အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း

နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ၂၀၁၀ ပြည့်နှစ်အတွင်း ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၄၄၃ နှင့် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ဥပဒေအမှတ် (၁/၂၀၁၀) ဖြင့် ပြဋ္ဌာန်းထားသော ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ ပုဒ်မ ၃ တို့အရ အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်သည့် "ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်" ကို ၂၀၁၀ ပြည့်နှစ် မတ်လ (၁၁) ရက်နေ့တွင် ဖွဲ့စည်း ခဲ့ပါသည် -

(၁) ဦးသိန်းစိုး    ဥက္ကဋ္ဌ                       
(၂) ဦးအင်ဇော်နော်    အဖွဲ့ဝင်                   
(၃) ဦးခင်မောင်နု    အဖွဲ့ဝင်                   
(၄) ဦးစောဘလှိုင်    အဖွဲ့ဝင်                   
(၅) ဒေါက်တာ ဘမောင် အဖွဲ့ဝင်                   
(၆) ဦးညွန့်တင် အဖွဲ့ဝင်
(၇) ဦးမောင်သာလှ အဖွဲ့ဝင်
(၈) ဒေါက်တာ စိုင်းခမ်းလှိုင် အဖွဲ့ဝင်
(၉) ဦးအောင်မြင့် အဖွဲ့ဝင်
(၁၀) ဦးမြင့်နိုင် အဖွဲ့ဝင် 
(၁၁) ဒေါက်တာ တင်အောင်အေး အဖွဲ့ဝင်
(၁၂) ဒေါက်တာ ဒေါ်မြင့်ကြည် အဖွဲ့ဝင်
(၁၃) ဒေါ်ခင်လှမြင့် အဖွဲ့ဝင်
(၁၄) ဦးသာဦး အဖွဲ့ဝင်
(၁၅) ဒေါက်တာ မောင်ထူး အဖွဲ့ဝင်
(၁၆) ဦးသာဌေး အဖွဲ့ဝင်
(၁၇) ဦးဝင်းကြည် အဖွဲ့ဝင်
(၁၈) ဦးဝင်းကို အတွင်းရေးမှူး

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ စိုင်းခမ်းလှိုင်သည် ၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အရွေးခံလို၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ခွင့် ပြုပါရန် နိုင်ငံတော် အေးချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောက်စီသို့ တင်ပြခဲ့ရာ ခွင့်ပြုသဖြင့် ဒေါက်တာ စိုင်းခမ်းလှိုင်အား ၁၇.၈.၂၀၁၀ ရက်နေ့မှ စ၍ တာဝန်မှ နုတ်ထွက်ခွင့် ပြုကြောင်း ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၈ ရက်နေ့ ရက်စွဲပါ ကြေညာချက် အမှတ် (၂/၂၀၁၀)ဖြင့် ထုတ်ပြန် ကြေညာခဲ့ပြီး ဦးစိုင်းအောင်မင်းအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေး အပ်ကြောင်း ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ ရက်စွဲပါ ကြေညာ ချက်အမှတ် (၃/၂၀၁၀)ဖြင့် ထုတ်ပြန် ကြေညာခဲ့ပါသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home ဖွဲ့စည်း တာဝန် ပေးအပ်ခြင်း ၂ဝ၁ဝ ပြည့်နှစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်