဂုဏ်ရှိသော အဖွဲ့အစည်း များ ဖြစ်စေလိုကြောင်း ၊ စောင့်ကြည့် လေ့လာသည့် အဖွဲ့ အစည်း များ အနေဖြင့် ဥပဒေ ၊ နည်းဥပဒေ များအား နှံ့နှံ့ စပ်စပ် သိရှိအောင် လေ့လာ စေလိုကြောင်း ပြောကြားခဲ့ပါသည်။

    ယနေ့ပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့၀င် များနှင့် ကော်မရှင် အတွင်းရေးမှူး၊ ကော်မရှင်မှ ၀န်ထမ်းများ၊ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ ဥက္ကဌနှင့် ရွေးကောက်ပွဲအရာရှိ၊ IFES (International Foundation for Electoral Systems)၊ အရပ်ဘက် လူမှု အဖွဲ့ အစည်း (၄၄) ဖွဲ့မှ ကိုယ်စားလှယ်များ နှင့် INGO ( ၉) ဖွဲ့တို့ မှ ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရှိရပါသည်။

    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် International IDEA တို့၏ Social Media နှင့် ရွေးကောက်ပွဲဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ

    ideaBody

    ရန်ကုန်၊ အောက်တိုဘာလ ၁၆ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် International IDEA တို့၏ Social Media နှင့် ရွေးကောက်ပွဲ ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ တွင် ရန်ကုန်မြို့၊ မဟာ ဗန္ဓုလ လမ်းရှိ International IDEA ရုံးခန်း၌ ကျင်းပသည်။

    ဆွေးနွေးပွဲတွင် International IDEA မှ တာဝန်ရှိသူ (၂) ဦးက International IDEA ၏ ရွေးကောက်ပွဲ အစီအစဉ် နှင့် သက်ဆိုင်သော လုပ်ငန်းစဉ် များအား မိတ်ဆက်ခြင်း၊ Social Media နှင့် ရွေးကောက်ပွဲ များ သက်ဆိုင်မှု အခြေအနေ၊ ရွေးကောက်ပွဲ ကော်မရှင်၏ မဟာ ဗျူဟာနှင့် မီဒီယာ အသုံးပြုမှု၊ Social Media နှင့် ထိတွေ့ ဆက်ဆံမှု အခြေအနေ၊ International IDEA ၏ Social Media လမ်းညွှန်၊ မဟာ ဗျူဟာ တစ်ခု ပုံဖော် သတ်မှတ်ရန် အတွက် အကြံပြု ချက်များ ရယူခြင်း တို့အား ဆွေးနွေး ပြီးနောက် Myanmar ICT Development Organization မှ တာဝန် ရှိသူ တစ်ဦးက မြန်မာနိုင်ငံ ၏Social Media လက်ရှိ အနေ အထားနှင့် ရွေးကောက်ပွဲ တွင် သုံးစွဲနိုင်မှု အလား အလာ အား ဆွေးနွေးခြင်း နှင့် Social Media မဟာဗျူဟာ ချမှတ်ရေး လုပ်ငန်းစဉ် အား ဝိုင်းဝန်း ဆွေးနွေး ခဲ့ပြီး ဆွေးနွေးပွဲ အား ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၁၇ ရက်၊ (၁၂.၀၀) နာရီ တွင် ရုပ်သိမ်း ခဲ့သည်။

    ၎င်းဆွေး နွေးပွဲသို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် နှင့် ဒေါက်တာ ဒေါ်မြင့်ကြည် ၊ ရွေးကောက်ပွဲ ကော်မရှင်ရုံး မှ အရာထမ်း/အမှုထမ်း (၈) ဦး နှင့် International IDEA မှ တာဝန် ရှိသူများ တက်ရောက် ခဲ့ကြသည်။

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် တို့၏ မဲစာရင်း ပြုစုခြင်း ဆိုင်ရာ ရှင်းလင်းခြင်း နှင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး ကျင်းပ

    Body

    နေပြည်တော်၊ အောက်တိုဘာလ (၁၃) ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့် တို့၏ မဲစာရင်း ပြုစုခြင်း ဆိုင်ရာ ရှင်းလင်းခြင်း နှင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ လုပ်ငန်း ညှိနှိုင်း အစည်း အဝေး ကို ယနေ့ နံနက် (၉) နာရီခွဲ က နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် တက်ရောက် အမှာစကား ပြောကြားသည်။

    ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က အမှာစကား ပြောကြား ရာတွင် ယနေ့ အစည်းအဝေး ပြုလုပ်ရခြင်း ၏ ရည်ရွယ် ချက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် သည် ၂ဝ၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ များအတွက် ကြိုတင် ပြင်ဆင်သည့် လုပ်ငန်း တစ်ရပ် အနေဖြင့် မဲဆန္ဒရှင် စာရင်း ပြုစုခြင်း ဆိုင်ရာ ရှင်းလင်းခြင်း နှင့် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းရန် ဖြစ်ကြောင်း၊ မဲဆန္ဒရှင် စာရင်းပြုစု ခြင်းသည် ရွေးကောက်ပွဲ များအတွက် အလွန် အရေးကြီး ပါကြောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည် က တစ်နိုင်ငံလုံး ၏မဲစာရင်း ပြုစုရန် လျာထားသည့် လုပ်ငန်း အစီအစဉ် ကို လည်းကောင်း၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနမှ တာဝန် ရှိသူ တစ်ဦးက နိုင်ငံရေး ပါတီများ မှတ်ပုံတင် ခြင်း ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ တွင် ပါရှိသည့် “နိုင်ငံသား ဖြစ်ခြင်း” စကားရပ် နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း ဆွေးနွေး မည်ဖြစ်ကြောင်း ပြောကြား ပါသည်။

    ၎င်းနောက် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနမှ တာဝန်ရှိသူ တစ်ဦးက နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ တွင် ပါရှိသည့် “နိုင်ငံသား ဖြစ်ခြင်း” စကားရပ် နှင့် စပ်လျဉ်း၍ လည်းကောင်း၊ “နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှတ်” စကားရပ် နှင့် စပ်လျဉ်း၍ လည်းကောင်း၊ “နိုင်ငံသား နှင့် နိုင်ငံသား ပြုခွင့်ရသူ ဖြစ်ခြင်း” စကားရပ် နှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း ဆွေးနွေး ပါသည်။

    ၎င်းနောက် ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည် က တစ်နိုင်ငံလုံး တွင် မဲစာရင်း ပြုစုရန် လျာထား သည့် လုပ်ငန်း အစီအစဉ် အား ရှင်းလင်း ဆွေးနွေးရာ ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ် (၁၀) မြို့နယ် တွင် ကွန်ပျူတာ စာရင်း သွင်းမည့် သင်တန်းများ ပေးပြီး မဲဆန္ဒရှင် စာရင်းများကို ကွန်ပျူတာ ဖြင့် ပြုစုခြင်း ကို စတင်မည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင် စာရင်း ပြုစုမည့် မြို့နယ် ၁၀ မြို့နယ်ကို ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် ညှိနှိုင်း တိုင်ပင်ပြီး ရွေးချယ်မည် ဖြစ်ကြောင်း၊ တစ်နိုင်ငံ လုံးမှ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း လုပ်ငန်းကို အဆင့် သုံးဆင့် ခွဲခြား၍ ဆောင်ရွက် မည်ဖြစ်ရာ ပထမ အဆင့်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ မှ ဇန်နဝါရီ လအထိ လည်းကောင်း၊ ဒုတိယ အဆင့်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လမှ ၂၀၁၅ ခုနှစ် မတ်လ အထိ လည်းကောင်း၊ တတိယ အဆင့်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လမှ မေလ အထိ လည်းကောင်း ဆောင်ရွက်ရန် လျာထားကြောင်း၊ ပထမ အဆင့်တွင် ဆောင်ရွက်မည့် မြို့နယ် ပေါင်း ၄၁ မြို့နယ်ရှိရာ ရန်ကုန်တိုင်း ဒေသကြီး မှ ၁၄ မြို့နယ်၊ မန္တလေး တိုင်း ဒေသ ကြီးမှ ၁၅ မြို့နယ်၊ နေပြည်တော် ကောင်စီ နယ်မြေမှ ၆ မြို့နယ် နှင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ ၆ မြို့နယ် ဖြစ်ကြောင်း၊ ယင်းမြို့နယ် များကို သက်ဆိုင်ရာ တိုင်းဒေသကြီး / ပြည်နယ်/ နေပြည်တော် ကောင်စီ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ များနှင့် ညှိနှိုင်းတိုင်ပင် ရွေးချယ်မည် ဖြစ်ကြောင်း၊ ပထမ အဆင့်မှ ရရှိသော အတွေ့ အကြုံများ ပေါ်တွင် မူတည်၍ ဒုတိယ အဆင့်နှင့် တတိယ အဆင့်တွင် ဆောင်ရွက်မည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ် များကို ရွေးချယ် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေး ပါသည်။

    ထို့နောက် တစ်နိုင်ငံလုံး ၏မဲစာရင်း များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးရှိ Main Server တွင် ထည့်သွင်း သိမ်းဆည်းမည့် လုပ်ငန်း အစီအစဉ် များကို International Foundation for Electoral System (IFES) မှ တာဝန် ရှိသူ တစ်ဦးက ရှင်းလင်း ဆွေးနွေး ပါသည်။

    ၎င်းနောက် ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည် က အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း လက်စွဲ စာစောင် (မူကြမ်း) နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ပါသည်။

    ၎င်းနောက် တိုင်းဒေသကြီး / ပြည်နယ် ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ များက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် မဲစာရင်း ပြုစုခြင်း ပြင်ဆင် ဆောင်ရွက်ထား ရှိမှုများနှင့် လိုအပ်ချက် များကို တင်ပြ ဆွေးနွေး ကြပါသည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင် က နိဂုံးချုပ် အမှာ စကား ပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်း လိုက်သည်။

    အဆိုပါ အခမ်းအနား သို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဦးဝင်းကြည် နှင့် ကော်မရှင် အတွင်း ရေးမှူး၊ တိုင်းဒေသကြီး / ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌ များနှင့် အတွင်း ရေးမှူးများ၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန မှ တာဝန်ရှိ သူတို့ တက်ရောက် ကြသည်။

    ( သတင်းစဉ် )

     

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့ အစည်းများ တွေ့ဆုံပွဲ အခမ်း အနား

    Body

    နေပြည်တော် အောက်တိုဘာ ၆ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း များတွေ့ဆုံပွဲ အခမ်း အနားကို ယနေ့ မွန်းလွဲ (၁၄:၀၀) နာရီတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော် ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးထင်အောင်ကျော်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရား သူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့၀င် ၀န်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ လွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး ပါတီမှ တာဝန်ရှိ သူများ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ တာဝန် ရှိသူများ၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ)မှ တာဝန် ရှိသူများ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ တာဝန် ရှိသူများ၊ ထားဝယ် တိုင်းရင်းသား ပါတီမှ တာဝန် ရှိသူများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းမှ တာဝန် ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြသည်။

    အခမ်း အနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အဖွင့်အမှာ စကား ပြောကြား ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ (၅) နှစ်တစ်ကြိမ် ရွေးကောက်ပွဲ ပြုလုပ်ပေး ရမည်ဖြစ်၍ ၂၀၁၅ ခုနှစ် နှောင်းပိုင်းတွင် ရွေးကောက်ပွဲ ကျင်းပ ပြုလုပ် ပေးမည် ဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ တွင် လုံခြံရေး အခြေ အနေအရ ပြည်သူ့ လွှတ်တော် (၅) နေရာနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် (၁၀) နေရာ တွင်ရွေးကောက်ပွဲ ကျင်းပ ပေးနိုင်ခဲ့ခြင်း မရှိကြောင်း၊ လွတ်လပ် တရားမျှတ သော ရွေးကောက်ပွဲ ကျင်းပ ပေးနိုင်သော နေရာ များတွင် ရွေးကောက်ပွဲ ကျင်းပ ပေးသွားမှာ ဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာကို ပဲ့ကိုင်မည့် လူထု ကိုယ်စားလှယ် များ ရွေးချယ်သော ရွေးကောက်ပွဲ သည်အရေး ကြီးကြောင်း၊ လွတ်လပ် တရားမျှတ သော ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး အတွက် မှန်ကန်သော မဲစာရင်း ရရှိရေး ရှေ့ပြေး စီမံချက် (Pilot Project) ဖြင့် စမ်းသပ် ဆောင်ရွက် ခဲ့ပြီးကြောင်း၊ မကြာမီ တစ်နိုင်ငံလုံး ကောက်ယူ နိုင်ရေး ဆောင်ရွက်မည် ဖြစ်၍ ကူညီ ဆောင်ရွက် ကြရန် မေတ္တာ ရပ်ခံ လိုကြောင်း၊ ဆက်လက်ပြီး ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာ ပေး (Voter Education) နှင့် အဆင့်ဆင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ များအား ရွေးကောက်ပွဲ ဆိုင်ရာ လေ့ကျင့်ရေး (Voter Training) များ ပြုလုပ် သွားမှာ ဖြစ်ကြောင်း၊ အချိန် အကန့် အသတ် ကြားက ကျင်းပ ပေးနိုင် ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ မှ အားနည်းချက် များကို ပြုပြင်ပြီး တတ်နိုင် သမျှ လွတ်လပ် တရား မျှတသော ရွေးကောက်ပွဲ ပြုလုပ် ကျင်းပ ပေးသွားမှာ ဖြစ်ကြောင်း၊ အထူး သဖြင့် မဲစာရင်း နှင့် ကြိုတင် မဲပေး ရာတွင် အားနည်းချက် မရှိအောင် နည်းဥပဒေ များပြန်လည် ရေးဆွဲပြီး ဟာကွက် မရှိအောင် ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး ပါတီများ၊ လူမှုရေး အဖွဲ့အစည်း (CSO) များ၊ မီဒီယာများ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ကြရန် ဖိတ်ခေါ် လိုကြောင်း၊ ဥပဒေ၊ နည်းဥပဒေ များကိုလည်း လေ့လာ သိရှိနိုင်အောင် စာအုပ်များ ရိုက်နှိပ် နေပြီဖြစ်၍ မကြာမီ ဖြန့်ဝေမည် ဖြစ်ကြောင်း၊ ဥပဒေနှင့် အညီ လိုက်နာ ဆောင်ရွက်ရန် တိုက်တွန်း လိုကြောင်း၊ အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ များက ပါတီများမှ ဥပဒေ နှင့်အညီ ဆောင်ရွက်ခြင်း မရှိပါက ထောက်ပြပြီး ပါတီနှင့် လွှတ်တော် ကိုယ်စားလှယ် လောင်းများက ဥပဒေ အကာအကွယ် ရယူရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြား ပါသည်။

    အစီအစဉ် အရ တက်ရောက် လာသော ပါတီ အသီးသီးမှ သိလိုသော မေးခွန်းများ မေးမြန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌမှ ပြန်လည် ရှင်းလင်း ပြောကြား ခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားပြီး တက်ရောက် လာသော ဌာနဆိုင်ရာ များ ၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်း များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ ခဲ့ကြောင်း သတင်း ရရှိသည်။

    (သတင်းစဉ်)

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးUK Department for International Development, Myanmar မှ Mr. Peter McDermott နှင့်အဖွဲ့ အား လက်ခံ တွေ့ဆုံ

    Body

    နေပြည်တော် အောက်တိုဘာလ ၂ ရက်

    ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး သည် UK Department for International Development, Myanmar မှ Deputy Head of Office ဖြစ်သူ Mr. Peter McDermott နှင့် အဖွဲ့အား ယနေ့ ညနေ ၁၅:၀၀ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ဧည့်ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

    ထိုသို့ တွေ့ဆုံ ရာ၌ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ကော်မရှင်၏ နောက်ခံ သမိုင်းအား အကျဉ်းချုပ် ပြောကြား ပါသည်။ ထို့နောက် ဧည့်သည် အဖွဲ့မှ IFES နှင့်ပူးပေါင်း၍ ဆောင်ရွက် နေသည့် ကိစ္စရပ် များအား မေးမြန်းရာ IFES နှင့်ပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲ များ၊ Seminar များ၊ သင်တန်းများ ပြုလုပ်ပြီး Capacity Building တိုးမြှင့်ရန် ဆောင်ရွက်မှု၊ မဲစာရင်း ပြည့်စုံ မှန်ကန်ရေး အတွက် Pilot Project ဆောင်ရွက် ခဲ့မှုနှင့် ယင်းအပေါ် သုံးသပ်၍ Centralized Voter List Database System အား ဆက်လက် ဆောင်ရွက် သွားရန် ရည်ရွယ် ထားရှိမှုကို ဖြေကြား ပါသည်။

    PR စနစ် ကျင့်သုံး နိုင်မှု ရှိ/ မရှိ နှင့်ပတ်သက် ၍ မေးမြန်းရာ လွှတ်တော်တွင် PR စနစ် နှင့် ပတ်သက်၍ ဆွေးနွေးလျက် ရှိပါကြောင်း၊ လွှတ်တော်မှ အတည်ပြုပြီး ဥပဒေ ပြဌာန်း ထားသည့် PR စနစ် သည် လွယ်ကူ သောစနစ် ဖြစ်မှသာ ကော်မရှင် အနေဖြင့် နည်းဥပဒေ ပြဌာန်းပြီး ပညာပေး ခြင်းနှင့်မဲရုံ ဝန်ထမ်း များအား သင်တန်း ပေးခြင်း ဆောင်ရွက်ကာ ရွေးကောက်ပွဲ တွင်ကျင့်သုံး သွားနိုင်မည် ဖြစ်ကြောင်း၊ ခက်ခဲသော စနစ် ဖြစ်ပါက ၂၀၁၅ ရွေးကောက်ပွဲ တွင် မကျင့်သုံး သင့် သေးကြောင်း အား လွှတ်တော်သို့ တင်ပြသွား မည် ဖြစ်ပါ ကြောင်း ဖြေကြား ပါသည်။

    ကော်မရှင် ကို ပြည်သူ များပိုမို ယုံကြည်မှု ရှိလာ စေရန် မည်ကဲ့သို့ ဆောင်ရွက် နေကြောင်း မေးမြန်းရာ နိုင်ငံရေး ပါတီများ၊ CSO များ၊ ပြည်သူ လူထု၊ မီဒီယာ များနှင့် တွေ့ဆုံ ပွဲများ၊ Workshop များ၊ Seminar များ ပြုလုပ်ပြီး အပြန် အလှန် ညှိနှိုင်း ဆွေးနွေး ခဲ့ပါကြောင်း၊ ယင်းသို့ ပြုလုပ်ခဲ့ သဖြင့် ပါတီ များ၏ ယုံကြည်မှု ကို ပိုမိုရရှိ ခဲ့ပါကြောင်း ဖြေကြား ပါသည်။

    ရွေးကောက်ပွဲ ကျင်းပစဉ် ကာလ အတွင်း ဆောင်ရွက် ထားရှိမည့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် များအား မေးမြန်းရာ လွတ်လပ် တရား မျှတသော ရွေးကောက်ပွဲ ဥပဒေ နှင့်အညီ ကျင်းပ နိုင်ရန် ဆန္ဒမဲ လက်မှတ်များ ထိန်းသိမ်း ထားစဉ် လုံခြုံရေး၊ မဲရုံသို့ ဆန္ဒမဲ လက်မှတ် များ ပို့ဆောင် စဉ် လုံခြုံရေး ၊ ဆန္ဒမဲ ပေးနေစဉ် ကာလ အတွင်း လုံခြုံရေး ၊ ဆန္ဒမဲ လက်မှတ်များ ရေတွက် နေစဉ် လုံခြုံရေး၊ မဲရရှိမှု စာရင်းများ ပေးပို့စဉ် လုံခြုံရေး၊ ပြည်တွင်း / ပြည်ပ သံတမန် များနှင့် နိုင်ငံ တကာမှ လေ့လာ စောင့်ကြည့် ရေးအဖွဲ့ များ၏ လုံခြုံရေး၊ မဲရုံများ၏ လုံခြုံရေး နှင့်မီးဘေး လုံခြုံရေး၊ ရွေးကောက်ပွဲ ဝင်မည့် လွှတ်တော် ကိုယ်စားလှယ် လောင်းများနှင့် လူပုဂ္ဂိုလ် များ၏ လုံခြုံ ရေးကို စီမံချက် များ ရေးဆွဲ ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဖြင့် အစည်း အဝေး ပြုလုပ် ညှိနှိုင်း ထားကြောင်း ဖြေကြား ပါသည်။

    နိုင်ငံ တကာမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များ အား ဖိတ်ခေါ် သွားရန် အစီ အစဉ် ရှိ/ မရှိ မေးမြန်းရာ နိုင်ငံ တကာမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့များ အား ဖိတ်ခေါ် သွားမည် ဖြစ်ပါကြောင်း၊ Observer အသိ အမှတ်ပြုလွှာ များကိုလည်း နိုင်ငံတကာ စံနှုန်းများကို လေ့လာ၍ ပြုစုလျက် ရှိပါကြောင်း ဖြေကြား ပါသည်။

    ရွေးကောက်ပွဲ ကာလ အတွင်း အငြင်းပွား မှုများအား ဖြေရှင်း ဆောင်ရွက်သည့် လုပ်ငန်း စဉ်များကို မေးမြန်းရာ ရွေးကောက်ပွဲ ကိုယ်စားလှယ် များ၏ အငြင်းပွားမှု များအား ဖြေရှင်း ရာတွင် ရွေးကောက်ပွဲ ခုံရုံးအား အဖွဲ့ဝင်(၃)ဦး (ကော်မရှင် အဖွဲ့ဝင် ၆ ဦးထဲမှ ဥက္ကဋ္ဌ ၁ ဦး၊ အဖွဲ့ဝင် ၂ ဦး) ဖြင့် စနစ် တကျ ဖွဲ့စည်း ကြားနာ ပါကြောင်း၊ ကြားနာ စစ်ဆေး ရာတွင် လည်း ကိုယ်စားလှယ် များအနေ ဖြင့် ရှေ့နေ ငှားရမ်း ပိုင်ခွင့် ရှိကြောင်း၊ ကော်မရှင် ၏ ဆုံးဖြတ်ချက် အား ကျေနပ်မှု မရှိက အယူခံ ဝင်ခွင့် ရှိကြောင်း၊ အယူခံ အား ကော်မရှင် စုံညီ အဖွဲ့ဖြင့် စစ်ဆေးပြီး ကော်မရှင်၏ ဆုံးဖြတ်ချက် သည်သာ အတည် ဖြစ်ကြောင်း ဖြေကြား ပါသည်။

    ယင်းသို့ တွေ့ဆုံ ရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမြင့်နိုင်၊ ဦးအောင်မြင့်၊ ဒေါက်တာ ဒေါ်မြင့်ကြည်၊ ဦးဝင်းကြည်၊ ဦးညွန့်တင်၊ ဦးဝင်းကို၊ အတွင်း ရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိ သူများ တက်ရောက် ခဲ့ကြသည်။

     

  • ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ The Innovative အဖွဲ့ နိုင်ငံရေး ခေါင်းဆောင်မှု သင်တန်း မှ သင်တန်းသား များ လာရောက် လေ့လာ

    Body

    နေပြည်တော်၊ အောက်တိုဘာ ၂ ရက်

    The Innovative အဖွဲ့ နိုင်ငံရေး ခေါင်းဆောင်မှု သင်တန်းမှ တာဝန် ရှိသူ (၃) ဦးနှင့် သင်တန်းသား (၃၂)ဦး တို့သည် ယနေ့ နံနက် (၀၉:၃၀) နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးသို့ လာရောက် လေ့လာ ခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှူး တို့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်း အဝေးခန်းမ တွင်တွေ့ဆုံ ခဲ့ပါသည်။

    အစီ အစဉ်အရ The Innovative အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက မိတ်ဆက် စကား ပြောကြားပြီး သင်တန်း၏ ရည်ရွယ်ချက် များအား ရှင်းလင်း ပြောကြား ပါသည်။

    ထို့နောက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည် က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းပုံနှင့် လုပ်ငန်း တာဝန်များ၊ နိုင်ငံတကာ စံနှုန်း များကို လေ့လာ၍ လွတ်လပ် တရားမျှတ သော ရွေးကောက်ပွဲ ဖြစ်စေရေး မဟာဗျုဟာ စီမံကိန်း ချမှတ် ဆောင်ရွက် နေမှုများကို လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည် က ကော်မရှင်မှ ဆောင်ရွက် နေသော မဲဆန္ဒ ရှင်စာရင်း ပြုစုခြင်း ရှေ့ပြေး စီမံချက် လုပ်ငန်းများ ကို လည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက ကော်မရှင် နှင့်စပ်လျဉ်းသည့် ဥပဒေ၊ နည်းဥပဒေ များကို လည်းကောင်း ရှင်းလင်း ဆွေးနွေး ပါသည်။

    ၎င်းနောက် သင်တန်းသား များမှ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဖွဲ့စည်း ဆောင်ရွက်နေမှု၊ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ အပေါ် သုံးသပ်ချက်၊ မဲစာရင်း ပြုစု ထားရှိမှု၊ ကြိုတင် မဲပေးမှု အခြေ အနေ၊ မဲရေတွက် ရာတွင် လေ့လာခွင့် ရှိ/မရှိ၊ မဲဆွယ် စည်းရုံးမှု အခြေ အနေ၊ ပြည်ပရောက် မဲဆန္ဒရှင် များမဲပေး နိုင်မှု၊ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင် ထားရှိမှု၊ ပညာ ပေးမှုနှင့် လွတ်လပ် တရား မျှတသော ရွေးကောက်ပွဲ ဖြစ်ရေး ဆောင်ရွက် ထားရှိမှု၊ PR စနစ် ကျင့်သုံး နိုင်မှု အခြေ အနေနှင့် စနစ် အသစ်ဖြင့် မဲပေး နိုင်ရေး ပညာ ပေးရန် အချိန် လုံလောက်မှု ရှိ/မရှိ တို့အား မေးမြန်းရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ပြန်လည် ရှင်းလင်း ကာ နိဂုံးချုပ် အမှာ စကား ပြောကြားပြီး အခမ်း အနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်း ရရှိသည်။

    (သတင်းစဉ်)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home ကန့်ကွက်လွှာအမှုများ ၂၀၁၀ ပြည့်နှစ် ကန့်ကွက်လွှာ အမှုများ