အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့

Today Highlights

Gender Concern International အဖွဲ့နှင့် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်း (၃) ဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၂၈

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Gender Concern International အဖွဲ့မှ Director ဖြစ်သူ Ms. Sabra Bano နှင့် ပြည်တွင်းအရပ်ဘက်လူမှု အဖွဲ့အစည်းများဖြစ်သော Peace and Justice Myanmar, ဖန်တီးအိမ်, Myanmar Institute of Gender Studies တို့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းနှင့် ကော်မရှင်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် ကော်မရှင်ဥက္ကဋ္ဌက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် အမျိုး သမီးများပါဝင်မှု ရာခိုင်နှုန်း ပိုမိုတိုးတက်လာပါကြောင်း၊ နိုင်ငံရေးဖြစ်စဉ်များတွင် အမျိုးသမီး များ ပိုမိုပါဝင်လာရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆွေးနွေးတိုက်တွန်းမှု များ ပြုလုပ်နေပါကြောင်း ပြောကြားပါသည်။

၎င်းနောက် ရွေးကောက်ပွဲဆိုင်ရာ Legal Reform ဆောင်ရွက်ရာတွင် အမျိုးသမီးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်၊ အမျိုးသမီးများ၏ ခေါင်းဆောင်မှုမြှင့်တင်ရေး၊ ငြိမ်းချ မ်းရေးလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်ရေး၊ Civic Education နှင့် Voter Education ဆောင်ရွက်ရာတွင် CSO အဖွဲ့များ အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်၊ ရွေးကောက် ပွဲလုပ်ငန်းစဉ်များတွင် အမျိုး သမီးများ၊ မသန်စွမ်းသူများနှင့် တိုင်းရင်းသားလူမျိုးစုများ ပိုမိုပါဝင်လာစေရေးအတွက် စဉ်ဆက် မပြတ်ဆောင်ရွက်သွားရန်မူဝါဒချမှတ်ထားမှု၊ ရွေးကောက်ပွဲဆိုင်ရာ Legal Reform ဆော င်ရွက် ရာတွင် Gender Equality တိုးမြှင့်ရေးအတွက် ထည့်သွင်းစဉ်းစားထားမှုတို့အား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်

ရွေးကောက်ပွဲဆိုင်ရာ

ရွေးကောက်ပွဲခုံရုံးဆိုင်ရာ

voter-list-checker

2015-election-deny-case

2015-election-deny-case-01

You are here: Home Highlight News Gender Concern International အဖွဲ့နှင့် ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်း (၃) ဖွဲ့အား လက်ခံတွေ့ဆုံ